1 သာယာစိမ်းစိုသော ကောက်ပင်များနဲ့ အလှဆင်ထားတဲ့ တောင်သမန်းအင်းစပ်

2 နေရောင်အခမှာ တောက်ပ၀င်းလက်နေတဲ့ သစ်ပင်လေးပါ

3 အပင်အောက်မှာနားနေတဲ့ကျွဲကတော့ အေးဆေးဘဲ(လူသာဆိုရင် ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့ ပဲတွေများနေတော့မှာ)

4 ဟိုးအဝေးမှာ တောင်သမန်ရွာနဲ့ ဦးပိန် ဆောင်းကြွင်း နွေဦးမိန်ရာသီမို့ မပီဝိုးတ၀ါး လွမ်းစရာကောင်းလိုက်ပါဘိ

5 အဝေးကမြင်ရတဲ့ စေတီ အနီးကပ်ဖူးမျှော်ရတာ ကြည်ညိုစရာ

6 ပြင်မယ့် ဒကာကိုစောင့်နေတဲ့ အမိုးတွေပျက်နေတဲ့ရှေးရေတွင်းလေးပါ

7 မြေလမ်းကလေး ဖုံဖုံ အဝေးမြင်ကွင်းက မူံမူံ အရောင်လေးတွေက စုံစုံ ..............

8 အဝေးက အပြာ အလယ်မှာခဲသား ကြားမှာက စိမ်းစို အနီးမှာတေ့ မြေနီနီ ရူ့မ၀ဆိုတာ ဒါမျိုးနေမယ်ထင်ပါတယ်

9 ကြည့်လေ လှလေ မ၀လေ ဆိုတာ ဒီနေရာမျိုးထင်ပါတယ်နော်

10 နံနက်ခင်းနေရောင်အောက်မှာသန့်ရှင်းရေးလုပ်နေတဲ့သူပါ

 

11 နေအခမှာ ကြည်နူးစရာ စိုစိုစိမ်းစိမ်းမြင်ကွင်းလေးပေါ့

12 ညောင်ပင်အိုအို ........လွမ်းစရာဗျာ

13 တင့်တယ်သပ္ပါယ် စေတီတော်

 

“စိမ်းစိုလန်းရွှင် တောင်သမန်ဝန်းကျင်”

 

တောင်သမန်ရောက်တော့ မနက်နေကထွက်နေပြီ။

အဲဒါနဲ့အောက်ထဲဆင်းပြီး ဓါတ်ပုံစိတ်တိုင်းကျရိုက်ပါတယ်။

ဓါတ်ပုံရိုက်နေရင်းက လက်ပံပင်မှာအပွင့်တွေဝေနေတာကိုလှမ်းကြည့်လိုက်တော့

လက်ပံပင်နံဘေးမှာ အုတ်ရိုးအပျက်လက်ကျန်လေးတစ်ခု။

အဲဒါလေးကိုလက်ပန်ပင်နဲ့တွဲရိုက်လိုက်ပါတယ်။

အဲဒီအုတ်ရိုးလေးပေါ်ကတက်ကြည့်တော့ တောင်သမန်ရွာရယ် ဦးပိန်တံတားရယ်ကိုဝိုးတ၀ါးမြင်ရပါတယ်။

မြူမူံတွေဆိုင်းနေလို့ပါ။

ကြည့်နေရင်းက ဒီအုတ်ရိုးလေးအရှေ့ဘက်မှာရှိတဲ့ဘုရားလေးဆီကိုသွားချင်စိတ်ပေါက်လာပါတယ်။

အလာတုန်းက အဲဒီနားမှညောင်ပင်ကြီးတစ်ပင်ကိုလဲတွေ့ထားတာကိုး။

အဲဒါနဲ့လက်ပန်ပင်လဲရိုက်ပြီးရော ဆိုင်ကယ်ယူပြီး ဘုရားရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်။

ဘုရားနားရောက်တော့ ဘုရားဝင်းထဲဝင် ပြီး ဓါတ်ပုံရိုက်ဘို့လုပ်ရပါတော့တယ်။

ဘုရားတောင်ဘက်ထွက်လဲထွက်လိုက်ရော အောက်နားလေးမှာ ကျွဲနှစ်ကောင်ရယ်

ဘဲခြံရယ်တွေ့လိုက်ပါတယ်။

အဝေးကိုလှမ်းကြည့်တော့ လှပတဲ့မြင်ကွင်းတွေကို သစ်ပင်တွေက ကွယ်နေပါတယ်။

အဲဒါနဲ့ဘုရားတောင်ဘက်ခြမ်းကိုထွက်လာလိုက်ပါတယ်။

အဲဒီကနေကြည့်တော့အမိုးအကာတွေပျက်စီးယိုယွင်းနေတဲ့ ရေတွင်းဟောင်းလေးတွေ့။

အဲဒါလေးကို လက်ဆော့။

ဟိုအဝေးကို လှမ်းကြည့်မိတော့ ပြာလွင်သောကောင်းကင်

အစိမ်းနုရောင်ကောက်ပင်၊

နေရောင်ခလို ရွှေရောင်တွေကြွနေတဲ့ ရေပြင်။

ရေပြင်နဲ့လယ်ကွင်းကြားမှာရှိတဲ့ တောင်ယာတဲလေး

မြူမူန်တွေကြားထဲကြောင့် ၀ိုးတ၀ါးဖြစ်နေတဲ့မြင်ကွင်းတွေ့တော့

ကင်မရာခလုတ်နှိပ်ဘို့တောင် မေ့သွားသလို………………………..။

နောက်တော့မှာအဲဒီကနေခွာညောင်ပင်ကြီးနားရောက်အောင်သွားလိုက်တော့

လှပသော မြင်ကွင်းများကို မိတ်ဆွေများကို ပြန်လည်ဝေငှရအောင်

မြင်သမျှလက်ဆော့ခဲ့ပါတယ်။

ကဲ………………..ကြည့်ပေတော့ဗျာ.

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(3-3-12)

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။