ကျနော် ဘယ်ကနေလမ်းလျှောက်ရမလဲဗျာ

1 ကားကပလက်ဖောင်းေ့ပါ်တက်ရပ်ထားတာလေ ဆိုင်ကယ်စတင်းကလဲ ပလက်ဖောင်းပေါ်မှာ

2 လူသွားလမ်းပေါ်က ဆိုင်ကယ်စတင်းရယ် အလုပ် လုပ်နေတဲ့သူရယ်
3 လမ်းပေါ်မှာလဲ ရပ်ချင်သလိုရပ်တော့ ဒီလိုတွေညိကုန်တာပေါ့ဗျာ
ဒီကားမှာလဲ ရှေ့သွားချင်ပါရဲ့နဲ့သွားလို့မရ
5 ပလက်ဖောင်မှာ မီးစက် ဆိုင်ကယ် ကား ကဲ...........လူဘယ်က သွားမလဲ
6 ထားချင်လိုထား သွားချင်သလိုသွား

7 အိမ်နောက်ဖေး ဈေးဆိုင်တည် တာ မဟုတ်ဘူး လမ်းမပေါ်ဈေးဆိုင်တည်ထားတာ
8 ဘုရားစူး မိုးကြိုးပစ် တစ်လမ်းမောင်း ကုန်တင်တဲ့လှည်းက ပြောင်းပြန်ဝင်လာပြီးကုန်ချ ကားတွေကလမ်းဘေးမှာနှစ်ဖက်အပြည့်ရပ်
“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”

 

ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။

သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။

ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။

နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။.

အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။

သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။

ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။

မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။

သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။

ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့”

လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။

သူကျနော်ကို မေးတဲ့မေးခွန်းက

 

“ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။

နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။

ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။.

ကျနော်တို့ကသွားလေရာရာ ဆိုင်ကယ်နဲ့ဆိုတော့ လမ်းလျှောက်တာကိုသတိမထားမိဘူး။

ကဲ မန်းလေးသားတို့ရေ……………..

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးများ

(1-3-2012)

 

 

 

66 comments

  • တွေ့ပါတယ် မာမီရေ အဲဒီနေ့ညက ကိုကြောင်ကြီး (ကျနော်တူမယောက်ျား)က လင့်ပေးလို့သိလိုက်ရပါတယ်။
    နောက် DVB ကလည်း တီဗွီကနေ ကျနော်နာမယ်တတ်ပြီးလွှင့်ပေးတယ်လို့သိရပါတယ်။
    ကျနော်ကတော့ မကြည့်လိုက်ရဘူး။
    ဝမ်းသာပါ၏။
    မန်းလေးဂေဇက် ကမွေးထုတ်ပေးလိုက်တဲ့ သတင်းသမားတစ်ယောက်အဖြစ်ကိုပါ။

  • Rose Minn

    March 5, 2012 at 3:08 pm

    ရန်ကုန်မှာလဲ ပလက်ဖောင်းတွေ ပေါ်မှာဈေးရောင်း တဲ့သူက ရောင်းတယ်။ လဘက်ရည်ဆိုင်တွေ က ထိုင်ခုံချလိုချ နဲ့။လမ်းသွားတဲ့လူတွေက လမ်းပေါ်လျှောက်ကြတော့ ကားနဲ့ပွတ်မိတာတို့ဘာတို့ဖြစ်တာက တစ်မျိုး။ လူတွေက ကားလမ်းပေါ်ဆင်းလျှောက်တော့ကားတွေ ပိတ်တာတမျိုးနဲ့စိတ်ညစ်စရာကြီး။ ဈေးရှိတဲ့မှတ်တိုင်ဆို ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ များမှများပဲ ကားလမ်းပေါ်တက်ရောင်းနေကြတာ။ တချို့နေရာတွေ ဆိုညနေမှ ပလက်ဖောင်းပေါ်စည်ကားတာတွေ တပုံကြီးရယ်။ အဲဒါကို မမြင်ချင်ယောင်ဆောင်နေတာလား တကယ်ပဲမတာလား ဆိုတာ မစဉ်းစားမိတက်အောင်ပဲလေးပေါက်ရယ်။

  • မနှင်းဆီရေ
    အဲဒီအကြောင်းကို ……………………………….
    ဒါဆိုရင် ရန်ကုန်က ရွာသားတွေ တင်မလား။
    ဒါမှမဟုတ်ကျနော်လာမှ တင်ရမလား။

  • Khaing Khaing

    March 5, 2012 at 4:11 pm

    လေးပေါက်ရေ သမီးတောင် ဘယ်လိုလာလည်ရမလဲ ဒီလောက်လမ်းတွေကြပ်နေရင် ရန်ကုန်လိုပဲ တံတားတွေထိုးမှ ရမယ်ထင်တယ် လေးလနဲ့အပြီးထိုးမယ်တဲ့ …အခုတော့ လှည်းတန်း ရွှေဂုံတိုင် တာမွေ မီးပွိုင့်တွေမှာတော့ တံတားထိုးဖို့ အဝိုင်းလေးတွေတော့ချထားတယ် အဲဒါနဲ့တင် 1လကုန်သွားပြီ
    ကျန်3လကတော့ဘယ်လို ဆက်ဖြစ်မလဲမသိဘူး..

  • ရွှေဘိုသား

    March 5, 2012 at 5:59 pm

    လေးပေါက်တို့ မန်းမြို့မှာကျနော့်အထင်နော် မီးပွိုင့်တွေများများဆောက်သင့်နေပြီ ကျနော်ရောက်ဖူးသလောက်တော့ မီးပွိုင့်မမြင်လို့ ရွှေမန်းသားတစ်ချို့ကိုမေးကြည့်ဖူးတယ် ငါတို့ကနားလည်းမှုနဲ့ဆိုင်ကယ်ကိုစီးတာတဲ့ နားလည်မှုမရှိတဲ့တစ်နေ့ တိုက်မှုတွေဖြစ်မှာသေချာတယ်

  • zar ni

    March 5, 2012 at 8:09 pm

    စက်ဘီးတွေ… ဆိုင်ကယ်တွေပေါလိုက်တာ
    အဲ့ဒီနေရာမှာရပ်မယ့်အစားငါ့အိမ်ရှေ့မှာရပ်လိုက်ပြီးရော..

  • ko ko soegyi

    March 5, 2012 at 8:19 pm

    ဟုတ်ကဲ့.. အဲဒါက ဒီလိုရှိပါတယ်.. ကျွန်တော်တို့စည်ပင်က လမ်းတွေမကျပ်အောင် ဘေးက အဆောက်အဦး တွေဖြိုပြီး လမ်းချဲ့ဖို့ အစီအစဉ်ရှိပါတယ်.. စက်တွေမကောင်းလို့ ဝပ်ရှော့အပ်ထားလို့ပါ.. ယခု လတ်တလော အဆင်ပြေအောင် ၂ထပ်ရပ် ၃ထပ်ရပ်ယာဉ်တွေ ဖမ်းဖို့ ကားလွှတ်ထားပါတယ်.. ယာဉ်ကြောကျပ်ပြီး ပိတ်မိနေလို့ပါ….. 🙂

  • lusoegyikoko

    March 6, 2012 at 8:52 am

    လမ်းပိတ်တာလေးကိုပဲ ကွက်ပြောလို့မရပါဘူး။ နေရာတိုင်းမှာက်ို မြင်ရတာစိတ်မ ချမ်းသာပါဘူး။
    ကား ကလဲမောင်းလိုက်တာ ေ-ာက်ရမ်း၊ ဆိုင်ကယ်ကလဲ အတင်း၊ လက်တွန်းလှည်းတို့ ဆိုက်ကားတို့
    ှုကလဲ မလျော့၊ သူထက် ငါ အရေး ကြီးနေ တာပါ။ကျွှန်တော် စဉ်း စားမိတာပါ။ ဂျပန် ငလျင် လို မန်းလေးမှာ
    ဖြစ် ဘယ်လိုနေကြပါ့ မလဲ။ အချင်းချင်း တိုက် တာနဲ့တင် သေကြမှာပါ။ ဗီယမ်နန် မှာထက်ဆို်င်ကယ်များ ဦးမှာလား။ အဓိက ကတော့လူတွေပါပဲ။မန်းလေးကို စည်းကမ်းရှိပြီး သပ်ရပ် တဲ့ မြို့ လေး အဖြစ်မြင်ချင်တာပါ။

  • ဒီလိုဖြစ်ဘို့အတွက်
    မန္တလေးစည်ပင်သာယာ နဲ့ မြို့တွင် မှီတင်းနေထိုင်ကြသော လူအားလုံးမှာ တာဝန်ရှိပါတယ်။
    ကျနော်က စပြီးတော့ပေါ့။

  • lusoegyikoko

    March 6, 2012 at 9:18 am

    ုကြုံတုံးလေး ပြော ပါရစေ ကိုပေါက်ရေ … ကျွှန်တော်ကမန်းလေး သားတော့မဟုတ် ပါဘူး။အလုပ်ကိစ္စနဲ့ တော့
    မကြာမကြာရောက်ပါတယ်။မန်းလေးက ဘုရားကြီးပါ။ ရန်ကုန်ကရွှေတိဂုံ လိုဖြစ်ရင် သိပ်ကောင်းမှာနော့်။
    မန်းလေးသား ကွလို့ ဂုဏ်ယူပြီးပြောပြောတတ်တဲ့ သူငယ်ချင်း တွေ က ကျွှန်တော့်မှာ အများသား ကိုပေါက် ရယ်………..

Leave a Reply