လွယ်ကူသက်သာနည်းလမ်းရှာ ( ၂ )

မြသဲ ( 17082011 )March 2, 20121min1707

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။

ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည်
ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။

ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။

မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၄။ အကျႌမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။

မရိုက်ပါနဲ့ဗျာ။ အဲဒီအကျႌကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။

အကျႌ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁ဝ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။
အကျႌကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ
မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ ဪ၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။

သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် –

ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် –

ပီကေဝါးပါ (လို့ပြောတာပဲ)။
၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် –

အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အကျႌမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။
အလွယ်လေးပါ။

မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။

သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

အိမ်လွမ်းသူဆိုဒ်မှကူးဝေမျှပါသည်။

7 comments

  • water-melon

    March 2, 2012 at 8:02 am

    ၁ ပုရွတ်ဆိတ်တွေက သခွားသီးဘဲကြောက်တာလား ဖရဲသီးကိုရောမကြောက်ဘူးလား
    ၂ ရေကို ဘယ်လိုကြိုရမှာလဲ မင်္ဂလာပါ ကြိုဆိုပါတယ်လို့လား
    ၃ အရက်ပျံမဝယ်နိုင်လို့ သဂျီးဆီက ကြိုငွေလေးထုတ်အုံးမှ
    ၄ အကျႌမှာ ပီကေတွေကပ်လာရင် အသစ်ဝယ်လိုက်မယ်နော့်
    ၅ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါလား ပင်မင်းအပ်လိုက်ပါ
    ၆ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။ တူနဲ့ထူပါ။မရသေးရင်လမ်းကြိတ်စက်ခေါ်ပါ
    ရ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် ပေါင်မုန့်ကဘာပေါင်မုန့်ထည့်ရမှာလဲဟင်
    ၈ ကြက်သွန်လှီးရင် မငိုရအောင် မျက်မှန်တပ်လှီးပါ
    ၉ အာလူးပြုတ်တာ အမြန်နူးချင်ရင် မီးများများထည့်ပါ
    ၁ဝ ရှပ်အကျႌမှာ မင်တွေစွန်းလာလို့ စိတ်မညစ်ပါနဲ့ ပင်မင်းဆိုင်မှာ အစွန်းသွားချွတ်ပါ
    ၁၁ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။ စက်နဲ့နွှာပါ
    ၁၂ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။ ကြွက်ပြေးစက်ဝယ်ထားပါ

    အမလေး မောလိုက်တာ ဖရဲလက်တွေ့စမ်းတပ်ပြီးတော့ နည်းလမ်းကောင်းများ
    လက်တွေ့သုံးကြည့်ပါ။ အဆင်ပြေကြောင်းမုချတွေ့ပါလိမ့်မယ် :mrgreen:
    အမကြီး သဲနုရေ ရှဲရှဲပါ။

    • MaMa

      March 2, 2012 at 10:44 pm

      အိမ်ရှင်မအစစ်ကြီး ဖရဲမင်းသမီးပေးတဲ့ ဒီနည်းတွေကမှ တကယ့်လက်တွေ့နည်းလမ်းကောင်း 😆

  • ငပွကြီး

    March 2, 2012 at 9:41 am

    အမဲသားလိုမျိုး ၂ ရေ ၃ ရေချက်ရတဲ့ဟင်းချက်ရင် အိုးအဖုံးပေါ်မှာ ဖဲချပ် ကိုမှောက်ပြီးတင်ထားရင် ၁ ရေထဲနဲ့နူးပါတယ် ( ဒဲ့ )
    မြွေ လာမှာကြောက်ရင် ရှားဖြူသီး ကြဲထားရင်မလာပါဘူး ( တွတ် )

  • နံပါတ် (၁) အချက် …
    အကုသိုလ် များလိမ့်မည် ဖြစ်၏ …
    နံပါတ် (၂) အချက် …
    အကုန် ကောင်းမွန်သော နည်းလမ်းဖြစ်ကြောင်း ထောက်ပံပါ၏။ အဘယ်ကြောင့်ဆိုတော် တုံး ဟူသော စကားလုံး ပါ၍ ဖြစ်၏ … 😀
    နံပါတ် (၃) အချက် ….
    အရက်ဆို ဝေါင်ဝေါင်ရှေး … အရက် ဆိုတဲ့ စကားလုံးကို သုံးတောင် သုံးတတ်ဘူး … ဂယ်ပါ .. 😀
    နံပါတ် (၄) အချက် ….
    ဒီဘဝ မိန်းမ ယူတော့ဘူး … ဒါကြောင့် လိုတော့ဘူးထင်တယ် .. 😀
    နံပါတ် (၅) အချက် …
    စမ်းတော့ဘူးနော် … ။ သူများ စမ်းပြီးမှပဲ တို့လည်း လိုက်လုပ်ကြည့်ရမယ် ….
    နံပါတ် (၆) အချက် ….
    အမငီး သံပုရာသီး ဖျော်ရည် လုပ်ရောင်းရင်တော့ မွဲမှာ ကျိန်းသေတယ် …
    နံပါတ် နံပါတ်များ ……………
    မောလာပြီ … ။ ထပ်ပြောတော့ဘူး ….။ ဟူး … ဒီအချိန် ဖရဲသီးဖျော်ရည် အေးအေးတစ်ခွက် သောက်လိုက်ရရင်ဖြင့် သေပျော်ပါပြီ … ဟီဟိ .. 😀 😀

    အတိုကြီးရေ … နောက်တာနော် …
    နံပါတ် ၅ နည်းလမ်းလေးကိုတော့ စမ်းကြည့်လိုက်ဦးမယ်လို့ ……
    ကျေးကျေး …

  • snow white

    March 2, 2012 at 6:31 pm

    မမသဲနု ကောလုပ်ကြည့်လေ
    မမသဲနုကအရင်လုပ်ကြည့်ပြီးမှအဆင်ပြေတယ်ဆိုမှ မန်းဂေဇက်အဖွဲ့သားတွေလည်း မမသဲနုပြောတဲ့ နည်းတွေလိုက်လုပ်ရဲမှာပေါ့

  • snow white

    March 2, 2012 at 6:35 pm

    မမသဲနု ကောလုပ်ကြည့်လေ
    မမသဲနုကအရင်လုပ်ကြည့်ပြီးမှအဆင်ပြေတယ်ဆိုမှ မန်းဂေဇက်အဖွဲ့သားတွေလည်း မမသဲနုပြောတဲ့ နည်းတွေလိုက်လုပ်ရဲမှာပေါ့ မမသဲနု

Leave a Reply