ချဲထိုးကြမလား Mandalay Gazette ရွာသူ/ရွာသားအပေါင်းတို့ ဒီနေ့ ဘာနေ့လဲ ။စောစောက Gazette ထဲမှာဖတ်လိုက်ရတာကတော့

မတ်လ (၁) ရက်နေ့။ နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းပြောမဲ့နေ့။ ဒါပေမဲ့ သမ္မတကြီးလက်ထပ်မှာ ဘာတွေပဲကောင်းအောင်လုပ်လုပ် ဘာတွေဘယ်လိုပြည်သူ တွေဘက်ကိုပဲကြည့်ကြည့် အမှန်တကယ် လောင်းကစားတိုက်ဖျက်မှု့တွေမရှိသေးပါဘူး။ ပြောရမယ်ဆိုရင်

– သာသနာတော်သန့်ရှင်းရေးရော

– လောင်းကစားပပျောက်ရေးရော အမှန်တကယ်ဘာမှမလုပ်ခဲ့သေးပါဘူး။ အသံကောင်းဟစ်နေတာပဲရှိပါတယ်။

လောင်းကစားမှု့ပပျောက်ရေး ဟာ (ဆင်းရဲမွဲတေမှု့ရဲ့ အဓိကအချက်ပါ ။ဒါကို ဖြေရှင်း ပေးရမှာပါ။) ဒါ့အပြင် သာသနာတော်မှာ ချဲဘုန်းကြီး ၊

အရက်သမား ( ၀ိနည်းမညီတဲ့ ဘုန်းကြီးတွေကြောင့်) သာသနာတော်ဟာ ညိုးနွမ်းနေရတာပါ။ ဟိုတစ်နေ့ကများ အခွေတစ်ခွေထဲမှာ ဘုန်းကြီးနဲ့ ဒကာမမဖွယ်မရာပုံကို တွေ့လိုက်ရပါတယ်။ JUDGEMENT သိတဲ့ ဆရာတော်ကြီးတွေကိုလျှောက်ထားတော့ ဆရာတော်ကြီးကတော့ တိုတိုတုတ်တုတ်ပဲမိန့်တော်မူပါတယ်။ သံဃာ စစ်ဟုတ်ချင်မှဟုတ်မှာပေါ့ကွာတဲ့။ ဒါပေမဲ့ JUDGEMENT ကတော့ သံဃာစစ်သည်ဖြစ်စေ ၊

မစစ်သည်ဖြစ်စေ ဒါမျိုးတွေ ကိုမမြင်ချင်ပါဘူး။ အခုပြောချင်တာက လမ်းလွဲနေပါပြီ။ ကဲ ချဲထိုးကြမလား။ ဒီနေ့ချဲထွက်မဲ့နေ့ပါ။ ထိုးချင်ရင်

ရဲအပိုင်နယ်ထဲမှာ တရားဝင်လုပ်ကိုင်နေတဲ့ လမ်း(၉၀) က ပုဂံတိုက် ၊ ထီးလင်းတိုက်နဲ့ စကုတိုက်တွေမှာ တရားဝင်ချဲရောင်းနေတာကို ပြောချင်လို့ပါ။ လမ်း(၉၀)ကိုသွားဗျာ။ရောက်ရင် ပုဂံတိုက်ထဲကိုဝင်ဗျာ။ပြီးတော့ ၀င်ဝင်ချင်းကျောင်းတိုက် ( ၀င်ဝင်ချင်း ဗယ်ဘက် အ၀င် ကကျောင်း ) ထဲကိုဝင်ရင်

ချဲဒိုင်(၃)ဒိုင်လောက် ဘုန်းတော်ကြီးကျောင်းကိုအမှီပြုပြီးတော့မှ လုပ်ကိုင်နေကြတာကိုတွေ့မြင်ရမှာပါ။ ကဲ ဖုန်းနံပါတ် လေးရောမှတ်သွားပါဦး။ ၀၂ – ၃၄၁၅၀ ပါ။

ဒါက အမှတ်(၆)ကိုတရားဝင် ငွေပေးပြီးတော့မှ ဖွင့်ထားတာပါ။ ဒိုင်ကတော့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ပါ။ နောက်ပြီးတော့ ချဲတင်လား ၊ မဟုတ်ပါဘူး။

နှစ်လုံး ၊ ဘောလုံးအကုန်ရပါတယ်။ သူတို့ကို ဘုန်းတော်ကြီးတွေက ကာကွယ်ထားတာပါ။ နောက်ပြီးတော့ စကုတိုက်အထဲမှာ အခုအချိန် တရားဝင် လောင်းကစားကော်မတီဖွင့်ထားတာကလည်း ရဲမှူးအသိအမှတ်ပြုပါပဲ။ဖုန်းလိုင်းတွေ ၊ ကွန်ပျုတာတွေနဲ့ တရားဝင်လုပ်ငန်းလားကြလို့ပါပဲ။ နောက်ထီးလင်းတိုက် ထဲကို ၀င်လိုက်ရင် ဒီအချိန် တွေ့မြင်နေရတာ ရွှေဘို၊ခင်ဦး ၊ ပခုက္ကူ ၊ မြင်းခြံဘက်ကဒိုင်တွေပါပဲ။ အရေးကြီးသတင်းကတော့ မြို့တော်မုန့်တိုက်ရဲ့ သားဟာ ထီးလင်းတိုက်ထဲမှာ ဒိုင်အကြီးစား အဖြစ်ဘုန်းကြီးတွေခုတုံးလုပ်နေတာပါပဲ။ JUDGEMENT ပြောချင်တာက ဘုန်းကြီးတွေကို ဖျက်နေတာ လူတွေ ( အဓိကလောင်းကစားဒိုင်တွေပါပဲ ။)

အချို့ကလည်း ဘုန်းကြီးအမျိုးတွေပါ ။ ဒီတော့ လူတကာ ကြည်ညိုရမဲ့ ကျောင်းထဲ အရက်ပုလင်းထောင် ၊ ချဲ ၊ နှစ်လုံး ထိုးနဲ့ဖြစ်ချင်တိုင်းဖြစ်ကုန်တာပါ။ ဒီတော့ လောင်းကစားဘယ်ကထွက် ၊ ရဲစခန်းကထွက်ပေါ့နော်။ အမှတ်(၆) ကလည်း (၆) မို့။ အမှတ်(၈)ကလည်း (၈) မိုလို့။ အပိုင်နယ်မြေမှာ ရဲအသိအမှတ်ပြု ဘုန်းတော်ကြီးကျောင်း အခြေစိုက် ချဲဒိုင်တွေရှိနေတာပါ။ ကြည့်ရတာကတော့ ၀န်ကြီးချုပ်ဦးရဲမြင့် ကိုယ်တိုင် ငွေပေးထားတယ်လို့ထင်ချင်စရာပါပဲ။

ပုဂံ ၊ စကု ၊ ထီးလင်း ၊ ဘုရားကြီးတိုက်တွေထဲ အခုသွားရင် အခုရပါတယ်။မဖမ်းချင်လို့ပါ။ ဒီတော့ Mandalay Gazette ၀င်တွေရေ ဒီနေ့ဘာနေ့လဲ။

ချဲထွက်မဲ့နေ့ပါတဲ့ခင်ဗျာ။

အားလုံး မင်္ဂလာပါခင်ဗျာ။မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့် မဖမ်းရဲသော ချဲဒိုင်များအကြောင်း တင်ပြပေးလိုက်ပါတယ်။

နောက်တစ်ရက်ကျရင် သာသနာတော် သန့်ရှင်းရေး Post လေးတစ်ခုလောက်တင်ပါဦးမယ်။

မန်းဂေဇက်ဝင်တွေကို ရင်းနှီးခင်မင်လျှက် JUDEGMENT

About JUDGEMENT

has written 4 post in this Website..