နိုင်ငံရေးပါတီအချို့ ပါတီဝက်ဘ်ဆိုက်များ လွှင့်တင်ရန်စီစဉ်နေ

ShwemannmayJune 6, 20101min681

နိုင်ငံရေးပါတီအချို့ ပါတီဝက်ဘ်ဆိုက်များ လွှင့်တင်ရန် စီစဉ်နေကြောင်း စီစဉ်နေသူများ၏ ပြောကြားချက်အရ သိရပါသည်။

”ပါတီ ဝက်ဘ်ဆိုက်ကို လွှင့် တင်ဖို့ အစီအစဉ်ရှိပါတယ်။ အကြမ်း ရေးသားထားပြီး ဖြစ်ပါတယ်။ လွှင့်တင်နိုင်ဖို့ မှတ်ပုံတင်ကြေး၊ အာမခံကြေးတို့အတွက် လုပ်နေပါတယ်။ လွှင့်တင်နိုင်ပြီဆိုရင် ကြေညာသွားပါမယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ပြောကြားခဲ့သည်။

”စာပေစိစစ်ကို မှတ်ပုံတင်ကြေး တစ်သိန်း၊ အာမခံကြေး ငါးသိန်း ပေးသွင်းပြီး နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင် ခွင့်ပြုချက်ရပြီးရင်တော့ ဝက်ဘ်ဆိုက်ကို လွှင့်တင်သွား ပါမယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပြန်ကြားရေးမှူးဦးလှမြင့် က ပြောကြားခဲ့သည်။
တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲမှု မပြုရခြင်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဆင့်ဆင့်၊ နိုင်ငံတော် အစိုးရတို့အား ဆန့်ကျင်ခြင်းမပြုရ

ပါတီ ဝက်ဘ်ဆိုက်မလွှင့်တင်မီ ယခုနှစ်တွင် ကျင်းပသွားရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တရားဝင်မှတ်ပုံတင်သော နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့်ပါတီ ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ထုတ်ဝေခြင်း ပြုလုပ်မည်ဆိုပါက ၁၉၆၂ ခုနှစ်ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ထံသို့ ဦးစွာနိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံတင် လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေးပါတီများသည် ၎င်းတို့ ထုတ်ဝေလိုသော ပါတီ၏မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြစိစစ်မှု ခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် နိုင်ငံရေးပါတီ ထုတ်ဝေစာများ ပုံနှိပ်ထုတ်ဝေရာ၌ လိုက်နာရမည့်စည်းကမ်းချက် ၁၁ ချက်ကို လိုက်နာ၍ ရေးသားထုတ် ဝေသွားရမည်ဖြစ်ပြီး ယင်းစည်းကမ်းချက်များတွင် မှတ်ပုံတင် သက်သေခံလက်မှတ် ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေးတစ်သိန်း ပေးသွင်းရခြင်း၊ အာမခံကြေး ငါးသိန်း ကြိုတင်ပေးသွင်းရခြင်း၊ ပုံနှိပ်ပြီး စာစောင်များအား ထုတ်ဝေဖြန့်ချိသည် နှင့်တစ်ပြိုင်နက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ အချော ၁ဝ စောင် တင်ပြရခြင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ အချောအနေဖြင့် ပေးပို့တင်ပြပြီးသော စာမူများကိုသာ ဝက်ဘ်ဆိုက်သို့ တင်ရခြင်း၊ တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲမှု မပြုရခြင်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဆင့်ဆင့်၊ နိုင်ငံတော် အစိုးရတို့အား ဆန့်ကျင်ခြင်းမပြုရ တို့ ပါဝင်ကြောင်း သိရသည်။

*****
သိသလောက်ကတော့ ခေါင်းဆောင်ဆို တာ ပါတီကရွေးရတာပာုတ်ဖူးလား ?
ပါတီထောင်ပီးမှ သင့်တော်တဲ့လူကို ခေါင်းဆောင်အဖြစ်ရွေးတာ နဲ ့
ခေါင်းဆောင်ရွေးပီးမှ ပါတီထောင်တာနဲ ့ ဘယ်ပာာက ပိုကောင်းမလဲမသိဘူး

One comment

  • wailynnoo

    June 6, 2010 at 9:25 am

    web developer လိုရင်ပြောပါ။ အလုပ်မရှိသေးလို့။

Leave a Reply