သံတွဲဈေးကို တာဝန်ရှိလူကြီးတွေက ဈေးသူဈေးသားမြို့သူမြို့သားတွေနှင့် ညှိနှိုင်းတိုင်ပင်ပြီးသင့်တော်သလို
စီစဉ်ဆောင်ရွက်ပါဆိုတာကို
ဈေးသူဈေးသားတွေ ဈေးကော်မတီတွေ
သူ့ဆိုင်ခန်းဘယ်လောက်ကျယ်တယ်
ငါ့ဆိုင်ခန်းဘယ်လောက်ကျယ်တယ်
ဘယ်သူကဘယ်လိုရသင့်တယ်
ငါကဘယ်လိုရသင့်တယ်
ဈေးကိုဘယ်သူကဘယ်လိုဆောက်မယ်
ငါကဘယ်လိုဆောက်မယ်
ဈေးလည်ခေါင်မှာ ဟိုက်ဝေးလမ်း၊ ရှောင်ကွင်းလမ်းတွေကပါသေး
ရေတွင်း တွေ
ရေကန်တွေပါသေး
ဘယ်လို ဦးနှောက့်တွေနဲ့များ ဒီလိုဖြစ်နေကြပါလိမ့်
မီးသတ်ကားဝင်ရန်လမ်းတွေကအများကြီး
ဈေးမီးလောင်တုံး မီးသတ်ရုံးနဲ့ တစ်ဖါလုံတောင်မပြည့်သည့်
နေရာကိုတောင် မီးလောင်ပြီး မီနစ်(80)ကျော်မှရောက်တာ
ဒီလိုဈေးလည်ကောင်မှာ ဟိုက်ဝေးလမ်းတွေနဲ့ဆိုတော့ မီးလောင်ပြီး
3 နာရီလောက်မှရောက်မှာ
ဈေးထဲကဟိုက်ဝေးလမ်းမှာ စည်ပင်က ဈေးဆိုင်တွေရောင်းစားထားမှာတော့သေရှာတယ်
ဈေးဆိုင်တွေဖယ်ရ၊ မော်တော်ပီကယ်ခေါ်ရလမ်းရှင်းရ ဆိုတော့
တော်တော်ကြာမှာ
ယခင်ဈေးတုံးကလဲ မိးသတ်ကားဝင်နိုင်တဲ့ အဆောင်ကျယ်တွေပါပါတယ်
နောက်တော့ လူပိန်တွေသွားတဲ့လမ်းဖြစ်သွားပါတယ်
ပွိုင့် နောက်က ယခင်ငါးတန်း အဆောင်ကြီးကိုကြည့်ပါ
ဘိုးရင် 747 တောင်ညအိပ်လို့ရတယ်
နောက်တော့ ပုဇင်းတောင်မနဲပျံနေရတယ်
မီးသတ်ကကောဘာထူးလဲ
မီးသတ်ကားကနှိုးမရ
ရေကမရှိ
လမ်းဘေးဈေးသည် မီးနဲ့ရောင်းရင်တော့ 3000 ကျပ်လာထား
ဆင်းရဲတဲ့အိမ် မီးစစ် မီးဖိုမှာမီးတွေ့ရင်(3000)ကျပ်
ဆင်းရဲသားတွေမှာ ဆောင်လိုက်ရတဲ့ဒဏ်ငွေတွေ
တစ်နေ့က အမှတ်(6/5)ရပ်ကွက်တွေမှာ
အိမ်(40)လောက်ဒဏ်ရိုက်ခံလိုက်ရ
မီးသတ်ကားရေမရှိတာ ဘယ်သူဒဏ်ရိုက်မလဲ
မီးသတ်ကားစက်မနိုးတာ ဘယ်သူဒဏ်ရိုက်မလဲ
တစ်ဖါလုံလောက်ကို တစ်နာရီကျော်အောင်လာရတဲ့မီးသတ်ကားကိုဘယ်သူဒဏ်ရိုက်မလဲ
သမတကြီးပြောတဲ့ ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဘို့————
ဆင်းရဲသားချော့ချရေးလား———-ဆင်းရဲသားတွေဆီချောကျရေးလား—————-

About kyawkyaw11

has written 26 post in this Website..