MaaS II

ムラカミMarch 1, 20121min14010

အော်… ရယ်…

ခက်ကပြီ …

ကိုယ့်ဆြာလေး ကို ကိုယ်အားပေးတဲ့ဂီ တ ကို အစစ်အမှန်ဝယ်ယူတဲ့အတွက်
လေးစား ချီးကျူးပါရဲ့ဗျာ ….

ဒါပေမယ့် ကိုယ့်ဆြာလေး ရဲ့ အတွေးအခေါ်ပိုင်း လမ်းချော်နေတာလေးကိုတော့
ပြောပြချင်ရဲ့ …. ဒါ အားလုံးလည်း သိသင့်လို့ပါဗျ…
(ရှည်သွားရင် ခွင့်လွှတ် ..)
သည်တော့ စစချင်း နည်းနည်းလေး ခွဲပြီးဆွေးနွေးကြည့်ရအောင်နော..
နိုင်ငံခြား ရုပ်ရှင်ကား မြန်မာကား (ရုပ်ရှင် ကို ခနဖယ်ထား..)
ကျုပ်တို့ ခိုးသုံးနေတဲ့ ဆော့ဖ်ဝဲ တွေကို ခန ဖယ်ထား …
မြူးဇစ် ကိုပဲ ဆွေးနွေးမယ်ဗျာ …နော..
အဲ့ ..မေ့တော့မလို့ နိုင်ငံခြားကလာတဲ့ မြူးဇစ်ကိုလည်း ဖယ်ထား..
ပြည်တွင်း ဂီတ ဗျာ …ဒါပဲ ပြောမယ်….(သူ့မှာတော့ အသံ CD နဲ့
MTV ဖြစ်တဲ့ VCD, DVD ပါမယ်ပေါ့ဗျာ…)

ပထမဆုံး ညီလေးပြောတဲ့ လူတန်းစား ဆိုတာကို ဆွေးနွေးမယ်ကွာ..
ပြီးတော့ ဈေး ပေါ့ ….. ညီလေးပြောသလို သည်ဈေး ၁၆၅ဝ (၂၀၀၀)လောက်
ဟာ ၃၀% ကိုပဲ တားကတ် ထားသလိုဖြစ်နေတယ် ..၇၀ဝ နဲ့ ရောင်းသင့်တယ်
ဆိုတာလေးပါ…
(၇၀ဝဆိုတဲ့ ဂဏန်းလေး ဘယ်က ရသလဲတော့ သိချင်သား..)
ဂဏန်းကြိုက်တယ်ဆိုရင်ဖြင့် … ဂဏန်းဟင်း ချက်ကြည့်ရအောင်ကွာ …
လက်ရှိပေါက်ခွေ တခွေဟာ မူရင်း ရောင်းရတဲ့ ..
ချပ်ရေ ၁သောင်းကနေ ၂သောင်းကြား ရှိရဲ့…

သည်လိုလေး တွက်မယ်ကွာ … လူဦးရေက သန်း-၆၀
ချမ်းသာတာ ဝယ်နိုင်တာ မြို့နေလူတန်းစားဖြစ်တာ…(တနည်း)
ဝယ်ဖို့ လက်လှမ်းမီတာ … ၆သန်းတော့ ထားလိုက်ကွာ …နော …
၁ခွေဝယ် ၁မိသားစုလုံး နားဆင်နိုင်တာမို့ ….တမိသားစုကို ပျမ်းမျှ
၆ယောက်ထားကွာ … (ကျုပ်အများကြီး လျှော့ တွက်ထားတာနော…)
လူ အယောက် ၁သန်း အတွက် ထုတ်တယ်ပေါ့ကွာ …

ဆိုတော့ ..ပေါက်ခွေ …(ထားလိုက်ဦး နံပါတ်-၁ စူပါဟစ် မဟုတ်)
တော့ပ်တန်းလောက်တော့ ဝင်တဲ့ အခွေ ဆိုပါစို့ ….
လူ ၁ဝယောက်မှာ ၁ယောက်တော့ ကြိုက်မယ်ထင်တယ်ကွာ..
လူကြီးလူငယ် ကျားမ … ရော့ကာ ရပ်ပါ ရောရာကွာ …
သည်တော့ လူ ၆ယောက်ပါ မိသားစု အစုပေါင်း ၁သန်း ရဲ့ ၁ဝပုံတပုံ
မိသားစု ၁သိန်း အတွက် အချပ် ၁သိန်းတော့ ရောင်းရသင့်ပါတယ်ကွာ…
ဒါ တတ်နိုင်တဲ့သူတွေကိုချည်း တားကတ် လုပ်ပြထားတာနော….
ခု ဟာက ၁သောင်း …ကွာ …. (အများကြီးလျော့တွက်ထားတဲ့)
ရောင်းရသင့်တာရဲ့ ၁ဝပုံ ၁ပုံ …

ဒါဆို ရှင်းနေတာပဲ ညီရာ …ဝယ်နိုင်နေလျက်နဲ့ ခိုးကူး ဝယ်နေကြတယ်ဆိုတာ..

ရှက်လို့ရေးတယ် မှတ်ပါကွာ …တကယ်လည်း ရှက်လို့ပါ…
အမှန်အကန် ရောင်းရတာ …၁သောင်းကနေ ၂သောင်းကြားဟုတ်စ…
အေးကွာ တွက်ရလွယ်အောင် ၁သောင်း၂ထောင် ကနေ ၂သောင်း၄ထောင်ထား

လူဦးရေ သန်း ၆ဝနဲ့ အချိုးချရင် …0.02% နဲ့ 0.04% ပဲ ရှိသဗျ…
ကဲ ဟုတ်ပြီကွာ ..ဒါဆို တောရော မြို့ပါ …ဆာဗေးလေး ဆင်းကြည့်ကြတာပေါ့
……..ဘယ်ဆီကိုမင်းရောက်နေလဲ ………..
ဆိုတဲ့ စာသား အဆုံးမှာ ဘာလာမလဲဆိုပြပါဗျာ လို့ …မေးပြီး စာရင်းပြုစုမယ်ကွာ …….
လူ ဘယ်နှယောက်လောက် ဆိုပြနိုင်မယ်ထင်သလဲ……
နောက်တခု…
……………လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့ ….
နောက်တခု ကွာ …
……………နင်ဟာ ငါ့ရဲ့ ကမာ္ဘ ……
နောက်တခု
……………လွမ်းစိတ်ရင်ထဲမင်းမူ ချစ်ဖူးခဲ့သမျှ ဒဏ္ဍာရီ …..

ကောင်းပြီညီရေ …စနစ်တကျ အဲ့သည့်နည်းနဲ့ ဆာဗေးလုပ်ကြည့်ပြီး..
အော် လူတယောက် အခွေ ၁ခွေဝယ် လူ၁ဝယောက် (မိသားစုနှင့်ပါတ်ဝန်းကျင် နောက်ပြီး
လက်ဖက်ရည်ဆိုင် ထီဆိုင် ) ကြားမှာပဲလေ လို့ တွက်ရင်တောင် ….
ရောင်းအား 0.02% 0.04% ဆိုတဲ့ ဂဏန်းတွေနဲ့ ဘယ်နည်းနဲ့မှ မအပ်စပ်ဘူးကွာ …..
သည်တော့ … သည်ဈေးနဲ့ ၃၀% ကိုပဲ တားကတ်ထားပါတယ်…
မရှိနွမ်းပါးသူလည်း မတတ်နိုင်လို့ ခိုးကူး အားပေးပါတယ် ဆိုတဲ့ အချက်ကို
ငြင်းဆိုတယ်ကွာ …..။ ဟေ့… ရှိလည်း ခိုးနေတာပဲ မဟုတ်လားဗျာ……
ကျုပ်တို့ လူမျိုးမှာ တခါတခါ လွဲတတ်တာလေးရှိတယ်. …ဈေးရောင်းဈေးဝယ်နဲ့ ပါတ်သတ်ပြီး …
ဝယ်တဲ့ဘက်က ဈေးဆစ်ရမှ လျှော့ပေးမှ .. ..အဆစ်ရမှ ကြိုက်တယ်ကွာ …
ရောင်းတဲ့ဘက်ကလည်း …. တင်ရမှ မသိရင်မသိသလို ဆော်ရမှ အားရလေ့ရှိတယ်…
အဲ့သည့်အမွေဆိုးပါလာတယ် ယူဆတာပဲ….. အယူအဆတွေလွဲပုံများပြောပါတယ်….

အဖမ်းအဆီးမရှိ …ခိုးကြောင်ခိုးဝှက်လုပ်စရာမလို ပြဿနာ တက်ဖို့ မရှိ. ..
၂၅ဝ နဲ့ ကိစ္စပြတ်မယ့်ဥစ္စာ … မင်းမို့ ရူးလို့ …၁၆၅ဝ ပေးဝယ်တယ်ကွာ ဆိုတာမျိုးလေးတွေ….
အမှန် လုပ်တာကပဲ အ လို့ န လို့ ဆိုတဲ့ အထှာမျိုးတွေ ….
အမှိုက်ကောက်တာ ရှက်စရာ မဟုတ် အမှိုက်ပစ်တာ သာ ရှက် စရာ
ဆိုတာမျိုးတွေ ဆော်ဩယူရတာသာ ကြည့်တော့ကွာ …..

သည်တော့ ရှက်တယ်ဗျာ. …. ကျုပ်လည်း ခိုးကူး ဝယ်ခဲ့ဖူးလို့ မကင်းခဲ့ဖူးလို့
ညီ အပါအဝင် ခင်ဗျားတို့လည်းရှက်ကြပါဗျာ …. ဘာလို့ အတင်းကြီးကို ရှက်ခိုင်းနေလဲ သိလား…
ပြောပါ့မယ်ဗျာ ….
(အော်. .. မရှိလို့ ခိုးတာ မဟုတ် …အလွယ်ရလို့ တတ်နိုင်လည်း ခိုးကူးတယ် ဆိုတာလေးတော့)

၇၀ဝကျပ် ဆိုတဲ့ ကိစ္စလေးဘက်သွားရအောင် …..
အခွေလွတ် (မီဒီယာ) ကာဗာ ၂၀ဝ လောက်ကျမယ် …၅၀ဝ ကျန်မယ် ဆိုပါတော့ဗျာ ….
တခွေရောင်း ၅၀ဝ စားရမယ် …၁၆၅ဝ ဈေးနဲ့ ၃၀% တားကတ်မထားနဲ့ ၇၀ဝဈေးနဲ့
၁၀၀% တားကတ်ထား … ဆိုတာလေးပါ…

mass production နည်း ကို တိုက်တွန်းချင်တာ … per unit အရ အမြတ် ကျသွားပေမယ့်
unit ပိုရောင်းရလို့ economy of scale ပိုရလာမယ် …ပို အမြတ်ကျန်လာမယ်
ဆိုတာမျိုးပြောချင်တာလို့ ထင်ပါရဲ့ ….
သည်နေရာမှာ … ညီလေးရေးထားတဲ့
>>> ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို
ကိုယ်တိုင်သရုပ်ဆောင်နေတဲ့ အခွေတစ်ခွေကို ၁၆၀ဝ ၂၀၀ဝ ဝယ်ကြည့်နေရတာကတော့
တော်တော့်ကို မတန်တာပါ။

ဆိုတာလေး .. ကို ရှင်းချင်ရဲ့ …..
အဲ့သည့်အောက်မှာပါတဲ့
>>>၇ဝရာခိုင်နှုန်းလောက်က လက်လုပ်လက်စားနဲ့ မချမ်းသာသူတွေပါ
(ဆင်းရဲနေကြတယ်လို့ မဆိုလိုပါ)။

အင်း …. music production process ကို အစအဆုံး သွားကြည့်မယ်ကွာ …
frontmen ဆိုတဲ့ စကားလုံးလေး ကြားဖူးသလားမသိဘူးဗျ….
အဲ့ဒါ အဆိုရှင် … ဝါ ..စင်ပေါ်တက်တီးတဲ့ band ကို ညွှန်းတာဗျ….
ဒါဆို frontmen ရှိရင် behindmen လည်း ရှိမပေါ့ ….

သိပ်ရှိတာပေါ့ဗျာ ….။ band manager တို့ band PR representative
တို့လို နိုင်ငံခြား band/artists တွေကလိုမျိုး..မရှိတာ ထားတော့ ….
ဒီသီချင်းတပုဒ်ကို ဖမ်းပေးတဲ့ စတူရီယိုက အသံဖမ်း ဆြာလေး ရဲ့ လခ…
အဲ့သည့် စတူရီယိုက မီးစက်မောင်းတဲ့ ကောင် ဒလဝမ် ရဲ့ လခ…
ကောင်းပြီ recording stage ကို ကျော်လိုက် … အခွေချောဖြစ်လာပြီ…
ကူးစက် ကိုင်တဲ့ စက်ဆြာ… စာရေးမ … အရောင်း စာရေး …
အဆုံးအစွန်ပြောမယ် …အနှီအခွေတွေကို တေးသံသွင်း ဆိုင်တွေကို
လိုက် ဖြန့်ဝေပေးရတဲ့ ..စာရေး/စာရေးမလေးတွေ … နောက်ဆုံးကွာ
ကားဒရိုက်ဘာ …. နယ်တေးသံသွင်းတွေ အရောင်းဆိုင်တွေကို ရော…
ဘယ်သူက ကုသိုလ်ဖြစ်ဆိုပြီး သယ်သွားပေးသေးတယ် ထင်ပါသလဲ…
အဆိုပါ transportation charges … နောက် ကိုယ်ကအခွေထုတ်မရောင်းပေမယ့်
အခွေဆိုင်ဖွင့်ရောင်းတဲ့အခါ …ကိုယ့် ဝန်ထမ်းစရိတ် ဆိုင်ခန်းစားရိတ်
အခွန် စားရိတ် တွေ ကုန်ကျရတဲ့ နယ်က ဆိုင်တွေ ..

အဲ့သည့်လူတွေ အဲ့ဒါတွေက သီချင်းတစ်ပုဒ် စသွင်း ပါပြီ ဟေ့
ဆိုတဲ့နေရာကနေခင်ဗျားတို့ ကျုပ်တို့ နားထဲ ရောက်လာတယ် ဆိုတ
အချိန်ထိ …supply လုပ်ပေးနေတဲ့ supply chain ကြီးဖြစ်တယ်ဗျ…
နောက် ကန့်လန့်ကာနောက်ကွယ်က လူတွေဖြစ်တယ်ဗျ….
ကိုယ်တိုင် ရေး-ဆို-ရိုက် ကို မတန်ဘူး ပြောတာဟာ …သည်လူတွေ ထမင်းအိုးကို
တုတ်နဲ့ ထိုးတာ လို့ ခပ်ရဲရဲ ပြောပါရစေတော့ ….

ညီပြောထားတဲ့ စာသား အရ (အတန်ငယ်ဖြည့်စွက်ပြီး)
front man ၁ယောက် ဒါမှမဟုတ်လည်း ၅-၆ယောက် (1 band)
ပေါ့ကွာ …. ဒါကိုပဲကြည့်ပြီး …. ခိုးမကူးသင့်ဘူး ပြောလိုပါရဲ့ ….
ဘာလို့လဲ ဆို ညီ ပြောသလို ..၇၀% က မချမ်းသာဘူး …ဒီလူတွေကို ငဲ့ပါဆိုရင်…
ဒီ အနုပညာ ကို ဖန်တီးတဲ့ frontman လောက် producer လောက်ကလွဲရင်….
ဒီလောကရဲ့ လက်လုပ်လက်စား .(လခစား) တွေရဲ့ ထမင်းအိုး ကို ရိုက်ခွဲမလို့လား …
ကျနော် အရင်ပိုစ့်မှာ ဒီအကြောင်း မပြောဘဲ ချန်ထားဖြစ်ခဲ့လို့ …
ခု တခုတ်တရပြောရခြင်းဖြစ်ပါတယ် …. အရင်ပိုစ့်ရဲ့ အဓိက themes က
ဂီတ အနုပညာရှင်တွေဟာ ..(ရွှေရင်ရှုပ်နဲ့တောင် မတူဘဲ …ပေးဆပ်နေကြပါတယ်)
သူတို့သည် ကမာ္ဘ့အဆင့် သီချင်းများကို ကော်ပီ ကူးလင့်ကစား ကမာ္ဘ့အဆင့် တူရိယာ
နည်းစနစ် အပျော့ထည် .. စသည်တို့ သုံးပြီး အမှန်တကယ် ပေးနေကြတာပါ
ဆိုတဲ့ …point of view ကရေးချင်တာမို့ သည်အကြောင်း ချန်ထားလိုက်ရတာပါ…

ခုတော့ ရေးလက်စ နဲ့ ရေးပြီဗျာ …။ ချမ်းသာလည်း ဝယ်နိုင်လည်း
လွယ်ရင် ခိုးနေမှတော့ ..ကွာ …ခိုးတာ မမှားဘူး ထင်နေမှတော့ …
အင်း …..

ပုံပြင်လေး ပြောပြပါဦးမယ်.. ဟိုတေးသံသွင်းမှာ ကားမောင်းတဲ့
ကားသမား ကိုအဟွာ အလုပ်ပြုတ်တယ် …. မေးကြည့် …သိပါဘူးဗျာ..
ဆိုင်ရှင်တွေ ရောင်းမကောင်းလို့တဲ့ …. စာရေးမလေး မအဟွာ အလုပ်ပြုတ်တယ်..
မသိဘူးရှင့် အခွေဈေးကွက် အေးလို့ဆိုလားပဲ ….. သူတို့လဲမသိဘူး …
သေချာတာ သူတို့ကိုယ်တိုင်လည်း သူတို့အိမ်တွေမှာ ကူးခွေတွေ ဝယ်ဖြစ်နေ
နားထောင်ဖြစ်နေတာပဲ …..။ အော် ….အဖြစ်ဆိုးထှာ …..။
အဝဲယားနက်စ်ဗျ ..အဝဲယားနက်စ် ….။

လွယ်ရင် သူကြွယ်တောင် မနေဘူး ဆိုတဲ့ စကားက …သိပ်မှန်သလိုဖြစ်နေလေရဲ့…
စာဖတ်သူရေ…
ခင်ဗျား ချမ်းသာရင် ပေါ့ ဗျာ …….လွယ်ပေမယ့် သမာဓိရှိတဲ့ သူကြွယ် မဖြစ်ချင်ဘူးလား..
ဒါမှမဟုတ်
ခင်ဗျား ဆင်းရဲရင်ပေါ့ဗျာ …….. အူမမတောင့်ပေမယ့် သီလ အကျိုးမခံတဲ့ လူ မဖြစ်ချင်ဘူးလား ..

ကျုပ်လည်း မကင်းခဲ့ပါဘူး ..
ရှက်လည်း ရှက်ပါတယ်….
ကျနော့် ဘော်ဒါတွေကိုလည်းပဲ ရှက်တတ်စေချင်ပါတယ်…

စာရေးသူ ညီလေး ကို နောက်ဆုံးပြောချင်တာကတော့ …
၇၀ဝ လောက် ဆိုတဲ့ စကားက မဖြစ်နိုင်လွန်းသောဈေးပဲကွ…
ထုတ်လုပ်မှုစားရိပ်နှုတ်ပြီး ကျန်တဲ့ ၅၀ဝ ကို အထက် က (သည် sector ထဲက လူတွေ မျှယူကြကွာ..)
ဆိုတာမျိုး ရေးတာကို လက်မခံဘူးကွာ …
(ညီ့ကို ထောက်ခံတဲ့ အထဲ ကျုပ်နဲ့ သိပ်ခင်မင်တဲ့ ဘော်ဒါတွေပါပေမယ့် ….)
သည်ဈေး ကိုတော့ ရဲရဲကြီး ရှုံ့ချတယ်ကွာ ….

အောက်ကြေးနဲ့ဖိုက် ..မကိုက်ရင် ခိုးကူး လိမ့်လိမ့်မယ် လို့
ဆိုထားတဲ့ လေးစားရတဲ့ ..ကိုကြောင့် စကားကိုလည်း ..
ဒီနေရာမှာ ဆန့်ကျင်ကြောင်း ပြောပါရစေ ….။

ကျုပ် နှစ်သက်တဲ့ band တခုက ၁၉၉၀-၁၉၉၅ အတွင်းထွက်ခဲ့တဲ့ သီချင်းတပုဒ်
ကြိုက်လွန်းလို့ ဝယ်မလို့ ကြည့်တယ် …၀.၉၉ဆင့် တဲ့ဗျ..(၁ဒေါ်လာပေါ့…)လး
(တရားဝင်ဈေးပြောတာနော…)

၁၆၅ဝ လောက်ဆိုတာ ၂ဒေါ်လာ လောက်ရှိတာပါဗျာ ..ခင်ဗျားကို အယ်လ်ဘမ် ၁ချပ်လုံး
ပေးတာ …နိုင်ငံတကာ အဆင့် မမှီပါဘူးကွာ …ကော်ပီကြီးပါကွာ …
ခနလေး ထားပါ ..အထက်ကရေးခဲ့တဲ့ လူတန်းစားတွေကို လည်းကြည့်ပါဦး…
ကိုယ့်ကိုကိုယ်လည်းရှက်ပါဦး ….

၇၀ဝ ဆိုတဲ့ ကိန်း နဲ့ ၁၆၅ဝ ဆိုတဲ့ ကိန်း ခြားနားခြင်း ၁၀၀ဝ လောက်ရှိတယ်မလား…
ညီလေး… မင်း ထင်တာမင်းပြောခွင့်ရှိတယ် … ကိုယ်လည်းကြိုက်တာပြောခွင့်ရှိတယ်..
အေး ….. စီဒီ အလွတ် စက်ရုံက ထုတ်စားတဲ့ တီရုပ်တွေကို (အခွေ အလွတ်ပဲဖြစ်ပါစေနော)
တချပ် ၁၅ဝ ဒါမှမဟုတ်..၂၀ဝ ပေးနေတဲ့ ကျုပ်တို့ … ကျုပ်တို့ဘာသာနဲ့ ဆိုတားတဲ့တေးသီချင်းတွေ
အပေါ်မှာ …သည်လောက်တောင် မသထာဘူးလား …..။

၇၀ဝနဲ့ ၁၆၅ဝ ကြားက ဘဝတွေ မြင်နိုင်ပါစေကွာ …။
ပြေလည်နိုင်ကြပါစေ …
အားပေးသူ ဖန်တီးသူ …သက်ဆိုင်ရာအကျိုးအမြတ် ရကြပါစေ….

 

နောက်တခု ….
ဒါမျိုး ထပ်မရေးဖို့လည်း မေတ္တာရပ်ခံပါရဲ့ …..။
(ဆင်နာရီယို မပလေးတော့ဘူး ညီလေးရေ ….မင်းလည်း
အချဉ်မှမဟုတ်ဘဲကွာ..)
ခင်တဲ့
ဂီ

10 comments

  • kai

    March 1, 2012 at 9:15 pm

    ယခုပို့စ်ကို အောက်ပါ ပို့စ်၂ခုနှင့် တွဲဖတ်သင့်ပါကြောင်း..

    ကျွန်တော် ကော်ပီတွေနဲ့ ပျော်နေပါသည်
    Posted by yawai on Mar 1, 2012 in Critic, Music
    http://myanmargazette.net/105128

    MaaS လော ?
    Posted by inz@ghi on Feb 16, 2012 in Computers & Technology, Editor’s Choice, Entertainment, Music |
    http://myanmargazette.net/101916

  • windtalker

    March 1, 2012 at 9:26 pm

    ဇာကြီးက ဒီလိုရှင်းပြတော့လဲ ၊ အဆိုတော်တွေခင်ဗျာ သနားစရာပါဘဲ ။
    ကျုပ်ရဲ ့ခွေဝယ်နည်း နိဿရည်းကိုပြောပြရရင်…
    ကိုယ် ကြိုက်တဲ့ အားပေးတဲ့ ခရေဇီ အဆိုတော် ဘန်း ဆိုရင် အော်ခွေဝယ်ဗျာ
    ထွက်သမျှ အားပေးချင်ရင်တော့ ၊ ကော်ပီ နဲ ့မှ ပိုအဆင်ပြေမယ် မှတ်တာဘဲ ။

  • blackchaw

    March 1, 2012 at 9:38 pm

    ကြယ်ငါးလေးတစ်ကောင် ကောက်ပစ်လိုက်ပြန်ပြီပေါ့။
    တစ်ယောက်ခြင်းစီက တတ်နိုင်သလောက် ပြင်ကြရင် အကောင်းဆုံးပေါ့ ဂီဂီရေ။
    ကိုယ်လည်း တတ်နိုင်သလောက် ဝယ်မယ်ဆို အော်ခွေပဲ ဝယ်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်ဗျာ။
    အဲဒီကနေ ကိုယ်တို့ မန်းဂဇက် ရွာသူားတွေအားလုံးဟာ
    အော်ခွေပဲ အားပေးကြတယ်ဆိုရင် ဘယ်လောက်ကြွယ်လို့ ကောင်းတဲ့
    ဂုဏ်သိက္ခာကြီးတစ်ခုလဲလို့။
    ဒီလိုပို့စ်မျိုးကိုရေးပြီး
    လူငယ်တွေကို လမ်းပြပေးနေတဲ့ မန်း ဂဇက်ကြီး ရှိနေတယ်ဆိုတာ
    မြန်မာဂီတလောကသားတွေကိုလည်း သိစေချင်မိပါတယ်ဗျာ။
    ထုံးစံအတိုင်း လက်မလေး တစ်ချောင်းဗျာ။

  • TTCG

    March 2, 2012 at 4:17 am

    ဂီတလောက ဒုတ်ခရောက်နေတာ ခိုးကူးလုပ်သူတွေ… ခိုးကူးအားပေးသူတွေ… အမြတ်လိုချင်တဲ့ ထုတ်လုပ်သူတွေကြီးပဲ အပြစ်တင်နေလို့ သိပ်မရသေးဘူး… ကျွန်တော်တို့လို ပြည်ပက နားထောင်သူတွေ မှာပါ အပြစ်ရှိတယ်လို့ ထင်တာပဲ…

    မြန်မာပြည်က သာမန်လူတန်းစားတွေက မူရင်းခွေဈေးကြီးလို့ ခိုးကူးအားပေးတာက ထားလိုက်ပါဦး… ကျွန်တော်တို့လို ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေကရော မူရင်းခွေကို ဘယ်နှစ်ယောက်အားပေးနေလို့လဲ? မြန်မာပြည်မှာ နာမည်ကြီး… နာမည်သိပ်မကြီးတဲ့ အဆိုတော် စီးရီးထွက်မယ်ဆိုတာနဲ့ အင်တာနက်ပေါ်ကို ဘယ်နေ့ရောက်မလဲ စောင့်ကြည့်နေကြတယ်… ပြီးတာနဲ့ ဝိုင်း download ဆွဲချပြီး နားထောင်နေကြတာပဲလေ… ကျွန်တော့်အိမ်ကလူတွေကို တစ်ခါတစ်လေတော့ မူရင်းခွေ ဝယ်ခိုင်းမိပါတယ်… ဒါပေမယ့် အမှန်အတိုင်းဝင်ခံရရင် အဲ့ဒါကလည်း ၁ဝ ခါမှ ၁ခါလောက်ပါ… မြန်မာငွေ ၂၀၀ဝ လောက်ဆိုတာ ပြည်ပမှာ ရောက်နေတဲ့ အလုပ်လုပ်နေတဲ့လူရော ကျောင်းတက်နေတဲ့လူရော အကုန်လုံး တတ်နိုင်တဲ့ ပမာဏပါ… နိုင်ငံခြားရောက်နေတဲ့ မြန်မာ ၅ သောင်းလောက်ကပဲ ဝယ်အားပေးပါဦး… နည်းတဲ့ amount မှ မဟုတ်တာ… ဒါပေမယ့် ၉၉% သော မြန်မာတွေက အဲ့ဒီလို download လုပ်နေကြတာပဲလေ… BurmeseClassic, MyanmarMp3, MyanmarSongs, FreeMyanmarVCDs, etc… ဆိုပြီးတော့ တစ်ချို့ website တွေဆို Pirates တွေကို အရင်းပြုပြီး ကြော်ငြာတွေ ဘာတွေနဲ့ စီးပွားတောင် တော်တော်ဖြစ်နေကြပြီ… ကျွန်တော့် အမြင်ပြောရရင်တော့ ပိုက်ဆံကုန်လို့ဆိုတာထက် အကျင့်ဆိုးကြီးကို မဖျောက်နိုင်သေးတာလို့ ထင်တာပဲ

    လူတွေရဲ့ စိတ်ဓာတ်က တစ်ခါတစ်လေ နားလည်ရခက်တယ်ဗျ… မကောင်းမှန်းသိပေမယ့် ကိုယ့်ကို မထိခိုက်မခြင်း မကောင်းလည်း ဆက်လုပ်နေကြတာပဲ… Music နဲ့တော့ မဆိုင်ပါဘူး… ဟိုးနေ့က မြန်မာ Mobile Phone တွေနဲ့ ပတ်သက်တဲ့ ဆိုဒ်တစ်ခုကို ဝင်ကြည့်မိတယ်… တင်ထားတဲ့ Software, Games ၉၀% က Pirates တွေကြီးပါပဲ… အဲ့ဒီဆိုဒ်မှာ စိတ်ဝင်စားစရာ တစ်ခုတွေ့မိတာကတော့… “xxx user upload လုပ်ထားတဲ့ Software မှာ မြန်မာ developer တစ်ယောက်မှ develop လုပ်ထားကာ ရောင်းနေတဲ့ Software ဖြစ်ပါသဖြင့် ဖျက်ချလိုက်ပါသည်” တဲ့… မြန်မာမဟုတ်ရင်တော့ သူ့ဘာသာသူ ဖြစ်ချင်ရာဖြစ် ကိုယ်နဲ့ မဆိုင်လို့များ ယူဆထားလားမသိ

    ၂၀၀ရ ခုနှစ်စောပိုင်းတုန်းက MRTV-4 မှာ လာတဲ့ Pirate နဲ့ ပတ်သက်တဲ့ အင်တာဗျူးတစ်ခုကြည့်လိုက်မိတယ်… မြန်မာပြည်မှာ Copyright Law ပေါ်လာရင် မူပိုင်ခွင့်တွေ ဘယ်လို ဘယ်ဝါ ကာကွယ်မယ်ပေါ့… အဲ့ဒီမှာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုက ပြည်ပက တေးစီးရီးတွေကို မြန်မာပြည်မှာ ပြန်ရောင်းနေတာတွေ… Copy ဆိုနေတာတွေကိုရော ဘယ်လိုသက်ရောက်မှုရှိမလဲတဲ့… အဲ့ဒီမှာ ဖြေတဲ့လူက ဖြေချလိုက်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ Copyright Organization လိုဟာထဲကို ဝင်ထားခြင်းမရှိပါဘူးတဲ့… အဲ့ဒီအတွက် ကျွန်တော်တို့ ဘာမှ ကာကွယ်ပေးမှာ မဟုတ်ပါဘူးတဲ့ခင်ဗျာ… (မှတ်မိသလောက် ပြန်ရေးတာပါ)

    တာဝန်ရှိတဲ့ လူကြီးတွေကိုယ်တိုင်ကိုက ဒီလိုစိတ်ဓာတ်မျိုးတွေရှိ… မြန်မာပြည်က စီးပွားရေးကလည်း သိပ်မကောင်း… ပြည်သူတွေကလည်း ဖျော်ဖြေရေးကို ပိုက်ဆံအကုန်မခံနိုင်… ကျွန်တော်တို့ အားပေးတဲ့လူတွေကလည်း အလွယ်လမ်းကိုလိုက်… မူရင်းဝယ်တယ်ဆိုတဲ့ လူတွေကလည်း ကိုယ်ကြိုက်တဲ့ အဆိုတော်လောက်ပဲ ကြိတ်အားပေး… ကျန်တာတွေကို Free ရတာပဲသုံး… နာမည်ကြီး အဆိုတော်တွေကလည်း ငါတို့ Copy ဆိုဆို မူရင်းဆိုဆို ပရိသတ်ကအားပေးဆိုပြီးတော့ လုပ်ချင်ရာလုပ်… နောက်ပေါက်ပေါ်ပင် အဆိုတော်တွေကလည်း မိုက်ကိုင်ရရင်ပြီးရော ဆိုချင်ရာဆို… ဒီလိုပဲ ဆက်သွားနေရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဂီတလောက အခုအတိုင်းပဲ ရေစုန်ဆက်မျောနေဦးမှာပါပဲခင်ဗျာ

    • kai

      March 2, 2012 at 5:26 am

      မနေ့က.. ဂီဂီ့စာတွေ့တော့.. နိုင်ငံခြားကမြန်မာတွေနဲ့.. ပတ်သက်ပြီး ရေးမယ်တေးထားတာ..။
      အခု.. TTCG ရေးသွားတာမှာ.. တော်တော်ကောင်းကောင်းလေး.. သုံးသပ်ထားတာ.. ပါသွားတယ်တွေ့လိုက်တယ်…။

      အဲဒါကို ..ပြောတာပေါ့..
      မြန်မာက.. ဘယ်စံနစ်အောက်မှာဖြစ်ဖြစ်… မြန်မာပါပဲဆိုတာ..။
      ( ယခုကဲသို့.. ဓါတ်ပြားဟောင်းဖွင့်ပြီး..သကာလ)

      ယူအက်စ်မှာ.. မြန်မာ ၂သိန်းအနည်းဆုံးနေတယ်..။
      အစိုးရက.. သန်းကောင်စာရင်းကောက်တော့.. ၁သိန်းပဲဖြည့်တယ်..။
      ထားပါတေ့ာ.. မြန်မာစိတ်ရှိနေသူ တသိန်း..။
      အိမ်ထောင်စု.. ၂သောင်းခွဲလို့မှန်းလိုက်မယ်..။

      အိမ်တိုင်းလိုလို..( မြန်မာစိတ်ရှိနေသူတွေမို့) မြန်မာခွေ အားပေးပါတယ်..။
      အပုံလိုက်ကို ရှိတာ…

      ဆိုတော့.. ?
      ..
      ဒီကိစ္စ.. နည်းနည်း.. Brainstorming လုပ်ကြည့်ကြမလားဟင်င်င်…။
      ကြယ်ငါး.. အကောင်တရာလောက် ဝိုင်းပစ်ကြတာပေါ့…။ 😉

      • inz@ghi

        March 2, 2012 at 7:43 am

        မိုက်ကယ်လ် သဂျိုင်ခီးကတော့ ….
        ထောက်ခံမယ့် ဘက်ကမနေဘူး … သမ မယ့် ဘက်ကနေမယ်ဆိုတာချည်းပဲ…
        (နောက်တာပါဗျာ..)
        😀

        ပြောရတော့လည်းခက်သား …. ကျနော်လည်း သန်းချီတဲ့ … ပြည်ပရောက်မြန်မာတွေ..
        အတွက် … တရားဝင် အော်ရီဂျင်နယ်လ် ဝယ်ဖို့ အတွက် ဝယ်နိုင်တဲ့လမ်းကြောင်း….
        ရှိရေးအတွက် (အရင်ပိုစ့်မှာ) ရေးထား တိုက်တွန်းထားပေမယ့် ….

        တကယ့်လက်တွေ့ ကိုပြောရရင်တော့ ….internally ..basically ကပဲ စမှရမယ်…
        (တနည်း) ပြည်တွင်း ခိုးကူး အားမပေးရေး နှိမ်နင်းရေး ပပျောက်ရေး ကပဲ စရမယ်
        လို့ပြောချင်တယ်ဗျာ ….

        ဘာလို့ ဒီလိုပြောသလဲ ဆို …ရှင်းရှင်းလေးပါ..

        နာမည်ကြီး ပရိုဂျူစာ ..ဆိုက်ဂနက် စီးတယ်..
        သားသမီး ဘိုကျောင်းထားတယ်…. ဒါကိုမြင်တဲ့ …လီမိတက်လောက် ဗန်လောက်
        စီးနိုင်တဲ့လူက … ချဉ်ပါတယ်အေ .. ဆိုပြီး ခိုးကူးပဲ ဝယ်တယ်…

        နာမည်ကျော် အဆိုတော် ဆာ့ဗ် စီးတယ် ..တိုက်ကြီးကြီးမှာနေတယ်..
        ကွန်ဒိုလောက် ပိုင်တဲ့ ပိတ်သတ်က ဒီဘဲ ကို မထိခိုက်ပါဘူးကွာ ဆိုပြီး
        ခိုးကူးပဲ ဝယ်တယ် ….

        အဲ့ …. နည်းနည်းတော့ လွဲပြီထင်တယ်…
        သိန်း ထောင်ချီ ရင်းနှီးမြှုပ်နှံထားတဲ့ …သူ့ဆက်ခ်တာမှာတော့ သူ
        တော့ပ် ဖိုက် စာရင်းဝင်တဲ့ … လူတယောက် ဆိုက်ကနက် မကလို့
        ရိန့်ချ်ရိုဗာ စီးစီး … ကိုယ်က သူ့ပစ္စည်းကို မခိုးသင့်တာ တော့ အမှန်ပဲ….

        နာမည်ကျော် အဆိုတော် … လူ၁ဝသန်းမှာ မှ ၁ယောက် ရနိုင်ခဲတဲ့
        ပါရမီ-ကံ-ဉာဏ် ဝီရိယ ဖြည့်ဆည်း လုံးပန်းခဲ့တဲ့လူ … သူ့ဟာသူ
        တတ်နိုင်လို့ လေယာဉ်ပျံပေါ်ပဲနေနေ .. သူ့ ကို မခိုး သင့်တာအမှန်..
        (သူ့ဟာသူ ကော်ပီဆိုစေဦး …. သူ့ ကိစ္စ … ကိုယ်နဲ့ မဆိုင် ….)

        ဒါတတ်နိုင်တဲ့ လူ တတ်နိုင်ရက်နဲ့ ..ခိုးကူး အားပေးတာကိုပဲ ပြောတာပါ…
        (မတတ်နိုင်လို့ ပါဆိုတဲ့ လူတန်းစား ခနလေးထား …အောက်မှာလာမယ်..)

        သည်တော့ ကြာလာတော့ ..ဆိုက်ဂနက်ဆြာ … ဖိုးဝှီးလောက်ပြောင်းစီးလာတယ်..
        အဆိုတော် တိုက်ကနေ ကွန်ဒိုလောက် ဖြစ်လာတယ်…. ဘာဖြစ်လဲ..
        ဘာမှမဖြစ်ဘူး …လူလတ်တန်းစား ဆိုတာရဲ့ အထက်အလွှာမှာ နေနိုင်နေကြသေးတာပဲ …
        အဲ့ …. အတီးသမား တိုက်ခန်း နဲ့ နေရတယ်… အရေးသမား …အိမ်ငှားနေရတယ်…
        အသံဖမ်း အင်ဂျင်နီယာ အဆောင်မှာ နေရတယ်…. ဟုတ်တော့ ဟုတ်နေပြီ…
        ဆက်ပြောရရင် …စာရေးမ ၄ယောက်နဲ့ လည်ပတ်ရတဲ့ လုပ်ငန်းက ၂ယောက် ဖြစ်လာမယ်
        ၁ယောက်ဖြစ်လာမယ်…. ဒရိုက်ဘာ ၄ယောက်မှာ ၃ယောက် ပြုတ်မယ်….

        သည်တော့ music production ထိပ်ဆုံးအလွှာ ကို ချဉ်ပါတယ်အေ ..သွားလုပ်လို့ ..
        မရစကောင်းတာ ကို တွေ့ရမယ် ..လူသန်း၆ဝရှိတဲ့ နိုင်ငံမှာ ၁ဝသန်းမှာ၁ယောက် ရနိုင်ခဲတဲ့
        အရည်အချင်းထူးကြောင့် စံစား တယ်ဆိုတာ မုဒိတာ ပွားပေးရုံပါပဲ ….

        အင်တာနေရှင်နယ်အဆင့် စတား ဟာ အင်တာနေရှင်နယ်အဆင့် ချမ်းသာမှာဖြစ်သလို
        နေရှင်နယ်အဆင့် စတားဟာလည်း နေရှင်နယ်အဆင့် ချမ်းသာတဲ့ စာရင်းဝင်တာ
        ကန့်ကွက်ရန် မရှိ …..

        တခုလေးပဲ …ဒီလူတွေ မထိခိုက်ပါဘူး ဆို ခိုးကူးကြရင် …
        industry ရဲ့ ကန့်လန့်ကာနောက်ကွယ်ကလူတွေ …သေဖို့သာ ရှိတော့တယ်….

        မမေ့စေချင်တာပါ …သူတို့မှာလည်း ကိုယ့် လိုပဲ ..အပေါက်နဲ့…(ပါးစပ်)
        သူတို့နောက်မှာလည်း ကိုယ့်နောက်မှာလို မှီခို မိသားစုနဲ့ ……..
        သူတို့လည်း ကိုယ့်လိုပဲ မိဘလုပ်ကျွေးမှာ ဖြစ်သလို…..
        သူတို့မွေးတဲ့ သားသမီးလေးတွေလည်း …ကိုယ်မွေးတဲ့ သားသမီးတွေလို ချစ်စရာကောင်းမှာ…
        လူတန်းစေ့အောင် ထားချင်နေချင်မှာ အမှန်ပါပဲ………

        ခိုးကူးဆြာတွေရော …ခိုးကူးအားပေးသူတွေပါ. ..ကိုယ်ချင်းလေး စာစေချင်ပါတယ်…
        နည်းနည်းထပ် အထွန့်တက်ရရင် …..
        ကိုယ်အားပေးတဲ့လူ ကိုယ်အားပေးတဲ့ ဂီတ အမျိုးအစား ဆိုရင်တော့ မူရင်းဝယ်ပါတယ်…
        တခြား ဟာတွေတော့ ကော်ပီ ဝယ်ပါတယ် ဆိုတဲ့ ဆြာတွေကို နည်းနည်းလေး ဈေးဆစ်ကြည့်ချင်တာပါ…
        ငါက ရော့ကာ ကွ ..ရပ်ပါကွ …အော်တယ် ..ကိုယ်အားပေးတဲ့လိုင်းကိုတော့ မူရင်းဝယ်တယ်..
        တခြားလိုင်းကိုတော့ ကော်ပီဝယ်တယ် ဆိုရင် …. တခြားလိုင်းက အနှီ ကလကာနောက်ကွယ်က လူတွေကို
        သတ်သလို ဖြစ်မနေဘူးလား … …။ မီးစာတဖက် ရေမှုတ်တဖက် ဖြစ်မနေဘူးလား …
        ယမမင်းဆီရောက်တဲ့အခါ …. ရပ်ပ် ကိုကျနော် အားမပေးလို့ ခိုးကူးဝယ်မိပါတယ် လုပ်လို့မရဘူးနော…
        ယမမင်းက အုန်းကျုန်း တွေ ကော်ပီတွေ နားလည်မလည်တော့ မသိဘူး …. anyway this is အဒိန်နဒါန
        လို့ ပြောမယ်ပဲ မှတ်တယ်…။

        ဟုတ်ကဲ့ …ကိုယ်အားမပေးတဲ့ မနှစ်သက်တဲ့ လိုင်းကဟာကို ဘာလို့ ကော်ပီဝယ်သလဲ ဆို …
        ရှင်းပါတယ်ဗျာ .. နားထောင်ချင်လို့ပေါ့ … ကြားဖူးချင်လို့ပေါ့ ….
        ဘာလို့ နားထောင်ချင် ကြားဖူးချင်သလဲဆို .. အလုပ်မှာ ..ကျောင်းမှာ ..ရုံးမှာ ..လက်ဖက်ရည်ဆိုင်မှာ…
        လူနဲ့ လူချင်း ကွန်မြူနီကိတ် လုပ်တဲ့အခါ ….. ဟဲ့ ..ဟိုသီချင်းလေး ကြားပြီး ပြီလား ..
        ဟိုတယောက် ဆိုထားတာ လန်းတယ်နော်…. ဟိုနေ့ကထွက်တာလေ ….သိတယ်မလား …

        လူမှုဆက်ဆံရေးမှာ လူရာဝင်ချင်လို့ ….သူများပြောတာ ဆိုတာ မသိဘူး ..အောက်ပါတယ်ကွာ …
        ပိန်းပါတယ်ကွာ … မဖြစ်ချင်လို့ ….မှန်တာပြောရရင် အငုံ့စိတ်ကြောင့် ….
        ကိုယ်က မြန်မာသံ ပရိတ်သတ် …. လက်တလော ခေတ်စားနေတာ ..(ဥပမာပါ.. )
        ….ငါမှားတာရှိရင် တောင်းပန်ပါတယ် … ဖြစ်ချင်ဖြစ်မယ် ….
        လူတောတိုးအောင်တော့ …ကြားဖူးနားဝ ဆိုတာလေးတော့ ရှိဖို့ …နားထောင်ထားဖို့တော့
        လိုမပေါ့ ….အင်း ….လွယ်လွယ်တွေ့တဲ့ အကုန်အကျမများမယ့် …ကော်ပီလေးပဲ ဝယ်တော့မယ်
        ဆိုတာမျိုးဖြစ်ဖြစ်လာတယ်….

        အဲ့ဒါလေး …ပြင်ကြည့်ရအောင်ဗျာ …… သူများနိုင်ငံမှာပြောပါတယ် …
        ရော့ကာ တယောက် ကိုသွားပြီး .. ဂျက်စတင်ဘီဘာ သိလား သွားမေးရင် ….
        ဆောရီးပါ ကိုယ့်လိုင်းမဟုတ်ဘူး စိတ်မဝင်စားဘူး …မသိဘူး ..ဖြေလွှတ်လိမ့်မယ်ဗျ…
        ဆိုလိုတာက …. ကျုပ်တို့ဆီမတော့ ..တဖက်လူနဲ့ စကားပြောကောင်းရုံ ..
        အများထဲကတယောက် ဖြစ်ယုံ ဝင်ဆန့်ရုံ ဆိုတာမျိုးနဲ့ ခိုးကူးဝယ်ဖြစ်တယ် ဆိုတာလေးကို ပြောချင်တာပါ…။

        ကိုယ် အားမပေးတဲ့ လိုင်း က မြူးဇစ်ကို ကော်ပီ ဝယ်မယ့်အစား ..အဲ့ဒီမြူးဇစ်နဲ့ ပါတ်သတ်လို့ ….
        ကိုယ့်မိတ်ဆွေ သင်္ဂဟ အသိုင်းအဝိုင်းက စကားစပ်လို့ …ပြောလာ မေးလာတဲ့ အခါ ဒီလို ….ရဲရဲကြီး ပြောကြည့်ရအောင်ဗျာ…
        ဘာ ..?? ချောက်ချက်. .. သိဝူးဗျ. ..ကျုပ်က မြန်မာသံ သမား ..တိန်တိန်းတိန်းတိန် ပဲ သိတယ် ….

        ဘာလို့ ဒီလို အထွန့်တက် ရပါသလဲ ဆိုရင် …..
        အလုပ်ပြုတ်သွားရှာတဲ့ …စာရေးမ ၃ယောက် ဒရိုက်ဘာ ၃ယောက်ဟာ ..အပေါက် ပါတဲ့အတွက် (ပါးစပ်)
        တခြားအလုပ် ကို (တခြား industry ကို) သွားကြတာပါပဲ …။

        တေးသံသွင်း က ပြုတ်တယ် …ဘာဖြစ်လဲ .. စက်ရုံကားမောင်းမယ်..
        စတိုးဆိုင် စာရေးမ လုပ်မယ် …သည်တော့ ခိုးကူး အားပေးတယ်ဆိုတာ
        အလုပ်အကိုင် အခွင့်အလမ်း ဆိုတဲ့ ကိစ္စကြီး ကို သွား တုတ်နဲ့ထိုး သလိုဖြစ်နေလေရဲ့….
        အလုပ်အကိုင် ရှားတယ် ငြီးကြတယ် ပြောကြတယ် …ရှားမှာပေါ့ဗျာ …
        သူ့ အရွယ်အစားနဲ့သူ ညီညွတ်မျှတစွာ ပြန့်ကျဲနေရမယ့် အလုပ်လုပ်ကိုင်နိုင်သူ
        အင်အားစုတွေ …ဟော့ဖြစ်တဲ့ နေရာနောက်စုပြုံ လိုက်ကြသလို ဖြစ်နေတာကိုး …

        အောင်မယ်လေး …ဒါမျိုးက ဘယ်နှယောက် ရှိမှာလဲကွာ ..လို့ မပြောပါနဲ့ …
        သည် ရပ်ဝန်းထဲက ..အလွှာစုံ (တနိုင်ငံလုံးစာ) ကို ပြောရင် နောက်ကွယ်က မိသားစုကိုပါ
        ထည့်တွက်ရင် လူ သိန်းဂဏန်းလောက် ထိခိုက်ရတာပါ…။

        အဆိုတော် …တီးဝိုင်း … သူ့ရပ်တည်မှုအတွက် မင်္ဂလာဆောင်တွေဆိုမယ်..တီးမယ်..
        ဘာဖြစ်လဲ …ဘာဖြစ်ရမလဲဗျာ … ဆီမီး-ပရို အဆင့်လောက် အဆိုရှင် တီးဝိုင်းတွေ
        ဘယ်ရောက်သွားမလဲ… အဲ့ …ဆီမီးပရိုမစားလောက်မှတော့ ..ဆီမီးပရိုဖြစ်ချင်လို့
        သင်ယူလေ့လာနေတဲ့ ..အန်သူရေးဆစ်ဗ် တွေ အမေးချားတွေ ဘာဖြစ်သွားမလဲ ….။

        အဲ … တကယ် လူ၁ဝသန်းမှာ ၁ယောက်ရနိုင်ခဲတဲ့ ပါရမီ ရခဲ့ကြတဲ့ လူတွေရော….
        စဉ်ဆက်မပြတ်သော တီထွင် ဖန်တီး လေ့လာ မှုတွေ ဘယ်လုပ်နိုင်တော့မလဲဗျာ …
        သူတို့မှာလည်း အပေါက်နဲ့ ကိုး (ပါးစပ် ပြောပါတယ်..)

        ကြာလေ ကျလေ ဖြစ်ဖြစ်လာတယ်ဗျာ …

        ထုတ်လုပ်သူ အလွှာကိုကြည့်ရင်လည်း … သူသည်လည်း စဉ်ဆက်မပြတ်သော
        အသစ်အသစ်သော အနုပညာရှင်များ ကို ရှာဖွေဖော်ထုတ် ပံ့ပိုး ပြီး အသစ်အသစ်တွေ
        ဖန်တီးတင်ပို့ရမယ့်အစား.. ရပ်တည်မှုအတွက် တခြားသော စီးပွားရေးလုပ်ငန်းတွေမှာ
        ဝင်ရောက် မြှုပ်နှံ လုပ်ကိုင်ခြင်းအားဖြင့် အချိန်တွေ ကုန်နေကြတယ်ဗျာ ….။

        ထားပါတော့ တေးသံသွင်းဆြာ တယောက် ဆောက်လုပ်ရေး လုပ်ငန်း ဝင်လုပ်တယ်..
        အလွယ်ပြောမယ် …ပိုက်ဆံစိုက် ပြီး ကိုယ်တိုင်ဆောက် ပြန်ရောင်းစားတဲ့ …ကန်ထရိုက်တာ ပေါ့ဗျာ..
        (ဥပမာပေးတာနော်… တိုက်ဆိုင်မှုရှိရင် ခွေးလွှတ် …)

        သည်တော့ ကန်ထရိုက်တာ မားကတ်မှာ မားကတ်ရှယ်ယာ ၁နေရာစာ ၁ယောက်စာ ပုတ်တယ်ဗျာ..
        သူ့နေရာနဲ့ သူ ရှိနေရမယ့်ဟာ ….

        အော်. ..ရယ်… ဒရိုက်ဘာ အစ စာရေးမ အလယ် အဆိုတော် ပရိုဂျူဆာ အဆုံး …
        အလုပ်အကိုင် ရှားပါးနေရှာ သကိုး …။ …ခိုးကူး နှိပ်စက်တာများပြောပါတယ် ..။

        သင်္ကြန် နီးပြီဗျာ ..သင်္ကြန်သီချင်း ကောင်းကောင်း အသစ်မထွက်တာကြာပေါ့ ….။
        သည်နှစ် သင်္ကြန်ခွေ ..နည်းမယ် ဘာညာလည်း ကြားမိရဲ့ …

        နန်းတော်ရှေ့ တို့ …မြို့မငြိမ်း တို့ကို မမီတာ .. သူတို့လောက် မတော်တာ တော့
        မပြောနဲ့ ဦးဗျာ …။ အရင်ခေတ်လောက် မကောင်းပါဘူး ကွာ… လည်း မလုပ်ကြပါနဲ့ဦး…။

        ဒီဘက်ခေတ်မှာ တူရိယာ နည်းပညာ နည်းစနစ် ..အစစ တိုးတက်နေပါတယ်ဗျာ …။
        သည်ဘက်ခေတ် ဆြာ တွေလည်း သူ့ အတိုင်းအတာနဲ့ သူ တော်ကြ ကျော်ကြပါလျက်…
        ဘာကြောင့်များ ..အသစ်မထွက်ကြသလဲ ဆိုရင်တော့ ….အင်း….။

        ကြည့်လုပ် ကြည့် ကူး ကြည့် အားပေး ကြပါဦး ကိုယ့်ဆြာတို့ ….
        နောက်များ မဏ္ဍပ်မယ် …ဖွင့်စရာသီချင်းမရှိပဲ ဖြစ်နေမှဖြင့် …………

        ထိပ်ဆုံးက ကိစ္စ အွန်လိုင်း တင်ဖို့ဘာညာ …
        တက္ကနစ်ရှင်လိုမယ် …ဘစ်ဇနက်စ် ကွန်ဆော့လ်တန့်နဲ့ …
        ဘစ်ဇနက်စ် မော်ဒယ်လ် ပါပုံစံထုတ်ပြီး လုပ်မှ ရမယ့်ကိစ္စပါဗျာ …
        အိုင်ကျုံးမှာ အကောင့်ဆောက် အပ္ပလုပ် တင် ဆိုတာနဲ့ တင် ပြီးတဲ့ကိစ္စမဟုတ်ဘူးဗျ…
        အကျိုးအမြတ်ခွဲဝေရေး ဆိုတဲ့ ကိစ္စရပ်ကြီးကလည်း ရှိနေသေးတော့ ရှေ့နေရှေ့ရပ်တွေ
        ဘာတွေနဲ့ပါ … တိုင်ပင်နှီးနှော ဖော်ဆောင်ရဖို့ ရှိလေတော့ …

        သည်ပညာရှင်တွေ ခေါ်ဖို့ ခန့်ဖို့ သုံးဖို့ မပြောနဲ့ …
        စာရေးမ ဒရိုက်ဘာ တောင် ပြုတ်ကြပါတယ်ဆိုတော့ ကာ …..

        စကားအတင်းစပ်လို့ ပြောရဦးမယ် သဂျီးရေ…
        အိုင်တီ နဲ့ ပါတ်သတ်လာလို့ပါ ….. ဈေးကွက်မကောင်းလို့…
        အိုင်တီဘက် မလုပ်နိုင်တဲ့ မြူးဇစ် တော့ ထားပါတော့ ….

        ဟော်တယ် တွေအကြောင်း ပြောမလို့ဗျို့ ….။
        တည ကို ဒေါ်လာ ၃၀-၅ဝ တန်း ယူတဲ့
        နိုင်ငံခြားသား .အလယ်အလတ်တန်းစားလောက်တည်းတဲ့
        အလယ်အလတ်တန်းစား ဟော်တယ်လောက်ပေါ့ဗျာ ….

        ကိုယ်ပိုင် ဝက်ဘ်ဆိုက် မရှိတာ ဘယ်နှခု..
        ၄-၅-၆နှစ်လောက် မတို့မထိဘဲ ..ဒိတ်အောက်နေတဲ့ဈေးနဲ့
        ဒိတ်အောက်နေတဲ့ ဆားဗစ်စ်တွေ ရေးထားတဲ့ ..ဟော်တယ် ကဘယ်နှခု …
        အဲ့ဒါလေး …ဗျာ ….

        ဟော်တယ်လုပ်ငန်းက ကိုယ့်ဆြာတို့ …
        ကျုပ်တို့မှာ ကိုယ့်ဆြာတို့ ပိုက်ပိုက်ရအောင် ခင်ဗျားတို့ ဆီ ညွှန်းပေးချင်ရင်တောင်
        ဘယ်လိုညွှန်းပေးရမလဲ .. အတော်အုံးစားရပါတယ်ဗျာ …
        တိုးကန်ပနီကတဆင့် … အဝါရောင် စာမျက်ခွက်များက တဆင့် ညွှန်းရတာလည်း ..
        အောက်ပါတယ်. ..နော..

        cnngo ကလည်းပြောထားပါတယ်
        ဒီနှစ် သွားအကြည့်သင့်ဆုံး နေရာ ၁ဝခုထဲက ၁ခုပါတဲ့ ….။
        ခေတ်မီသူတိုင်းလည်း ကျုပ်တို့ဆီ လာလာ လည်နေကြပါဘီ …။
        ကိုယ်ပိုင် ဝက်ဆိုက်လေးဆောက်တာ ပြင်တာ.. ဘယ်လောက်မှ မကျပါဘူးဗျာ ….လုပ်ကြပါ…။

        အွန်လိုင်း ဘိုကင် ဘာညာသာဒကာ မလုပ်နိုင်ရင်တောင်
        ဆားဗစ်လေးလောက် မြေပုံလေးလောက် ဒါ့ပုံလေးလောက်တော့ …တင်ကြပါ…
        အိုင်တီ ပလို မို့ အိုင်တီသမား အလုပ်ပေါလာအောင် ကျပ်ပေးတယ်မမှတ်ကြပါနဲ့ဗျာ..
        ကိုယ့်ဆြာတို့ ပိုက်ပိုက်ရမယ့် ကိစ္စမို့ပါ ….

        တော်သေးဘီ မောဘီ….
        😀
        ကျုပ်ကတော့ ခင်တဲ့
        ခင်ဗျားတို့ကတော့ ကျုပ်ကို ချဉ်မယ့်
        ဂီ

        • kai

          March 2, 2012 at 8:30 am

          ပြီးခဲ့တဲ့..တလကပဲ.. ရန်ကုန်က.. ဟိုတယ်ဝက်ဘ်ဆိုက်တခု.. အပ်ဂရိပ်လုပ်ပေးလိုက်သေးတယ်..။
          ဟော်တယ်ဝက်ဘ်ဆိုက်တွေက.. လိုတာမှ.. တော်တော်လိုနေတာ သေချာပါ့ဗျာ..

          အလုပ်အကိုင်ရှားတာလည်း မပြောနဲ့..။ တန်ရာတန်ကြေးနဲ့. အပြိုင်အဆိုင်နဲ့.. လုပ်ကိုမလုပ်ချင်ကြတာလို့.. ပြောရင်လွန်မလားပဲ..။
          အိုင်တီအလုပ်ပြောတာပါ..
          တချို့အလုပ်လေးတွေ ရန်ကုန်ကဈေးမေးမိပါတယ်..။ အိနိ္ဒယက.. ပရိုတွေထက်ဈေးများနေတာ…
          ..
          ဒါလေးဝင်ပြီး.. နှမ်းဖြုးလိုက်ကြောင်း…။

        • inz@ghi

          March 2, 2012 at 9:22 am

          ၂ဖက်စလုံး အဝဲယားနက်စ် လိုပါသည်ချင့်….
          လုပ်ကြည့်ကြရအောင် မဟုတ်ဘဲ ..ကြည့်လုပ်ကြတာပေါ့..ဖြစ်တော့လည်း ခက်သား …
          (အကွက်ဝင်တုန်း နှိပ်ထားမှ … :D)

          သည်ဘက်ကလည်း ကတ်စတမ်မာ နိဇ် ဒက်ဖနေးရှင်း အားနည်း..
          (မိုးပေါ်က ကျကျလာတာတွေချည်း အရေးများနေသကိုး …)

          ဟိုဘက်ကလည်း … လိုလို့လားကွာ … ဆိုပြီး ဘတ်ဂျက် မထား..
          အော်.. ပေးရတာ…တန်တယ်မထင် …

          ဂယ်က ဝက်ပေ့ချ် တင်မက ဘူး … ဖရန့်အော့ဖစ်စ် တွေ ဘက်ဒက်စ်တွေ
          ကွန်ပူတာရိုက်ဇ် လုပ်ပစ်ရမှာ တွေ အများကြီးမှ အများကြီး …။

          ဘာလို့ သိပ် မလုပ်ကြသေး သလဲဆို
          ကွန်ပူတာရိုက်ဇ် လိုက်ရင် (မန်းနေ့ချ်မန့်ကိုစ့် သက်သာသွားလို့) လူလျှော့မှာ ကြောက်တယ် တို့ ..
          အချို့အချို့သော အသော်ရတီလေးတွေ ၊ ပညာ ပြ အထာကိုင်တာလေးတွေ ဆုံးရှုံးသွားမှာ ကြောက်တယ်တို့ …
          အတန်းဒန့်စ် စစ်စတမ် ထည့်လိုက်ရင် ၅မိနစ်၁ဝမိနစ် နောက်ကျတတ်တာလေးတွေ ပေါ်မှာ ကြောက်တယ် တို့ …။
          သမားရိုးကျ လုပ်ထုံးလုပ်နည်းတွေကို စစ်စတမ်ပေါ် တင်တဲ့အခါ ပြုပြင်ပြောင်းလဲရမယ့်အပိုင်းလေးတွေ
          (စနစ်ကျအောင်လုပ်ရမှာလေးတွေ) မလုပ်ချင်ဘူးတို့ ….
          ဒို့တော့ မိရိုးဖလာ ဒီလိုပဲ လုပ်စားလာတာ ဒါတွေမလိုပါဘူး မောင်ရာဆိုတဲ့ ..ကမာ္ဘပြားသွားတာ မသိကြတာ တို့…
          အချို့အချို့သော …၁နဲ့ဝ ဘာမှန်းမသိတဲ့ အထက်လူဂျီး တို့ …
          မောတယ် သဂျီးရေ့….

          မာကတ္တာပီပီ ဇာတိပြဦးမှ…
          ပလို တွေရမယ် …အပျော့ထည်တွေရမယ်… ပက်ကေ့ချ်တွေရမယ် …ဘစ်ဇနက်မော်ဒယ်တွေရမယ်… ..
          ကွန်ဆော့လ်တင်းဆားဗစ်တွေရမယ်…. ဘတ်ထ် ..ဈေးတော့ မဆစ်နဲ့…
          😀
          ဒက်ဂလောက် …..ဒက်ဂလောက် …..
          (….ဆေးသောက်ဦးမှ …..)

  • ကြောင်ကြီး

    March 2, 2012 at 9:21 am

    သဂျီးလေသံနင်းပြောလိုက်မယ်… အဝါဝတ်နဲ့ အစိမ်းဝတ်လူတန်းစား နှစ်ရပ်ကြောင့်ဖြစ်တာ. ချဉ်ပါတယ်အေ…။ ထပ်ပြောရရင်တော့ သီဟိုဠ်က ဘုန်းကြီးတွေစနက်လဲပါတယ်။ မဆိုင်ဘူးလား… သိဘူးလေ..သဂျီးပြောလို့ လိုက်ပြောကြည့်ဒါ… 😀

  • surmi

    March 4, 2012 at 12:57 am

    ခင်တဲ.ဂီဂီ
    ကျွန်တော်တခုပြောမယ်ဗျာ။ တခါတုန်းက နယ်ကိုသွားရင်းကျွန်တော.ကားကပစ္စည်းတခုပြုတ်ကျ
    သွားတယ်။ကျွန်တော်ဆင်းမကောက်ခင် နောက်ကားပေါ်ကလူတယောက်အမြန်ကောက်ပြီးမောင်းပြေး
    သွားတယ်။အဲဒီပစ္စည်းက ကရောင်းကိုလှမ်းချိတ်တဲ.သံပိုက်ပဲ ။ဘယ်လောက်ရောင်းစားလို.ရမယ်ထင်လဲ?
    သူ.အတွက် ကွမ်းယာနှစ်ထုတ်ရမှာပေါ.။ကျွန်တော်ကတော. အဲဒီနေရာမှာ တစ်ညနဲ.တစ်နေ.ကြာ
    သွားခဲ.တယ်။နေရာကလည်း သချင်္ိုင်းကုန်းရှေ.တည်.တည်.။
    ကျွန်တော်ပြောချင်တာ ပိုက်ဆံနှမြောလို.မဟုတ်ဘူးဗျ ၊ မြို.သစ်ဆင်းရဲသားရပ်ကွက်တွေမှာအခွေငှား
    ကြည်.ဖို. ထမီပေါင်တယ်၊နှစ်လုံးထီထိုးဖို. ချက်ပြီးသားထမင်းအပြည်.နဲ.ထမင်းအိုးလိုက်ပေါင်တယ်။
    ၇၀ဝ ဆိုတဲ.ပမာဏ ကများလို.မဟုတ်ဘူးဗျ ။အလွယ်ရရင်လက်ယားတယ် လို.ဆိုသလိုဘဲ စိတ်ဓတ်
    တွေကို တော်တော် ပြင်ယူရမှာ ..။ ဘယ်လောက်ကြာနေမှန်းမသိ အရိုးစွဲနေတဲ.စရိုက်ဆိုးတွေနဲ.
    တော်တော်စိတ်ပျက်စရာဘဲ။တစ်ခုခုဝယ်ရင်ဈေးဆစ်တတ်တဲ.အကျင်.ရယ်၊ အပိုအဆစ် ထပ်တောင်းတဲ.
    အကျင်.ရယ်၊ အလကားရရင်အသုံးဝင်ဝင် မဝင်ဝင် လိုချင်တတ်တဲ.အကျင်.တွေအရင်ပြင်ရလိမ်.မယ်ဗျို.။

    (ဂျလေဘီအဆစ်တောင်းလို.စိတ်ဆိုးပြီးရင်ဖွင်.လိုက်တာ)

Leave a Reply