လူတွေ အတွက်ဘဲလား? အားလုံးအတွက်လာ?…

Ko out of...March 1, 20121min1184

– ငါးပါးသီလဆိုတာ အင်မတန်မှအရေးကြီးတယ်ဆိုတာ လူတိုင်း အထူးပြောနေဖို့ မလိုဘူးထင်တယ်..

ဘာသာတရားတိုင်းမှာလည်း လူတွေယဉ်ကျေးအောင် ဒီအခြေခံလူ့သီလတွေဆိုတာ အသီးသီးရှိကြပါတယ်…သူ့အဆုံးအမနဲ့ သူရှိကြပါတယ်…

ပြောချင်တာက ဒီငါးပါးသီလမှာ…. ပထမအချက်ဖြစ်တဲ့ သူ့အသက်သတ်မှုမှ ရှောင်ကြည်ဖို့နဲ့ နောက်ဆုံး မူးယစ်သေစာ မှရှောင်ကြည်ဖို့ ဆိုတဲ့ အချက်နှစ်ချက်ကိုတော့ မဆွေးနွေး လိုတော့ပါဘူး…..

– ဒုတိယ တချက်ဖြစ်တဲ့…. သူတပါးပစ္စည်းဥစ္စာ ခိုးယူတာ လူတွေရဲ့ ပစ္စည်းပဲ ဖြစ်ရမယ်ထင်တယ်…
ဘာဖြစ်လဲဆိုတော့ တိရိစ္ဆာန်အကောင်ပလောင်တွေမှာ ပစ္စည်းဥစ္စာ မရှိလို့ဘဲ..ဒါကြောင့် တိရိစာ္ဆန်တွေရဲ့ ပစ္စည်းခိုးတာတော့ မဖြစ်တန်ရာဘူးထင်တယ်..

– တတိယတချက်ဖြစ်တဲ့ … လိမ်လည်ပြောဆိုတာလည်း လူတွေအချင်းချင်း လိမ်တာကိုဘဲပြောမယ်ထင်တယ်…
ဘာဖြစ်လဲ ဆိုတော့… တိရိစ္ဆာန်တွေ တခြားအကောင်တွေက လူစကား ကို မပြောတတ်လို့ဘဲ…

– နောက် လေးအချက်ကတော့…. သူတစ်ပါး ကာမပိုင်ကို လွန်ကျူးတာလည်း လူအချင်းချင်းပဲ ဖြစ်မယ်ထင်တယ်…
ဘာဖြစ်လည်းဆိုတော့….လူတွေဟာ… တခြားတိရိစ္ဆာန်ကို …သွားပြီး(…..)မရှိလို့ဘဲ…ဒါတောင်မှ ထူးထူးဆန်းဆန်း တခါတခါကြားဖူးသေးတယ်..ထားလိုက်ပါ…

နောက်တခု…လူတွေမှာ…လူသားကိုဘဲ ထုတ်လုပ်ပေးနိုင်တဲ့မျိုးရိုးဗီဇ ရှိလို့ဘဲ
တိရိစာ္ဆန် တခြားအကောင်တွေနဲ့ လူပေါင်းပြီး လူမဖြစ်လာ နိုင်ဘူး… ဒါတော့နည်းနည်း ချဲ့တွေးကြည့်တာပါ

နောက်ပြီးဘယ်နိုင်ငံ မဆို တိရိစာ္ဆန်တွေကို သတ်ရင် တရားရုံးထဲ ထောင်ထဲ မရောက်တာ ကလည်း စဉ်းစားစရာဘဲ.. Humanright လို့ဘဲ အော်ပေး တယ် တိရိစာ္ဆန်တွေ အတွက် ဘယ်သူမှ မအော် ပေးဘူး…

– ပို့တဲ့ မေတ္တာ မှာလည်း လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ..လို့ဘဲအော်ပါတယ်…

တိရိစာ္ဆန်အချင်းချင်းလှည့် ပတ်ချင်း ကင်းရှင်း ကြပါစေ…ဆိုတာလည်းမရှိဘူး…အော်ပေးလို့လည်း လူစကားနားမလည် လို့စဉ်းစားစရာဘဲ…

လူတွေသတ်ဖို့ လိုင်စင်ကျတော့ ဘယ်နိုင်ငံ ဘယ်အစိုးရကမှ လူသတ်လိုင်စင် မထုတ်ပေးဘူး..

ကြက်၊ဝက်နွား စသည့်စသည် အကောင်တွေ သတ်ဖို့ လိုင်စင်ကျတော့ ထုတ်ပေးတယ်…

တိရစ္ဆာန်ကြောင့် ပထမ၊ ဒုတိယ ကမာ္ဘစစ် ( world war) ဖြစ်တာမဟုတ်ဘူး…

လူတွေကြောင့် စစ်ဖြစ်ရတာပါ…. ပထမတချက်တော့ မဆွေးနွေးလိုဘူး ဆိုပြီးတော့

ဆွေးနွေး သလိုတော့ ဖြစ်သွားပြီနော….

ပြောချင်တာကတော့ ပညာရပ်တခုလေ့လာတယ်ဆိုတာ… အပြောနဲ့ လက်တွေ့ တထပ်တည်းကျရဲ့လားပေါ့.. စာတွေ့ဟာ.. လက်တွေ့ ဘဝလောကမှာ.. အသုံးချလို့ မရရင် တနေ့ကျ လူတွေမသုံးဘဲ ရှေးဟောင်းပစ္စည်း အနေနဲ့ ပြတိုက်မှာဘဲ ကျန်ခဲ့မှာ စိုးလို့ စဉ်းစားမိတာလေးပါ….

တကယ်တော့ပညာရပ်တခုဟာ အသုံးဝင်တယ်ဆိုရင် လူတွေရဲ့ လုပ်ရပ်ထဲမှာ အစဉ်အမြဲ ကျန်ခဲ့နေမှာပါ..အခုတော့ တဖြည်းဖြည်း ပျောက်ကွယ်နေတာ လူမိုက်တွေများလို့၊ ရုပ်ဝတ္ထုလောက တိုးတက်နေလို့ ချည်းချည်းမတွေးဘဲ..လက်တွေ့လောက ဘဝမှာ အသုံးမကျလို့လည်း ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားဖို့လိုမယ်ထင်တယ်…
ံ့

4 comments

  • KoNyeinChan

    March 1, 2012 at 8:44 am

    ဒီပို ့စ်ဟာလည်း လူတွေအတွက်ဘဲဖြစ်ရမယ်..
    ဘာလို ့လည်းဆိုတော့ တိရစ္ဆာန်တွေက စာမဖတ်တတ်လို ့ဘဲ..
    🙂 🙂 🙂

  • snow white

    March 1, 2012 at 10:57 am

    တခါတခါတော့စဉ်းစားမိပါတယ် လူတွေမှာသာ လောဘဒေါသတွေ တနေ့တနေ့ပြည့်နေတာအား ကုသိုလ်စိတ ်တွေနဲ့တနေ့တနေ့ လည်ပတ်နေတာ သတ္တဝါတွေလည်းသူ့အားကုသိုလ်နဲ့ သူ့ကံကြောင့် သတ္တဝါဖြစ်နေကျတာပါ ကံကံဧ။်အကျိုးတွေ ပါဘဲ

  • snow white

    March 1, 2012 at 10:58 am

    တခါတခါတော့စဉ်းစားမိပါတယ် လူတွေမှာသာ လောဘဒေါသတွေ တနေ့တနေ့ပြည့်နေတာအား ကုသိုလ်စိတ ်တွေနဲ့တနေ့တနေ့ လည်ပတ်နေတာ သတ္တဝါတွေလည်းသူ့အားကုသိုလ်နဲ့ သူ့ကံကြောင့် သတ္တဝါဖြစ်နေကျတာပါ ကံကံဧ။်အကျိုးတွေ ပါ

  • အင်း. ငါးပါးသီလကိုလုံခြုံရင် အကောင်းဆုံးပေါ့။
    အရက်သေစာ သောက်စားသူတွေကတော့ တခြား
    အပြစ်တွေကျူးလွန်ဖို ့ဝန်မလေးတော့ဘူးနော်။
    တခါက ဆရာလူထုစိန်ဝင်းပြောဖူးတယ် ဟိုတိရိစ္ဆာန်
    ထိန်းသိမ်းစောင့်ရှောက်ရေး၊မျိုးသုဉ်းပျောက်ကွယ် မသွား
    ရေးဆိုတာထက် လူသားတွေအတွက် ဘယ်လိုကယ်တင်နေ
    ရာချထားကူညီနိုင်မလဲ မစဉ်းစားကြတော့ဘူးလားတဲ့။
    မှတ်မိသလောက်ပါဘဲဗျာ။

Leave a Reply