လာခဲ့ပါတော့…….လေပြေရယ်( အမေစုကိုဂုဏ်ပြုသည်)

“လာခဲ့ပါတော့……လေပြေရယ်”

 

……………………………………..

ပူလောင်တဲ့နွေရဲ့ပုံဖော်မှု

ခြောက်သွေ့သောရွက်ဟောင်းတွေကြားမှာ

နုညံ့တဲ့ရွက်သစ်တွေက

တောင်းဆိုမှုတစ်ခုပြုလုပ်ဖို့

စည်းရုံးမှုတွေပြုလုပ်နေခဲ့ပြီ…။

မကြာခင်ကြွေလွင့်ရမည့်

ရွက်ဟောင်းတို့ရဲ့စီးချင်းသံကလည်း

တားဆီးမှုအသံတွေအပြည့်ပါလေရဲ့…။

မကြာခင်ကျရောက်မည့်……….

ဆန့်ကျင်ဘက်စီးချင်းတို့ရဲ့အဓိကတိုက်ပွဲက

ပွဲကြည့်သူပရိတ်သက်ရဲ့နှလုံးသားကို

ဖမ်းယူညို့စားစေနိုင်ခဲ့ပြီ…။

အဆုံးသက်နိုင်ပွဲရဲ့ရလဒ်က

ဘယ်သူများဖြစ်နေမလဲ…

(သို့မဟုတ်)

နုညံ့တဲ့ရွက်သစ်တို့ရဲ့တောင်းဆိုမှု

ကြမ်းတမ်းခြင်းကင်းမဲ့စွာ

လေပြေကလေးများရောက်လေမလား

ကြွေလွင့်ခြင်းရွက်ဟောင်းတို့ရဲ့တားဆီမှုအဖြစ်

စီးချင်းသံတွေကကျယ်လောင်နေမလား

ရင်တထိတ်တထိတ်နားထောင်ခဲ့ရတဲ့

ပွဲကြည့်ပရိတ်သက်တို့ရဲ့နှလုံးသား

ခုတော့…………………….

အေးချမ်းခြင်းနဲ့အနားယူခဲ့ရပြီ..။

နုညံ့တဲ့သစ်ရွက်ကလေးတို့တောင်းဆိုမှုအဖြစ်

လေပြေကလေးကညင်သာစွာ

တိုက်ခက်နေပြီလေ…..။

 

(အမေစုကိုဂုဏ်ပြုလျှက်)

 

4 comments

  • ဇွဲမာန်(အင်းဝ)

    March 2, 2012 at 4:25 pm

    မန်းလေးကိုလာရောက်မည့်အမေစုကိုဖိတ်ခေါ်လျှက်…

  • မကြာခင်ကြွေလွင့်ရမည့်

    ရွက်ဟောင်းတို့ရဲ့စီးချင်းသံကလည်း

    တားဆီးမှုအသံတွေအပြည့်ပါလေရဲ့…

    အင်းဗျာ ဒါကိုနားလည်ပါလေစ စစ်ခွေးတို ့။

  • snow white

    March 3, 2012 at 10:42 am

    အမေစုကိုအမြဲကြိုဆိုလျက်ပါ

  • ခုတော့…………………….
    အေးချမ်းခြင်းနဲ့အနားယူခဲ့ရပြီ..။
    နုညံ့တဲ့သစ်ရွက်ကလေးတို့တောင်းဆိုမှုအဖြစ်
    လေပြေကလေးကညင်သာစွာ
    တိုက်ခက်နေပြီလေ…..။
    __________________
    တိုက်ခတ်လာမယ့်လေပြည်ဟာ တိုင်းပြည်ငြိမ်းချမ်းခြင်းအတွက်ဘဲဖြစ်တည်မှာပါ။

Leave a Reply