အခုတစ်လော ပို့စ်မော်ဒန်၊ ဆာရီရယ်လစ်ဈင်သမား ၊ အလယ်အလယ်လမ်းဈင်ဝါဒီ ပိုင်ရှင် ဆြာကမ်းကြီး ဘွင်မကျ ဖြစ်နေဒါဒွေ အများကြီးပဲ . . .။ လူဒွေ လူဒွေ . .သိပ်ခက်တယ် . . .။ မနက်မိုးလည်း အိပ်ရာထ ကတည်းက ပြောလိုက်ကြတဲ့ ဒီမိုကေစီ . .ဒီမိုကေစီ . . .ဒီမိုကေဒီ ရဒယ်ဆိုဒါ အာကာထက်က ဘောလုံးကွင်း လောက်ကြီးဒဲ့ ဘုံးကြီးတစ်လုံး အုံးကနဲ ကျလာသလိုများ မှတ်နေဂျလား မသိ . .။

သောက်စည်းကမ်းကြတော့ တဇက်မှ မချိကြဘူး။ ကြည့်ပါလား . . . ဆြာကမ်းတို့ ရုံးရှေ့မှာ မျဉ်းကျားတစ်ခု ရှိတယ်။ မျဉ်းကျားဆိုမှဒေါ့ လူကူးဖို့ထားတာပေါ့ . . ။ မြင်းကူးဖို့ထားဒါမှ မဟုတ်တာ။ ဘာလုပ် အားအားလျားလျား ကတ္တရာလမ်းဂျီးကို ဘယ်အရူးက ဗဂျီဆွဲထားမှာဒုံး . . ။ ဒါပေသိ ဘသူ ကူးဒုံး . . .။ ဘယ်သူမှ မကူးဘူး . . .။ ဆြာကမ်းတစ်ယောက်ပဲ ပေါကြောင်ကြောင် ဂေါက်တောက်တောက်နဲ့ အိုက်ဒီကနေ သွားသွားကူးနေရတယ်။ မတတ်နိုင်ဘူး ။ ကားတိုက် သေချင်သေဘဇေ . .။ ကူးမှာပဲ . .။ အွင်း တဂယ်လို့ ကျုပ်ကူးနေတဲ့ အချိန်ကားသမား က အရှိန်မလျှော့ရင်လား ဆဲမှာပဲ . . ။ ပစ်ပစ်နှစ်နှစ်ကို ဆဲမှာ . . .။ထွေးမတား မျဉ်းကျားမှာ အရှိန်လျှော့ရမှာ မင်းနားမလည်ဘူးလား ဘာလားပေါ့ . .။ ပြင်ညာ မတတ်လို့ ဂရေကျူရိတ်မဟုတ်လို့ အိုက်ဒီ မျဉ်းကျားဆိုဒါကြီးက တကူးတက သွားကူးဖို့ ဘယ်သိပါ့မလဲတော့ မပြောနဲ့ . . .။ သောက်ကျင့်ကိုက သောက်ပျင်းထူပီး မကူးချင်ကြတာလေ။ ကျူပ်သေချာကြည့်ထားတာ။ အိုက်ဒီ အထက်တန်းလွှာဆိုတဲ့ ဟာဒွေ က ပိုတောင်ဆိုးသေး ဒယ် အိုက်ဒီမျဉ်းကြားဆိုဒါဂျီးရှေ့က ဖြတ်သွားပီး ကျော်သွားကူးဒါ ။ ကူးချင်သလိုကူးကြတယ်။ လမ်းစည်းကမ်း နားမလည် . .နားလည်ရင်လည်းသောက်၈ရုမစိုက် . .။ ယာဉ်အရှိန်သဘောတရားကိုလည်း နားမလည် . .။ အွင်း . .ကားတိုက်သေရင် ကားသမားဆီက မသဒါရေဇာ တောင်းကြဦးမယ် . . ကားသမားဂို ဆွမ်းကြီး ၀ိုင်းလောင်းကြ ဦးမယ် . .ကျုပ်သာ ကားသမားဆို အကုန်တိုက်သတ်ပစ်တယ် ဂယ်ပဲ . . .။

 

နောက်တစ်မျိုးရှိသေးတယ် လိုင်းကားပေါ်က ကိစ္စဒွေ . .။ ကျုပ်တို့လို မျက်နှာမွဲ ကျောပြောင်သမားဒွေ အဖို့ ဘတ်စ်ကားဆိုတာက ဒုတိယ ဘုရားသခင်လို့တောင် တင်ဇားလိုက်ချင်တဲ့ ဟာမျိုးဒွေဂိုး . .။ ဒီတော့ အိုက်ဒီ ဘတ်စ်ကားပေါ်မှာ ကြုံရဒါဒွေကလည်း ပါးနား ပိတ်ရိုက်ပစ်ချင်ဇာတွေ ဂျီးပဲ . . ။ ဟိုတစ်လောက ကျုပ်တစ်ခါမှ မ၀တ်ဘူးတဲ့ လည်ဂဒုံးလေး ၀တ်ပီးဒေါ့ …..ပုဆိုးလေး ဗတ်လပ်ဗတ်လပ်နဲ့ ဘော်ဒါတစ်ယေက် အဖိုး နာရေးကို လိုက်ပို့ တုန်း က ကားမှတ်တိုင်မှာ ဘတ်စ်စောင့်နေဒုန်း …..ဗျင်း ဆို ကားပေါ်ကထွေးချလိုက်တဲ့ ကွမ်းဒဒွေး ကျုပ်အင်းကျီဖြူဖြူလေးကို စင်ပါလေရော . . ။ ကျုပ်လက်မှာလည်း ကွမ်းဒဒွေးတွေ ပေလို့ . ။သိတယ်မလား ကျုပ်ဒေါသ က ငယ်ထိပ်ကိုဆောင့်တက်သွားဒယ် . .။ ဒါနဲ့ ကျုပ်လည်း ဘာမပြောညာမပြောနဲ့ ကျုပ်လက်မှာ ပေနေတဲ့ ကွမ်းတံဒွေးကို အဲဒီကောင်အင်းကျီမှာ သွားသုတ်ပစ်လိုက်တယ်။ အဲဒါနဲ့ ထိုးမယ်ကြိတ်မယ် ဖြစ်ကုန်ဂျရော အံမယ်ဒင်းကတောင်ဒေါသထွက်ရသေးဒယ် မတော်ဟာဂိုတဲ့ …အဲသလိုသာ မတော်လို့မတော်လို့ချည်းပြောလိုရကြေးဆို မင်းနှမကို . . .အဲ ကန်တော့ . .ကန်တော့ နော်…….အဲသလိုဖြစ်ကုန်မှာ မဟုတ်လား . .။

 

ပြီးတော့ ကားပေါ်က အမှိုက်ပစ်ချတွေ မြင်နေရတာ အသည်းယားထှာ . .။ ဆြာကမ်း အားဂျီးအသည်းတုန်တယ်။ စိတ်တိုတယ်.။ အိမ်စီးကားနော် သန့်သန့်ပြန့်ပြန့်နော်။ ကျူပ်တို့လိုင်းကားခ နှစ်ရာမရှိလို့ တိုင်ပတ်နေရတဲ့ဘွမျိုးမှာ သိန်းထောင်ချီတန်တဲ့ ဇီမ်ခံကားကြီး စီးတဲ့ လူကြီးမင်း လူကြီးမတွေက အမှိုက်ထုပ်တွေ အမှိုက်အိပ်တွေ လူအလစ်မှာ ပစ်ချတာ ခဏခဏ တွေ့နေရဒယ် . .။

ကျုပ်ကတော့ ခက်ပါဒလေ…..။ လိုင်းကားပေါ်မှာ အိုက်လို့ တစ်သျှူးလေး ထုတ်သုပ်တော့ သုတ်ပီးသားအစကို ပစ်မချချင်လို့ …အိပ်ထဲ ပြန်ထည့်ထားတာဂို ဘေးက ကောင်မဒွေက ကျုပ်ကိုပဲ ပဲများသလို ဘာသလိုအထာမျိုးနဲ့ ၀ိုင်းရှိုးကြသေးဒယ်….ကျုပ်အပြင်က အိမ်ပြန်လာတိုင်း ဘောင်းဘီအိပ်ထဲမှာ တစ်သျှူးစတွေ သကြားလုံးခွံ့ဒွေ ပါလာလာနေ၈ျဟာကို ဒင်းတို့မှ မသိဘဲ ကျုပ်က အမှိုက်ပုံးမရှိရင် အမှိုက်မပစ်ဘူး …..လေ တော်ဘီ တော်ဘီ

ပြောနေရင် ၀ီစိကိစ္ဆာများဒယ်…..အကုသိုလ်များတယ်….ကျူပ်ဘာကျုပ်တောပြန်ပြီး နွားနှစ်ကောင်နဲ့ ဖင်ကြားထဲ ရွှံ့ဝင်အောင် ရိုးရိုးသားသားလုပ်ဇားဒါဘဲ ကောင်းဒလယ်……..အလ၈ါး အလဂါး ဒီလူဒွေ ကြားထဲ မနေချင်ဒေါ့ဘူး….ကဲ ငါပြန်လာပြီ…..ဗွေးတုတ်ရေ့…….ရွာထိပ်ကုက္ကိုလ်ပင်နားက အာဘွားပေးဖို့စောင့်နေနော်……နင့်ရဲ့ ငယ်ချစ်……ကမ်းကြီး ဒက်ဂလောက် ဒက်ဂလောက်…..ဒက်ဂလောက်……..တော်သေးဘီ…….

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....