ရေဒီယို၊ ရုပ်သံ ဟောပြောမှု ကန့်သတ်ချက် ပါတီများ ဝေဖန်

ဘဲဥMarch 1, 20121min843

နိုင်ငံရေး ပါတီများ၏ မူဝါဒများကို ရေဒီယို၊ ရုပ်သံ အစီအစဉ်များမှ ဟောပြော တင်ပြခွင့်ပြုရာ၌ ကန့်သတ် ထားမှုများအပေါ် ပါတီများက ဝေဖန်လိုက်သည်။

ဧပြီလ ၁ ရက်နေ့ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ အချက် ၈ ချက်ပါ ကြေညာချက် ၌ ကန့်သတ်ထားခြင်း ဖြစ်သည်။

၂၀၁ဝ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ ရုပ်မြင်သံကြားမှ ဟောပြောနေစဉ်(ဓာတ်ပုံ – NLM)

နိုင်ငံရေးပါတီ တခုခု၏ စည်းရုံးဟောပြောမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ ဖွဲ့စည်းပုံ ဥပဒေနှင့်တည်ဆဲဥပဒေများအား လိုက်နာလေးစားမှု မရှိခြင်း၊ လူမျိုးရေး၊ ဘာသာရေး လူပုဂ္ဂိုလ် တဦးဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေးကို ထိခိုက်စေခြင်း စသည့်တို့အား တခုခု ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေအရ အရေးယူ ခံရမည်ဟု ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် က ဆိုသည်။

သတ်မှတ်ချက်အား မလိုက်နာသည့် ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခံရမည်ဖြစ်ပြီး ပါတီ ဖျက်သိမ်း ခံရနိုင်သည်။ ထိုကြေညာချက်အရ ဟောပြောခွင့် ၁၅ မိနစ်အချိန်ရမည်ဖြစ်ပြီး ယခင် နအဖ စစ်အစိုးရ လက် ထက်၂၀၁ဝ ရွေးကောက်ပွဲ ကြေညာချက် နှင့် ထပ်တူ ဖြစ်သည်။

လက်ရှိအစိုးရသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်လုပ်ဆောင်နေပြီ ဖြစ်၍ ယခုကဲ့သို့ ကန့်သတ်မှုများ လုပ်ဆောင်ခြင်းသည် မသင့်လျော်သော လုပ်ရပ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောဆို သည်။

“ကျနော်တို့ပါတီအနေနဲ့တော့ ပြည်သူလူထုကို အကျိုးမပြုတာ မှန်သမျှကို ဖယ်ဖျက်ဖို့ ကိစ္စဟောပြောသွားမှာပါ၊ ဥပမာ-၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ ပါတီရဲ့ အဓိကမူဝါဒ ဖြစ်လို့ ကန့်သတ်ထားရင်လည်းပဲ ပြောရမှာပဲ”ဟု ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အဓိကထား၍ ပြည်သူလူထုအား မဲဆွယ်စည်းရုံးလျက် ရှိသည်။

နိုင်ငံရေးပါတီများသည် မိမိတို့ဟောပြောလိုသည့် အကြောင်းအရာများကို စာမျက်နှာ ရ မျက်နှာဖြင့် အနည်းဆုံး ရ ရက် ကြိုတင် ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ထိုတင်ပြချက်အား ပြန်ကြားရေး ဝန်ကြီး ဌာနနှင့်ညှိနှိုင်း၍ ခွင်ြ့ပုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်ကြောင်း ကြေညာချက်၌ ရေးသားထားသည်။

ရေဒီယို၊ ရုပ်သံများမှ ပြောဟောစည်းရုံးခွင့် ရခြင်းကို ကြိုဆိုသော်လည်း စိစစ် ပယ်ချမှုတို့ကြောင့် အချိန်ကုန်ပြီး အပြည့်အဝ ဟောပြောခွင့်မရဟု ၂၀၁ဝ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေ က ပြော သည်။

“ရ ရက် ကြိုတင်ရတော့ စိစစ်မှုများတယ်၊ ၂၀၁ဝ ရွေးကောက်ပွဲ တုန်းကလည်းပဲ ပထမတကြိမ်တင်တာ မူဝါဒတွေနဲ့ မကိုက် ညီ ဘူး ဆိုပြီးတော့ ပယ်ချခံခဲ့ရတယ်၊ နေပြည်တော်ကို နောက်တခေါက် ထပ်သွား တင်ခဲ့ရတယ်”ဟု ဦးသုဝေ က ဆိုသည်။

စိစစ်ကန့်သတ်မှုများပြီး ငွေကုန်ကြေးကျ များပါက ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောမှု မလုပ်ဆောင်တော့ကြောင်း၊ ကြေ ညာချက် ကန့်သတ်ထားသော်လည်း ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရမည်ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေး က ကတိပေးထားသည့် အတိုင်း ဆောင်ရွက်ကြမည်ဟု မျှော်လင့်ရကြောင်း ဦးသုဝေ က ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)ကမူ ထုတ်ပြန်ချက်အား ကန့်သတ်မှုဟု မယူဆဘဲ ရသည့် အခွင့်အရေး အပေါ်အခြေခံ၍ အများ ကောင်းစားရေး မူဝါဒ အတိုင်း စည်းရုံး ဟောပြောသွားမည်ဟု ပါတီ၏ ပြောခွင့်ရသူ ဦးဟန်ရွှေ က ဧရာဝတီ ကို ပြောသည်။

“လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် အစား လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ရရေး ကိစ္စ၊ လယ်သမားအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရ ရေး ကိစ္စတွေကို အဓိက လုပ်ဆောင်ပေးဖို့ ဆိုတာတွေကို စည်းရုံးဟောပြော သွားမယ်”ဟု ဦးဟန်ရွှေ က ဆိုဟည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံရေးဆွဲထားသည့် လယ်ယာမြေဥပဒေကြမ်းအား လွှတ်တော်အစည်းအဝေးများ၌ ပြီးခဲ့သည့်လ အနည်း ငယ် က အတည်ပြုခဲ့ရာတွင် လယ်သမားတို့၏ ရပိုင်ခွင့်များကို ကန့်သတ်ထား၍ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

တစည ပါတီသည် ၂၀၁ဝ ရွေးကောက်ပွဲ၌ အခက်အခဲ၊ အတာအဆီး ကန့်သတ်မှု မရှိဘဲ မူဝါဒသဘောထားများကို စည်းရုံး ဟော ပြောနိုင်ခဲ့ကြောင်း၊ ၎င်းတို့၏ အများကောင်းစားရေး မူဝါဒ၌ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား လူငယ်များနှင့် အမျိုးသမီး ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဟန်ရွှေ က ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာရှိပြီး နိုင်ငံရေးပါတီ ၁ရ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ကော်မရှင် ၏ ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နအဖ စစ်အစိုးရ ဦးဆောင်ကျင်းပသည့်၂၀၁ဝ ရွေးကောက်ပွဲ၌ ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောကြမည့် ဒီမိုကရက် တစ် ပါတီ အများစု၏ မူဒဝါဒများ၊
စည်းရုံး ဟောပြောမှုများ၊ တင်ပြခဲ့သည့် အချက်အလက် အများစုကို ပယ်ဖျက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

3 comments

  • TITAN

    March 1, 2012 at 10:53 pm

    irrawaddy မှကူးယူဖော်ပြပါသည်

  • ကိုတိုက်တန်ရေ……. ခုတခါအလှည့်အပြောင်းမှာ NLD အနေနဲ ့ရင့်ကျက်တည်ငြိမ်နေပါပီ။
    သာကူးတွေရဲ ့အခြေအနေကိုလဲထည့်တွက်ထားလေတော့ တင်းကျပ်တဲ့ စည်းကမ်းတွေထဲ
    ကနေ အကောင်းဆုံးဖော်ဆောင်နိုင်မှာပါ။ဒီအတွေ ့အကြုံကို နှစ်(၂၀)ကျော်ခါးစည်းခံပြီးယူ
    ထားရတာလေဗျာ။

    ဦးဝင်းတင်ပြောသလိုပေါ့ဗျာ…….

    ကျနော်တို့ပါတီအနေနဲ့တော့ ပြည်သူလူထုကို အကျိုးမပြုတာ မှန်သမျှကို ဖယ်ဖျက်ဖို့
    ကိစ္စဟောပြောသွားမှာပါ၊ ဥပမာ-၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ ပါတီရဲ့ အဓိကမူဝါဒ
    ဖြစ်လို့ ကန့်သတ်ထားရင်လည်းပဲ ပြောရမှာပဲ”ဟု ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။

  • water-melon

    March 2, 2012 at 6:47 am

    အမလေးတော်
    ကိုယ့်နိုင်ငံတိုးတက်ဖို့လုပ်နေတာကို ပိတ်ပင်တဲ့ 狗 ကောင်တွေက ရှိသေး
    ဘာဖြစ်ချင်နေတာလဲတော်ရေ ပြည်သူတွေကို ခွက်တလုံးပေးပြီး တောင်းစားခိုင်းလိုက်ပါလား
    သူတို့ဘဲ မျိုစို့ချင်နေတာ ပြည်သူတွေကိုလည်း တခါလောက်တော့ ဝဝလင်လင်နေထိုင်စားသောက်ခွင့်ပေးပါအုန်း။

Leave a Reply