28 comments

  • နွေဦးရေ …
    အနော်လည်း မြန်မာ့အလှပုံလေးတွေကို လာရောက် ကြည့်ရှုခံစားသွားပါကြောင်း …
    အပေါ်ဆုံးက ပုံလေးကိုတော့ အတော် သဘောခွေ့မိပါကြောင်း …

    ခင်တဲ့ … အံစာတုံး

  • htoosan

    March 1, 2012 at 1:27 pm

    လျှာတန်းလန်းနဲ့ သူက အပေါ်ဆုံးပုံ သဘောကျတယ် ဆိုတာတော့ ယုံဘူး ။ အောက်ဆုံးနှစ်ပုံဆိုဖြစ်နိုင်သေးတယ် ။ .. 😀 😀

  • koaung

    March 1, 2012 at 1:33 pm

    ရိုးရိုးရှင်းရှင်းလေးနဲ့လှပါတယ်ဗျာ ရှူခင်းတွေက

  • Thel Nu Aye

    March 1, 2012 at 1:35 pm

    လှလိုက်တာ။ ကျေးဇူးပါ။ ကူးသွားပါတယ်။

  • Ma Ei

    March 1, 2012 at 1:54 pm

    တံတားပေါ်က ကိုရင်နှစ်ပါး ကျောပေးလျှောက်နေကြတာမို့
    ကြည့်ရတာ အမြင်ဆန်းနေတယ်…
    လှကလေးနဲ့ ပုံမှာလည်း
    ကမ်းမှာ ကပ်ထားတဲ့လှေ နဲ့ ရေလည်ကလှေ…
    ရိုက်ချက်ကောင်းတွေဘဲနော်…

    • Ma Ei

      March 1, 2012 at 1:58 pm

      လှေကလေးနဲ့ပုံမှာ လို့ရေးတာပါ…ေ …ကျန်ခဲ့တယ်
      ပြင်ဖတ်ပေးကြပါနော်…

  • manawphyulay

    March 1, 2012 at 3:31 pm

    ကြည့်ရတာလေးက ညနေစောင်းမှာ အေးချမ်းမှုကို ဖြစ်စေတယ်နော်…

  • water-melon

    March 1, 2012 at 4:20 pm

    ဘယ်သူရိုက်တာလဲဟင်
    ကူးသွားပါတယ်။

  • ဆူး

    March 1, 2012 at 4:31 pm

    ပုံတွေ တော်တော် ကောင်းတာပဲ.. ရွာထဲကို ဓါတ်ပုံ ဆရာ အသစ် ရောက်လာပြန်ပြီ ထင်တယ်။

    • နွေဦး

      March 1, 2012 at 4:46 pm

      ကျွန်တော်ရိုက်တာ မဟုတ်ပါဘူး
      သူများတွေလိုဘဲ လှတာလေးတွေ ခံစားရအောင်
      မျှဝေပေးထားတာပါ
      မူရင်းပိုင်ရှင်က…
      http://www.yanidel.net/
      မြန်မာပြည် လာတုံးရိုက်သွားတာတွေပါ

  • Khin Latt

    March 1, 2012 at 4:47 pm

    ဓာတ်ပုံလေးတွေ မျှပေးလို့ ကျေးဇူး ဘဲ နွေဦးရေ။

    နံပါတ် (၁) က ကိုရင် လေး နှစ်ယောက် ပုံ ကို ကြည့်ရတာ ကောင်းဘွိုင် ရုပ်ရှင်တွေထဲ က သေနတ်ပြစ် ပြိုင်ဖို့ စ နေတဲ့ ပုံစံ ကို မြင်ပြီး ပြုံးမိသေးတယ်။
    အဲဒီ ကနေ စိတ်ဝင်စားလာလို့ သူ့ရဲ့ Website ကို သွားကြည့်တော့ သူက ကိုရင်လေး တွေကို အတော် စိတ်ဝင်စားပုံ ရတယ်။
    http://www.yanidel.net/ (80 weeks around the world) ထဲမှာ စိတ်ဝင်စား စရာ ပုံတွေ အများကြီးဘဲ၊
    အင်း …… စာသားလေး တစ်ကြောင်း က လဲ စိတ်ဝင်စားစရာ။
    And to my great surprise, monks play “Star Wars” in Burma too. တဲ့။ 😀
    ဖေဖော်ဝါရီ ၂၂ ရက် မှတ်တမ်းမှာကြည့် ရင် တွေ့မယ်။

    ဒီလိုပြောင်မြောက်တဲ့ ဓာတ်ပုံ အယူအဆ တွေ လောက်ကတော့ တို့များ ရဲ့ ဂေဇက် ဓာတ်ပုံ Pro များ ဖြစ်တဲ့ ကပေါက်၊ ကဘချော၊ ကစိန်သော့၊ မောင်ဂီ၊ မောင်လုလင်၊ ရွှေမင်းသား၊ ရွှေတိုက်စိုး၊ဝေဝေ (ဘူသူ ကျန်သေးလဲ- ရှိသေးတယ်- နာမည် တွေ ရော နေလို့) တို့ မှာလဲ ရှိ ပါသပေါ့ကွယ်။ 🙂

    • နွေဦး

      March 1, 2012 at 4:53 pm

      ဒီ ဆိုက်ထဲမှာလဲ စိတ်ဝင်စားဘို့ကောင်းတဲ့ပုံလေးတွေ ရှိပါသေးတယ်
      http://inphotos.org/

  • etone

    March 1, 2012 at 4:49 pm

    ဒုတိယပုံလေးကို အကြိုက်ဆုံးပဲ … ။ ကြည့်ပြီး … လွတ်လပ်ပေါ့ပါးတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်လာလို့ပါပဲ … ။
    ပထမပုံလေးကိုကြည့်ရင်း …. ဒီတံတားရဲ့ ခိုင်ခံမှုနဲ့ သက်တမ်းကို …. တွေးပူမိသေးတယ် … ။ ကြားလိုက်ပါတယ် … ဟိုးတလောက … ဦးပိန်တံတား အကန့်က … သစ်သားအပေါက်ကျွံလို့ … လူဒဏ်ရာရတယ်ဆိုတဲ့အကြောင်း …. ။
    ဘဲကျောင်းသားတွေ … ဘဲကျောင်းရင်းနဲ့ …. သူတို့တစ်နေ့တာကို ဖြတ်သန်းရတာ .. ငြီးငွေ့စရာကောင်းလှတယ်လို့မြင်မိတယ် … ဗဟုသုတနဲ့..သင်ကြားလေ့လာမှု အလှမ်း မမှီနိုင်တဲ့ အလုပ်မျိုးမို့ပါပဲ …။ စိတ်ချင်း ထပ်တူမကျတဲ့ သက်ရှိတွေကို စေလိုရာစေ ခိုင်းဖို့က .. နည်းတဲ့ အရည်ချင်းတော့မဟုတ်ဘူး … ။ စိတ်လည်း ရှည်မှ ရမယ် … … ။ ခြံကျယ်ကျယ်လိုမျိုး ပိုင်ဆိုင်လျှင်တော့ … တံတိုင်းခတ်ပြီး … လွှတ်ထားရုံပေါ့ … ။
    သနပ်ခါးနဲ့ မိန်းကလေး .. လက်နှိုက်ထားတာ …သစ်ခေါင်းဝမှာ … အကောင်ပလောင်များ ထွက်ကိုက်မလားလို့ …. ပေါက်ပေါက်ရှာရှာတွေးမိသေးတယ် …. ။ ရှည်လျားတဲ့ ဆံပင်ကို … လေထဲမှာ ဖြန့်ထားချင်တော့လည်း .. ဘီးဆောင်ရှင်းရပြီပေါ့ … ။ သူ့ဆံပင်ကြီး… လူတကာနင်းတဲ့ တံတားကြမ်းပေါ် တံမြတ်စည်းလှည်းနေတာတော့… သတိမထားမိဘူးရယ် … 😀

  • ဒီပုံမျိုးကရခဲပါ၏။
    သေချာဆင်ပြီးအကွက်ချရိုက်မှသာရလာတဲ့ပုံမျိူးဖြစ်ပါ၏။
    တံတားတောင်ဘက်ကနေ သစ်ပင်ပါအောင် မရိုက်ဘူးသေးပါ.
    မကြာမှီ သွားရိုက်ပါတော့မည်။
    လှသောကြောင့်။.

    • နွေဦး

      March 1, 2012 at 5:06 pm

      ဒီလူကို မန ္တလေးမှာ ကိုပေါက်နဲ့ တွေ့ ပေးရမှာ
      လွဲသွားတယ်နော်..

  • windtalker

    March 1, 2012 at 9:38 pm

    ကိုနွေဦးရေ ၊ အဲဒီ Yanidel ကို ဦးပိန် တံတားပေါ်က ည ပုံ လေးတွေ ပါ မြင်သွား ရိုက်သွားစေချင်လိုက်တာဗျာ ။
    တစ်ကယ်ကို ရင်ခုန်စရာပါဘဲဗျာ ။ ဟီဟိ

    • နွေဦး

      March 1, 2012 at 11:08 pm

      အော် ဒါ့ကြောင့်ကိုး..
      နောက်တခေါက်အဖေါ်မပါဘဲ လာခဲ့မယ် ဆိုတာကိုး…

  • Mလုလင်

    March 1, 2012 at 11:16 pm

    Leica နဲ့တဲ့ .. သူတို့များကျ 🙁 … မျှဝေတဲ့ အတွက် ကျေးဇူးပါ . ပိုစ့်ပိုင်ရှင် ရေ… ဒါနဲ့ စကားမစပ် .. ဓာတ်ပုံ ပိုင်ရှင် ရဲ့ခွင့်ပြုချက် ရထားပြီးပြီလား လို့ ……. ပါ။
    လေးစားစွာဖြင့်
    Mလုလင်

  • kai

    March 2, 2012 at 5:51 am

    http://www.yanidel.net/copyright/
    သူ့ဝက်ဘ်ဆိုက်မှာ.. အဲဒီလိုရေးထားပါတယ်..။
    သာမန်အားဖြင့်.. ခွင့်ပြုပါလိမ့်မယ်..။

    ခွင့်ပြုချက်မရသေးရင်.. တောင်းစေလိုပါတယ်..။
    ရပြီးရင်..ရပြီးကြောင်းရေးပေးပါနော..။

    နိုင်ငံခြားသားရဲ့ ပရိုပုံတွေမို့.. သူ့အလုပ်နဲ့.. ပညာကိုတန်ဖိုးထားစေလိုကြောင်းပါ…။

  • သူကြီးရေ ကြုံတုန်းဝင်စကားစပ်လိုက်ပါအုံးမယ်။
    ကျနော်နဲ့ ကိုစိန်သော့ပုံထဲက ကြိုက်တာရှိရင် ကျနော်တို့ကိုပြောပြီးယူသုံးပါ.။
    ဈေးစကားကတော့ သူကြီးနဲ့ပြောပါ။
    ရသလောက်များများတောင်းပါ။
    ပြီးရင် ရွာသားဓါတ်ပုံဆရာများကောင်းမူ့ဆိုပြီး ရွာထဲက လုပ်တဲ့အလှုမှာတင်ပေးပါ။
    အခုတင်ထားတဲ့ပုံက ချုံ့တင်ထားပါ။
    ကြိုက်တဲ့ပုံတွေ့ရင် မူရင်းပို့ပေးပါမယ်။

    ပေါက်သော့ နှစ်ဦးသဘောတူညီချက်အရ

    • kai

      March 2, 2012 at 12:28 pm

      ကိုပေါက်နဲ့ကိုစိန်သော့ပဲ..စိတ်ကြိုက် ၁ပုံစီရွေးပို့လိုက်ပါ..
      ဘာသာရေးပုံတွေမဖြစ်ပါစေနဲ့ခင်ဗျား..။
      SKY ဖုံးကဒ်မို့. ကောင်းကင်ပြာတော့ အများကြီးပါစေချင်ပါတယ်..။
      kai@myanmargazette.net
      ဈေးစကားက ၁ပုံ၁ဝပါနော…

  • နွေဦး

    March 2, 2012 at 11:53 am

    Yanidel ရဲ့ copyright မှာ ဒီလိုပြောထားတယ်
    Exceptions related to non-profit use:
    – private use : you can print any picture (without alteration) on this website for use in your private sphere.
    ကျွန်တော်က သူ့ရဲ့ ပုံလေးတွေ လှလို့ facebook မှာလဲ share ပါတယ်
    ဂေဇက်ထဲကလူတွေ လဲ မြင်ရတွေ့ရအောင် share တဲ့ သဘောပါ။
    ခိုးကူးယူပီးရောင်းစားနေတာမဟုတ်ပါဘူး။
    ဒါကို ဂေဇက်က ခွင့်ပြုချက်နဲ့မှသုံးရမယ်ဆိုရင်..
    ကျွန်တော့ရဲ့ post ကို ဖျက်ပေးဘို့ သူကြီးကို တောင်းဆိုပါရစေ..

    • kai

      March 2, 2012 at 12:23 pm

      ကျုပ်ကပဲခွင့်တောင်းကြည့်ပါမယ်..။
      ကြားထဲတော့..ဒီပို့စ်ကို.. pending လုပ်ထားမယ်..။
      အကြောင်းမပြန်လာရင်တော့.. မတင်တော့ဘူး..

      ဘာဖြစ်လို့ ဒီလိုခွင်ပြုချက်တောင်းဖို့ပြောရလည်းဆိုတော့.. ကန့်ကွက်တာရှိဖူးလို့ပါ..။

  • ညလေး အိတုံ

    May 1, 2012 at 4:28 pm

    အောက်ဆုံးကပုံကိုပိုကြိုက်တယ် ့ ့ ့ ့ ့ ့ ့ လေကလေးတရှူးရှူးနဲ့သနခါးရနံလေးရနေတယ် ့ ့ ့ ့အသက်ဝင်တယ်ပုံလေးက

Leave a Reply