အချစ်ကဗျာ

-ကောင်းကင်ကြီးရဲ့ ပြာလွင်မှုရဲ့ လွှမ်းမိုးမှုဟာလည်း
ညိုမှိုင်းမှုရဲ့ အုပ်ဆိုင်းဆိုင်း ဩဇာအာဏာအောက်
ပြားပြားမှောက်နေအလားပဲ…..မိုးမပွင့်ခဲ့ ။

-ချစ်ခြင်းရဲ့နိယာမကို
စစ်ခင်းပြီးသိလာရတဲ့အချိန်မှာ
ငါတို့ရဲ့နဘေးကမြက်ခင်းစိမ်းတွေ တောင် ဦးညွတ်နေရဲ့..။

-သပ်ရပ်စွာစီရံထားတဲ့
လေပြေတွေနဲ့အတူ
လွင့်မျောလာတဲ့ ကျေးငှက်သံတွေဟာ
တို့နှစ်ဦးအတွက် အိန္ဒြေရှိရှိစီးဆင်းနေပါရဲ့…။

-တဖွဲဖွဲမိုးစက်ပွင့်တွေနဲ့အတူ
တသဲသဲ “မိုး”ရဲ့အနမ်းတွေဟာလည်း
ကြင်နာသူပါးပြင်ထက်မှာ
ရင်ခုံစွာမှေးစက်နေလေရဲ့…..။       ။

5 comments

  • chitthu135

    September 5, 2011 at 3:02 pm

    ကောင်းတယ်အကို

  • snow white

    May 6, 2012 at 7:26 pm

    အိပ်စက်တာခုကောနိုးပီလားး ကောင်းပါတယ် ကဗျာလေးကိုဖတ်ရှုခံစားသွားပါသည်

  • snow white

    July 4, 2012 at 6:13 pm

    -သပ်ရပ်စွာစီရံထားတဲ့
    လေပြေတွေနဲ့အတူ
    လွင့်မျောလာတဲ့ ကျေးငှက်သံတွေဟာ
    တို့နှစ်ဦးအတွက် အိန္ဒြေရှိရှိစီးဆင်းနေပါရဲ့…။ အဲ့နားက စာသားကို အရမ်းကြိုက်ပါတယ်။

  • musicalpunk

    July 21, 2012 at 11:29 am

    လာလည်သွားပါသည်

Leave a Reply