ကံမြင့်လဘ်ပွင့် ဂါထာ… :D

ဥုံ မဏိ တိဂေဇတ်

ဥုံပလုံစိ တိဟိ ဂေဇတ်

စုံပလုံစိ တိဟိ ဂေဇတ်

နေ.စဉ်ဝင် နေ.စဉ်ထွက်

နေ.စဉ်ဖတ် မန်းဂေဇတ်…. ဥုံ

 

ယခု ဂါထာ အား ယုံယုံကြည့်ကြည့် ရွတ်ဖတ်ပါက စီးပွားလပ်လာဘ တိုးပွားပြီး ချစ်သူခင်သူပေါများမည်။ နီးစပ်ရာလူများသို. အစောင် ၂ဝ ရေးကာ ဝေကြပါကုန်……

                                                                                               ဘိုးဒေါ် ရွှေတိုက်စိုး

 

မယုံကြည့်ပဲ ပေကပ်ကပ်ဖြင့် ဂါထာအား မဝေပဲ ထားသော စိန်ပေါက်ပေါက်မှာ နေ.တိုင်း အီးပန်းနေလေ၏။

ယုံကြည်စွာဖြင့် ရွတ်ဖတ်ကာ ဝေ သော ဖရဲသီးလေးမှာ သူ.ကောင်မလေးဖြင့် အဆင်ပြေပြီး နေ.တိုင်းအားဘွား ပေးခံနေရလေ၏။

မယုံမရဲ ဖြင့် ဝတ်သာရွတ်ပြီး မဝေ ပဲထားသော အီးတုံးမှာ ဒေါက်ဒေါက်ဖြင့် တတောက်တောက် ခေါက်ကာ ငြင်းခုန် နေရလေ၏။

လေးလေးစားစား ရွတ်ဖတ်ပေးဝေ သော ဦးဘလက်ချောကြီးမှာ မဒန်ဘလက်က တစ်နေ.နှစ်ခါ ဖုန်းဆက်ပြီးစစ် ဆေးရာမှ တနေ.တစ်ခါ လျော့က မျက်မှန် အမည်းရောင် အသစ်တလက် ထပ်ဝယ်ပေး ခံရလေ၏။

သူကိုယ်တိုင်လဲ မရွတ် သူများရွတ်တာလဲ မကြိုက်ပဲ နေသော မမဆူးမှာ ကိုထက်ဝေးဆီက ပိန်းဆေး စားပါသော် လဲ တနေ.တခြား.. ပေါင်ချိန် တက်တက်လာလေ၏။

စာရွက် ၂ဝ မိတ္တူဆွဲပြီး မဝေဖြစ်ခဲ့သော မနွယ်ပင်မှာ ဘက်စ်ကားပေါ် တက်လျှင်တက်ခြင်း ကိုကျန်ကျောင်းများ ဖြင့် ရင်ဆိုင် တွေ.ရလေ၏။

မနက်အိပ်ရာထတိုင်း ရွတ်ဆိုသော ချာတူးလန်မှာ လမ်းကူတိုင်း ဘက်စ်ကားပေါ်မှာ လာသော ကွမ်းတံတွေးများအား ရှောင်နိုင်လိုက်လေ၏။

မယုံဘူးဆိုပြီး ပစ်ထားသော လေးပေါက်ကြီး(မန်လေး)မှာ ဓာတ်ပုံရိုက်ပြီး ပို.စ်တင်တိုင် ကော်နတ်ရှင် ပြုတ်ပြုတ် ကျကာ ဓာတ်ပုံတင်လို. မရဖြစ်နေလေ၏။

ယုံယုံကြည့်ကြည့်ဖြင့်နေတိုင်ရွတ်ဆိုသော အပျိုကြီး မမအုံ (RoseMin) မှာ ပရိုပို.စ်လုပ်သူ ဖောင်တင်သူများ သဖြင့်  အလုပ်မှထွက်ကာ စကာတင် လူစာရင်း ကောက်နေရလေ၏။ (အဲလောက်ကို ဖြစ်သွားတာ)

မယုံဘူးဆိုပြီး သူလဲ မပါ သူများပါတာလဲ နှောက်ယှက်သော သူရဇော်မှာ ဖယ်ရီပေါ်မှာ အခြောက်မ နှစ်ကောင်ဖြင့် နေ.စဉ် နှစ်ပါးခွင် ကနေရလေ၏။

နေ.တိုင်းဂါထာကို ယုံယုံကြည့်ကြည် ဂျပန်လို ရွတ်သော အင်ဇာဂီမှာ ဂျပန်တွင် တရုပ်မလေးဖြင့် ရွှေလက်တွဲကာ အိနိ္ဒယသို ဟန်းနီမွန်း ထွက်ရလေ၏။

ဂါထာမရွတ်ပဲ ယောက္ခခိုင်းတာလုပ်နေရသော ကိုကြောင်ဖက်မှာ သူပြိုင်ကား(စက်ဘီး) စီပြီး သွားနေစဉ် ဖင်ထိုင်ခုံမှာ သူဝိတ်မခံနိုင်ပဲ ဟိုဒင်းထဲသို. ကျွံဝင်သွားလေ၏။

ဂါထာအား စိတ်အားထက်သန်စွာ ရွတ်ဖတ် မျှဝေသော ရွာသူမမ ကြီးတစ်ယောက်မှာ ကြယ်နှစ်ပွင့်ဖြစ်သွား လေ၏။

ဆတ်တငံငံ ရွတ်ဆိုသော ခိုင်ခိုင်မှာ အစိများသော သင်္ဘောသီးများသာ ကော်ကော်စားကာ မောင်မောင် ဖြင့် အော်နေရလေ၏။

ကဲ ဒါကတော့ ဒီဂါထာရဲ. အကျိုးအပြစ်ရလဒ်တွေပါဗျာ… ကဲကဲ ရွာသူ၊ရွာသာတွေလဲ သူတိုတွေလို စံစား၊မခံစားရအောင်…. ဂါထာကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပြီးတော့ အရွက် ၂ဝ ရေးကူး သာ ဝေလိုက်ကြ ပေတော့……….

                                   ရွာသူ၊ရွာသား များအပေါ် မေတ္တာထားသော………. ဘိုးဒေါ် ရွှေတိုက်စိုး 😀

 

 

 

 

27 comments

  • blackchaw

    February 29, 2012 at 4:15 pm

    ဘိုးဒေါ်မေတ္တာစာက တယ်မိုက်ပါလား။
    တစ်ခုတော့မှန်ဘူးဗျာ။
    မဒမ်ဘလက်က ဖုန်းတစ်နေ့ကို သုံးကြိမ် တိုးဆက်နေတယ်ဗျာ။
    ယုံတော့ဘူး။ နင့်မေတ္တာစာကြီးကို။
    :mrgreen: :mrgreen: :mrgreen:

    • Shwe Tike Soe

      February 29, 2012 at 4:23 pm

      ဒါလဲ မဒမ်ဘလက်က ဂါထာတန်ခိုးတဲ့ အချစ်တိုးလို. ဆက်တာ ဆက်ပလေ့စေ ဆက်ပလေ့စေ…
      ဟီးဟီးဟီး……
      မယုံတော့ဘူးလို.ပြောတယ်နော်…….. နောက်ဆို ဖုန်းဆက်ယုံတင်မဟုတ်ပဲ တကောက်ကောက်လိုက်ခံရမှာ… ဟေဟေ 😀

      • သူရဇော်

        March 1, 2012 at 10:18 am

        မိတိုက် ခုထိ အခြော်တကောက်နဲ့ နှစ်ပါးသွားခိုင်းနေတယ်ပေါ့………..ဟွန်း…….လူဆိုးမ ကပ္ပလီကြီးနဲ့ရပါစေတော်။။။။။။။။။။။။။။

  • etone

    February 29, 2012 at 4:52 pm

    ဟုတ်လျှင် ဟုတ် … မဟုတ်လျှင်တော့ … အရေခွံစုတ်မယ် .. ဒါပြဲ :mrgreen:

  • ဆူး

    February 29, 2012 at 4:54 pm

    ထက်ဝေး အဆီကျဆေး မစားရသေးဘူး ပါဝင်ဆွေးနွေးပေးယုံတင်ပဲ ရှိသေးတယ်။
    ဆေးမထွက်သေးဘူး ပြောတယ်။

  • Khaing Khaing

    February 29, 2012 at 4:55 pm

    မိတိုက် ညည်းဂါထာရွတ်လို့ ငါ့မှာတော့ အာတွေခြောက် လည်ချောင်းတွေပေါက်နဲ့ အခုတော့ဖြင့်ချောင်း တစ်ဟွတ်ဟွတ်ဆိုးနေပါပေါ့လား..ငါ့ကိုများမရွတ်ဘူးလေး ဘာလေးနဲ့….သင်္ဘောသီးနဲ့ပေးစားပြီ င့ါမောင်တော်ကို အဆောင်တော်ကို ခေါ်သွားပါပေါ့လားအေ….

  • ဆူး

    February 29, 2012 at 4:56 pm

    ဂါထာ ပေးပြီးနောက်တွင် ဘိုးဒေါ် မိတိုက် ကံပွင့် လာဘ်မြင့် ချီးကားတိုက် ပြီး သေဆုံးသွားလေ သတည်း။

  • kaunglay

    February 29, 2012 at 4:58 pm

    ဂါထာကိုတော့ ကြိုက်သွားပြီ.

  • Rose Minn

    February 29, 2012 at 5:00 pm

    ဥုံ

    သူများနံမယ်ကို ခုတုံးလုပ်ပြီး
    သူလူလုံးလှ ဖို့ကြံ အင်မတိ အင်မတန်
    စိုးလှပါသော ဘိုးတော်ရွှေတိုက်
    ဘုရားအရိုက်မှာ သူလေပင်
    (သများ ) အခုဖြစ်လို့သွား။

    မိရွှေတိုက်ရဲ့ ဂါထာ ရွတ်ခြင်း အကျိုး

    • Shwe Tike Soe

      March 1, 2012 at 8:55 am

      အော်အပျိုကြီး
      ရွေးတဲ့သူများပါပေါ့…
      ဂျီးများနေလို.ကတော့
      ဟိုရှေ.က ငှက်ပျောပင်
      သင့်အဖို.သာမှတ်ယူလေတော့ …. အိုဘယ် အပျိုကြီးးး 😀

  • နွေဦး

    February 29, 2012 at 5:08 pm

    အစောင်၂ဝ ထဲလား
    ဝေဦးမှာ ..ရွာထဲက ရပီးတဲ့လူတွေစရင်းမပါ..
    ရွတ်လဲရွတ်ရမှာ ..ကံပွင့်လို့ကတော့ ရွှေတိုက်ပါမက စိန်တိုက်ပါ စိုးစေရမယ်..
    အသေအချာကို ချီးမြှင့်ပေးဦးမှာ…

    • Shwe Tike Soe

      March 1, 2012 at 9:03 am

      အမလေး ဘိုးဒေါ်က စေတနာနဲ.ပါတော် အဲလောက်မလိုပါဘူး အေ…. မနွေဦးလား ကိုနွေဦးလား ရေ…

  • koaung

    February 29, 2012 at 6:02 pm

    ဘိုး !!! ဒေါ်ရွှေတိုက်ဆိုး ရေဂါထာကိုမှတ်သွားပါတယ်နော်

    • Shwe Tike Soe

      March 1, 2012 at 8:37 am

      ကိုအောင်လေးရေ သများကု စလုံးနဲ.စိုးတာနော် မနောက်နဲ. အဟင့် 😀

  • ဒီဂါထာ မရွတ်လို့ ဖြစ်ချေဘူး …
    ပီးဒေါ့ မဝေလို့လည်း ဖြစ်ဘူး ……
    များတို့က လိုင်းကား အမြဲတမ်း တိုးစီးနေရတော့ ကျန်ကျောင်းနဲ့ တွေ့မှာဒေါ့ ကြောက်မိပါရဲ့ …
    ဘိုးဒေါ် ရွှေတိုက်ရေ .. ဒို့များလည်း ရွက်ပီ ဝေပီနော် … 😀

  • water-melon

    February 29, 2012 at 7:22 pm

    ဘိုးတော်ရွှေတိုက်ရှင့်
    သမီးကို ဓာတ်လုံးလေးမစပါရှင့်
    မန်းလေးက ဖရဲသီးက ပြောတယ် ဘိုးတော်မှာရှိတဲ့ ဥကြီး မှားလို့ ဓာတ်လုံးက စွမ်းတယ်ဆို
    သမီးအားမစပါရှင့်
    ဘိုးတော်ဓာတ်လုံးစွမ်းပုံက
    ပွတ်ရင်ပြောင်
    ဆောင်ရင်လေး
    ရေစိမ်သောက် ရှူးရှူးရွှင်တဲ့ဆေး။ 😆

    ဘိုးတော် ဂါထာကို ရွတ်ဖတ်သော ရွှေတိုက်စိုး ခမျှာ နေ့စဉ် အုပ်ထိန်းသူအပြင် အလုပ်မှ ကောင်မလေးများနှင့် အဆင်ပြေပြီး နေ့တိုင်း KTV မာပွတ်တို့က ကောင်မလေးများနှင့်အပြတ်ကဲနိုင်ကြောင်း ထပ်မံသိရှိရပါကြောင်း
    ဘွားတော်မဖရဲ

    • Shwe Tike Soe

      March 1, 2012 at 8:39 am

      ဟဲကောင်လေး ဟဲ့ကောင်လေး တိုးတိုးတိတ်တိတ်လုပ်ပါဟယ် ငါ့နှယ်နော်… နှင့်ဂျီဒေါ် အုပ်ထိန်းသူက လဲ စာဝင်ဖတ်တယ်… အမလေးလေး ဒုက္ခတွေတော့များကုန်တော့မှာပဲ…………
      ငါ့နားရွက်လေး ပြန်ဆက်ထားတာ သိပ်မကြာသေးလို.ပါ ကျေးဇူးရှင် ဖရဲရယ်….. 🙁

      • water-melon

        March 1, 2012 at 8:44 am

        အမလေး မိန်းမကို မရခင်ထဲက ကြောက်နေပြီလား
        မန်းလေးသားသိက္ခာတွေတော့ ဘိုးတော်ရွှေတိုက်လက်ထက်ရောက်မှ သဲထဲရေသွန်ဖြစ်ကုန်ပြီ
        မဖြစ်သေးပါဘူး ကိုပေါက်ကိုပေနဲ့တိုင်ပင်ပြီး မိန်းမမကြောက်တဲ့ ဂါထာပေးအုန်းမှဘဲ

        ဥုံ
        နင့်ငါကိုကြောက်
        ပုလင်းဖင်မောက်အောင်
        ငါ့အစွမ်းနဲ့ မန်းလိုက်မယ်
        ဥုံဖွ ကြောက်စေ
        မနက် ည ရွတ်ဖတ်ပါ။

        • Shwe Tike Soe

          March 1, 2012 at 8:52 am

          အောင်မာ ဘာလို.ကြောက်ရမှာလဲ
          မန်းလေးသား ရည်းစားကြောက်၊မိန်းမ ကြောက်မွေးပါရင် ဗြူတီပါလာ ဆော်ကလေးတွေဆီမှာသွားနှုတ်ပလိုက်မယ်

          ဥုံ
          နင့်ကိုငါမကြောက်
          ပုလင်းဖင်ကွဲအောင်
          ငါ့အစွမ်းနဲ. ဖြဲလိုက်မယ်..
          ဥုံဖွ ပြဲစေ ပြဲစေ…. အဲအဲအဲ မကြောက်စေ… ငှဲငှဲငှဲ

    • Shwe Tike Soe

      March 1, 2012 at 8:42 am

      အခုလိုအားပေးတာ ကျေးကျေးပါ ကို မောင်သန်းထွတ်ဦး အတိသ ပါဆိုလားပဲ ခေါ်တတ်တော့ဘူး…အဟီးးးးး 😀

  • inz@ghi

    February 29, 2012 at 10:18 pm

    ဟုတ်ပါဘီ ….အိန်ဒီးယား သွားဆိုလည်း သွားပါ့မယ်….
    ဘယ်မတုန်း ဟက်ဖ်ချိုင်းနိစ့် ဖိုက်ဖိ အလိုက်သိတဲ့ ကိုယ့်အသဲလေး ….????

    😛

    ခင်တဲ့ ….
    ဂီ..

    • Shwe Tike Soe

      March 1, 2012 at 8:44 am

      အခုတော့ ဟက်ဖ်ချိုင်းနိစ့် ဖိုက်ဖိ အလိုက်သိတဲ့ ကိုကိုဂီ အသဲလေးက တော့ စက်မှု(၁) မှာ သွားရှာခြေတော့ဗျာ….ဟဟဟဟ
      အရမ်းအရမ်း ခင်တဲ့..
      ရွှေ

  • surmi

    March 1, 2012 at 12:18 am

    ရွတ်တော.ရွတ်ချင်သား …..ဂျလေဘီရောင်းအားကျရင်လျော်ပေးမှာလား အစ်ကိုရေ …။

    • Shwe Tike Soe

      March 1, 2012 at 8:45 am

      ဂျလေးဘီရောင်းအားလဲ ကောင်းလာမယ် ဟင်းစားလဲ ကောင်းကောင်းရမှာပါဗျာ….. ကိုရင်ဆာမိရယ်.. ဟဲဟဲဟဲ 😀

  • water-melon

    March 1, 2012 at 9:03 am

    အုပ်ထိန်းသူကြီးရှင့်
    မိန်းမသားချင်းမို့ ရင်ဖွင့်လိုက်ပါတယ်
    အပေါ်က ဘိုးတော်ရွှေတိုက်အား လွှတ်မထားပါနဲ့ရှင့်
    ခုကတည်းက သူ့ကို ကျပ်ထားပါ
    မန်းလေးသွားရင်လဲ ၅မိနစ်တစ်ခါ ဖုန်းဆက်ပါရှင့်
    သူက ဂျီပုံးကြီးပါရှင့်
    ခင်တဲ့ အုပ်ထိန်းသူ သူငယ်ချင်း

    • Shwe Tike Soe

      March 1, 2012 at 9:10 am

      ရပါတယ် သူငယ်ချင်းရယ် ကျေးဇူးပါ
      သူကို ဒို.က အရမ်းချစ်လို.အလိုလိုက်ထားတာပါ့
      ကဲပလေ့စေ ကဲပလေ့စေ ခွင့်ပြုတယ်ခွင့်လွှတ်တယ်…
      ၅မိနစ်တခါဖုန်းဆက်ရင် သူစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို.
      မဆက်ရက်ပါဘူးကွယ်..
      သူက ဂျီပုံးကြီး ဆိုတာတော့ သူငယ်ချင်း မဖရဲ မှားနေပါတယ်.
      အဲဒါကတော့ ဒို.ပဲသိတယ်လေ အဟိ
      ရွှေတိုက်စိုးရဲ. အသဲကျော်
      အုပ်ထိန်းသူ
      မှတ်ချက်။ ။ ရွှေတိုက်စိုးလေး တစ်ယောက်ထည်းသာ အုပ်ထိန်းသူဖြစ်သည်…. မေးမြန်စုံစမ်းခြင်းသီးခံပါ။

Leave a Reply