ရွှေစက်တော်မန်းချောင်းက အသည်းရောင်းတဲ.ကောင်မလေး (ရွှေ -ဒုတိယပိုင်း)

ေမာင္ရိုးFebruary 29, 20121min16114

ရွှေစက်တော်သို.ခရီးလမ်းတလျေက် တနေကုန်တညလုံးကားစီး၍ပင်ပန်းခဲ.သမျှမန်းချောင်းရေတွင်စိမ်လိုက်လျှင်ချက်ချင်းပင်လန်း
ဆန်းပြီးအပန်းပြေစေခဲ.ပါသည် ။စက်တော်ရာနှစ်ဆူဖူးမြင်ပြီး၍ အထက်စက်တော်ရာတည်ထားသော တောင်တော်ထက်ဆီမှ
တောင်ချေသို.လှမ်းအကြည်.တွင်ညရှုခင်းသည်ကား အထူးလှပနေပေသည် ။ရစ်ခွေ၍စီးဆင်းနေသောမန်းချောင်းဘေးတွင်
စီတန်း၍ဆောက်လုပ်ထားသောတဲတန်းများနှင်. လျှပ်စစ်မီးများ ထိန်ထိန်ညီးနေသည်. ဈေးတန်းများကိုကြည်.ရင်း တောင်ပေါ်
သို.ဖြတ်သန်းတိုက်ခတ်လာသောလေနုအေး၏ အထိအတွေ.မှာအထူးပင်အေးချမ်းလှပေစွ ။ဘဝအမော တခဏအမောတို.သည်
ဘယ်ဆီလွင်.လေသည်မသိ ….မပြန်ချင်လောက်အောင်ပင် ဖြစ်မိနေတော.သည် ။

ထိုသို.သော ရွှေစက်တော်ဘုရားပွဲသို. ကျွန်တော်သည်လွန်ခဲ.သော (၁၀)နှစ်ကျော်ခန်.က ဘုရားဖူးယဉ်၏ဒရိုင်ဘာတစ်ဦး
အဖြစ် အကြိမ်ဖန်များစွာရောက်ခဲ.ဘူးပါသည် ။ရောက်ခဲ.သည်.အခေါက်တိုင်းလဲမန်းချောင်းရေတွင်စိမ်လျှက်
စက်တော်ရာနှစ်ဆူသို.တက်ရောက်ဖူးမျှော်ခဲ.သည် ။နှစ်တွေကြာခဲ.ပါပြီ။ ဆယ်စုနှစ်တခုမကကြာခဲ.သော်လည်း ထိုနေ.တစ်နေ.၏ ညတစ်ညကိုမူ မမေ.နိုင်သေးပါ ။အထူးပင်ပန်း၍အိပ်မောကျခဲ.ရသော ထိုတစ်ညတွင်ထတ်လန်.ခဲ.ရ
သည် ၊ အံ.ဩခဲ.ရသည် ပြီးနောက် …တညလုံးအိပ်ရေးပျက်ခဲ.ရပါသည် ။ထိုညတွင်ကြုံခဲ.ရသောမထင်မှတ်ခဲ.သည်.အဖြစ်အပျက်တို.သည်ကား …………….။

ကျွန်တော်တာဝန်ယူမောင်းနှင်သော အမြန်ယဉ်ဘတ်စ်ကားကြီးသည် ရွှေစက်တော်နှစ်ညအိပ်ခရီးအဖြစ် ရန်ကုန်
ပန်းဆိုးတန်းဂုံးကျော်အောက်မှည(၉)နာရီခန်.တွင်စတင်၍ထွက်ခွာလာခဲ.ပါသည်။ကျောင်းစစ်စာမေးပွဲများပြီးချိန်ဖြစ်၍လည်း၊
သောကြာနေ.ဖြစ်၍ရုံးသူရုံးသားများလိုက်ပါနိုင်ကြ၍လည်းကောင်းယနေ.ညသည် ကားပေါ်တွင်လူအပြည်.နှင်.ဖြစ်သည် ။
လမ်းကြိုတက်မည်.သူနှစ်ဦးခန်.သာပါသဖြင်. ခရီးစဉ်သည်မနှေင်.နှေး ..။ဒီလိုနှင်.ခတ်မှန်မှန်မောင်းရင်း လက်ပံတန်းမြို.
သို.ညလည်ခန်.တွင်ရောက်ခဲ.ပါသည် ။လက်ပံတန်းရှိ နားနေကျလက်ဘက်ရည်ဆိုင်တွင်ခဏနားရင်း ဂျိုးကြော် ၊စနိုက်
ကြော် ၊စာကလေးကြော်များနှင်.တွဲဖက်၍ကောက်ညှင်းဆီထမင်းဖြင်.ညလယ်စာကို အဆာပြေဖြည်.ဆီးကြသည်။
နောက်တကြိမ်နားမည်.နေရာသည်ဥသျှစ်ပင်လမ်းခွဲဖြစ်၍ ခရီးသည်များအပေါ.အပါးသွားထားကြရန် စပယ်ယာလေး
ကြွက်နီမှ လိုက်လံသတီပေးလေ၏။လမ်းခရီးအစသည် ချောမောခဲ.ပါသည် ။ဥသျှစ်ပင်ရောက်တော.နံနက်(၅)နာရီခန်.၊

14 comments

  • surmi

    February 29, 2012 at 10:08 pm

    နားလည်တဲ.ရွာသူရွာသားများကူညီကြပါဦးဗျို. ၊ မတင်ပဲတက်သွားပြန်ပြီ။
    draft ထဲမှာထားလို.ကိုမရဖြစ်နေတယ်။ တစ်နေ.ထဲသုံးခါဖြစ်သွားပြီ။
    သဂျီးတော. ထိတ်တုံးခတ်တော.မယ်နဲ.တူတယ်။

  • surmi

    February 29, 2012 at 11:17 pm

    နောက်တခါဆုံးစေရပါမယ်ဗျာ ။ အခုမရေးရဲသေးဘူး တက်သွားမှာကြောက်လို. ….။

  • ရေးမယ်၊ခေါင်းစဉ်တပ်မယ်၊category တွဲမယ်၊tag ထည့်မယ်။
    ပြီးမှ publish လုပ်။ဒါမှ တက်မှာမဟုတ်လား ကိုဆာမိရေ။အလိုလိုဘဲတက်သွား
    ရောလားဗျာ။တစ်ခုခုမှားနေသလားလို ့ဗျ။

  • surmi

    March 1, 2012 at 12:00 am

    publish မလုပ်ဘဲ druft ထဲ ထည်.လိုက်တာ သူ.အလိုလိုတက်သွားရော။
    ကျွန်တော်ကိုင်တဲ.ကွန်ပျူတာ သွားပြီနဲ.တူတယ် ….။

    • laypai

      March 1, 2012 at 11:11 am

      Computer ကြောင့် ဖြစ်တာလား။
      မသိလို့ မေးပါရစေ ခင်ဗျာ။
      post တော့ မရေးဖူးဘူး။comment ရေးရင် တော့ points ရ တယ်။ daily log in points မရဘူး။ အဲဒါ ကွန်ပြူတာ ကြောင့်လား ကော်နက်ရှင်ကြောင့် လား။
      အစက မကြည့် မိပါဘူး၊ ဘယ်လောက်ရှိတယ် ဆို တာတောင် သတိမထားမိဘူး။
      Tuesday, February, 28, 2012 က မှ ကြည့် မိလို့ ဘာကြောင့် ဆို တာ ကွဲ ပြာ အောင် မေး မယ် ဆို ပြီး မေ့နေ တာ ဒီနေ့ မှ ပြန်သတိရ ပြီး မေးတာ။

      ( Post နဲ့ မဆိုင်တဲ့ comment မို့ ပွိုင့် မပေး ပါ နဲ့ လို့ သဂျီး ကို request လုပ်ပါတယ်။ )

      laypai 8 Comment on “မော်တင်စွန်း နံနက်ခင်း (သို့) ပင်လယ်ထက်က နေဝန်းနီ” 24 hours ago
      laypai 8 Comment on “ရောက်ဖူးခဲ့သော အိမ်သာများ (၁)” 4 days ago
      laypai 8 Comment on “နှလုံးသားတွေ လှူဖြစ်ခဲ့ပြီ ………..” 4 days ago
      laypai 8 Comment on “ရွှေတိဂုံဘုရား နှစ်၂၆၀ဝ ပြည့်ပွဲတော် -၂” 4 days ago
      laypai 8 Comment on “သရဲ ကို ဒါ့ပုံရိုက်မိခြင်း…” 5 days ago
      laypai 8 Comment on “22/2/2012 ရက့်နေ့မော်လမြိုင်ကျွန်းရာဇူတိုင်အမှတ်(၁)တံတားအနီး ခရီးသည်တင်ကားတိမ်းမှောက်” 5 days ago
      laypai 8 Comment on “MPT ရဲ ့စိတ်ကူး ယဉ်အိပ်မက် ပျက်ပြယ်တော့မှာလား???” 7 days ago
      laypai 8 Comment on “၅၀၀ဝ တန်ဖုန်း ခွင့်ပြုပေးရေး လက်မှတ်များ သမ္မတရုံးသို့ ပေးပို့မည်” 1 week ago
      laypai 8 Comment on “၅၀၀ဝ တန်ဖုန်း ခွင့်ပြုပေးရေး လက်မှတ်များ သမ္မတရုံးသို့ ပေးပို့မည်” 1 week ago
      laypai 6 Comment on ” တာရာမင်းဝေ….ရဲ ့ ကျောင်းသားအတ္ထုပ္ပတ္တိ..ကဗျာကို ဝေမျှခြင်း.” 2 weeks ago
      laypai 6 Comment on “လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေခြင်း တဲ့ဗျိုး………” 2 weeks ago
      laypai 6 Comment on “အမျိုးသားအများစုဆိုင်ရာ (အနီဆင်းခြင်းအကြောင်း)” 2 weeks ago
      laypai 6 Comment on “အမျိုးသားအများစုဆိုင်ရာ (အနီဆင်းခြင်းအကြောင်း)” 2 weeks ago
      laypai 6 Comment on “မြန်မာပြည် GSM ဖုန်း သို့ SMS ပို့ နည်းလေးသိပါက ပြောပြပေးပါရန်” 2 weeks ago
      laypai 6 Comment on “အမျိုးသမီးသီးသန့် ဘတ်စကားရန်ကုန်တွင် ယနေ့ စတင်ပြေးဆွဲ” 2 weeks ago

        • kai

          March 1, 2012 at 12:01 pm

          ဟုတ်ပါတယ်..။
          တခါတလေ.. ၈ပွိုင့်..။ တခါတလေ.. ၆ပွိုင့်.. တခါတလေ.. ၁ဝပွိုင့်..
          ပို့စ်ပိုင်ရှင်မန့်ရင်ရတာက..တခါတလေ.. ဝ။ တခါတလေ.. ၄။..တခါတလေ.. ၂
          နေ့စဉ်ပွိုင့်ကလည်း.. တခါတလေ..။ ၁၀။ တခါတလေ.. ၂၀

          ပို့စ်တင်ရင်.. တခါတလေ.. ၃၀။ တခါတလေ.. ၄ဝ တခါတလေ.. ၁၀၀။ တခါတလေ.. ၁၂၀

          ရွာထဲ..လူအဝင်အထွက်.. တင်တဲ့ပို့စ်..။ ဘက်ဂျက်အခြေအနေ.. စတာတွေနဲ့ ချိန်ပြီးလုပ်နေတာဖြစ်ပါကြောင်း..။ :mrgreen:

        • inz@ghi

          March 1, 2012 at 12:12 pm

          ဂလိုလား …သဂျီး …
          မန်ဘာ ရန့်ကင်း လေးလည်း ရှင်းပြပေးပါလား …
          ၁သောင်းအောက်ဆို နယူးဘီ ဟုတ်..
          ၁သောင်းကျော်ရင် ဘရွန့်ဇ်…
          ဘယ်တော့ ဆေးလဗား ဖစ်မလဲ ဟင်င်..
          ဂိုးလ်ကကော ဘယ်လောက်အထက်မှာလဲ ….

          ပီး …
          ၁သိန်းပြည့်လို့ ပိုက်ပိုက်ထုတ်ပီး ဇီးရိုးဆက်တင် ပြန်ချရင်…
          နယူးဘီး ပြန်ဖစ်မှာလား ဟင်င်င်င်
          ???

        • kai

          March 1, 2012 at 12:18 pm

          Rank Points
          Newbie 0
          Bronze 10000
          Silver 30000
          Gold 50000
          Platinum 80000
          Titanium 100000

          တသိန်းပြည့်ရင်.. ဇီးရိုးပြန်ချဖို့ ရည်ရွယ်ထားပါတယ်.။

        • ဆူး

          March 1, 2012 at 1:02 pm

          တခါတလေ မိန်းမ နဲ့ အဆင်ပြေရင် *****
          တခါတလေ မိန်းမ နဲ့ ရန်ဖြစ်ရင် ****
          တခါတလေ အဟောက်ခံရရင် ****
          တခါတလေ ကလေးထိန်းရင်း စိတ်တိုရင် *****
          တခါတလေ ကလေးက ဂျီက မိန်းမက နားပူ ******
          တခါတလေ အိမ်သန့်ရှင်းရေး အခိုင်းခံရရင် *****
          တခါတလေ ဘယ်က ဝယ်ထားမှန်း မသိတဲ့ ငရုတ်ကျည်ပွေ့ အသေးစားလေး နဲ့ အကျိမ်းခံရရင် *****

          အဲလို အဲလို အချိုးအတိုင်း ပွိုင့် ပြောင်းလဲ တတ်ပါတယ်။

  • zarzarhtwe

    March 1, 2012 at 4:56 am

    ဓါတ်ပုံတွေပါတင်နော်၊ဆက်ရန်မျှော်နေပါတယ်

Leave a Reply