အပြောကတော့ ပြည့်စုံပါတယ် သမ္မတကြီးရယ်

လင်းဝေMarch 1, 20121min34737

ဒီနေ့ MRTV-4 ကနေတိုက်ရိုက်လွှင့်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားသော သမ္မတ မိန့်ခွန်းကို ကြည့်ဖြစ်တယ်။

ပြည်တွင်းငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ ကျန်းမားရေး ၊ ပညာရေး ၊ လူမှုရေး နဲ့ အစိုးရစနစ်စီမံခန့်ခွဲမှုပြင်ဆင်နေပုံ (အဂတိ တိုက်ဖျက်ရေး )၊ ဝန်ထမ်းလစာ (မတိုး)ရေး နဲ့ စတဲ့အပိုင်းတွေ ပြောတာ ကြားမိ မှတ်မိပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြဖို့ ဆိုတဲ့သဘောကိုပြောပါတယ်။ တစ်ချိန်က သေနတ်ကိုင်ခဲ့တဲ့သူတွေ လက်ပ်တော့ ကိုင်ပြီး ထည်ဝါခန့်ငြားစေချင်ပါတယ်တဲ့။ (နောက်ဆိုရင် လက်နက်နဲ့ လက်ပ်တော့ လဲလှယ်ရေး လုပ်ကြတော့မယ်ထင်တယ် ) ခိုင်မာတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ကြပါစို့တဲ့။ ( DKBA နဲ့တော့ ပြန်ဆော်နေကြပြန်တယ် နော်။ အောက်ခြေမြေပြင်မှာ နှစ်ဖက်စလုံးက ရဲဘော်တွေကို ထိမ်းရတာတော့လွယ်မယ်မထင်ဘူးဗျ။ တစ်ဘက်နဲတစ်ဘက် ပစ်ခတ်သတ်ဖြတ်လာတဲ့သူခြင်း အထက်က စားပွဲပေါ်မှာ ငြိမ်းချမ်းရေးလုပ်တာနဲ့ ချက်ခြင်း အောက်ကမြေပြင်မှာ ယုံကြည်ပီး မပစ်ပဲနေရဲဖို့ ဆိုတာ ရဲဘော်အဆင့်တွေရဲ့ နားလည်စွမ်း လိုမယ်ထင်တယ်ဗျ။)

သမ္မတကြီးကပြောပါသေးတယ်။ သူတို့ အစိုးရအဖွဲ့ကို ဝေဖန်နေကြတာတွေ ကြားပါတယ်တဲ့။ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေလည်း ကြားရပါတယ်တဲ့။ (ကျနော်တို့တော့အမြဲတမ်း အပြုသဘောပဲဆောင်ဖို့ကြိုးစားပါတယ်)။ လက်ရှိအစိုးရအဖွဲ့မှာ အပျော့ဂိုဏ်း အမာဂိုဏ်း မရှိပါဘူးတဲ့။ ( ကဲ ဘယ် သချီးထူ တွေတုန်း စွပ်စွဲကြတာ၊ အပျော့တွေ အမာတွေ ဆိုပြီး။ အကုန်အတူတူပဲတဲ့ ) တူညီသော ရည်ရွယ်ချက်နဲ့ အကောင်းဆုံးတွေကို ဖော်ဆောင်နေတာပါတဲ့။ လူ့သဘာဝအလိုက်တစ်ဦးချင်းစီစိတ်ထားနဲ့သဘာဝ ကွဲလွဲမှု အနည်းငယ်သာရှိတာပါတဲ့။

စီးပွားရေးမှာလည်း လူနည်းစုအတွက်ထက် လူအများစုကြီးကို အကျိုးခံစားခွင့်ရစေဖို့ ဦးတည်ဆောင်ရွက်နေပါတယ်။ မြန်မာ့စီးပွားရေး ဦးမော့လာဖို့ ကြိုးစားနေပါတယ်။ လက်ဝါးကြီးအုပ်တာတွေလျှော့နည်းအောင်လုပ်ပါမယ်။ အများစိတ်ဝင်စားနေကြတဲ့ ဖုန်းကိုလည်း အဆင်ပြေတဲ့အချိန်မှာ ချထားပေးနိုင်ဖို့ စီစဉ်ပါမယ် တဲ့။ ( အလွန်စိတ်ဝင်စားစရာပါပဲ )။ ကားဈေးနှုန်းတွေကိုလည်း နိုင်ငံတကာ ဈေးနှုန်းအတိုင်း အများဝယ်ယူနိုင်အောင် စီစဉ်ပေးပါ့မယ်တဲ့။ ( ကြိုက်ကြတယ်မဟုတ်လား မောင်တို့ )။ စီးပွားရေးမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုပါဝင်လာအောင် ကြိုးစားပါ့မယ်တဲ့။ Equality and Fairness ဖြစ်တဲ့အခွန်စနစ်ကိုလည်း တည်ဆောက်ပါမယ်တဲ့။ သမ္မတက အစ နိုင်ငံသားအားလုံးအခွန်ပေးဆောင်ဖို့လည်း လိုပါသတဲ့။

ကျန်းမာရေး စနစ်ကို ပိုမိုကောင်မွန်အောင်လုပ်မယ်။ ယူနီဗာဆယ် ကျန်းမာရေးအာမခံစနစ် ကိုလည်း အကောင်အထည်ဖော်ဖို့ကြိုးစားနေတယ် တဲ့။ အလွန်ကောင်းမွန်တဲ့အချက်ပါဗျား။ ကျန်းမာရေးအာမခံစနစ်ရှိလာမှ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်ပြည်စုံမှာပါ။

ပညာရေးအတွက်လည်း အခြေခံပညာကျောင်းများအဆင့်မှ တက္ကသိုလ်များအထိ တိုးတက်အောင် ကြိုးစားနေတဲ့အကြောင်း၊ တက္ကသိုလ်များကို အနာဂတ်မှာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပြုတော့မည့်အကြောင်းတွေအပါအဝင်ပေါ့လေ။ (ကောင်းပါတယ်ဗျာ။ တက္ကသိုလ်ကောင်စီ ဆိုတာ တက္ကသိုလ်တိုင်းမှာ တက္ကသိုလ် ဥပဒေနဲ့အညီ ရှိသင့်ပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေက ကိုယ့်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲမှုလုပ်သင့်ပါတယ်။ အဲဒါမှသာ တကယ်တိုးတက်မှာပါ။)

လူမှုဖူလုံရေး စနစ်ကို ကောင်းမွန်အောင်ပြန်လည်ပြင်ဆင်နေတယ်ဆိုတာမျိုးလည်းပြောသွားပါသေးတယ်။ လူတန်းစားအဖွဲ့အစည်းအသီးသီးရဲ့ အသင်းအဖွဲ့များပေါ်ပေါက်လာစေရေး စီမံနေတဲ့အကြောင်း လည်းပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်း ( Civil Society ကိုပြောတာပါ )တွေ အားကောင်းပြီး ဒီမိုကရေစီ ကူးပြောင်းရေးမှာ ဝိုင်းဝန်းကြဖို့လည်း တိုက်တွန်းသွားပါတယ်။

အဂတိလိုက်စားမှု အမြစ်တွယ်နေတာကို ရှေ့အစဉ်အဆက် စနစ်များကြောင့်ဖြစ်ပါတယ်လို့ ပြောကြားသွားပြီး ဒီကိစ္စကို ကိုင်တွယ်ဖို့ အလေးအနက် လုပ်နေကြောင်းလည်းပြောပါတယ်။ အသိပေးခြင်း ၊ သတိပေးခြင်း၊ စစ်ဆေးအရေးယူခြင်းများလည်း လုပ်နေပါတယ်တဲ့။ ဝန်ထမ်းတွေလစာတိုးဖို့တော့ မဖြစ်နိုင်သေးပါဘူးလို့ ပြန်လည်ချေပသွားပါတယ်။ လူဦးရေ ရဲ့ ၃.၃% သာရှိတဲ့ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးရင် ကျန်ရှိသော ၅၈သန်းကျော် လူဦးရေအများစုကြီးကို ထိခိုက်မှာမို့လို့ ဆိုပါတယ်။
Rule of The Law ရှိဖို့။နေရာတိုင်းမှာ ကိစ္စတိုင်းမှာ Rule of the Law ဖြစ်ဖို့အရေးကြီးကြောင်းလည်း အလေးအနက်ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝိုင်းဝန်းကူညီကြဖို့။ မြန်မာပြည်ကို တစ်ဒေါ်လာပေးတိုင်း မြန်မာ့လူ့အဖွဲ့အစည်းတည်ငြိမ်တိုးတက်ဖို့ တစ်ဒေါ်လာ ကူညီတာဖြစ်ကြောင်းလည်းပြောသွားပါသေးတယ်။

အချုပ်အနေနဲ့ကတော့ လူအများ တစ်သက်လုံးမျှော်လင့်နေကြတဲ့ တစ်ဦးချင်းဝင်ငွေတိုးရေး၊ စီးပွားရေးစနစ်ကောင်းမွန်လာရေး၊ ဥပဒေစည်းကမ်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တဲ့စနစ်ဖြစ်ပေါ်လာရေး ဒီမိုကရေစီ နိုင်ငံကြီးမှာ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်ရေး အစွမ်းကုန်ကြိုးစားပါမည့်အကြောင်း အစိုးရအဖွဲ့ကိုလည်း မိဘပြည်သူ များက ဝိုင်းဝန်ထိမ်းကြောင်းပေးဖို့ တိုက်တွန်းပါကြောင်း ပြောသွားပါတယ်။ (ဘယ်လိုထိမ်းကြောင်းပေးရမှာလည်းတော့ မပြောသွားတော့ ထိမ်းကြောင်းပေးချင်ပေမယ့် ဘာလုပ်ပေးရမယ်မှန်းမသိဖြစ်နေတယ်ဗျာ။)

အားလုံးကောင်းမွန်ပါသည်။ ပြောဆိုသွားချက်များအားလုံးကိုထောက်ခံပါသည်။ တကယ်အကောင်အထည်ပေါ်လာစေဖို့ အမြန်ဆုံး ဖြစ်လာစေဖို့ ဆုတောင်းပါသည်။

37 comments

  • နွေဦး

    March 1, 2012 at 12:21 pm

    မကြာမှီ လာမည်..မျှော် ပေါ့ဗျာ..
    ကောင်းမကောင်းဝေဖန်ဖို့တော့ အချိန်ထပ်ယူရအုံးမယ်

  • inz@ghi

    March 1, 2012 at 12:39 pm

    ဂျာ ….
    လက်ပကျွတ်ပြောင်းကိုင်မယ် ..ဟုတ်စ …
    လွှတ်တော်ကြီး ကို အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးပေါ်ရွှေ့တော့မပေါ့ …

    ဘိရုမာစီးဘွားရေး ဦးမော့ဖို့ ….
    ဦးမော့လာရင် သားရေပင်နဲ့ ပစ်ချင်လို့လား ဟင်င်င်

    ဖုန်းတွေ ကားတွေ သွင်းဟင်းဟင်း …ရဒေါ့မယ်ပေါ့ …
    ဖစ်သေးဘာဘူးဂျာ …သများ လန်ဘဂီးနီး လမ်းပေါ် ဗိုက်မလွတ်ရင် သမဒဂျီး လျော်မား????

    ပြင်ညာရေး ကို ကောင်းအောင်လုပ်မှာတော့ ကြိုဇိုဘာဒယ်…
    ဂယ်ကောင်းရင် ကျောင်းပြန်တက်ပါ့မယ် …
    ဟုတ်ကဲ့…
    မဟာဗျူဟာမြောက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု ဗေဒ ပါ..
    တိန် … SHR Mgmt: ဆို ပီးတဲ့ဟာ ကို …ဟီး …

    အဂတိလိုက်စားတာ.. က စနစ်ကြောင့်တဲ့ ..အာဟိ…
    သဂျီးပြောတော့ စနစ်ကြောင့် ဟုတ်ဝူးဆို ….
    ကိုသစ်ပြောတော့ အဝဲယားနက် ဆို …
    အတော်နောက်တဲ့လူတွေ …
    သများ သိတာကတော့ …စားတာ ပါးစပ်ပါလို့ပေါ့ချင့်….
    ယိုပေါက်တွေ ပိတ်ချင်ယင်တော့ ပြောင်းဖူးရိုး ဆောင်သင့်ပါဂျောင်း ….

    တခြားဟာဒွေတော့ ကျောလော့ဘာဘူး…
    စကားမစပ် သမဒဂျီးရယ်…
    တီလုပ်မလေးတွေရော ..ဘယ်တော့ တင်သွင်းကြမလဲဟင်င်င်င်
    😀

    ပီးတော့ ..ဟိုလေ. ..ဟို…
    ကပုံးကျော် ပြောတဲ့ ၁လုံးထဲ ဆိုတာ ဂယ်လား ..ဟင်…
    😛

  • ဘာဘဲဖစ်ဖစ်ပါ..
    ဒို့ presidentကြီး စကားပြောတာ အရမ်းကြိုက်တာဘဲ.. လေသံလေးပြေပြေလေးနဲ့.. ကြိုးစားဆဲပါ.. ကြိုးစားနေတုန်းပါ.. ဆောင်ရွက်ဆဲပါတဲ့.. ဟိဟိ

  • လင်းဝေ

    March 1, 2012 at 12:44 pm

    ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မူရင်းပြောကြားချက်ပါ။

    “တစ်ဘက်နဲ့ တစ်ဘက် ထိတွေ့ ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားများနည်းတူ ဗမာ ဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသားလူမျိုးတစ်စု ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံး မျှဝေရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန်တော်တို့အစိုးရရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး ကျွန်တော် ပြောပြချင်ပါတယ်။ (၁၈)နှစ်၊ (၁၉)နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်း သား လူငယ်တွေက ပြောကြတယ်၊ ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တစ်ကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက် ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ် တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံး အတွက် သမိုင်းပေးတာဝန်ကြီး တစ်ရပ်ဖြစ်ပါတယ်။ ဒီတာဝန်ကြီးဟာ ကျွန်တော်တို့အ တွက် ခက်ခဲကြီးလေးတဲ့ တာဝန်ကြီးဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါပေမယ့် ဒီတာဝန်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ အခုဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီးတဲ့အချိန်မှာ ဒီယုံကြည်ချက်ဟာ ပိုပိုပြီး ခိုင်မာလာပြီ ဖြစ်ပါတယ်။
    ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရ အနေနဲ့ ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေမရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပက မေးမြန်းနေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေကြပါ လိမ့်မယ်။ ကျွန်တော် ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံကာကွယ်ရုံက လွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထား မှာ ဘာဖြစ်လို့ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ယနေ့ မပြီးပြတ် သေးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်ဘက်နဲ့ တစ်ဘက် လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေး အရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲ ကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန် ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆနဿဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးဖို့ဟာ ကျွန်တော်တို့ အစိုးရနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသား တွေအတွက် ထောက်ပံ့ ကူညီမှုတွေ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီနိုင်အောင်လည်း လမ်းဖွင့် ဆောင်ရွက်ပေးနေပါတယ်။
    ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အဆင့်(၃)ဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ပထမအဆင့် ဟာ ပြည်နယ် အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက်ရန်လိုမှုတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင် ကြဖို့၊ ယင်း သတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထား သည့် နေရာများမှာ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရဆွေးနွေးညှိနှိုင်း မှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက်အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူလိုက်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။
    ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆွေးနွေးရမယ့်အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတတ်တဲ့ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေး ပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့၊ လွှတ်တော် တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေ အလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်ကိုတွေကို နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက် ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
    တတိယအဆင့် မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင် တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်း မယ့် သံနဿနိဌာန်ကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလို ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသား တွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသား အားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဒေါက်တိုင်ကြီး(၃)ရပ်နဲ့ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆနဿဒနဲ့ သဘောတူ ပြင်ဆင်ပြီး မိမိတို့ရဲ့ လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။
    ဒီအဆင့်(၃)ဆင့်ဟာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။”

  • Patriot

    March 1, 2012 at 12:50 pm

    ဘာပဲ ပြောပြော ဦးသိန်းစိန် ပြောသွားတာ တွေကောင်း ပါတယ်။ အကောင်းမြင် စိတ်နဲ့ ပြောရရင် ပြည်သူ အပေါ်ထားတဲ့ စေတနာ တွေလဲ တွေ့ရပါတယ်။လုပ်တာ မလုပ်တာ တော့ still remain to be seen ပေါ့။ Bravo Mr.President ! May god bless you ! Keep up ! People will support you if you really do good deeds!

  • သမ္မတကြီး ပြောသွားတဲ့အတိုင်း ..
    အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ဖြစ်လာပါစေလို့ … 😀

    အစိုးရဝန်ထမ်းတွေကို လခ တိုးပေးဖို့ ဖြစ်နိုင်သေးဘူးဆိုရင်လည်း …
    လျှော့စရာ ရှိတာတွေ လျှော့ပေးလိုက်ပေါ့ …
    လျှော့စရာတွေက အများကြီးပါနော် … လို့ …

    ကိုလင်းဝေရေ ..
    ပို့စ်လေးအတွက် ကျေးဇူးပါနော် …

    အံစာတုံး

  • htoosan

    March 1, 2012 at 1:20 pm

    အဟမ်း .. အဟမ်း ..

  • windtalker

    March 1, 2012 at 1:37 pm

    သမ္မတကြီး ပြောသလို အားလုံး မြန်မြန်ဖြစ်လာပါစေ လို ့ဘဲ ဆုတောင်းနေပါတယ် ခင်ဗျား ။

  • kaunglay

    March 1, 2012 at 1:48 pm

    အပြောကတော့ပြည့်စုံနေပေမယ့် အလုပ်နဲ့သက်သေပြဖို့လည်းလိုသေးတယ်ခင်ဗျ..
    တစ်ကယ်ဖြစ်လာမှပဲ ယုံတော့မယ်။ အကောင်းဆုံးတွေ အမြန်ဆုံးဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်။

  • အပြောကတော့ မိုက်ပေါ့ဗျား။
    သို ့သော် ကြိုတင်ရေးလာသော စာရွက်ကိုကြည့်ဖတ်တာနှေးတယ်၊ထောက်တယ်။
    မပြောချင်ဘူး။ဖွတ်ကျား…….!!!သွားသူတောင်းစား

    • Kyi Lwin

      March 1, 2012 at 2:36 pm

      ဖတ်ချီးသမတ စကား။
      တို့ဖွတ်ချီးသမတကြီးက ဘာများပြောမှာပါလိမ့် ။
      ကျွန်တော်မျိုးကြီးသေသင့်ပါပြီ။ ဟိုကောင် မင်းအောင်လှိုင်လည်း ငါ့စကားနားမထောင် ဟိုကောင် ရွှေမန်းကလည်း လွှတ်တော်ထဲ ငါ့အရှက် ခွဲ။
      လွှတ်တော်ထဲ တက်ပြီးအိပ်တဲ့ကောင်တွေက လည်း ငါ့အရှက်ကိုခွဲနဲ့ ငါ့မျက်နှာကြီးဒါးနဲ့လှီးပစ်ချင်တာကြောင့်သေတာပဲကောင်းတယ်။ အီးဟီးဟီး ဆိုပြီး။
      သနားစရာ့ ဖွတ်သမတခမျာ။
      ကြား ကြားသမျှ ဖွတ်သမတရဲ့ အမျှ အမျှ အမျှ။

      • chityimhtoo

        March 1, 2012 at 11:38 pm

        မင်းတို့ပြည်ပရောက်နိုင်ငံရေးသမားတွေဘဲဒါမျိုးပြောတာကွ။ကိုယ်တိုင်ကျတော့လည်းစောက်
        အရည်အချင်းမရှိဘူး။မင်းတို့မှသူတောင်းစားတွေကွ။ကိုယ်တိုင်လည်း မစွမ်းဘူးဘေးကနေ
        စောက်ရှက်မရှိပြောနေတယ်….။

  • လင်းဝေ

    March 1, 2012 at 3:16 pm

    အဲသလောက်ကြီးလည်း မပြင်းထန်ကြပါနဲ့။
    ၃.၃% ပဲရှိလို့ပေပဲ။ အဲဒီ ၃.၃% ရဲ့ တစ်ဝက် ၁.၆၅%လောက်က ဆော်သမျှ ညစ်သမျှ ကျန်တဲ့ ၉၈%သောလူတွေ လှိမ့်နေအောင် ခံနေကြရတာဗျိုး။
    ကားလမ်းတွေမကောင်း၊ဘတ်စ်ကားတွေကလမ်းတွေပိတ်၊စည်ပင်ကဈေးသည်မဖမ်းလို့ လမ်းတွေဆို့ ၊ လုပ်စရာရှိတာမလုပ် စတဲ့အသေးအမွှားက စလို့ပေါ့လေ။

    • kai

      March 1, 2012 at 4:10 pm

      ဟိုတရက်က.. ပညာရှင်တဦးပြောတဲ့.. ဝန်ထမ်းဦးရေ.. ၂သန်းလောက်ဆိုတာ .. အမှန်ပဲပေါ့…။
      သန်း၆ဝရဲ့.. ၃.၃%က.. ၁.၉၈သန်းလေ..။
      =
      ယူအက်စ်မှာဆိုရင်တော့..state of union address လိုမျိုးပြောလို့ရမလားပဲ..။
      တနှစ်မှာတခါ.. လူထုကို အသိပေးပြီး.. တိုင်းပြည်အခြေပြမိန့်ခွန်းခေါ်မလားပဲ..။

      အများအားဖြင့်.. အဲဒီမိန့်ခွန်းမျိုးမှာ.. အစိုးရပေါ်လစီတွေပါပြီး.. လွှတ်တော်ကို တိုင်တည်တာပါ..။
      လက်တွေ့လုပ်ဖို့..မှန်းထားတာတွေဖြစ်ရတတ်ပါတယ်..။

      အဲဒီမိန့်ခွန်းရဲ့.. transcript စာသားအသေးစိတ်ဖတ်ကြည့်ချင်သား..
      လောလောဆယ်မြင်သလောက်တော့.. တော်တော်လေး.. ပြင်ဆင်ပြောသွားတယ်ပေါ့..။
      (အကောင်းမြင်သမားအနေနဲ့ကြည့်ရင်).. တော်တော်လေး ပြည့်စုံကောင်းမွန်တယ် ပြောရမှာပေါ့…။

  • blackchaw

    March 1, 2012 at 4:24 pm

    မောင်သန်းထွဋ်ဦးရေ။
    အဲဒီလောက်ကြီး တော့ မပြောပါနဲ့ ဟ။
    ဖွတ်ကျား၊ သူတောင်းစား စတဲ့
    အသုံးအနှုန်းတွေ နဲ့ တိုက်ခိုက်ပြောဆိုတာမျိုးကိုတော့ ရှောင် စေချင်ပါတယ်။
    ကျွန်တော်တို့က ရန်ကုန်မှာ အလှူအတန်းတွေလုပ်
    လူတွေကြားထဲ ဒီမျက်နှာကြီးတွေနဲ့ တိုးဝင်နေတဲ့ အချိန်မှာ
    ခင်ဗျားအနေနဲ့ အဲဒီလို အပြုသဘောမဆောင်တဲ့ အပြောအဆိုတွေကိုတော့
    လျှော့စေချင်ပါတယ်။
    ကြောက်လို့ပြောနေတာ မဟုတ်ပါဘူး။
    အဓိပ္ပာယ်မဲ့ဆဲဆိုနေမယ့်အစား ကိုယ်ဖြစ်ချင်တာလေးတွေ
    ရေးစေချင်ပါတယ်။
    သမ္မတကို ထိုင်ဆဲနေရုံနဲ့ လိုချင်တာ ရလာမှာမဟုတ်ဘူးဆိုတာလေး
    မနေနိုင်မထိုင်နိုင် အကြံလေးဝင်ပေးလိုက်တာပါဗျာ။
    စေတနာနဲ့ ပြောတာပါ။

    • Foreign Resident

      March 2, 2012 at 8:50 am

      ဟုတ်ပါတယ် ။

      အရင် စစ်အစိုးရကို ပက်ပက်စက်စက် ရှုံ့ချတဲ့အထဲမှာ ၊
      အဘ လည်း ရှေ့ဆုံးက အပါအဝင်ပေါ့ ။
      အဘ Comment တွေ ပြန်ဖတ်ကြည့်နိုင်ပါတယ် ။

      ကိုယ့်ဖက်က မှန်တယ် တရားတယ် ထင်လို့ကတော့ ၊
      ထောင်ထဲဝင်ရလည်း ဂုဏ်ငယ်တယ် မထင်ခဲ့ပါဘူး ။

      တချို့တွေမှာတော့ နစ်နစ်နာနာ ခံစားခဲ့ရတာတွေကိုလည်း ၊
      ကိုယ်ချင်းစာမိပါတယ် ။

      ဒါပေမယ့် ၊
      အခုလို မှန်ကန်တဲ့ အရွေ့ကို စတွေ့နေရတဲ့ အချိန်မှာ ၊
      ဦးသိန်းစိန် အစိုးရရဲ့ မှန်ကန်တဲ့ ပြောင်းလဲမှုကို ကြိုဆိုရမှာပါ ။
      အထူးသဖြင့် ၊ သူတို့ ပြောင်းလဲမှု ကနေ စိတ်ကုန်ပြီး ၊
      နောက်ကြောင်းပြန်မသွားအောင် အားပေးနေရမှာပါ ။

      အခုထက်ထိ အဆိုးကြီးပဲမြင်နေတဲ့ ၊
      ပြည်တွင်း ပြည်ပ အင်အားစုတွေဟာလည်း ၊
      နှစ်ပေါင်း ၅ဝ နီးပါးကြာခဲ့တာတောင် ၊
      အရင် စစ်တပ်ကိုယ်တိုင်က မပြောင်းချင်တုန်းကတော့ ၊
      ပြောင်းလည်းပစ်နိုင်လောက်အောင် မစွမ်းခဲ့ပါဘူး ။

      တကယ့်တကယ်တော့လည်း ၊
      စစ်တပ်ကိုယ်တိုင်ရဲ့ သူတို့အတွင်းက စတင်ပြီး ပြောင်းလဲပေးမှု ကို ၊
      အသိအမှတ်ပြုကြရမှာပါ ။

      အခြေအနေ အခက်အခဲ အမျိုးမျိုးကြားက
      တဖြည်းဖြည်းချင်း ပြောင်းလဲပေးနေမှုကို စိတ်ရှည်ပေးကြပါလို့ ။

      စိတ်မပူပါနှင့် ၊ တကယ်ပြောင်းနေပါပြီ ။
      အမေစု ကသာ ချဉ် ရင်ချဉ်မယ် ( အမေစု ကိုသာ လိမ်လို့ရရင်ရမယ် )
      အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နှင့် CIA Director ကတော့ မချဉ်တာ သေချာပါတယ် ။

      နောက်တော့မှသာ အမေရိကန် CIA အရာရှိကြီး အနေ နှင့်
      အဘ တို့ MG က သူကြီး Kai ပါ ပါလာတော့မှသာ ၊
      အရမ်း အံ့ဩ ဝမ်းသာ မဖြစ်ကြနှင့် ။
      ဟီဟိ ၊ နောက်တာနော် ။

  • laypai

    March 1, 2012 at 5:11 pm

    တကယ်တော့ အရမ်း ယုံ လို့ မရသေးဘူး လို့ ပြော ချင်သေး တယ်။ အခု ပြောင်းလဲ မှု အနည်းအကျဉ်း ကလည်း လိပ် ခေါင်း ထွက် မတတ် အော် လို ့ လိုက်လျော ပေးတဲ့ အဆင့် လောက်ပဲ ရှိသေးတယ်။
    သူတို့ အသိစိတ် နဲ့ သူတို့ ဦးဏှောက် က ထွက်လာ တဲ့ ပြည်သူတွေ အပေါ် ထားတဲ့ စေတ နာ က မရှိသလောက် ကို နည်း နေသေးတယ်။
    NLD စည်းရုံး ခွင့် မှာ လွတ်လပ်မှု မရှိ သေးတာ ရော သမ္မတ ကြီး မသိတာလား။
    မန္တလေး မှာ အမေစု ကို ဟော ပြော စည်းရုံး ခွင့် ပေး တဲ့ မြို့ တော် ဝန်က ရော ဘာ လို့ ရုတ်တရက် ကြီး ပြောင်း သွားရတာလဲ။

    အမေ စု ပြော တာ ကို လည်း အောက် paste ထား ပါ တယ်။
    ( နှစ် ၅ဝ ကြာ စစ်အုပ်ချုပ်ရေးက ဦးဆောင်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေး တွေဟာ နောက်ပြန် မသွားတော့ဘူးလို့ ပြောဖို့ စောလွန်းကြောင်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့ပါတယ်။

    တချို့က သိပ် အကောင်းမြင်လွန်း နေတယ် ၊ သူ့အနေနဲ့တော့ အခြေအနေကို သတိထားပြီး အကောင်းမြင်တယ်လို့ ကနေဒါ နိုင်ငံ အော့တာဝါ တက္ကသိုလ် ကျောင်းသားတွေကို ဗီဒီယိုနဲ့ စကားပြော ရာမှာ ဒေါ် အောင်ဆန်း စုကြည်က ပြောဆို ခဲ့တာပါ။

    အကြွင်းမဲ့ အာဏာဟာ စစ်တပ်လက် မှာပဲ ရှိနေသေး တာမို့ ဒီမိုကရေစီ ကူးပြောင်းရေးကို စစ်တပ်က လုံးဝ ထောက်ခံ မလာမချင်း နောက်ပြန် လှည့်မယ့် အန္တရာယ် မရှိဘူးလို့ ပြောလို့ မရသေးကြောင်း ဒေါ် အောင်ဆန်း စုကြည်က ဆိုပါတယ်။ )

    • student

      March 1, 2012 at 6:54 pm

      သမ္မတကြီးကပြောသေးတယ်အကျဉ်းသား၂သောင်းလွှတ်ပေးပြီးပီတဲ.။ သမ္မတကြီးရေခပ်များများ
      လွှတ်ပေးတာ လူဆိုး သူခိုး ဂျပိုး လောင်းကစားသမား လူမိုက် တွေပါပဲ။

  • kai

    March 2, 2012 at 6:01 am

    http://komoethee.blogspot.com/

    မိုးသီးဇွန်ဝက်ဘ်ဆိုက်က ကူးယူပါတယ်..။ အတိုက်အခံဖက်က.. ပြန်ဆွေးနွေးတာပေါ့..။
    ခွင့်ပြုချက်မတောင်းထားပါ..။

    ===============

    Thursday, 1 March 2012
    အစိုုးရ အကြပ်အတည်းကိုု ဘယ်လိုု ဖြေရှင်းပေးကြမလဲ

    ဦးသိန်းစိန်မိန် ့ခွန်းကိုု အနှစ်ချုပ်ရင် ပြုပြင်ပြောင်းလဲမှုတွေကိုု လုုပ်နေပါတယ်။
    အခက်ခဲတွေရင်ဆိုုင်နေရတယ်။ ပူးပေါင်းပါ။ တည့်မတ်ပေးပါလိုု ့ဆိုုတယ်။ ဒါကြောင့်ကျနော်တိုု ့
    အနေနဲ ့ အစိုုးရရင်ဆိုုင်နေရတဲ့ အကြပ်တည်းကိုု ဖြေရှင်း ဖိုု ့အတွက် အကြံပြုချင်ပါတယ်။

    မြန်မ ာပြည်ရဲ ့ပြသာနာဟာ ဒီမိုုကရေစီဆိတ်သုုဉ်းမှုနဲ ့
    တိုုင်းရင်းသားများအခွင့်အရေးဆုုံးရှုံးနေမှုဖြစ်ပါတယ်။

    ဒီမိုုကရေစီ ပြန်လည်တည်ဆောက်ဖိုု ့ ဒီမိုုကရက်တစ် ပတ်ဝန်းကျင်နဲ ့ ဒီမိုုကရက်တွေ ရှိဖိုု ့လိုုတယ်။

    ဒါကတော့ နိင်ငံရေး ဖြစ်စဉ်မှာ အားလုုံးပါဝင်ခွင့်ရှိရေး လိုုအပ်တယ်။ ပြည်ပ နိင်ငံသားတွေနဲ ့ပြည်တွင်းက အင်အားစုုတွေ ပူးပေါင်း နိင်ကာမှ အစိုုးရအနေနဲ ့အထွေထွေအကြပ်တည်းက နေ တကယ်လွတ်မြောက် မယ်။ ယနေ ့ကြုံတွေနေရတဲ့ အထွေအထွေအကြပ်အတည်းကြီးကိုု အစိုုးရတဖွဲ ့တည်း မလုုပ်နိင်ပါ။ ဒေါ်အောင်ဆန်းစုုကြည်အစိုုးရဖြစ်ရင်လည်းမလုုပ်နိင်ပါ။

    အစိုုးရက အစိုုးရအလုုပ်ကိုုလုုပ် နေချိန်မှာ နိင်ငံရေးအင်အားစုုတွေ က လူထုု အကြပ်အတည်းကိုု တဖက်တလမ်းက ကူညီဖြေရှင်းပေးတာဟာ အစိုုးရကိုု ကူညီတာပဲမဟုုတ်ဘူး။ နိင်ငံတော်ကိုုကူညီတာပဲမဟုုတ်လား။

    ထိုုင်းနိင်ငံမဲဆောက် မြို့ မှာ အမိုုက်ပုုံး ၂ လုုံးရှိတယ်။ တလုုံးက အပြာရောင် ။ဒါ က မြူနီစပယ် ( အစိုုးရ) က တာဝန်ယူပြီးအမိုုက်ပြစ်ပေးတာ။ တလုုံးက အဝါရောင် ။ ဒီအလုုံးက လူမှု အသင်းအပင်းတခုုက ကိုုယ်စာရိတ်ကိုုယ်စားပြီး သက်သက်
    မြို့ ရဲ ့တာဝန်ကိုု လူမှု ဝန်ထမ်းစိတ်နဲ ့ကူညီဖြေရှင်းပေးတာပါ။ ဒါက အစိုုးရကိုု ဆန်ကျင်နေတာမှမဟုုတ်ပဲ။
    ကျနော်ကိုု ခုုနေ မြန်မာ ပြည်ပြန်ပြီး ဘာလုုပ်မလဲ လိုု ့မေးရင်း မဲ ပုုံ မထောင်ချင်ပါဘူး။ အမိုုက်ပုုံထောင်ပြီး အမိုုက်တွေလိုုက်သိမ်းပေး
    ချင်ပါတယ်။ တကယ်လုုပ်ပေးချင်တဲ့ဆနဒပါ။ အစိုုးရကိုု ဖြုတ်ချဖိုု ့ ။ မဲ လိုုချင်လုို ့မဟုုတ်ပါဘူး။
    လူတွေကိုု အသိတရားပေးဖုို ့ ကလဲ တကယ်ကိုုလိုုအပ်နေတယ် ဆိုုတာကျနော်မြင်မိတယ်။

    ပြည်ပ အင်အားစုု တွေကိုု ပြန်လည်ကူညီနိင်ရေးဟာ ဒီနေ ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မင်္ဂလာရှိတဲ့ခြေလှမ်းမဟုုတ်ဘူးလား။

    နိင်ငံတော်မှာ ဒီနေ ့ကြုံနေတဲ့ မဟာအကြပ်အတည်းက ပညာရှင်တွေမရှိတော့တဲ့ပြသနာပါ။
    လုုပ်ငန်းပေါင်းစုုံမှာ ပညာရှင်တွေ လိုုအပ်နေတယ်။ ဒါကိုု ပြည်ပ က မျိုးချစ်မြန်မာ တွေက
    ဖြေရှင်းပေးနိင်တယ်။

    အနိမ် ့ဆုုံးပြောရရင် ဈေးထဲမှာ ရောင်းနေတဲ့ အမဲသားငါးတွေဟာ ဒီတိုုင်း ဆိုုင်ပေါ်ထားတင်ထားရုုံ နဲ ့ ၂ နာရီအတွင်းမှာ ပရိုုးတင်းဓါတ်တွေကုုန်သွားတယ်။ ဒီပရိုုတင်းကိုု ဗက်တီးတီးယား တမျိုးက စားသုုံးလိုုက်တယ်။ အသားကတော့လတ်နေပါသေးတယ်။ အဟာရဖြစ်တဲ့ဓါတ်က မရှိတော့ဘူး ။ ဒီဗက်တီးတီးယားက ပရိုုတိန်းတွေကိုု စားသုုံးမှု မပြုနိင်အောင်အသားတွေကိုု စနစ်တကျ အအေးခန်းမှာ သိုုမှီရပါတယ်။ အဟာရဖြစ်တဲ့ဓါတ်မရှိတဲ့အသားငါးတွေကိုုကျနော်တိုု ့ မျိုးရိုုးစဉ်အဆက်ဒီတိုုင်းစားနေကြတယ်။ ဒါကြောင့် မြန်မာ တွေဟာ ပရိုုတင်းအပြည့်အဝမစားရတော့ပဲ ခနာကိုုယ်က မထွားကြိုင်းပဲဖြစ်ကုုန်တယ်။ သေးလှီလွန်းလာတယ်။ မွေးကင်းစကနေ ၅ နှစ်အတွင်း အဟာရပြည့်အောင်ပေးရပါတယ်။ ၅ နှစ်မှာရှိတဲ့အရပ် က အရွယ်ရောက်တဲ့အချိန်မှာ ၃ ဆရတယ်။ မြန်မာ ပြည်က ကလေးအများစုုဟာ ၅ နှစ်မှာရှိတဲ့အရပ်က ၂ ပေအောက်ကိုု အလွန်ကျနေတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်။ ခနာကိုုယ်သေးကွေးရင်
    ဦးဏှောက်ဖွင့်ဖြိုးမှုလည်းနှေးသွားပါတယ်။ ဒီလိုု အစားသောက်တွေ၊ အဟာရတွေ နဲ ပတ်သက်လုို ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဟာ ပြည်ပမှာရှိနေတယ်။
    တခြားဘာသာရပ်တွေ မှာလည်း အထူးကျွမ်းကျင်တဲ ပညာရှင်တွေ အပြင်မှာပဲရှိတော့တယ်။

    မြန်မာ ့စီးပွားရေး ပြန်လည် ဦးမော့စေဖိုု ့ အနည်းဆုုံး စီးပွားရေး ပါရဂူ ကျွမ်းကျင်သူတွေ
    အနည်းဆုုံး ၁ရာခန် ့လိုု အပ်နေပါတယ်။ မြန်မာ ပြည်မှာမရှိတော့ပါ။
    အခုုရှိနေတဲ့သူတွေဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေပါ။ ဒါပေမဲ့သူတိုု ့ဟာ ဝန်နဲ ့လုုပ်အားမမျှမတ
    ဖြစ်နေပါတယ်။

    ကျန်ရှိနေတဲ့ နိ်င်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖိုု ့၊ သတင်းလွတ်လပ်ခွင့်တွေရှိဖိုု ့၊ တရားဥပဒေရှိဖိုု ့၊ လူမှုရေးအသင်းအပင်းတွေလွတ်လပ်စွာ တည်ထောင်ခွင့်ပြုဖိုု ့တွေကိုု
    ချက်ခြင်းလုုပ်ဆောင်ခွင့်ပြုပေးဖိုု ့လိုုနေပါတယ်။ ဒီလိုုလုုပ်ဆောင်မှု ခွင့်ပြုခြင်းဟာ အစိုုးရကိုု
    ခြိမ်းခြောက်တာမဟုုတ်ပဲ ။ အစိုုးရကိုု ပူးပေါင်းနေတာ ဖြစ်တယ်။ နိင်ငံတော်နဲ ့နိင်ငံသားတွေအတွက် ပျော်ရွင်မှု ကိုုသာဖန်တီး ပေးလာမယ်ဆိုုတာကိုုယုုံကြည်ပါတယ်။

    နောက်တခုုက ပြည်တွင်းစစ်ပါ။ ပြည်တွင်းစစ်က အဓိကဖြစ်စေတဲ့အကြောင်းတရားကတော့
    ှုမသိကျိုးကြွံ ပြုမှုပါ။ ( Ignorance ) ၊ ဗမာ လူမျိုုးအများစုု က တိုုင်းရင်းသားတွေရဲ ့အခွင့်အရေးနဲ့
    ခံစားမှုတွေကိုု မသိကျိုးကျွံ ပြုထားမှုဖြစ်ပါတယ်။ တိုုင်းရင်းသားအခွင့်အရေးတွေကိုု ပေးဖိုု ့ သူူတိုု ့ခံစားချက်ကုိုကိုု်ယ်ချင်းစာ နာမှု ရှိဖိုု ့ပါပဲ။ ဗမာလူမျိုးတိုုင်းက စစ်ဖြစ်နေလုို ့ကတော့မဖြစ်တော့ဘူး ငြိမ်းချမ်းရေးကိုု တည်ဆောက်မှာသာ တကယ် တောင့်တင်းတဲ့ နိင်ငံတော်( Strong State) ကိုုတည်ဆောက်နိင်မယ်ဆိုုတဲ့အသိရားရှိကြဖိုု ့ပါပဲ။

    ပြည်တွင်းစစ် က အင်္ဂလိပ်က သွေးခွဲ အုုပ်ချုပ်ခဲ့သလိုုလိုု၊ဦးနုုကအမွေးပေးခဲ့သလိုုလိုု၊ ဦးနေဝင်းက လုုပ်ကြံခဲ့သလိုုလိုု တွေးခေါ်ကြ
    ရေးသားကြ။ပြောနေကြမယ်ဆိုုရင် မပြီးတော့ပါ။

    စစ်ပွဲတွေကိုု အပြီးတိုုင်ချုပ်ငြိမ်းပြီး တကယ်ငြိမ်းချမ်းရေးကိုု တည်ဆောက်ဖိုု ့ ဦးသိန်းစိန် တင်ပြတဲ့ အဆင့်သုုံးဆင့်ဟာ ကောင်းပါတယ်။ ဒါပေမဲ ့ လက်တွေပြသဖုို ့လဲလိုုတယ်။

    ဒါကတော့ တိုုင်းရင်းသားနယ်တွေမှာ တပ်စွဲနေတဲ့တပ်တွေကိုု ပြန်လည်ရုုတ်သိမ်းပေးဖိုု ့ပါပဲ။
    တိုုင်းရင်းသားတွေကိုုယ်တိုုင် ကိုုယ်ပြည်နယ်တွေမှာ ဒေသဖွင်ဖြိုးရေးတွေကိုုလွတ်လပ်စွာလုုပ်
    ကိုုင်ဆောင်ရွက်ခွင့်ပြုဖိုု ့ပဲဖြစ်ပါတယ်။

    မိုုးသီးဇွန်

  • ကြောင်ကြီး

    March 2, 2012 at 9:39 am

    ဒေါ်စုရေ..သမဒဂျီးကို ချီးမွှမ်းရင် သတိထားဗျ… ဘွားတော် ပြောတာနဲနဲ သမဒဂျီးဘော မပေးချင်သူတွေက လက်သီးလက်မောင်း တန်းကုန်ဂျဘီ..။ 😆

    • kai

      March 2, 2012 at 9:49 am

      မ,ပြီးအဆင်မပြေရင်.. ညစ်လိုက်ပေါ့ကွယ်…
      ဘေးကအော်နေတာထက်စာရင်.. မ,ပေးလိုက်ပြီး.. အဆင်မပြေရင်.. ကောက်ညစ်လိုက်ဖို့ မလွယ်ဘူးလား..

      တခုတော့ရှိတယ်..။
      ဟိုရွှေတူးသမားကပြောထားတာ..
      တလုံးပဲရှိတယ်တဲ့..။

      ဒါလည်းအလုပ်ဖြစ်သေးတာပဲ..။ 😆

      ( နောက်တာနော.. သမ္မတဂျီး)

  • ဆူး

    March 2, 2012 at 10:33 am

    ညက မိန့်ခွန်း နားထောင်ရတယ်။
    အကောင်းတွေချည်းပဲ ပြောသွားတယ်။
    တကယ်လက်တွေ့ လုပ်နိုင်ဖို့ပဲ လိုတယ်။
    မိန့်ခွန်းကို တော်တော် သိမ်မွေ့အောင် ပြောသွားတယ်.. တခုခုဆို မိဘပြည်သူများ ဆိုတဲ့ အသုံး အနှုန်းကို ထပ်ခါ ထပ်ခါ သုံးသွားတယ်။
    စာသားရေးပေးတဲ့ လူက ကြားတဲ့ လူတွေရဲ့ နှလုံးသားကို ထိ သွားအောင် ရည်ရွယ်ပြီး ရေးပေးလိုက်တယ် ဆိုတာ သဘောပေါက်တယ်။

    ဘာပဲ ဖြစ်ဖြစ် တကယ် လက်တွေ့မှာ အကောင်းဘက်ကို တကယ်ဦးတည်ပြီး အကောင်းတွေဘက် ဆက်တိုက် ဖြစ်လာပါစေလို့ မျှော်လင့်တယ်။

    သေချာတာကတော့ ပြည်သူတွေက မေတ္တာငတ်နေကြတာပဲ.. မနေ့ညက သမ္မတကြီး မိန့်ခွန်းက မေတ္တာထားပါတယ် ဆိုတဲ့ စကားအသုံးအနှုန်းနဲ့တင် တော်တော် ကျေနပ်တဲ့ အရိပ်အရောင်တွေ့နေရတယ်။

    ယိုင်ထိုးနေတဲ့ ယန္တရားကြီးကို တည့်မတ်အောင် ပြင်ဖို့ ဆိုတာ တော်တော် ကို မလွယ်လှသေးဘူး ထင်တယ်။ စနစ်တခု မှန်အောင် မြေစမ်း ခရမ်းပျိုးနေတာ ဆိုတော့.. တခု မကောင်း နောက်တခု ပြန်ပြောင်းဖို့ လုပ်ကြရအုန်းမယ်။ အချိန်ကတော့ တော်တော် လိုမယ်ထင်တယ်။
    သမ္မတကြီး မိန့်ခွန်း အောက်ခြေ ဝန်ထမ်းတွေက အစ လိုက်နာ ပြုပြင်နိုင်မှ ဖြစ်မှာ.. ရွှေမှုံကျဲသလို အပေါ်ပဲ ကျဲလိုက်တာ အောက်ကို မရောက်ရင် ခက်မယ်။
    အပေါ်က ပြင်မယ် ပြင်မယ် နဲ့ အောက်က လူတွေက ရှေးရိုးစွဲ နည်းလမ်းအတိုင်း နိပ်ကွပ်နေလို့တော့ မဖြစ်ဘူး။

  • ဆူး

    March 2, 2012 at 3:59 pm

    ဒါနဲ့ စကားမစပ်.. သမ္မတကြီး ချိတ် ဘာလို့ မဝတ်တာလဲ မသိဘူးနော်..

  • htet way

    March 2, 2012 at 6:34 pm

    အရင်ထက်ကောင်းလာတာတော့ အမှန်ပဲ
    စာနယ်ဇင်းလွတ်လပ်ခွင့်လည်းတော်တော်ကြီးရလာတယ်။
    အကောင်းလုပ်နေတဲ့ အစိုးရကို အားပေးရမှာပါ
    နယ်တွေမှာ အဂတိလိုက်စားတုန်းပဲ
    ဆိုးဆိုဝါးဝါးရှိသေးတယ်။
    စနစ်ဆိုးက စီးပွားရေးသမားတွေကလည်း အရင် အကွက်တိုင်းနင်းနေကြတယ်
    ဋ္ဌာနဆိုင်ရာတွေကိုပေါင်းပြီးလုပ်တုန်းပဲ
    ဒါတွေကို ပြုပြင်မယ်ဆိုတဲ့ အကောင်းလုပ်တဲ့ အစိုးရကို နိုင်ငံတော်သမ္မတကို
    အားပေးရမယ်။
    နောက် မန်းဂေဇက်လူစုံ ဝင်ကြေည့်နေတယ်ဆိုတာ သိထားစေချင်ပါတယ်
    အဆင့်အတန်းရှိတဲ့ ဝက်ဆိုက်ကြီးမှာ ဒေါသကို ထိမ်းစေချင်ပါတယ်။

  • Mr. MarGa

    March 2, 2012 at 6:37 pm

    ပြောသွားတာတွေထဲမှာ အပြုသဘော တော်တော်ပါတာပဲ
    သူလဲလုပ်ဆဲပေါ့
    အကုန်လုံးတော့ ဘယ်လိုက်လုပ်နိုင်မလဲ နော
    ဘာပဲဖြစ်ဖြစ် အရင်ကထက် ပိုကောင်းလာပါတယ်
    ဆက်လုပ်ပါ လို့ပဲပြောချင်ပါတယ်
    လူ့အလို နတ်တောင်မလိုက်နိုင်တာပဲလေ ဟုတ်ဘူးလား
    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • ရွှေဘိုသား

    March 2, 2012 at 6:59 pm

    ဦးသိန်စိ်န်က ပြောတယ် လက်နက်ကိုင်တိုင်းရင်းသားလူငယ်လေးတွေက သူတို့လည်း လက်တော့တွေကွန်ပျူတာတွေကိုင်ချင်တယ် သုံးချင်တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်တဲ့ ကျနော်တို့လည်း အဲလိုပါပဲ ဦးသိန်စိန်ရယ် အားလုံးအဆင်ပြေအောင် အလုပ်နဲ့သက်သေပြပေးပါ

  • three colors

    March 3, 2012 at 2:45 pm

    ဝန်ထမ်းလစာ မတိုးပဲနဲ့ clean government မဖြစ်နိုင်လို့ တိုးပေးမှဖြစ်မှာပါ(မဟုတ်ရင် ကုန်ဈေးနှူန်းချရမှာပေါ့)၊လက်ရှိမလိုအပ်သေးတဲ့စီမံကိန်း၊သေချာsurvey မလုပ်ပဲပြီးသွားရင် နိုင်ငံအကျိုး မရှိပဲ တည်ဆောက်သူပဲ စားသွားမဲ့စီမံကိန်းတွေကိုလျှော့ချသင့်ပါတယ်၊
    လစာတိုးရင် ကုန်ဈေးနှူန်းလိုက် မတိုးအောင်စီးပွားရေးအကြံပေးများနဲ့ တိုင်ပင်ကြိုတင်ပြင်ဆင်ပြီး အမြန်ဆုံးတိုးပေးသင့်ပါတယ်၊
    ၃%သာဆိုပေမဲ့ နိုင်ငံရဲ့အဓိက ယန္တရားကို သယ်ပိုးနေသူများဖြစ်လို့ သူတို့ clean ဖြစ်မှပါ။အဲလိုcorruptionတွေကိုaction ယူနိုင်ဘို့
    မနက်(၁၀)နာရီမှ ရုံးရောက်၊ညနေ ၃း၃ဝ ဆို အခြေနေကြည့်ပြန်တဲ့ကမ္ဘာပေါ်မှာအလုပ်ချိန် အနဲဆုံး အစိုးရဝန်ထမ်းတွေဖြစ်နေတာတွေပြင်နိုင်ဘို့် စသည်စသည်တို့အတွက် ဖြစ်ပါတယ်။ကုန်ဈေးနှူန်းဆိုတာ အဓိက ဒေါ်လာဈေး၊လောင်စာဈေး၊အခွန်အခ(ဂိတ်ကြေး)များ…… တက်လို့တက်တဲ့ထုံးစံပဲကြားဘူးပါတယ်၊လစာတက်မဲ့သတင်းတခုထဲနဲ့
    နဂိုဒီဈေးနဲ့ရောင်းလို့ရနေရာက ဈေးတက် တယ်ဆိုတာ ထူးဆန်းသလိုပဲ။
    လူတဦးအတွက် အခြေခံဖြစ်တဲ့ ဆန်၊ဆီ၊……ရှိရင် ပြသနာမရှိတဲ့အတွက် cash နဲ့တိုးပေးမဲ့အစား kind နဲ့တိုးပေးရင်ကောင်းမလား စဉ်းစားသင့်ပါတယ်။

  • mg mg

    March 3, 2012 at 4:27 pm

    “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ”တဲ့ ခုချိန်ထိအောင် မောင်ပုလဲဖြစ်မသွားတာကို ကြိုဆိုရင်း“အစရိုးတဲ့ အစိုးရ”မဖြစ်စေဖို့ ဝိုင်းဝန်းတည့်မတ် ထောက်ပြပေးကြလျင် ကောင်းမည်ထင်မိပါသည်။ အပြစ်ပြောတာ လွယ်ပါသည်၊ အပြစ်ကိုထောက်ပြဖို့ကြတော့ စေတနာကောင်းကိုအရင်းခံမှဖြစ်နိုင်မည်ထင်ပါသည်။ ဘာပဲပြောပြော ခုကျနော်တို့ ပါးစပ်တွေအတော်အသင့် ဖွင့်ခွင့်ရနေကြတာကိုပဲ ကျေနပ်ကြရမည်ထင်ပါသည်။(ကျေနပ်နေရမည်မဟုတ်ပါ)။ နဲနဲလောက်ပြန်ငဲ့ကြည့်လျင် “ယဿာနုဘာဝတော”လုပ်လို့ ဘုန်းဘုန်းတွေ ဘယ်လိုကြုံတွေ့ခဲ့ကြရသလဲ၊ “ကုန်ဈေးနှုံးကျဆင်းရေး”ဆိုလို့ ဘယ်လိုခံစားခဲ့ကြရတယ်ဆိုတာ အတိတ်လို့တောင်ပြောလို့မရသေးအောင် နီးနီးကပ်ကပ်ပါ။ အဲဒီတော့ဗျာ ဝိုင်းပြီးတော့ မ“နှဲ့” ကြဘဲ “တည့်”ပေးကြလျင် အားလုံးအတွက် ကောင်းမယ်လို့ထင်မိကြောင်းပါ။

  • sealion

    March 3, 2012 at 8:18 pm

    ဒေါက်တာ မောင်မောင် ကို ပြန်လည်အောင့် မေ ့သတိရမိပါတယ် …သူ ့ဘယ်လောက်ပြောပြော ဖြစ်နေတာတွေ က သူ ့စကားကို ဘယ် သူ ့ရဲ ့လက်အောက် ကလူတွေ မှ မလိုက်နာ သလိုဘဲလို ့ထင်မိပါတယ်ဗျာ..

  • nigimi77

    March 3, 2012 at 10:36 pm

    မခက်ပါဘူး။

    သူ ့စကား (တိုင်းပြည်အတွက်လို ့ထင်တဲ့) ကို သူ ့ရဲ ့ လက်အောက်က

    လူတွေ (လူနည်းစု) က မလိုက်နာရင် လူများစုဖြစ်တဲ့ ပြည်သူတွေက

    ဝိုင်းဝန်းဖြည့်တင်း ပံ့ပိုး ပေးမယ် ဆိုရင် ဖြစ်နိုင်ပါတယ်။

    လုပ်တဲ့ လူက လုပ်နေပြီ ။ သူနိုင်သလောက်ပေါ့ ။

    ကိုယ်က ကိုယ့်ကိုယ်ကို လုပ်နိုင်တယ်လို ့ ထင်ထားပေမဲ့

    တကယ်တမ်း လုပ်ခွင့် မရှိတဲ့ အခါ ဘေးထိုင်ပြီး ဘုကျနေတာ

    ထက်စာရင် သူနိုင်သလောက် လုပ်နေတာကို ကိုယ်နိုင်သလောက်

    ဝင်လုပ်လိုက်တာဟာ လည်း တိုင်းပြည် ချစ်တာနဲ ့ အတူတူပါပဲ ။

    ကျုပ် အနေနဲ ့ပြောရရင် ခင်ဗျားတို ့သာ သူ ့နေရာမှာ ဆိုရင် ရူးပြီး

    သေလောက်တယ် ဆိုတာပဲ ။ သွား နဲ ့ လျှာ တောင် ကိုက်မိနေကြတာ

    သူရဲ ့ လမ်းကြောင်းဟာ လက်တွေ ့လုပ်ဆောင်သည် ဖြစ်စေ

    ကြားကောင်းအောင် ပြောသည်ဖြစ်စေ ပြောင်းလည်းမှုကို

    ကိုယ်တတ်စွမ်းသလောက် ပံ့ပိုးသင့်တယ်။

    စကား မစပ်….ခင်ဗျား တို ့ ကျုပ်တို ့ အခု ဟောင်ဖွာဟောင်ဖွာ

    လုပ်နိုင်ချိန် မတိုင်ခင် ဘယ်သူက အီး ကျယ်ကျယ် ပေါက်ရဲ ခဲ့လို ့လဲ ။

    ပြောင်းလည်းမှုကို ဂုဏ်ကျေးဇူးလို ့ မှတ်ယူစရာ မဟုတ်ပါဘူး။

    ပြောင်းလည်းမှု အပေါ်မှာ ကျေးဇူးရှင်လို ့ မှတ်ယူစရာ မလိုပါဘူး။

    ပြောင်းလည်းမှု အပေါ်မှာ ဒို ့ သမ္မတကြီးကွ လို ့ သံယောင်လိုက်စရာ

    မလိုပါဘူး။

    ပြောင်းလဲမှု အပေါ်မှာ ဘယ်လို မြင်သင့်လဲ ဆိုတော့

    ဒို ့နိုင်ငံ စနစ်ပြောင်းမှ ဒို ့ဘဝပြောင်းမယ်။

    ဒို ့နိုင်ငံ အုပ်ချုပ်တဲ့ခေါင်းဆောင် အမြင်ပြောင်းမှ ဒို ့ဘဝပြောင်းမယ်။

    ဒို ့နိုင်ငံရဲ ့ ပညာသည်တွေ အမြင်ပြောင်းမှ ဒို ့ဘဝပြောင်းမယ်။

    ဒို ့နိုင်ငံရဲ ့ ပြည်သူတွေအားလုံး အမြင်ပြောင်းမှ ဒို ့ဘဝပြောင်းမယ်။

    ဒို ့တွေရဲ ့ ဘဝ အားလုံးပြောင်းလဲဖို ့က အားလုံးအပေါ်မှာ မူတည်တယ်။

  • maungmoenyo

    March 4, 2012 at 12:05 pm

    သွားလေးသူ ဒေါက်တာမောင်မောင် ရဲ့ (၈၈) ကျဉ်းထဲ ကြပ်ထဲ ပြောတဲ့ စကားကို သွားသတိရမိပါတယ်။
    သမ္မတဦးသိန်းစိန် ရဲ့ မိန့်ခွန်းမှာ တမူထူးတဲ့အချက်ကတော့ နောက်ကြောင်းပြန်လှည့်လို့မရတော့ဘူးဆိုတဲ့ နိမိတ်စကားပါ။ အားတက်ဘွယ်ကောင်းပါတယ်။ မိန့်ခွန်းမှာအသေးစိတ်ဆွေးနွေးသင့်တဲ့အချက်တွေ နောက်မှာရေးမယ်လို့ ရည်ရွယ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့အဆင့်အတန်းနဲ့ လူနေမှုစနစ်ကို တိုက်ရိုက် “စနစ်”ဆိုတဲ့ အချက်ပါဘဲ။ အဲ့ဒီစနစ်က အဲ့ဒီနိုင်ငံမှာနေတဲ့ ပြည့်သူအားလုံးရဲ့ စိတ်ဓါတ်ကို အများကြီးလွှမ်းမိုးပြောင်းလဲသွားစေပါတယ်။ ထပ်ပြောရရင် လူဟာစနစ်ရဲ့သားကောင်ပါ။ အဲ့ဒီစနစ် ကို နိုင်ငံအုပ်ချုပ်တဲ့အစိုးရက ပုံစံဖေါ်ပေးရပါတယ်။ အဲ့ဒီပုံစံဖေါ်ပေးနိုင်ဘို့ ကနဦး စကားရောင်ချည်သန်းပေးတဲ့ ထူးခြားအားတက်စရာကောင်းတဲ့ လက္ခဏာကို မတ်(၁)ရက်နေ့မှာ စတင်တွေ့ရပါပြီ။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကို ကောင်းကောင်းမှီခဲ့တဲ့ နိုင်ငံရေးသက်ကြားအိုကြီးများက အဲ့ဒီမိန့်ခွန်းကိုကြားရပြီးချိန်မှာ လက်ခမောင်းထခတ်ပြီလို့မောင်မိုးညို ရဲရဲကြီးပြောရဲပါတယ်။ တခုဘဲ ရှိပါတယ် အဲ့ဒီပြောဆိုချက်တွေဟာ စကားအရာသာရှိပြီး၊ လက်တွေ့ ဖြစ်လာတဲ့ အချိန်ကိုတော့ စောင့်ယူကြရပါလိမ့်အုံးမယ်။ ပြန်ကြည့်ကြရင် rule of law, good and clean governance စတဲ့ ဝေါဟာရတွေ ဟာ မြန်ာမာနိုင်ငံနဲ့ မဆိုင်သလို ဝေါဟာရဖြစ်နေတာ ရာစု တဝက်ကျော်ခဲ့ပြီလေ။
    သမ္မတ အိုဘားမား က နိုင်ငံတကာမှာရှိနေကြတဲ့ အာဏာရှင်အစိုးရတွေ ကမြန်မာအစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြောင်းလဲမှုတွေကို နမူနာယူသင့်ကြောင်းတောင် ပြောတဲ့ အဆင့်ရောက်လာပြီနော်။
    မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဥတု ပြောင်းလဲမှုအဟုန်ကိုကြည့်ကြပါ။ လွန်ခဲ့သော (၂၀၁၀) ကဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နံမယ်ကိုလူထုကြားထဲ မပြောဝံ့ကြသူတွေ၊ ပြောရင်ဘဲပါးစပ်ရာဇဝင်သင့်မှာကိုကြောက်ကြသူတွေ၊အသံကောင်းဟစ်ပြီး ဒေါ်စုကဘဲ ပြည်သူ့ရန်သူလိုလိုပြောကြသူတွေ က အခုဆို ရန်ကုန် နဲ့ မြို့ကြီးတွေမှာ သူ့ထက်ငါ သူ့ကိုတွေ့ချင်ကြသူတွေ၊ စကားပြောချင်ကြသူတွေ၊ ဝင်လုံးချင်ကြသူတွေအဖြစ်တမဟုတ်ချင်းပြောင်းသွားကြပြီး နေ့ချင်းညချင်း ခြံခုန်ကြသူတွေ ဒုနဲ့ဒေးဖြစ်လာတာကိုကြည့်ကြပါဗျာတို့…။

    • maungmoenyo

      March 5, 2012 at 8:37 am

      ဒေါက်တာမောင်မောင် ဆိုခဲ့တဲ့ စကားလေး ကျကျန်ခဲ့လို့…..”နောက်ကျရင်တပျော်တပါး၊ တကသအဆောက်အဦးကြီး ပြန်ဖွင့်လှစ်ကြရအောင်”..ဆိုတာကိုပါ။ သမ္မတဦးသိန်းစိန်ရဲ့ state of the union က အဲ့ဒီမိန့်ခွန်းကို ကျော်လွှားနေရာယူသွားပါပြီ။

  • Khin Latt

    March 4, 2012 at 10:32 pm

    ကိုလင်းဝေ ရေ – အင်တိုက်အားတိုက် နဲ့ကို အားပေးသွားပါတယ်။ 🙂

    သမ္မတကြီး ဦးသိန်းစိန် ရဲ့ အစိုးရ တစ်နှစ် ပြည့်အခါသမယ မိန့်ခွန်းကို ဖတ်ရင်း ကျွန်မ စိတ်ထဲမှာ တကယ်ဘဲ ပီတိ ဖြစ်ခဲ့မိပါတယ်။
    ဘာကြောင့်လဲ ဆိုတော့ –
    (၁) ကနဦး မိန့်ခွန်း အဖွင့် မှာ
    ~~~
    “ပထမဦးစွာ နိုင်ငံတစ်ဝန်းလုံး မှာရှိတဲ့ မိဘပြည်သူ များ အားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန် တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး၊”
    ~~~
    လို့ စလိုက်တာ ဟာ နှစ်ပေါင်း များစွာ ချောင်ထိုး ထားခံ ရတဲ့ နိုင်ငံသား တွေ ကို အရေး တယူ လုပ်ခဲ့ခြင်းပါ။ ဟန်ပြ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်မ ရဲ့ သက်တန်းတစ်လျှောက် မှီဘူးတဲ့ “တပ်မတော်သည် သာ အမိ၊ တပ်မတော်သည် သာ အဖ လို့ တွင်တွင် သုံး နေခဲ့တဲ့” အစိုးရ တွေဆီက ဒါမျိုး မကြားခဲ့ဘူးပါ။

    (၂) အပြင်မှာ အများဝေဖန် ပြော ဆိုနေ တဲ့ စကားလုံးတွေ ကို သူ့မိန့်ခွန်း ထဲမှာ သုံးထားလို့ပါ။
    ဥပမာ –
    ~~~~~~
    “နိုင်ငံတကာသတင်း မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို Burma Spring” “Myanmar Spring” အစရှိတဲ့ အမည်နာမ အမျိုးမျိုးကင်ပွန်းတပ်ခံနေရတာကို လည်း ကျွန်တော်တို့သိရှိထားပါ တယ်။”
    “ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး မကြာသေးခင် ကပြောသွားတဲ့ စကားလေးကျွန်တော်ပြောပြချင်ပါတယ်။ ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိတဲ့ လက် နက်ကိုင်တိုင်းရင်းသားလူငယ်တွေ ကပြောကြတယ်။ ကျွန်တော်တို့လည်း လက်ပ်တော့ တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော်တကယ့်ကို ပဲစိတ်မကောင်းဖြစ်ရပါတယ်။”
    ~~~~~~
    ဒါဟာ သူ အပြင်က အသံတွေ အတွက် တကဲ့ကို နားဖွင့်ထားကြောင်း ကိုပြပါတယ်။

    (၃) တိုင်းရင်းသား သွေးစည်း ညီညွတ် ဖို့အတွက် အစီအစဉ် များကို ပြောသွားတာ ဟာလဲ တကယ်လက်တွေ့ အကောင်အထည်ဖော် လုပ်ဖို့ အတွက် လို့ ကျွန်မ ထင်ပါတယ်။

    အဲဒီလို ပီတိဖြစ်အပြီး မှာ တွေးမိလိုက်တာက ကျွန်မတို့ နိုင်ငံ ဟာ သူပြောခဲ့သလို ဘဲ “ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လမ်း ကြောင်းသစ်ကို စနစ်တကျ ကူးပြောင်း” ခဲ့ပြီ လို့ ယူဆ လိုက်ချင်ပါတယ်။ သိုးဆောင်းလိုဆိုရင် evolution ပေါ့။
    Evolution ဆိုတာက တဖြေးဖြေးချင်း အချိန်ယူကာ ဆင့်ကဲ တိုးတက် လာတာလို့ ပြောရ မလား။ ရပ်သွားတယ် လို့ မရှိဘဲ အချိန်နဲ့ လိုက်ကာ မသိမသာ ပြောင်းနေတာမျိုး လို့လဲ ထင်ရဲ့။
    အဲဒီမှာ ပြသနာကို ပြောရရင် ဒီလို evolve ဖြစ် နေတာ ကို တားဆီး နေတဲ့ အချက်တွေ နေရာတိုင်း မှာရှိပါတယ်။ အဲဒါတွေက
    (၁) Evolve လုပ်ကိုလုပ် ရတော့မယ် ဆိုတာ ကို မသိ လို့
    (၂) Evolve လုပ်စရာ မလို အောင် ပြည့်ဝ နေပြီလို့ ထင်နေကြလို့
    (၃) Evolve လုပ်တဲ့ အခါမှာ ပေးရမဲ့ အင်အား တွေ ကို ပေးဖို့ အရည်အချင်း မရှိလို့၊ Evolve လုပ်ဖို့ မရဲလို့
    (၄) Evolve လုပ်နေတဲ့ အဆင့် တိုင်း မှာ ဆက်ပြီး တက်မဲ့ အဆင့် တွေ ဟာ အကြောင်းအမျိုးမျိုး ကြောင့် အပိတ်ခံ နေရလို့ …… စသဖြင့် ပေါ့။

    သဘာဝ တရား မှာတော့ အဲလို အပြောင်းအလဲ ကို မခံ နိုင်ဘဲ လိုက်မပြောင်းနိုင် ခဲ့ရင် အဲဒီ ဗီဇ ဟာ survive မဖြစ်တော့ပါဘူး။ မျိုးပြတ် သွားရပါမယ်။
    ဒီမှာလဲ စိုးရိမ်ရတာတစ်ခု က evolution ဆိုတာ တသမတ် တည်း ဖြောင့်ဖြောင့် ကြီး တက်နေတာ မဟုတ်ဘဲ တက်လိုက်၊ ဆင်းလိုက် နဲ့ အခန့် မသင့် ရင် မကောင်းတဲ့ ဖိအား ပိုသွားတဲ့အခါ ကောင်းတဲ့ မျိုးဆက်ပြတ်ပြီး U Turn ကိုတောင် ပြန်ရောက်သွားနိုင်ပါတယ်။
    ဒါသဘာဝ ပါဘဲ။
    ဒါကို ကျွန်မ တို့ သတိ မပြတ်အောင် ရှိနေရမှာ ဖြစ်ပါတယ်။
    ကောင်းတဲ့ ဗီဇကို ပိုအောင် စည်းစည်းလုံးလုံး နဲ့ အားဖြည့် ပံ့ပိုးရပါမယ်။

    အခု ကျွန်မတို့ နိုင်ငံမှာလည်း Evolution ကို မဖြစ်ချင်သူတွေ၊ လက်ရှိနေရာ မှာဘဲ ကျန် နေခဲ့ ချင်သူ တွေ လဲ ရှိမှာ အမှန်ပါ။ ရှိရင် လဲ အနဲစု သာ ဖြစ်နေ စေ ရပြီး evolution လိုချင်သူ တွေ ဟာ အများစု ဖြစ်နေရပါမယ်။ ဒါကြောင့် မို့ အခွင့်အခါ ရ နေတဲ့ အခိုက်မှာ လူတိုင်း၊ လူတိုင်း မှန်ကန်တဲ့ အသိ၊ ဝီရိယ စိုက်ထုတ် ပြီး ကောင်းမွန် အောင်မြင်တဲ့ evolution ဖြစ်ဖို့ ကြိုးစားရပါမယ်။ Evolution နဲ့အတူ လိုက်ချင်သူ တိုင်း ကိုလဲ ကျန်မနေ ရအောင် ဝိုင်းဝန်း ပံ့ပိုး ကူညီရပါမယ်။

    ဒီတော့ ကာ …………
    သမ္မတကြီး ရှင့်
    ဒီလို ကောင်းမွန် အောင်မြင်တဲ့ evolution အတွက် ကျွန်မတို့ ပြည်သူလူထု တရပ်လုံး မှလဲ စိတ်ရော ကိုယ်ပါ ပူးပေါင်း မှာ အမှန်ပါ။
    သို့သော်ငြား အဲဒီ evolution မှာ အတားအဆီး ဖြစ်နေ သူ တွေ ၊ အပြောင်းအလဲ ကို မလိုက်ချင်သူ တွေ သမ္မတကြီး ရဲ့ အစိုးရ အဖွဲ့ထဲ မှာများ ရှိခဲ့ရင် ဖြင့် ထိုသူ များကို ပါအောင် တိုက်တွန်းဆွဲဆောင် ရပါမယ်။ အဲလိုမှ မရခဲ့ရင် “သမ္မတကြီး ရဲ့ မိန့်ခွန်း ထဲကလို ကျွန်မတို့ ရဲ့ လိုရာပန်းတိုင်ကို အမှန် တကယ် ရောက်နိုင်ဖို့” အတွက် ထိုသူများ ကို မည့်သို့မည်ပုံ ဖယ်ထုတ် ရမည် ဆိုတာက တော့ အသေအချာ ထား စဉ်းစားရမဲ့ အရေးကြီး ဆုံးအချက် ဖြစ်သည် ဟု ထင်ပါကြောင်း ရိုသေစွာ တင်ပြလိုက်ရပါတယ် ရှင့်။

  • maungmoenyo

    March 5, 2012 at 8:27 am

    Burma at evolutionary crossroad လို့ဆိုချင်ပါတယ်။ လက်ရှိ စစ်အုပ်ချုပ်ရေးစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံစနစ်ကနေ မိသားစုလူမှုဘဝကိုအခြေတည်တဲ့၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် တကယ်စစ်စစ်ရှိတဲ့စနစ်ကို evolve ဖြစ်နေတာပါ ဒေါ်ခင်လတ်ခင်ဗျား။ ဒေါ်ခင်လတ် ရဲ့ ကိုးကားချက်ကို လေးစားမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည့်ကို ကျွန်တော်တို့ ပြည့်သူအားလုံး (တောရောမြို့ပါမကျန်) လေးစားအားကိုးကြတာ ဘာ့ကြောင့်လဲ- ရှင်းပါတယ်။ လူထုအများစုရင်ထဲမှာ ကြပ်သိပ်မွန်းမိနေအောင်ခံစားနေရတဲ့ ခံစားချက်တွေ ကို ရင်ခုန်သံစည်းချက်ကျကျ (လို့ ကဗျာဆန်ဆန်ဘဲပြောရရင်) လိုက်ပြီး ခံစားတတ်၊ ပြောတတ် လို့မဟုတ်လားဗျာ။
    လူထုဆိုတာ ပွဲကြည့်ပရိသတ်လိုပါဘဲ။ ဇာတ်ကကြသူမင်းသား မင်းသမီးတွေလို မကတတ်ပေမဲ့ အက တော်မတော် တော့ အကဲခတ်တတ် အမှတ်ပေးတတ်ကြတယ်မို့လား။ ဒီလိုပါဘဲ နိုင်ငံဦးဆောင်သူကို လူထုက မျက်စေ့ဒေါက်ထောက်ကြည့်မှန်းမသိကြည့်နေ တယ်ဆိုတာ အစိုးရအနေနဲ့သိနားလည်ပြီးလက်ခံတတ်ဖို့လိုပါတယ်။
    လူထုရင်ထဲက ခံစားချက်ကို လက်တွေ့ကျကျ ခံစားတတ်လာတဲ့ ဦးသိန်းစိန် နဲ့ လူထုရဲ့ မီးရှူးရောင်ချည် ဒေါ်စုတို့ လိုက်ဖက်စွာ ဦးဆောင်လာမဲ့ အနာဂါတ်မြန်မာနိုင်ငံ ကို ကျွန်တော်တို့အားလုံး တမ်းတနေကြတဲ့ နှစ်၊လ၊ရက် တွေကြာခြင်းမကကြာပါပကော…။

  • လင်းဝေ

    March 5, 2012 at 10:09 am

    ဒီမိန့်ခွန်းနဲ့ပတ်သက်လို့ တစ်နေရာက တစ်ယောက်သောသူ ပေးထားတဲ့ မှတ်ချက်ပါ။
    ဒီမှာလည်း ဖတ်ရှုဆင်ခြင်နိုင်ရန် မျှ ကြည့်တာပါ။

    koswarkyal 2012-03-01 သမ္မတကြီးမိန့်ခွန်း နဲ့ ့ ဦးစိန်ဝင်းရဲ့ “လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ်”ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်နဲ့တော့ ဟပ်နေတာပါပဲ။ ဒီလစာတိုးပေးတဲ့ကိစ္စမှာ ဝန်ထမ်း ၃ %နဲ့ ကျန်တဲ့ ၉၇% လို့ နှိုင်းဆလို့တော့မရပါဘူး။ ဒီ ၃%ကို မှီခိုနေတဲ့လူ ဘယ်လောက်ရှိသလဲလို့ သမ္မတကြီးထင်သလဲ။ သမ္မတကြီးရဲု့ မိန့်ခွန်းရေးတဲ့သူက အပေါစားဆန်တဲ့ မဲဆွယ်တဲ့စကားလုံးတွေသုံးထားတာပါ။ သာမန်ကြည့်လိုက်ရင်တော့ ပြည်သူတွေကြိုက်စရာကောင်းပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ အဓိပ္ပါယ်သိပ်မရှိဘူး။ ဘယ်နိုင်ငံတွေမှာရော government လစာတိုးရင် ကျန်တဲ့ ကုန်ဈေးနှုန်းတွေလိုက်တက်တာ ရှိလို့လဲ။ အရင်ခေတ်လိုမဟုတ်တော့ဘူး။ သေချာလဲ စဉ်းစားပါဦး။ တက်ချင်တဲ့သူကတက်နေတာဆိုပေမယ့် ထပ်တက်စရာလဲ မရှိတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းက ထိုင်းထက်တောင်များနေပြီ။ ကုန်ဈေးနှုန်းတက်ရတဲ့ အကြောင်းရင်းက သမ္မတကြီးဘေးနားမှာရှိတဲ့ ခရိုနီတွေကို မတရားအခွင့်အရေးတွေ ပေးထားလို့ပါ။ သမ္မတကြီး သေချာစဉ်းစားကြည့်ပါဦး။ အခုလစာတိုးလိုက်ရင် လစာတိုးလို့ ရရှိလာမယ့်ငွေတွေအားလုံးဟာ ဝန်ထမ်းတွေသုံးစွဲမှုကနေ အားလုံးကို ပြန့်နှံ့ပြီးရောက်ရှိသွားမှာပါ။ လူတွေအများကြီးသုံးစွဲသွားရမှာပါ။ ဝန်ထမ်းတွေက ဝယ်ယူသုံးစွဲကြတယ်၊ အဲ့ဒီကရတာတွေကို ထပ်ပြီးသုံးစွဲကြတယ်ဆိုတော့ လူတန်းစားအသီးသီး၊ တစ်ပြည်လုံးကလူတွေ သုံးစွဲ လည်ပတ်သွားမှာပါ။ အသုံးမကျတဲ့ စက်မှုစီမံကိန်းတွေ၊ ခရိုနီတွေကို အလုပ်အကျွေးပြုနေတဲ့ မလိုလားအပ်တဲ့စီမံကိန်းတွေ၊ သမ္မတကြီးရဲ့ဝန်ကြီး ဦးစိုးသိန်းကို ပေးထားရတဲ့ စက်မှုစီမံကိန်းတွေကတော့ လက်တဆုပ်စာ လူတစ်စုပဲ ကြီးပွားသွားမှာပါ။ သမ္မတကြီး ဒါတွေဟာ အဓိပ္ပါယ်မရှိပါဘူး။ ကုန်ဈေးနှုန်းတက်မှာစိုးလို့ ဝန်ထမ်းလစာမတိုးဘူးဆိုတာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ မိန့်ခွန်းတွေအားလုံးမှာ ဒီတစ်ချက်ကတော့ လုံးဝ လက်မခံနိုင်စရာပါ။ အစိုးရဝန်ထမ်းတွေအပြင် ပုဂ္ဂလိကဝန်ထမ်းတွေကလည်းအများကြီးရှိနေပါတယ်။ ပုဂ္ဂလိကဝန်ထမ်းလစာတွေ ဘယ်လောက်တောင် နည်းနေပြီး ဘယ်လောက်တောင် ခေါင်းပုံဖြတ်ခံနေရသလဲဆိုတာ တစ်ခြားမကြည့်ပါနဲ့၊ လှိုင်သာယာက တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေကိစ္စကိုပဲ ကြည့်လိုက်ပါ။ ခေါင်းပုံဖြတ်ချင်တဲ့သူတွေက ပုဂ္ဂလိကလစာကို လုံးဝမတိုးချင်ဘူး။ ဒါကြောင့် အစိုးရလစာကို လုံးဝမတိုးစေချင်ကြဘူး။ လစာတိုးတိုင်း ကုန်ဈေနှုန်းတက်မယ်လို့ပြောလို့မရဘူး။ အရင်ခေတ်မဟုတ်တော့ဘူး။ မြန်မာနိုင်ငံမှာ ငွေကြေးငြိမ်နေတာကြာပြီ။ ၅၀၀ဝထုတ်တုန်းကလည်း ဒေါ်လာဈေးတွေ အရမ်းတက်မသွားဘူး။ အငြိမ်းစားပင်စင်လစာတွေတိုးတော့လဲ ကုန်ဈေးနှုန်းအဲ့လောက်ကြီး မတက်ပါဘူး။ အဓိကက သမ္မတကြီးရဲ့ ခရိုနီတွေ မဟုတ်တဲ့နေရာမှာ ခေါင်းပုံဖြတ်နေလို့ပါ။ သမ္မတကြီး အခုပြောနေတာတွေအားလုံးက ရုတ်တရက်ကြည့်လိုက်ရင် ပြည်သူတွေကောင်းစားမယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းကြတော့ လက်တစ်ဆုပ်စာ ခရိုနီတွေပဲ ကြီးပွားသွားမှာပါ။ အခုတစ်နှစ်တာကာလအတွင်းမှာ ဆင်းရဲသားတွေ လုံးဝနလန်မထူနိုင်ပါဘူး။ သမ္မတကြီးရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ဆောင်မှုတွေ မှန်သလား၊ မမှန်ဘူးလား၊ လူကြိုက်များသလား မများသလား အလဲဗင်းက လုပ်ထားပေးတဲ့ Poll result မှာပဲကြည့်လိုက်ပါ။ အခု လစာတိုးပေးဖို့ငြင်းဆန်တာကို သမ္မတကြီးရဲ့မိန့်ခွန်းရေးပေးတဲ့သူတွေကို ပြောလိုက်ပါ။ တော်တော်အပေါစားဆန်တဲ့ အကြောင်းပြချက်ပါ။ သမ္မတကြီးရဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ အကြံပေးတာတွေ ဆင်းရဲမွဲတေမှု လျော့ချတာ လုံးဝမအောင်မြင်ဘူး။ ခရိုနီတွေလျှော့ချတာ လုံးဝမအောင်မြင်သေးဘူး။

  • kokothandar

    March 5, 2012 at 11:11 am

    တာဝန်ရှိ လုပ်ပိုင်ခွင့်ရှိသူတွေ အကျိုးအတွက် ဖန်တီး နေတဲ့ စီမံကိန်းတွေကို ဖယ်ထုတ်နိူင် မှ ဖြစ်မှာပါ
    ဝန်ထမ်း တွေ စားဝတ်နေရေး မဖူလုံရင် ရှာရမှာဘဲလေ သူ့မိသားစု နေရေး စားရေး ပညာရေး ကျန်မာရေး
    လူမူ့ရေး တွေက လွှဲဖယ်လို့မှ မရတာဘဲကိုး
    လာတ်စားတာက ဝန်ထမ်းကြီးတွေပါ ဝန်ထမ်းငယ်တွေက တန်စိုးလက်ဆောင်လောက်တင်ပါ
    လက်ရှိ အဆင်ပြေပြီး နေ နေသူတွေကတော့ စစ်အစိုးရနဲ့ အပေးအယူ ကောင်းခဲ့တဲ့ ခေတ်ပျက်သူဌေး
    တစ်သိုက်ပါဘဲ
    သမ္မတ ကြီးအနေနဲ့ ခေတ်ပျက်သူဌေးတွေ ရဲ့ပိုင်ဆိုင်ခြင်းတွေ စီစစ်ပြီး ရသင့်တဲ့အခွန်အခတွေ သူတို့စီက
    ဖိဖိစီးစီး ကောက်ပြီး ဆင်းရဲမွဲတေမှု့ ပပျောက်ရေးတွေမှာ သုံးဖို့စီစဉ် နိူင်ရင် ကောင်းပါမယ်

Leave a Reply