ရှေးကနဲ့မတူပါ…………………….(မန္တလေးက အာဇာနည်ဗိမ္မာန်)

1 ဒီနေရာလေးမှာ အရင်က မြောင်းကိုုခုန်ကျော်ပြိးမှ ဝင်ရတာ အခုတော့တံတားလေးနဲ့
2 ပြီးခဲ့တဲ့ ဇန်နဝါရီလထိ ရူပ်ယှက်ခတ်နေတဲ့ နေရာက အခတော့သန့်သန့်ရှင်းရှင်း
3 ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းထားကြတာပါ မန်းလေးက လူမူ့ရေးအဖွဲ့အစည်းတွေရဲ့ လုပ်အားပေါ့
4 အတွင်းထဲက ဂူလေးတွေကို လဲ သန့်ရှင်းထားပါတယ် လောလောဆယ်တော့ သော့ခတ်ထားပါသေးတယ်
5 စိတ်ချမ်းသာစရာကောင်းသောမြင်ကွင်း
7 88 ကျောင်းသားများရဲ့လွမ်းသူ့ပန်းခွေ
8 နောင်ဆိုဒီနေရာလေးက အများလေ့လာစရာေ နရာ ဖြစ်လာမယ်ထင်ပါတယ်
ရှေးကနဲ့မတူပါ…………………….(မန္တလေးက အာဇာနည်ဗိမ္မာန်)

(29-2-2012)နေ့မနက် တောင်သမန်ကအပြန်မှာ (10-2-2012)နေ့ကမှ သန့်ရှင်းရေးတွေလုပ်ထားကြတဲ့

မန်းလေးက အာဇာနည်ဗိမ္မာန်မှာ ပန်းခွေလေးချိတ်ထားတာ မြင်မိပါတယ်။

အဲတော့ ကျနော်လဲ ဘယ်သူတွေလာပို့ထားပါသလဲဆို စိတ်ဝင်စားတာနဲ့သွားကြည့်မိတော့ဒီပုံတွေရလာပါတယ်။

ဘာဘဲပြောပြော ရှေးကနဲ့ မတူတော့တာတော့အမှန်။

ရလာတဲ့လွတ်လပ်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ အကျိုးရှိရှိအသုံးချဘို့တော့လိုအပ်မယ်လို့တော့ အကြံပေးချင်ပါတယ်ဗျာ။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့ အတွေးပါးပါး

(1-3-2012)

12 comments

  • 88 မျိုးဆက်ကျောင်းသားတွေ လွမ်းသူ့ပန်းခွေသွားချတာ ကျနော်မသိလိုက်ပါဘူး။
    ဒါပေမယ့်နောက်ရက်ကျနော်ရောက်တော့ ဒီပန်းခွေလေး ချိတ်ထားတာတွေ့လို့မျှဝေပေးလိုက်ပါတယ်။

  • water-melon

    March 1, 2012 at 9:52 am

    အပင်လေးတွေစိုက်နေပြီဆိုတော့
    နောက်ဆိုစိမ်းစိုတော့မယ်ထင်တယ်
    အတွဲတွေအတွက် နေရာကောင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။

  • ငပွကြီး

    March 1, 2012 at 11:13 am

    ဒီနေရာ ဒီလိုဖြစ်လာတာလဲ ကိုပေါက်ရဲ့ စွမ်းဆောင်ချက် တစိတ်တဒေသ ပါဝင်နေမယ်လို့ကျွန်တော်ထင်တယ်(ယခင်တင်ခဲ့ဖူးသော အာဇာနည်ဗိမ္မာန် ပိုစ့် အရ)
    ဂေဇက်ကိုယ်စား ဂုဏ်ယူပါတယ်..

  • Shwe Tike Soe

    March 1, 2012 at 11:39 am

    ဟုတ်ပလေးပေါက်ရယ် တော်တော်လေးကိ ုသန်.ရှင်းသွားတာပဲနော်..
    အရင်တုန်းကဆို အဲဒီနေရာရှိတယ်လိုတောင်မထင်ရဘူး……. ရှုပ်ပွနေတာပဲ…
    အခုလိုမြင်ရတော့ ဝမ်းသာပါတယ်ဗျာ……..

  • avocardo

    March 1, 2012 at 12:24 pm

    အတွဲတော့မနေလောက်ပါဘူး။ခေါင်းပါတယ်။စဉ်းစားတတ်ရင်။ဒါအတွဲထိုင်ရမယ်နေရာမှာမဟုတ်တာ။

    ရောက်တော့မရောက်ဘူးဘူး။အခုလိုတင်ပေးလိုတွေ့ဘူးတာ။ကျေးဇူးတင်ပါတယ်ကိုပေါက်

    နောက်လည်းဒီထက်မကလက်ဆော့နိုင်ပါစေ။(ကားပေါ်မပါ)

  • kyeemite

    March 1, 2012 at 1:20 pm

    ဘာဖြစ်လို့များအာဇာနည်ကုန်းတွေကိုပိတ်ထားရတာပါလိမ့်..အင်းဒါကြောင့်
    ကိုစွယ်တော်ရွက်က“ ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉) ဆီသို့ – နောက်ဆက်တွဲ ”ဆိုတဲ့
    ပို့စ်နှစ်ခုရေးပီး ပေါက်ကွဲထားတာ…၈၈မျိုးဆက်ကျောင်းသားတွေတောင်
    လွမ်းသူ့ပန်ခွေ တံခါးမှာချိတ်ခဲ့ရသတဲ့..တောက်..
    (ကို)စွယ်တော်ရါက်ပို့စ်မှာ…သဂျီးမင်းကိုယ်တိုင်မန့်ထားသလို…လာလေရော့..
    အာဇာနည်ဗိဗ္မာန် တနှစ်ပါတ်လုံးဖွင့်ထားရေး… ဒို့အရေး..။
    ဗိုလ်ချုပ်အောင်ဆန်းအခန်းကဏ္ဍ မြှင့်တင်ရေး .. ဒို့အရေး..။
    ဗိုလ်ချုပ်အောင်ဆန်းသမီး လွှတ်တော်ထဲရောက်ရှိရေး .. ဒို့အရေး..။
    ကျေးဇူတင်ပါတယ်ကိုပေါက်ခင်ဗျား။

  • windtalker

    March 1, 2012 at 1:50 pm

    မရောက်ဖူးသေး သူများအတွက် ကိုပေါက် စေတနာများ ။ ကြည့်ရူအားပေးသွါးပါကြောင်း

  • တကယ်လို့အစောင့်မရှိဘဲ တံခါးဖွင့်ထားရင်တော့ လူမိုက်တွေလာဖျက်ဆီးတာ ခံရနိုင်ပါတယ်။
    နောင်ကြရင် ဒီထက်ကောင်းအောင် စီစဉ်နို်င်လာမယ်လို့ယုံကြည်ပါတယ်။
    အခုလို သန့်သန့်ရှင်းရှင်းဖြစ်တာ တစ်လတောင်မရှိသေးပါဘူး။
    လောလောဆယ်တော့ ဒီရလာဒ်လောက်ဆိုရင် မဆိုးဘူးလို့ဆိုနိုင်ပါတယ်။

  • ဟုတ်တယ်ဗျာ ကျနော်လဲ ခုလိုမြင်ရမှစိတ်ထဲဘဝင်ကျမိတော့တယ်။ကိုပေါက်ရေ ကျေးဇူးဘဲနော်။
    အရင်ကနဲ ့မတူလုံးဝပြောင်းလဲသွားပြီး သပ်ရပ်သွားပီဗျ။

  • blackchaw

    March 1, 2012 at 5:33 pm

    ကျေးဇူးပါ ကိုပေါက်ရေ။
    လွမ်းသူ့ပန်းခွေလေးက ခြံစည်းရိုးမှာ ချိတ်ထားတယ်လို့ ထင်တယ်နော်။
    အထဲမှာ ဘာလို့ မချခဲ့တာလဲ သိချင်သား…။

  • တံခါးသော့သွားတောင်းရင်အချိန်ကြာနေမှာစိုးလို့ထင်ပါတယ်.
    ဘာဘဲဖြစ်ဖြစ် အခုလို ဂါရဝပြုခွင့်ရတာကို က နည်းနည်းတော့ကျေနပ်စရာကောင်းပါ၏။

Leave a Reply