နေ့လည် ၂ နာရီလောက် ရေကျချိန်မှာ ငွေတောင်ကမ်းခြေဆီကို သွားလည်ခဲ့ကြတယ်။ ၇ မိုင်ခရီးကို ကမ်းစပ်ကနေ ကားစီးသွားရပါတယ်။ လမ်းတွေမညီမညာမှာကားခပ်ကြမ်းကြမ်းနဲ့ စီးသွားရတာမို့လို့ ပြုတ်မကျအောင် ခါးမနာအောင် ကားမမှောက်သွားအောင် ဘုရား တရား တရင်းနဲ့ ငွေတောင်ကမ်းခြေဆီကို ရောက်သွားပါတော့တယ် …

ငွေတောင်ကမ်းခြေအလှ

သဘာဝပန်းချီကားတစ်ချပ်

ကြည့်လို့မ၀နိုင်တဲ့ ပင်လယ်ရေပြင်ကျယ်

ယာယီဈေးဆိုင်တန်းလေးများ

ငွေတောင်ကမ်းခြေရောက်တော့ ဈေးဆိုင်တန်းလေးတွေ အများကြီးတွေ့ရပါတယ်။ ငါးခြောက်သည်တွေအများကြီးပဲ။ အုန်းစိမ်းရေ၊ ရခိုင်မုန့်တီနဲ့ အသုတ်ဆိုင်လေးတွေမှာ လူတွေစည်ကားနေပါတယ်။ နေပူနေတုန်းမို့ ဆိုင်တစ်ခုထဲဝင်ပြီး အုန်းစိမ်းရေသောက်ရင်း ခဏနားလိုက်ကြတယ်။ ပင်လယ်ရေစိမ်ပြီးရင် ရေချိုးပြန်ချိုးလို့ရပါတယ်။ ရေအ၀ချိုး ၅၀၀ ကျပ်တဲ့။ လက်နှိပ်တုန်ကင်လေးတွေနဲ့ ရေချိုရကြပါတယ်။ ဘုရားပွဲ ၁၅ ရက်တာမှသာ ငွေတောင်ကမ်းခြေကိုလဲ သွားနိုင်တာမို့ တစ်နှစ်မှာ ၁၅ ရက်တာပဲ ရေကစားနိုင်တဲ့ ငွေတောင်ကမ်းခြေအလှက အမှတ်တရဖြစ်လောက်အောင် လှပါပေတယ်။ သွားရောက်ဖို့ မလွယ်တဲ့နေရာမို့လို့ ကမ်းစပ်မှာ တ၀ကြီးလမ်းလျှောက်ရင်း ရေထဲမှာလဲ အကြာကြီး ရေစိမ်ခဲ့လိုက်တယ်။ ငွေတောင်လို့နံမည်မှည့်ခေါ်ရလောက်အောင် သဲလေးတွေက ငွေတောင်တလက်လက် တောက်ပနေကြတယ်။ သဲမာမာလေးတွေပေါ်မှာ ဖိနပ်မပါပဲ လမ်းလျှောက်ရတဲ့ အရသာက စာနဲ့ရေးပြလို့မရလောက်အောင် ကောင်းလွန်းပါပေတယ်။

ငွေရောင်တလက်လက်နဲ့ သဲမှုန်လေးတွေ

ရေကစားနေကြတာ ပျော်စရာ

ရေစပ်စပ်မှာ လမ်းလျှောက်ရတာ အရမ်းကောင်းတယ်

နွားလှည်းလေးတွေလဲ တွေ့ခဲ့ရတယ်

အနီးကပ် လှိုင်းလုံးလေးတွေ

ရေထဲမှာ ၀အောင်စိမ်လိုက်ကြပါတယ်။ ပင်လယ်ရေက ကြည်လင်ပြီး နွေးနေတယ်။ လှိုင်းစီးရတာ ညိမ့်ညိမ့်လေးနဲ့ ပျော်စရာကောင်းတယ်။ ရေငံပေမယ့် တခြားကမ်းခြေတွေထက် အငံဓါတ်လျော့နေပါတယ်။ ထူးခြားတာက ဘုရားဖူးတွေများပြီး ဘီကနီဝတ်တဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ရဘူး။ ရေချိုပြန်ချိုးရတာတော့ ဒုက္ခနဲနဲရောက်ပါတယ်။ လူတွေကများပြီး အ၀တ်လဲဖို့နဲ့ ရေချိုးခန်းသီးသန့်မရှိတာမို့ သိပ်တော့အဆင်မပြေလှဘူး။ ရေချိုးပြီးနောက် ဘုရားလေးတစ်ဆူရှိရာဘက်ကို လမ်းလျှောက်ပြီး ဓါတ်ပုံတွေရိုက်ခဲ့တယ်။ ငါးဖမ်းလှေကလေးတွေရပ်ထားတဲ့ရှုခင်းလေးက အရမ်းသန့်ရှင်းကြည်လင်နေပါတယ်။ လှလိုက်တာ လှလိုက်တာလို့ တဖွဖွပြောမိရလောက်အောင်ကို လှပါပေတယ် …

ငါးဖမ်းစက်လှေလေး နှစ်စင်း

ပန်းချီကားတစ်ချပ်ကို ထိုင်ကြည့်နေရသလိုပဲ ..

အလုပ်သိမ်းလာတဲ့ တံငါသည်တွေ

ငြိမ်သက်မှုတစ်ခုကို ခံစားမိတဲ့မြင်ကွင်း

လှေကလေး ဒီလောက်လှလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး

ကျွန်မရောက်ဖူးသမျှ ကမ်းခြေတွေထဲမှာ ငွေတောင်ကမ်းခြေက အလှဆုံးနဲ့ အသန့်ဆုံးပါပဲ …. ကမ်းစပ်မှာ ဘုရားလေးတစ်ဆူရှိနေတာကလဲ ပင်လယ်နဲ့စေတီ အလွန်ပနာရပါပေတယ် …

ကမ်းစပ်က စေတီလေး

ဒီပုံလေးနဲ့ဆို ဓါတ်ပုံဆရာ ဖြစ်နိုင်ပြီလား ??

ဟိုးအဝေးကြီးက တော်ပေါ်ကစေတီလေး (အောင်တော်မူစေတီ)

ညနေ ၅ နာရီခွဲမှာ မော်တင်စွန်းကို နောက်ဆုံးထွက်မယ့်ကားတစ်စီးနဲ့ ဘုရားဆီကို ပြန်ခဲ့ကြပါတယ်။ နောက်တစ်ခေါက်ရောက်ဖို့ မသေချာတဲ့နေရာတစ်ခုမို့ ရှုခင်းတွေကို တစ်ဝကြီးကြည့်လာခဲ့လိုက်တယ် … ဓါတ်ပုံတွေ အများကြီးရိုက်လာခဲ့ပေမယ့် အကုန်တင်ဖို့ အခက်အခဲရှိတာကြောင့် လှမယ်ထင်တာလေးတွေပဲ ရွေးတင်လိုက်ပါတယ် …

အပိုင်း (၄) နဲ့ အပြန်ခရီးစဉ်ရေးပြီးရင်တော့ မော်တင်စွန်းခရီးစဉ် ပြီးပါပြီ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....