ဗိုင်းရပ်စ်

blackloverFebruary 29, 20121min1957

တစ်ခါတုန်းက ကောင်လေးတစ်ယောက်သည် ကွန်ပျူတာတွင် အသုံးပြုရန်အတွက် (သမီးရည်းစားဆော့ဝဲ)တစ်ခု ရလာလေ၏။ ထို(သမီးရည်းစားဆော့ဝဲ)အားကွန်ပျူတာထဲတွင်  ထည့်သါင်းအသုံးပြုခဲ့၏။

ထိုသို့အသုံးပြုခဲ့ပြီး တစ်နှစ်လောက်အကြာတွင် ၎င်း(သမီးရည်းစားဆော့ဝဲ)အား (ဇနီးမယားဆော့ဝဲ)အဖြစ် အဆင့်မြှင့်ခဲ့သည်။

ဤတွင် မမျှော်လင့်ဘဲ ၎င်း(ဇနီးမယားဆော့ဝဲ)က ကလေးမွေးဖွင်းခြင်းဖြစ်စဉ် ဆိုတော့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပွားခဲ့ ပြီး ကွန်ပျူတာရဲ့ နေရာလွတ်တွေ၊ တန်ဖိုးရှိသောအရာတွေကို ဆွဲငင်နေရာယူလာပါတော့တယ်။

၎င်း(ဇနီးမယားဆော့ဝဲ)သည် ကွန်ပျူတာထဲရှိအခြားသောဆော့ဝဲလ်များကိုလည်း ထိန်းချုပ်ကွပ်ကဲလာပါတော့သည်။

ဥပမာအားဖြင့် (ကာရာအိုကေမှာ တစ်ညတာဆော့ဝဲလ်)နှင့် (ဘီယာဆိုင်မှာ တစ်ညတာဆော့ဝဲလ်)များဟာ လုံးဝအလုပ်မလုပ်နိုုင်တော့အောင် ဇနီးမယားဆော့ဝဲလ်ကလုပ်ဆောင်ပါတော့တယ်။

ထို့ကြောင့်ကောင်လေးသည် ဇနီးမယားဆော့ဝဲလ်အား ကွန်ပျူတာထဲမှ ဖျောက်ဖျက်ပစ်ဖို့ လုပ်ဆောင်ပါတော့သည်။

သို့သော် Delete (ဖျက်လို့) လုံးဝမရတော့ပါ။

ထို့ကြောင့် (ဇနီးမယားဆော့ဝဲလ်)ကို ယခင်(သမီးရည်းစားဆော့ဝဲလ်)အဖြစ် ပြန်ပြောင်းလဲဖို့ ကြိုးစားသော်လည်း မအောင်မြင်တော့ပါ။

(ဇနီးမယားဆော့ဝဲလ်)က (သမီးရည်းစားဆော့ဝဲလ်)အဖြစ်ပြန်ပြောင်းလဲဖို့လက်မခံတော့ပါ။

=============================

အဲလိုပဲလားဟင် ယောကျင်္ားလေးတွေက……

ဇနီးမယားဆော့ဝဲလ် ဖြစ်ပြီးသွားရင်တော့ သမီးရည်းစားဆော့ဝဲလ်ကို ပြောင်းလို့မရတော့ဘူး………မှန်တယ်မလား…….

 

7 comments

  • chityimhtoo

    February 29, 2012 at 7:09 pm

    အသစ်တစ်လုံးထပ်ဝယ်ကွာ….

  • water-melon

    February 29, 2012 at 7:36 pm

    Format ချလိုက် အကုန်ပြုတ်သွားလိမ့်မယ်။
    ပြန်ပြောင်းလို့ရပါတယ်။

  • ကိုရင်မောင်

    February 29, 2012 at 8:27 pm

    ဂိဂိကိုအကူအညီတောင်းကြည့်
    သူမှရှင်းတတ်တာဗျာ

  • kyeemite

    March 1, 2012 at 9:21 am

    “သမီးသားဆော့ဝဲလ် ”ကပိုဆိုးသဗျ..အဲဒီဆော့ဝဲကြောင့်..အိမ်ပြန်ရောက်ရင်
    ကွန်ပြူတာကိုသုံးလို့မရတော့ဘူး..သူတို့ကြီး..ဂိမ်းဆော့နေလို့…ဟီး

  • TITAN

    March 1, 2012 at 9:39 am

    ဝင်းဒိုး အသစ်ပြန်တင်လိုက် ဟီး :mrgreen:

Leave a Reply