“လေးနှစ်တစ်ကြိမ်မှရောက်လာတဲ့နေ့ နံနက်ခင်းရဲ့ တောင်သမန်ကအလှ”

1 ထွက်ပေါ်လာစ နေမင်း..........(ရှေးကတော့ အရှေ့ပြုဗ္ဗာမှထွက်ပြူလာစ ဖန်ဝါလ်နေမင်း လို့ရေးမှာနော်)
2 နည်းနည်းလေးအလင်းရင့်လာတဲ့အချိန်(ဒီနေရာကို ရောက်တော့ ကိုချော ကိုသော့ ရွှေသား လုလင် တို့ကို သတိရမိတယ်။သူတို့သာပါရင် ဒီထက်ပို ပွဲစည်မယ်ထင်တာဘဲ အော် ဖရဲမလေး တို့ မမ တို့ မမာ မဝေ မယ်ပု တို့ကိုလည်း သတိရပါ၏)
3 သာစွလေ သာစွတောင်သမန်းအင်းမြောက်ဘက်က မြင်ကွင်း နေရောင်ခြည် ဦးခိုက်ကော်ရော် ဘုရာလေးပေါ်ကို
4 အဝေးကမြင်ရတဲ့ လက်ပန်ပင်အလှ(ဒီလက်ပန်ပင် အနီးကပ်ပုံလေးတွေက နောက်ပိုစ်တစ်ခုမှာလာမယ်)
5 တောင်သမန်မြောက်ခြမ်းကထန်းညီနောင် အရင်ကရှေတည့်တည့် အခုတော့ ဘေးတိုက်(မတူတဲ့အမြင်နဲ့ကြည့်မိတော့လဲ လှတာပါဘဲ)
6 အမိူက်တော့နည်းနည်းပွနေတယ် ဒါပေမယ့် လှတာကို မကျော်လွားနိုင်ပါဘူး(လူ့လောက ကြီးမှာလဲ ဒီလို့ပါဘဲ မကောင်းတာရှိပေမယ့် ကောင်းတာနဲ့ယှဉ်လိုက်တော့ ကောင်းတာက ပိုများရင် အကောင်းဘက်ရောက်သွားမှာပါဘဲ)
7 စိမ်းနုနဲ့ ပြာနု လွင်ပြင် မြင်သူရင်အေးချမ်းစေပြီး ဝါရွှေသွေးကတော့ အလွမ်းတွေပေးပြန်ပါတယ်။
8 ဒိလောက်လှပြန်တော့ လဲ ဒိအချိန်လေးကုန်သွားမှာကို နှမျှောမိပါတယ်(အဲဒါ တွက်ကြည့်တော့ အတ္တပါဘဲ ကိုယ့် လိုချင်တာဘဲ သိတာလေ)
9 ပြီးပြည့်စုံသောအလှ (ထန်းပင် ဘုရား ရေပြင်ပေါ် နေအခ)
10 ရှားရှားပါးပါး ရေထဲမှာအရိပ်( ကျနော်အနှစ်သက်ဆုံးရိုက်ချက်လဲဖြစ်ပါတယ်)
11 ဒေါင့်အချိုးအကွေ့လေးကလှတယ်( မထင်မှတ်ဘဲရလာတဲ့ ပုံလေး ဒီလိုဖြစ်ပါစေဆို ရိုက်တာတော့ မဟုတ်ဘူး ပြန်ကြည့်မှ လှတာကို တွေ့လိုက်တာ။လောကကြီးက ဒီလို့ပါဘဲ မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုတာ ဒါမျိုးပေါ့)

 

12 ဝေလီဝေလင်း ရှုပ်ရှုပ်ထွေးထွေးအလှ

 

“လေးနှစ်တကြိမ် မှရောက်လာတတ်သော တောင်သမန်အင်းရဲ့ နံနက်ခင်းအလှ”

 

(29-2-2012)ဆိုတဲ့နေ့က ကမ္ဘာသုံးပြက္ခဒိန်မှာ လေးနှစ်မှ တစ်ကြိမ်သက်ရောက်တဲ့နေ့ထူးလေးပေါ့။

အဲဒီနေ့မနက်က လမ်းလျှောက်ရင်း ကနေ တောင်သမန်ကို မနက်စောစော တစ်ခါမှမသွားဘူးတာသတိရသွားတာနဲ့ရှမ်းကလေးကျွန်းဆက်မသွားဘဲလှည့်ပြန်ခဲ့ပါတယ်.။

ခါတိုင်းဒီလိုဥပုဒ်နေ့ဆိုရင် ရှမ်းလေးကျွန်းဘက်အထိ အတော်ဝေးဝေးလမ်းလျှောက်တတ်ပါတယ်။

အဲဒါနဲ့ဆိုင်ကယ်ယူ ပြီးတောင်သမန်အင်းဘက်ထွက်ခဲ့ပါတယ်။

အာဇာနည်ကုန်းနားရောက်တော့ လွမ်းသူ့ပန်းခွေချိတ်ထားတာတွေ့ရပါတယ်။

ဒါပေမယ်အပြန်မှရိုက်မယ်ဆိုပြီးဆိုင်ကယ်အမြန်မောင်းခဲ့ပါတယ်.။

နေအရုဏ်တက်မမှီမှာစိုးလို့။

ကျနော်ထွက်လာတော့ ခြောက်နာရီ တစ်ဆယ်ငါး။

လှမ်းကြည့်တော့ နေကရဲနေပြီ။

မမှီမှာစိုးတော့ ဆိုင်ကယ်ကို ဒုန်းမောင်းရပါတော့တယ်။

အစက တွက်ထားတာ တံတားနောက်ခံနဲ့ နေလုံးနီနီရိုက်ချင်တာ။.

အခုတော့နောက်ကျသွားပါတယ်။

အဲဒါနဲ့ မြောက်ဘက်ခြမ်း အင်းအစပ်က ထန်းပင်အောက်မှာ ဆိုင်ကယ်ရပ်။

အပြေးအလွားလက်ဆော့တော့ ဒီပုံတွေရလာပါတယ်။

စိတ်ထဲမှာလဲ အတော်လေးကိုကျေနပ်သွားပါတယ်။

နောက်အဝေးကလှမ်းမြင်ရတဲ့ လက်ပန်ပင်ကို သွားရိုက်ဘို့ စိတ်ကူးလိုက်

တဲ့အခါ…………………………..

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ အတွေးပါးပါး

(1-3-2012)

 

 

 

 

15 comments

  • water-melon

    March 2, 2012 at 8:26 am

    ၃ ၄ ၅ ၉ ကိုအကြိုက်ဆုံး လေးပေါက်
    လက်ပန်ပင်ကို သွားရိုက်ဘို့ စိတ်ကူးလိုက်တဲ့အခါ……………………ဘာဖြစ်သွားတာလဲလေးပေါက်
    နေထွက်လာလို့လား။ သူယောင်မယ်လေးနဲ့တွေ့တာလား 😆

  • windtalker

    March 2, 2012 at 12:34 pm

    တစ်ပုံ သုံးထောင်
    အုန်းမောင် ဖုံးသယောင်
    မရှုံးပေါင် ပြုံးမောင်

  • Swal Taw Ywet

    March 2, 2012 at 12:40 pm

    Dear Ko Pauk,
    I was born there.
    No ( 2 ) Central Work Shop ( BEME ).
    BEME= Burma army Electrical and Mechanical Engineering force.
    Thanks for your photos what made me to remember my child hood.

    With respect,
    Swal Taw Ywet.

  • Thel Nu Aye

    March 2, 2012 at 3:25 pm

    လှလိုက်တာလေးပေါက်ရယ်။ လေးပေါက်ရဲ့ဇွဲကတော့စံပြုစရာပါပဲ။ ဒီလိုရှားပါးတန်ဖိုးရှိတဲ့ပုံတွေအတွက်ကျေးဇူးပါ။

  • blackchaw

    March 2, 2012 at 4:17 pm

    ပထမဆုံးပုံအတွက် ကျွန်တော် ဖတ်ခဲ့ဘူးတဲ့
    ကဗျာဆန်တဲ့ စာသားလေး တစ်ခုနဲ့ ဂုဏ်ပြုချင်ပါတယ်။

    ခံစားသူရဲ့ နှလုံးသားကို
    မခံရပ်နိုင်အောင် လှပလွန်းနေတယ်

    ဟုတ်ပါတယ် ကိုပေါက်ရေ။
    အဲဒီပုံလေးကတော့
    ကြည့်မိတဲ့ ကျွန်တော့်နှလုံးသားကို
    မခံမရပ်နိုင်အောင် လှပလွန်းပါတယ်လို့
    အတိသယဝုတ္တိ လိုက်ပါတယ်ဗျာ။
    😆 😆 😆 😆 😆

  • marblecommet

    March 2, 2012 at 4:25 pm

    ဒဂဲ့ သဘာဝ
    ဗျူး မုဆိုးကြီးပါလား……

  • koaung

    March 2, 2012 at 4:54 pm

    ပုံလေးတွေလှပါတယ်ဗျာ

  • စွယ်တော်ရွက်လေးရေ
    နောက်ရက်အားရင်တံခွန်တိုင်က တမာတန်းလေးကို သွားပြီးလက်ဆော့ပေးမယ်။
    ညီတို့နေခဲ့ဘူးတဲ့ တပ်ထဲက ရေကူးကန်ကိုခဏခဏလာဆော့ဘူးတယ်။
    တမာတန်းလေးကိုတကူးတကသွားဓါတ်ပုံရိုက်ပြီးတင်ပေးမယ်နော်
    လွမ်းအောင်လို့ .။

  • kyeemite

    March 4, 2012 at 8:53 am

    ကိုစွယ်တောင်္ရွက်ရေ…အံ့ဩစရာပါလားဗျာ….ကျွန်တော်လည်း
    အဲဒီတပ်ထဲကပါဗျာ…၁၉၇၄ကနေ၁၉၇၉ထိနေခဲ့တယ်..
    တပ်ထဲကတွဲဘက်အလကမှာတက်ခဲ့တာဗျ..၁ဝတန်းအောင်
    မှ ရန်ကုန်ပြောင်းလာတာ….
    ကိုပေါက်ကြီးရေ..ကျေးဇူးပါဗျာ..ခင်ဗျားပုံလေးတွေကြောင့်အမှတ်မထင်
    တစ်နေရာထဲနေခဲ့သူတစ်ဦးလာတွေ့နေပီ..ဗျို့

  • ကျနော်ကတော့ တမာတန်းအဝင် နေရာလေး သိပ်သဘောကျတာ။
    မနေ့ကတောင်အဲဒီနားရောက်ခဲ့သေးတယ် ။
    ဒါပေမယ့် မိုးအုံ့နေလို့ ဓါတ်ပုံမရိုက်ခဲ့တာ။
    နောက်နေ့ပေါ့။

  • a me

    March 4, 2012 at 4:27 pm

    အိမ်ကပြောပြောနေတာ ကြားဘူးပေမယ့် အဲ့ဒါက ဘယ်နေရာမှာမှန်းလည်း မသိဘူး မြင်လည်း မမြင်ဘူး ငယ်ငယ်လေးက တောရွာမှာနေခဲ့လို့လား မသိဘူး အခုလိုရန်ကုန်မျာနေရတာကို လုံးဝ သဘောမကျဘူး
    တောရွာမျာ ဘယ်အိမ်ပြ ဖြစ်ဖြစ် ကိုအိမ်လိုမျိူးသဘောထားပြိး အတူတူ နေကျ စားကျ သွားကျနဲ့
    လုပ်စရာရှိရင်လည်း ဝိုင်းကူကျနဲ့ ပျော်စရာ အရမ်းကောင်း မိဘ ကို မလွန်ဆန်ရဲလို့ တောရွာကို မပြန်နိုင်ပေမယ့် အရမ်းလွမ်းတယ် ဒီမှာက ဆော့စရာလည်းနေရာလည်း မရှိ အကုန်လုံးက သူဘာသာမဆိုင်ရင်မဆိုင်သလိုပဲနေကျတာ ဟိုမျာတော့ဒီလိုမဟုတ်ဘူးလေ အခုလို ဓာတ်ပုံလေးတွေ ကိုမြင်တော့လည်း ပြန်ချင်တာတော့ ရူးမတက်ပဲ……အဲ့ဒိနေရာကိုလည်း ရောက်ဘူးချင်တယ်
    ကိုယ့်တောရွာလည်း ပြန်ချင်တယ်……….

  • a me

    March 4, 2012 at 4:32 pm

    ဓာတ်ပုံထဲမှာထက် အပြင်ဘဝ ကိုပိုသဘောကျတယ် တစ်ခါမှ မရောက်ဘူးတဲ့နေရာကို အခုလို ဓာတ်ပုံလေးတွေ ကြည့်လိုက်ရတာ ရောက်သွားသလိုပဲ ကြည်နူးလိုက်တာ ဓာတ်ပုံထဲတောင်
    တော်တော်လှတာ အပြင်မှာသာဆိုရင်တော့ ဘယ်လောက်များ…………..

Leave a Reply