နှလုံးသားကိုအပြစ်တင်ခြင်း

Kaung Myat ThuMarch 1, 20121min1215

ဘဝမှာငယ်ရွယ်စဉ်ပျော်ရွှင်မှုများစွာကြုံခဲ့ရပေမယ့် အိမ်ထောင်ပြု၊သားသမီးတွေရလာတဲ့အခါ အိမ်ထောင့်တာဝန်၊မိသားစုစားဝတ်နေရေးနဲ့ ဘဝရှေ့ရေးအတွက်ရုန်းကန်လှုပ်ရှားကြရပါတယ်။အဲဒီလိုနေရင်းနဲ့အထက်အရာရှိပေါင်းများစွာ၊လုပ်ဖေါ်ကိုင်ဖက်များစွာကြုံတွေ့ရင်း၊အဆင်မပြေမှုတွေ၊

တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်မှုတွေကြုံတွေ့ရလို့စိတ်ပင်ပန်းဆင်းရဲလာတဲ့အခါဘုရားရိပ်၊တရားရိပ်မှာခိုနားချင်ပေမယ့်ရှေ့ဆက်ပြီးမိသားစုအတွက်ရုန်းကန်ဖို့

အချိန်တွေကကျန်သေးတော့စိတ်ပင်ပန်းမှုခဏတာပြေပျောက်အောင်ဘယ်လိုလုပ်မလဲ။အရက်သောက်ပြီးဖြေဖျောက်ရင်လည်းဘုရားမကြိုက်တဲ့အလုပ်၊အဲဒီလိုနဲ့

ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရင်းလဘက်ရည်ဆိုင်မှာတစ်ယောက်ထဲသွားထိုင်နေတုန်း အသက်၂ဝကျော်၃ဝခန့်မိန်းကလေးတစ်ချို့(အလန်းလေးတွေပေါ့)ရှေ့ကနေ

ဖြတ်လျှောက်သွားတာကိုကြည့်ရင်း၊ရင်ထဲမှာငယ်မူပြန်မေတ္တာရိပ်တို့ဖြစ်ပေါ်သွားတဲ့တခဏလုံးဝစိတ်ဆင်းရဲပင်ပန်မှုတွေပြေပျောက်သွားခဲ့ရပါတယ်။

(ဒါဟာဆရာတော်တပါးဟောကြားခဲ့တဲ့မေတ္တာရဲ့အေးမြခြင်းပေလား-ဒါမှမဟုတ်အိမ်ထောင်သည်တစ်ယောက်ရဲ့နှလုံးသားအသစ်ပြန်လည်ဖြစ်ပေါ်ခြင်းလား။

ကျွန်တော်နှလုံးသားကိုဘယ်လိုအပြစ်ဆိုကြမလဲ?)

မှတ်ချက်။ ။ကိုကျီးမိုက်ကိုအားကျတဲ့အတွက်မိမိခံစားချက်ကိုဖွဲ့ဆိုပါသည်။

5 comments

  • ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရင်းလဘက်ရည်ဆိုင်မှာတစ်ယောက်ထဲသွား
    ထိုင်နေတုန်း အသက်၂ဝကျော်၃ဝခန့်မိန်းကလေးတစ်ချို့(အလန်းလေးတွေပေါ့)
    ရှေ့ကနေဖြတ်လျှောက်သွားတာကိုကြည့်ရင်း၊ရင်ထဲမှာငယ်မူပြန်မေတ္တာရိပ်တို့ဖြစ်ပေါ်
    သွားတဲ့တခဏလုံးဝစိတ်ဆင်းရဲပင်ပန်မှုတွေပြေပျောက်သွားခဲ့ရပါတယ်။
    _______
    ကိုကောင်းမြတ်သူရေ မျက်စိအစာကျွေး၊နှလုံးအေးသပေါ့။ဟီးးးးးးးးမကောင်းဘူးနော်။

  • ကြောင်ကြီး

    March 2, 2012 at 10:58 am

    နှစ်ဆယ်ကျော်သွားရင် အလန်းလေး မဟုတ်တော့ဘူး အလန်းဂျီးဖြစ်တွားဘီ….။ 🙄

  • aye.kk

    March 3, 2012 at 7:36 am

    ကိုယ့်ရဲ ့အပျက်စိတ်လေးကိုပြန်ပြီးထိန်းချုပ်လိုက်ပါ..။
    အိမ်သူသက်ထားကိုလှလှပပလေးပြုပြင်နိုင်ဖို ့
    အခွင့်အရေးနဲ ့အချိန်ပေးလိုက်ပါ၊သူဟာကိုယ့်အတွက်အလှဆုံးပါဘဲ။

  • etone

    March 3, 2012 at 11:28 am

    ဖတ်ပြီး တွေးမိတာ ..ကန့်လန့်ကြီး …. 👿
    အပြင်ထွက်ပြီး ..ဖြတ်သွားသမျှ လိုက်ခံစားနေလျှင်တော့ …. ကစဉ့်ကလျားစိတ်တွေ ဖြစ်လာနိုင်တာပေါ့လေ … ။ မြင်ရင်မြင်တယ်မှတ်ပြီး ကြည့်လိုက် … ဒီထက်ပိုပြီး … တဆင့်တက်စဉ်းစား စိတ်ကူးယဉ်တာမျိုး မရှိတဲ့အခါ .. မနောကံနဲ့တောင် … နှလုံးသားက မကျူးလွန်နိုင်ပါဘူး … ။ စိတ်ကိုက မလုံလျှင် … အိမ်ထဲငုတ်တုတ်ထိုင်နေရင်းတောင် … မနောကံနဲ့ ပြစ်မှားနေလျှင် နေဦးမယ် …. ။

  • bluerose

    March 3, 2012 at 1:05 pm

    ဒါမဖြစ်သင့်ဘူးဒါမချစ်သင့်ဘူး
    ဘန်နီဖြိုးသီချင်းထဲကလိုပါပဲ
    အိမ်ထောင်ရှိတဲ့သူတယောက်အနေနဲ့လုံးဝမတွေးသင့်
    မလုပ်သင့်တဲ့အရာမျိုးပါ
    မဖြစ်နိုင်တာကိုစိတ်ကူးယဉ်နေမယ့်အစား
    ကိုယ့်အိမ်ထောင်ကိုပဲသာယာအောင်ဘယ်လိုဖန်တီးရမယ်ဆိုတာ
    စဉ်းစားပါတခြားမိန်းကလေးတယောက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်မျိုး
    ကိုယ့်အိမ်သူသက်ထားကိုတွေးပေးပါဒါဆို
    အိမ်ထောင်တခုကိုချိုးဖောက်ဖို့ဘယ်သောခါမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး
    စိတ်ကူးယဉ်တယ်ဆိုတာအတိုင်းအတာတခုထိပဲကောင်းတာမို့
    လက်တွေ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးနိုင်ပါစေ
    😈

Leave a Reply