ဂျပန် ပါးရိုက်ခံရတဲ့ မြန်မာ အမျိုးသမီး အတွက် အမိန့်စာ

ဆူးMarch 2, 20121min36321

မအေးအေးကြည်အား ပါးရိုက်ခဲ့သူ ဂျပန်နှင့်ပတ်သက်ပြီး နုိုင်ငံခြားရေးဝန်ကြီးဌာန အရေးယူထားခြင်းအမိန့် (အီးမေးမှရောက်လာသည့် စာ)
ဘီဘီစီ ဝင်းမြင့်

http://www.facebook.com/photo.php?fbid=10150577938401577&set=a.292323291576.151011.273919856576&type=1&theater

မှ ကူးယူ တင်ပြပါသည်။

21 comments

  • water-melon

    March 2, 2012 at 12:22 pm

    不错不错
    狗日本
    得到了我的国家 :mrgreen:

    • ဟေ့ .. လူကလေး ဗြဲ
      မင်း တောင်ပေါ် ရှမ်းလား ..
      တောင်အောက် ရှမ်းလားဝေ့ …….
      မင်း ရေးထားတာတွေ တီခုမှ နားလည်ဘူးဟေ့ ….
      😀
      ___________________________________________
      ဟေ့လူ ကိုဆူး ….
      အခုလို ရှဲတာ ကျေးကျေးပါလို့ … 😀

      • water-melon

        March 2, 2012 at 12:42 pm

        တောင်ပေါ်ကလည်းမဟုတ်
        တောင်အောက်ကလည်းမဟုတ်
        တောင်လယ်ကပါ 😆

        • အယ် .. အလယ်ကဆိုဒေါ့ …
          တောင်ထိပ်မှာ နေတာနဲ့ တူတူပေါ့ ….
          ဝုတ်တယ် မဝုတ်လား ……… 😀

    • Diamond Key

      March 2, 2012 at 12:56 pm

      从我们的国家,西瓜走出这狗 :mrgreen:

    • ဆူး

      March 2, 2012 at 2:24 pm

      တရုတ်လို ကြုံးဝါးမနေနဲ့ ဂျာပွန်လို ကောက်ဝါး။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 2, 2012 at 12:52 pm

    Bravo……
    Mrs.Hsu Thank you for your post.
    ဂျပန်တွေ ဘိရုမာလေဒီကို စော်စော်ကားကားပါးရိုက်ခဲ့တယ်။
    ဘိရုမာတရားရေးချိန်ခွင်က မြန်မာပြည်ဝင်ခွင့်ပိတ်တယ်နော်။ ဂျပန်ကမှောင်ခိုလမ်းကဝင်တတ်တယ်။
    တရုတ်လည်းလာတယ်။ကုလားလည်းလာတယ်။မြန်မာအမျိုးသမီးများကိုယူတယ်။မြန်မာပြည်မှာစီးပွားရှာတယ်။မြန်မာတွေစိုက်တဲ့ဆန်စပါးတွေကိုစားတယ်။ပြီးရင် မြန်မာလူမျိုးတွေကိုစော်ကားမော်ကားလုပ်တာအား
    ကြီး ။ ပြည်နှင်ဒဏ်လောက်နဲ့တော့ရှမ်းပြည်သားတို့ ကျေနပ်နိုင်ဘူး ဒီလိုလူမျိုးတွေ တေတင့်တယ်။

  • inz@ghi

    March 2, 2012 at 12:53 pm

    သံရုံးကနေ စကားပြန်နဲ့ အတူ ဟိုတယ် ကို ပြန်လာတဲ့အခါ ..
    ဟိုတယ် တာဝန်ခံ နဲ့ စကားပြော အဆင်မပြေ ဆိုတာလေးကို
    သွားတွေ့လိုက်တော့ …..

    သိချင်တာလေးက .. ပါလာတဲ့ စကားပြန်ဆိုတာ သံရုံး ဝန်ထမ်း
    (မြန်မာလူမျိုး) ဖြစ်မလား ..???

    စကားပြောအဆင် မပြေဖြစ်လို့ သံရုံးက ဟိုတယ်ကို တရားဆွဲတယ် ဆိုတော့ ….
    (ဟို ဂငယ်ကောင် အနေနဲ့ ဆွဲတာ မဟုတ်ဘူးနော…)

    ကာယကံရှင် ဂငယ် ကို ဘလက် လစ်စ် လိုက်ယုံနဲ့တော့ ပြီးသွားမယ့် ပြဿနာ
    မဟုတ်ဘူး လို့ ထင်ရဲ့ ….။

    သူ့ အလွန် ကနေ ကိုယ့်အလွန် ဖြစ်သွားမှာလေး တွေးပူမိသေး ဗျာ ….။

    အော်….ရယ် …
    တာဝန်ခံ ဆိုတဲ့ ပုဂ္ဂိုလ်ရယ် …

  • chityimhtoo

    March 2, 2012 at 4:24 pm

    さようなら。それでは。

  • MAUNG

    March 2, 2012 at 5:01 pm

    နိုင်ငံခြား သား မြင်တိုင်း နာမည် ရှေ့ က Mr ကတပ်ခေါ် တာစိတ် ပိန်လွန်း လို့ ။ ခေါ်သင့် ခေါ်ထိုက် တဲ့သူ ကို ခေါ်တာ မပြော လို ပါဘူး း(

  • နေဝန်းနီ

    March 2, 2012 at 7:52 pm

    ဟိုက် ! ထိပ်တန်းလျိုဝှက် အောက်ခြေပေါက်ကြားဆိုတာ ဒါကိုပြောတာထင်ပါ့

  • htoosan

    March 2, 2012 at 9:19 pm

    ဖေဖော်ဝါရီ ၉ ရက်မှာ အဲ့ဒီ့ နိုင်ငံခြားရေး ရုံးကနေ စာထုတ်ထားပေမဲ့ eleven မှာ ဒီ သတင်း ပါနေတယ် ဆိုတော့ နောင် တော့ ဝင်လို့မရဘူး ။ အခုတော့ တရားစွဲထားတဲ့ အတွက် နေခွင့် ရနေတယ် ထင်တယ် ။

    http://www.first-11.com/index.php?option=com_content&view=article&id=12479:orchid-hotel-&catid=43:2009-11-10-07-39-09&Itemid=111

    Orchid Hotel မှ မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံသားတို့ နှစ်ဦးအပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ပုဇွန်တောင်တရားရုံးမှ စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

    ပုဇွန်တောင်တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကို တရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်က ခေါ်ယူခဲ့ပြီး၊ နှစ်ဘက်မှ အကျိုးဆောင်မည့်ရှေ့နေ့များက ကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက် ရန် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း၊ စကားပြန်များထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းအရင်းများ ကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင် စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။

    ပုဇွန်တောင်မြို့နယ် တရားရုံး မှ ဖေဖောဝါရီလ ၂၂ ရက်နေ့တွင် နှစ်ဘက်တရားခံ၊ တရားလိုများကို နံနက် ၁ဝ နာရီအချိန် ချိန်းဆိုခဲ့သော်လည်း မြန်မာအမျိုးသမီးဖြစ်သူ Orchid Hotel မှဒေါ်……(၂၄)နှစ်မှ တရားရုံးသို့ ယင်းနေ့နံနက် ၁ဝ နာရီ အချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ အလားတူ ဂျပန်နိုင်ငံသား ……..(၅၇) နှစ်ဖြစ်သူမှာ တရားရုံးသို့ နံနက် ၁၁ နာရီအချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

    မြန်မာ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်…….(၂၄)နှစ်မှ ဂျပန်နိုင်ငံသား …….(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းအရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပမှ မိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ် စည်းကမ်းအရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာမှ၊ဂျပန်နိုင်ငံသား……. မှ မကျေနပ်၍ ဒေါ်……..အား ပါးရိုက်သည့်အတွက် ဒေါ်……မှ ဂျပန်နိုင်ငံ သား…….အပေါ် အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

    အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ်ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာမပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြစ် အမှုဖွင့်ပြီး တိုင်ကြားထားခြင်း ဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရသည်။

    ဒေါ်…….(၂၄)နှစ်မှ ဂျပန်နိုင်ငံသားအပေါ် အရေးယူပေးရန် တရားလိုပြုတိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း (ပ)၁၈/၁၂၊ ပုဒ်မ- ၃၂၃/ ၃၅၄ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံသား….. (၅၇) နှစ်မှဒေါ်…..(၂၄)နှစ်နှင့် အပေါင်း အပါများအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း(ပ)၂၃/ ၂၀၁၂၊ ပုဒ်မ ၃၄၁/ ၅၀၆ ဖြင့် ဖေဖော်ဝါရီလ ၁ ရက် နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။

  • ဦးဦးပါလေရာ

    March 3, 2012 at 12:14 am

    အမည်ပျက်စာရင်းသွင်းတယ်ဆိုတာ ဥပဒေအရအရေးယူတာမဟုတ်ပါဘူး။
    နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သူ့လုပ်စရာကိုသူလုပ်တာပါ။
    ဥပဒေအရတော့သပ်သပ် အရေးယူရမှာပေါ့။
    နိုင်ငံ့အကျိုး သူ့အကျိုး ကိုယ့်အကျိုးတွေထောက်ရင်
    ဆိုင်းငံ့ထောင်ဒါဏ် နဲနဲချပြီး ပြည်နှင်ဒါဏ်ပေးသင့်တယ်ထင်ပါရဲ့။

  • သော်ကြီး

    March 3, 2012 at 12:21 am

    သည်းခံခြင်းတရားနဲ့ ခွင့်လွတ်လိုက်ရင်ကောင်းမလား။ ဆန္ဒတွေကို မေးကြည့်တာပါ။ မြတ်စွာဘုရားသခင်က ဆုံးမ ဩဝါဒပေးထားပါတယ်။ သည်းခံခြင်းသည် အောင်မြင်ရာ၏ တဲ့။

  • သော်ကြီး

    March 3, 2012 at 12:23 am

    မျိုးချစ်စိတ်မရှိလို့တော့ မဟုတ်ပါ။ အရှည်ကိုကြည့်ခြင်းဖြစ်ပါသည်။

  • a me

    March 4, 2012 at 5:17 pm

    တရုပ်လို မရေးနဲ့လေ အေမီ တို့ ဘယ်နားလည်ပါမလည်း

  • bigchef

    March 4, 2012 at 6:28 pm

    Water melon ရေးထားက ပုချော့ ပုချော. ကိုး ရိ ပိ်န်း တဲ. သောင် လော ဝေါ တဲ ကော့ကြား တဲ့။ဆာ သော ့ က ချုံ ့ ဝေါ် မိန် တဲ ကော ကြား စီးကွား ကျိုး ချု ကျဲ ့ ကိုး တဲ့။ ကိုယ်ဘာသာ ကို ဘာသာ ပြန် ကြ။ း)

  • intro

    March 5, 2012 at 11:59 am

    လျှို့ဝှက်သာ ဆိုတယ်၊ အင်တာနက်ပေါ် ရောက်လာပါလား

Leave a Reply