သံတွဲစည်ပင်မှာ N G O ကော်မတီဖွဲ့လိုက်ပြီ

kyawkyaw11March 2, 20121min944

1-3-2012 နေ့မှာ နိုင်ငံတော်ကညွန်ကြားမှုဖြင့် ရပ်မိရပ်ဖများပါဝင်သည့်
NGO အဖွဲ့ကိုဖွဲ့စည်းလိုက်တာပါ
ဒီအဖွဲ့က မြို့စည်ပင်သာယာရေးအတွက် အာဏာပိုင်တွေနဲ့ညှိနှိုင်းတိုင်ပင်ပြီး
ဦးဆောင်ဦးရွက်ပြုလုပ်ကြရမှာဖြစ်ပါတယ်လို့သိရပါတယ်
စည်ပင်လေလံ
စည်ပင်လိုင်စင်
စည်ပင်အခွန်အခတွေ
စသည့် စည်ပင်နှင့်ပတ်သက်သည့် ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်ရမှာပါ
ဥက္ကဌ တော့ ဦးစိုးမြင့်ပါ
နောက်အဖွဲ့ဝင်ငါးဦးနဲ့ပါ
ကျွန်တော်တို့ဒေသခံတွေအနေနဲ့ကတော့ ဦးတင်လေးကို ဥက္ကဌ တင်ချင်ပါတယ်
ဦးစိုးမြင့်ကြတော့ မြို့နယ်ကော်မရှင်မှာဥက္ကဌ လုပ်နေတော့ အများအကျိုးကိုဆောင်ရွက်တဲ့နေရာမှာ
လူတွေက အမြင်စောင်းမှာ/ အထင်လွဲမှာကိုကြောက်ရပါတယ်
ဒီကိစ္စက မြို့လူထုအတွက် အနစ်နာခံပြီးလုပ်ရမယ့်ကိစ္စပါ
အဓိက ကတော့ ဒီအလုပ်တွေမှာ အခွန်တွေမျးများရအောင်လုပ်ဖို့ထက် ပြည်သူတွေ
ဈေးသက်သက်သာသာနဲ့ ရောင်းဝယ်၊ ဖေါက်ကား၊ စီးပွားရှာ စားသောက်နိုင်ဖို့အရေးကြီးပါတယ်
လေလံတွေကဈေးကောင်းတယ်ဆိုပြီး အပြိုင်အဆိုင်ဆွဲ နောက်ဆုံးတော့ လေလံဈေးကြီးလို့
အခွန်အခတွေများများကောက်တာမျိုးမဖြစ်အောင် (ဥပမာ ဈေးကောက်လိုဟာမျိုးလေလံဈေးကြီးလို့
ဈေးကောက်ဈေးမြင့်ရတယ်ဆိုဒါမျိုးတွေ) မဖြစ်ရအောင် လေလံတွေကို ကြိုက်သလိုဆွဲ
လက်ခံတယ် ဈေးကို နှိုငံတော်ကသတ်မှတ်ပေးတဲ့ဈေးထက် တစ်ကျပ်တောင်ပိုကောက်လို့
မရအောင် ဒီအဖွဲ့ကတိတိကျကျဆောင်ရွက်ပေးရမယ်
ဒီလုပ်မဟုတ်ပဲ ယခင်နှစ်တွေကလိုပြန်ဖြစ်လာမယ်ဆိုရင်တော့ လူထူတွေနဲ့ပူးပေါင်းပြီး
ထိရောက်တဲ့ဆောင်ရွက်မှုမျိုးတွေကိုလုပ်သွားမှာပါ
နိုင်ငံတော်သမ္မတကြီး ဒီနေ့ပြောသွားတဲ့မိန့်ခွန်းမှာလဲပါ ပါတယ်
ဥပဒေနဲ့အညီ ကိစ္စအဝဝတွေကို ပြည်သူလူထုအတွက် ဆောင်ရွက်ပေးသွားမှာပါဆိုတာတွေကို
တိတိကျကျလိုက်နာဖို့လိုပါတယ်
ဒါကြောင့် ဘယ်သူဘဲလုပ်လုပ် ပြည်သူတွေအတွက်လုပ်ပေးပါလို့
တောင်းဆိုပါရစေ—
ဒီမှာစကားညှတ်ကလေးပြောရှင်ပါသေးတယ်
ကျွန်တော်တို့မြို့က ကပ်ဖားထွန်းသန့်ကျော်လဲ ဒီအဖွဲ့မှာ ဥက္ကဌဝင်ရွေးတာ လူတစ်ဦးကကန့်ကွက်
ပယ်ချလို့ ပြန်လာခဲ့ရဆိုဘဲ
ဂေဇက် ရွာသားများကျမ္မာပါစေ—————

4 comments

  • အင်း ဖွဲ ့တဲ့သူတွှေကဖွဲ ့၊ကွဲတဲ့သူတွေလဲကွဲကြ၊ခွဲကြနဲ ့။မပြီးနိုင်တော့ဘူး။
    ဒီ သံတွဲဆိုတဲ့မြို ့ကလဲ ခက်ခက်ပါဗျာ။အဖွဲ ့ရယ်လို ့မဖွဲ ့လိုက်ပါနဲ ့ဒေသ
    အာဏာပိုင်တွေမပါလို ့မရှိရယ်၊အာဏာပိုင်ပါတယ်ဆိုတဲ့ သူတောင်းစား
    တွေက သူတို ့ဟာပြည်သူရဲ ့အစေခံဖြစ်တယ်၊ပြည်သူတွေက သာအာဏာ
    ပိုင်ဖြစ်တယ်ဆိုတာ ကိုနားလည်ထားသင့်တယ်။အဲတော့ဗျာ ဘာအဖွဲ ့ဘဲဖွဲ ့ဖွဲ ့၊
    ဘာတွေဘဲလုပ်လုပ်ပေါ့ ဌာနဆိုင်ရာက သူတောင်းစားတွေ မပါရင်ပြီးရောပေါ့
    ဗျာ။

  • ချာလီဂဇက်ဒလဝမ်

    March 30, 2012 at 7:25 pm

    အောင်မာ သူနဲ့ မဆိုင်သလိုလို ဘာလိုလို
    ဘာပြောပြော ဘယ်သူဘာလုပ်လုပ် အစောင့်ဒလဝမ် သိနေတာ
    မင်းပြောတဲ့ ကယ်ပါယူပါ တစာစာ သူတောင်းစား အဖွဲ့ ပါကိုပါဦးမှာ

  • gwa toe

    March 30, 2012 at 8:15 pm

    ဈေးမီလောင်ပြီး ဈေးသစ်ဆောက်ဖို့ကိစ္စကလဲအဆင်မပြေ လေ တော့စည် ပင် အင်ဂျူရိုအဖွဲ ့ ဆီေဂါင်းတပ်ပြီး
    သူတို့လုပ်ချင်တာကို လုပ်မယ် အဖွဲ့ဖြစ်ပါတယ်

  • Gipsy

    March 30, 2012 at 10:25 pm

    လုပ်ချင်တာလုပ်လို့ ကျုပ်တော့မခံဘူး ဟေ့..
    သူတို့ပဲ ခံလိမ့်မယ်….။ :mrgreen:

Leave a Reply