အမည်သညာခေါ်စရာကား……..စု

Kyi LwinMarch 1, 20121min19015

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းဆန်း ၉ ရက် ကြာသာပတေး

မန္တလေးဂေဇက်မှ မောင်မင်းများ မင်္ဂလာဆောင်ကြစေ( အဲလေ) မင်္ဂလာအချိန်

ကောင်းဖြစ်ကြစေ။

စုဖုရားကတော့ ယနေ့မှ ကမ္ဘာပြားကြီးထဲမှာ စုဖုရားတို့ ရတနာပုံမန္တလေးဂေဇက်

အောင်မြင်ကျော်ကြား လူကြိုက်များတာသိရသမို့ အသိနောက်ကျလေခြင်းလို့ရွှေစိတ်

တော်တို အလိုမကျဖြစ်မိကြောင်း မောင်မင်းတို့ မန္တလေးဂေဇက်အားသိစေတော်မူသည်။

ယနေ့တော့ မောင်မင်းတို့ကို စုဖုရားအကြောင်းမိတ်ဆက်ပေးမှမောင်မင်းများသိချိမ့်

မည်မို့ ကိုယ့်ကိုယ်ကိုယ်ဖေါ်မသူတော်လုပ်ရပေမယ်မောင်မင်းတို့ရဲ့။

စုဖုရားမည်ကား မောင်မင်းတို့မန္တလေးဂေဇတ်လို့အမည်မှတ်ရာ ရတနာပုံမြို့တည်

ရွှေနန်းကျော့ရှင်မင်းတုန်းမင်းကြီး၏ ဖခမည်းတော် အလောင်းမင်းတြားကြီးရဲ့

၄၅ ဝမ်းကွဲတော်စပ်သူ ရဲ့ ၉ ဝမ်းကွဲမြေးတော်ဖြစ်တော့သတည်း။

မယုံက ဘိုးတော်အလောင်းမင်းတရား၏ ၉ဝ ဝမ်းကွဲမြေးတော်၏၁ဝ ဝမ်းကွဲ

သားတော်ရဲ့ငယ်ကျွန်ကြီး ဘဘရွှေနှင့် ကြီးတော်ကြိုင်တို့အားမေးမြန်းလေ။

သို့သော်  ယင်းဆွေတော်ရှစ်ကောင် ဘိုးတော်ကြောင်တို့ကား ပျောက်ခြင်းမလှပျောက်နေသည်မှာ နှစ်နှစ်ပတ်လည်ရှိတော့

မည်မို့ စုဖုရားကပင် ၎င်းတို့အား ဘယ်အရပ်ဒေသတွင် မောင်းကြေးနင်းခတ်သတ်ရမည်မသိသည့်အတွက် စုဖုရားရဲ့

အထောက်တော်  A (စီအို်င်အေ မဟုတ်) နှင့် B (ဒီဗီဘီ မဟုတ်)တို့အား မြေလှန်ရှာ

စေ ဟု အမိန့်တော်မှတ်ပြီး အမှုတော်ထမ်းစေရမည့်ကိန်းဆိုက်နေသဖြင့် မောင်မင်း

တို့မန္တလေးဂေဇက်မှ အမတ်များရှာဖွေစုံစမ်းကြစေ။ အင်း စုဖုရားအထင်ပြောရရင်

ဘဝပြိတ္တာထ့ပြန်လေလား၊ ယောယုဝမှာစံနေလား။ တခုခုတော့ဖြစ်နေလိမ့်မယ်ထင်တာ်မူတယ်။

အိမ်း ပြောနေရင်းက ကိုယ်ရွှေ ကိုယ်မျိုးများလက်ညှိုးညွှန်ရာ ရတနာ စိန် ကျောက် ဒေါ်လာရောက် ၊ဘုန်းမီးနေလ တောက် သေနတ်ထောက်အုပ်ချုပ်စဉ်က

အကြောင်းများပြန်ပြောင်းမှတ်မိပြန်တယ်မောင်မင်းတို့ရဲ့။

ဟိုးရှေးရှေးက အလောင်းစည်သူမင်း လက်ညှိုးညွှန်ရာ ရေ ဖြစ်တယ်ဆိုတာဘာဟုတ်ေ

သေးလဲ။ စုဖုရားတော့ လက်ညှိုးမကောင်း ဘဘရွှေ ခေါင်း လက်မမကောင်း ကြီးတော်

ကြိုင်ခေါင်းဆိုသလို ပြောရေးရှီကပြောရပေလိမ့်မည်။

ဒင်းတို့ ဗုန်းကောင်း ယူကောင်းပြီး ဘုန်းကြီးတွေကိုရိုက်ခဲ့စဉ်ကာလကဆို လက်ညှိုး

ညွှန်ရာမီးတောက်ခဲ့ကြသကွဲ့။ အလောင်းစည်သူးကလက်ညှိုးညွှန်ရာရေဖြစ်စေသလို

သူတို့က မီးတောက်စေရမဟဲ့လို့ကြွေးကြော်ခဲ့တာကြောင့် စုဖုရားတောင် ဝေးဝေးကရှောင်ခဲ့တာကွဲ့။ တော်ကြာ အိမ်တော်ပါ ဗိုလ်တွေခေါ် လုံချည်ခေါက်ခိုင်းလိုခိုင်း သနပ်ခါးသွေးခိုင်းလိုခိုင်း ၊ဒါတွေမြင်လို့ စုဖုရားပါခေါ်

တော်မူမှာစိုးလို့ ဝေါင်ဝေါင်ရှေး ဝေးရာရှောင်ကောင်းခဲ့လို့သာ မောင်မင်းတို့ကိုခုလို

အတိတ်ကိုလှန်ခွင့်ရပေသကိုး။

သူတို့အိမ်တော်ထဲ ယောင်လို့တောင်ခြေမလှမ်းရဲပေါင်။ တော်ကြာ ဘိုးတော်ကြီးအလောင်းမင်းတရားထက် ဘဝင်မြင့်တော်မူလွန်းလို့ သူတို့သာ

သလွန်ပေါ် pံတော်မူပြီး ရှေ့တော်ဝင်ခစားသူများ ဒူးတုတ်ခစားချုင်းသတဲ့။ ဪ ဟော်

ဘေးတော် ဘွားတော်တို့သာမြင်ရင် “ တယ် ဒိသဘောက်မသား ဒူးနေရာဒူး တော်နေရာတော် ဆိုပြီး လည်မျိုကိုတုတ်တိုနဲ့နှက် ဧရာဝတီမြစ်ထဲ ကန်ချတော်မူမှာမြင်ယောင်မိသေးတော့။

ဒါကြောင့်လည်း ဒင်းတို့ဘယ့်ွက်သိုက်ထဲဝင်ပုန်းနေတယ်ဆိုတာ အထောက်တွေရော မောင်မင်းတို့ပါ စုံစမ်းရှာဖွေစေ။ တွေ့ရာသင်္ချိုင်းမလုပ်ကြပဲ။

ဆိုမာလီယာ သို့ပို့စေ စုဖုရားအမိန့် တွေ့အောင်

ရှာဖွေသတင်းပေးက နေပြည်တော်တွင် မြေနေရာပေးပြီး ဝန်ကြီးရာထူးတနေရာချီးေ

မြှေက်တော်မူမယ်မောင်မင်းများရဲ့။

ကဲ ကဲ.. စုဖုရားကဒီလောက် ဆွေတော်မျိုးတော် ရာဇဝင်အူပေါက်မွေနှောက်ပြီးပြီမို့

စုဖုရားသည် ရတနာပုံနန်းတည်ရွှေနန်းကျော့ရှင်၏ မြေးတော်စစ် ဧကန်ဖြစ်ကြောင်း

မောင်မင်းတို့ ယုံချင်ယုံ မယုံချင်လည်းယုံကြစေ။

ထို့ကြောင့် နောင်ကာလများတွင်လည်းမောင်မင်းတို့ မန္တလေးဂေဇက်ကိုဖတ်ရှုအားပေးသူများအားဒုက္ခပေးစာရေးသားမည့်အကြောင်း

အသိပေးမောင်းခတ်တော်မူသည်။

ပုံ။

ရတနာပုံ စု

ရန်ကင်းတောင်ခြေတနေရာ။

( ထိပ်ထားမှာ နန်းမြို့တွင်းမြေဝယ်ရန် တောင်ကြီးမှ လျောင်ကီးများကို မယှဉ်နိုင်တဲ့အတွက်)

15 comments

  • စုဖုရားသည် ရတနာပုံနန်းတည်ရွှေနန်းကျော့ရှင်၏ မြေးတော်စစ် ဧကန်ဖြစ်ကြောင်း
    မောင်မင်းတို့ ယုံချင်ယုံ မယုံချင်လည်းယုံကြစေ။
    ထို့ကြောင့် နောင်ကာလများတွင်လည်းမောင်မင်းတို့ မန္တလေးဂေဇက်ကိုဖတ်ရှုအားပေး
    သူများအားဒုက္ခပေးစာရေးသားမည့်အကြောင်းအသိပေးမောင်းခတ်တော်မူသည်။
    _________
    အမလေးဗျ ကိုဘုန်းကျော်လိုတော့ မဟုတ်တန်ရာဘူးဟုထင်မှတ်လျှက်ပါဗျာ။
    ကြိုဆိုပါတယ်။
    ရွာထဲက ဆရာတို ့ရေ ဒုက္ခပေးမယ့်စာတွေရေးတော့မယ်ဆိုပါလားဗျ။ကြည့်ပြောပေး
    ကြပါဗျာ။ဟူးးးးးးးမောရကိန်းဆိုက်တော့မယ်ထင်၏။

    • Kyi Lwin

      March 9, 2012 at 2:25 pm

      အလို တို့များကို ကဖုန်းကျော်နဲ့တော့မနှိုင်းနဲ့။ ဒီသကောင့်သားက တမိုးလုံးဖျောက်ဆိတ် ဆိုသလို
      အင်တာနက်ကမ္ဘာပြားကြိးထဲမှာ တွေ့ကရာနေရာ ပွဲဆူအောင်လျှောက်လုပ်နေတာ။

      ဒီလိုဆို မရေးတော့ဘူး။

  • water-melon

    March 2, 2012 at 6:54 am

    သူဂျီးရေ
    ရွာကိုစိန်ခေါ်လာတယ်ဗျို့။
    သူဂျီးရဲ့ တူမီးသေနတ်ငှားပါလား
    အနော်ကြည့်ရှင်းလိုက်မယ် 😆

    • သဂျီးက တူမီးသေနတ် မရှိလို့ ငှားလို့ရဘူးတဲ့ …
      သူ့နှစ်လုံးပြူးတော့ ရှိတယ်တဲ့ …
      ယူသွားမလား .. တဲ့
      😀

    • Kyi Lwin

      March 3, 2012 at 12:09 pm

      မကြောက်ပါနဲ့ကွယ်။ မိုးပေါ်ထောင်ပစ်လိုက်တာပါ။
      ထိပ်ထားတို့က ဒီလောက် ရက်ရက်စက်စက်မလုပ်တတ်ပါဘူး။
      မသကာဆို ညဉ့်နက်မှ ဧည်းစာရင်းစစ်ချင်လို့ ခဏခေါ်ပြီး ၅ည နဲ့ ထားတာပါ။

    • Kyi Lwin

      March 9, 2012 at 2:43 pm

      စိန်ခေါ်ကြည့်တာ ဒီလိုရေးလိုက်မှ ပြန်ရေးတဲ့အသံတွေထွက်လာမှာလေ။

  • htoosan

    March 2, 2012 at 7:07 am

    ကြည့်ရတာ ဖရဲတို့ မျိုးနွယ်ဝင်နဲ့တူတယ် .. ဒါကြောင့် ဖရဲက ရှင်းမယ်ပြောနေတာ ..စု တဲ့ .. ကြည်လွင်တဲ့ .. အဟိ … 😀 :grin : ကြိုဆိုပါတယ်..

    • water-melon

      March 2, 2012 at 7:32 am

      အမလေး ကိုထူးဆန်းရေ
      ဖရဲမျိုးနွယ်မဟုတ်ပါဘူးဗျာ
      ဖရဲမျိုးနွယ်တွေက သခွားမွှေး ပိုက်ဖရဲ ပါဗျာကျန်တာတွေတော့မသိတော့ဘူး 😀

  • htoosan

    March 2, 2012 at 9:56 am

    သိဘူးလေ .. ခြောက်မျက်နှာရဲ့ ဂေဇက်မန်ဘာများစာရင်းမှာ ဖရဲကို မထင်မရှား အနေနဲ့ ဖြည့်ထားတော့ သူလည်း စု လဲပြော ကြည်လွင်လို့လဲ ရေးလို့ မထင်မရှားလားလို့ ……. 😀 😀

    • Kyi Lwin

      March 9, 2012 at 2:49 pm

      တိုကို တစ်ယောက်ထဲ နှစ်ဘဝတို့ အမည်နှစ်မျိုးနဲ့လို့ပြောချင်တာပေါ့။ဒါက ဘာဟုတ်သေးလဲ။ တို့ဘဘဖွတ်ချီးများဆို လူမသေသေးပဲ ဘဝ ၃ မျိုးလောက်ပြောင်းပြီးစံစားနေတာကွဲ့။

  • Burmese or Chinese

    March 2, 2012 at 11:04 am

    သူဂျီးရေ စိန်ခေါ်လာတယ်ဗျို့။

  • siamonone

    March 9, 2012 at 2:51 pm

    သိပ်နားမလည်ပါ

    • Kyi Lwin

      March 9, 2012 at 3:21 pm

      ဘာကိုနားမလည်တာပါလိမ့်နော်။

  • ရွာစားကျော်

    March 9, 2012 at 4:12 pm

    ဖတ်ပြီးသကာလ အနှောင့်အသွားမက လက်ရင်းပါမလွတ်သလို ပါလားဟ
    ဘာတဲ့
    စုဖုရားမည်ကား မောင်မင်းတို့မန္တလေးဂေဇတ်လို့အမည်မှတ်ရာ ရတနာပုံမြို့တည်
    ရွှေနန်းကျော့ရှင်မင်းတုန်းမင်းကြီး၏ ဖခမည်းတော် အလောင်းမင်းတြားကြီးရဲ့
    ၄၅ ဝမ်းကွဲတော်စပ်သူ ရဲ့ ၉ ဝမ်းကွဲမြေးတော်ဖြစ်တော့သတည်း…. (၁)
    ဆိုထားသေးတယ်
    မယုံက ဘိုးတော်အလောင်းမင်းတရား၏ ၉ဝ ဝမ်းကွဲမြေးတော်၏၁ဝ ဝမ်းကွဲ
    သားတော်ရဲ့ငယ်ကျွန်ကြီး ဘဘရွှေနှင့် ကြီးတော်ကြိုင်တို့အားမေးမြန်းလေ။… (၂)
    နောက်ဆုံးမှာ
    နောင်ကာလများတွင်လည်းမောင်မင်းတို့ မန္တလေးဂေဇက်ကို ဖတ်ရှုအားပေးသူများအား ဒုက္ခပေးစာရေးသားမည့်အကြောင်း အသိပေးမောင်းခတ်တော်မူသည်.. (၃) တဲ့
    ဟင်း ဟင်း
    ခြေဆင်းလေးကတော့ သင်းသကိုး

    • Kyi Lwin

      March 15, 2012 at 1:34 pm

      ရွာစားကျော် ကြီးရေးထားတာကိုခုမှစာပြန်လိုက်လို့ ရွှေစိတ်တော်ခုနဲ့နော်။.အဲလေ စိတ်ဆိုးနဲ့။
      တို့များက အမိုက်အမဲလေးမို့ ရွာစားကျော်ကြီးတို့လို ရပ်ရွာလူကြီးလူကောင်းများကခွင့်လွတ်တော်မူမယ်မိုလား။ ကိုယ့်ရွာထဲအခုမှဝင်လာတဲ့မျက်နှာစိမ်းလေးကို ကူညီစောင့်ရှောက်တော်မူပါ့ ရွာစားမင်းရှင့်။
      တို့များမြို့သစ်လို သန်းကောင်စာရင်းအသစ်ဝင်လာရင် ဧည့်စာရင်းလာတိုင်ရင် အလှူငွေလေးတော့လက်ခံမယ်မို့လား။
      ရပ်ရွာလူကြိးဆိုတာ မျက်စေ့ကြီး နားကြီး နှလုံး( စိတ် ) ကြီးရသရှင့်။
      တို့များမှာ အရူးကြီးအရူးမ တွေကို အမှန်ပြောမိတာတွေရှိရင် မုဒိတာပွါးပေးတော်မူပါ့ရှင်။
      မန္တလေးဂေဇက်မှ ရွာသူကြိးမှ စ ရွာစားကျော်အလယ် ရွာသူ ရွာသားအားလုံး စိတ်နှလုံးရွှင်ပြုံးစေသောဝ်။

Leave a Reply