စိမ်းစိုလန်းရွှင် တောင်သမန်တစ်ခွင်

1 သာယာစိမ်းစိုသော ကောက်ပင်များနဲ့ အလှဆင်ထားတဲ့ တောင်သမန်းအင်းစပ်
2 နေရောင်အခမှာ တောက်ပဝင်းလက်နေတဲ့ သစ်ပင်လေးပါ
3 အပင်အောက်မှာနားနေတဲ့ကျွဲကတော့ အေးဆေးဘဲ(လူသာဆိုရင် ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့ ပဲတွေများနေတော့မှာ)
4 ဟိုးအဝေးမှာ တောင်သမန်ရွာနဲ့ ဦးပိန် ဆောင်းကြွင်း နွေဦးမိန်ရာသီမို့ မပီဝိုးတဝါး လွမ်းစရာကောင်းလိုက်ပါဘိ
5 အဝေးကမြင်ရတဲ့ စေတီ အနီးကပ်ဖူးမျှော်ရတာ ကြည်ညိုစရာ
6 ပြင်မယ့် ဒကာကိုစောင့်နေတဲ့ အမိုးတွေပျက်နေတဲ့ရှေးရေတွင်းလေးပါ
7 မြေလမ်းကလေး ဖုံဖုံ အဝေးမြင်ကွင်းက မူံမူံ အရောင်လေးတွေက စုံစုံ ..............
8 အဝေးက အပြာ အလယ်မှာခဲသား ကြားမှာက စိမ်းစို အနီးမှာတေ့ မြေနီနီ ရူ့မဝဆိုတာ ဒါမျိုးနေမယ်ထင်ပါတယ်
9 ကြည့်လေ လှလေ မဝလေ ဆိုတာ ဒီနေရာမျိုးထင်ပါတယ်နော်
10 နံနက်ခင်းနေရောင်အောက်မှာသန့်ရှင်းရေးလုပ်နေတဲ့သူပါ

 

11 နေအခမှာ ကြည်နူးစရာ စိုစိုစိမ်းစိမ်းမြင်ကွင်းလေးပေါ့
12 ညောင်ပင်အိုအို ........လွမ်းစရာဗျာ
13 တင့်တယ်သပ္ပါယ် စေတီတော်

 

“စိမ်းစိုလန်းရွှင် တောင်သမန်ဝန်းကျင်”

 

တောင်သမန်ရောက်တော့ မနက်နေကထွက်နေပြီ။

အဲဒါနဲ့အောက်ထဲဆင်းပြီး ဓါတ်ပုံစိတ်တိုင်းကျရိုက်ပါတယ်။

ဓါတ်ပုံရိုက်နေရင်းက လက်ပံပင်မှာအပွင့်တွေဝေနေတာကိုလှမ်းကြည့်လို်က်တော့

လက်ပံပင်နံဘေးမှာ အုတ်ရိုးအပျက်လက်ကျန်လေးတစ်ခု။

အဲဒါလေးကိုလက်ပန်ပင်နဲ့တွဲရိုက်လိုက်ပါတယ်။

အဲဒီအုတ်ရိုးလေးပေါ်ကတက်ကြည့်တော့ တောင်သမန်ရွာရယ် ဦးပိန်တံတားရယ်ကိုဝိုးတဝါးမြင်ရပါတယ်။

မြူမူံတွေဆိုင်းနေလို့ပါ။

ကြည့်နေရင်းက ဒီအုတ်ရိုးလေးအရှေ့ဘက်မှာရှိတဲ့ဘုရားလေးဆီကိုသွားချင်စိတ်ပေါက်လာပါတယ်။

အလာတုန်းက အဲဒီနားမှညောင်ပင်ကြီးတစ်ပင်ကိုလဲတွေ့ထားတာကိုး။

အဲဒါနဲ့လက်ပန်ပင်လဲရို်က်ပြီးရော ဆိုင်ကယ်ယူပြီး ဘုရားရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်။

ဘုရားနားရောက်တော့ ဘုရားဝင်းထဲဝင် ပြီး ဓါတ်ပုံရို်က်ဘို့လုပ်ရပါတော့တယ်။

ဘုရားတောင်ဘက်ထွက်လဲထွက်လိုက်ရော အောက်နားလေးမှာ ကျွဲနှစ်ကောင်ရယ်

ဘဲခြံရယ်တွေ့လို်က်ပါတယ်။

အဝေးကိုလှမ်းကြည့်တော့ လှပတဲ့မြင်ကွင်းတွေကို သစ်ပင်တွေက ကွယ်နေပါတယ်။

အဲဒါနဲ့ဘုရားတောင်ဘက်ခြမ်းကိုထွက်လာလိုက်ပါတယ်။

အဲဒီကနေကြည့်တော့အမိုးအကာတွေပျက်စီးယိုယွင်းနေတဲ့ ရေတွင်းဟောင်းလေးတွေ့။

အဲဒါလေးကို လက်ဆော့။

ဟိုအဝေးကို လှမ်းကြည့်မိတော့ ပြာလွင်သောကောင်းကင်

အစိမ်းနုရောင်ကောက်ပင်၊

နေရောင်ခလို ရွှေရောင်တွေကြွနေတဲ့ ရေပြင်။

ရေပြင်နဲ့လယ်ကွင်းကြားမှာရှိတဲ့ တောင်ယာတဲလေး

မြူမူန်တွေကြားထဲကြောင့် ဝိုးတဝါးဖြစ်နေတဲ့မြင်ကွင်းတွေ့တော့

ကင်မရာခလုတ်နှိပ်ဘို့တောင် မေ့သွားသလို………………………..။

နောက်တော့မှာအဲဒီကနေခွာညောင်ပင်ကြီးနားရောက်အောင်သွားလို်က်တော့

လှပသော မြင်ကွင်းများကို မိတ်ဆွေများကို ပြန်လည်ဝေငှရအောင်

မြင်သမျှလက်ဆော့ခဲ့ပါတယ်။

ကဲ………………..ကြည့်ပေတော့ဗျာ.

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(3-3-12)

 

 

 

 

18 comments

    • windtalker

      March 5, 2012 at 9:31 pm

      သာဓု သာဓု သာဓု ပါ ခင်ဗျား
      တစ်ကယ်ကို စိမ်းစိမ်းစိုစို နဲ ့အမြင် အေးချမ်းပါတယ် ။
      ဘုရားပုံလည်း ဖူးရပါတယ် ။

  • inz@ghi

    March 5, 2012 at 9:51 am

    အားပေးတွားဘာဒယ်ချင့် ….
    သများလာလည်ရင်ရော လိုက်ပို့ပေးမှာလား ချင့်

    😀

  • တောင်သမန်အင်းကို လျှောက်ပြီးလှေနဲ ့လည်ချင်တယ်။
    ဦးပိန်တံတားအောက်မှာ ဘီယာထိုင်သောက်ချင်တယ်။
    ကိုပေ ရဲ ့ဒိုနဲ ့လျှောက်လည်ချင်တယ်။

  • TTNU

    March 5, 2012 at 1:23 pm

    ကိုပေါက်ရေ…
    ၁။၂။၈။ အကြိုက်ဆုံးပါ။

  • Ma Ei

    March 5, 2012 at 1:37 pm

    ကောင်းကင်ကပြာ
    ရေပြာပြာ ခဲသားနုနဲ့
    ကမ်းစပ်မှာ စိမ်းရောင်ခြယ်
    ထယ်ရေးပြင် မြေနီနီမှာ
    ကနုတ်ဆင် သစ်ပင်အနားသတ်တယ်
    ဆေးပန်းချီ ခြယ်မမှီ သည်ယာခင်း
    ရှုမဝ လှရက်ဘိခြင်း…

  • ဂီ လာရင်အသေအချာလိုက်ပို့မယ် မင်းလာမှသွားရိုက်ဘို့ အု ထားတဲ့နေရာလေးတွေရှိသေးတယ်။
    ထွဋ် သင်္ကြန်တွင်းလာခဲ့ ဦးပိန်အောက်မှာ အမှောက်တိုက်မယ်။
    ပြီးရင်မောင်ပေဒိုနဲ့လိုက်ပို့ပေးမယ်။
    မာမီ ဝင်မန်းတာမြင်တော့ ဝမ်းသာ၏
    မာမီ နေကောင်းလို့ ကွန်ပြူတာရှေ့ရောက်လာတယ်လို့ သဘောပေါက်မိလို့။

    • Swal Taw Ywet

      March 6, 2012 at 12:29 am

      Don’t worry Ko Gi,
      My parents are there, just 5 minutes drive.
      I can arrange for you REAL Palm Juice.OK?
      Don’t forget to start your show .

      With respect,
      Swal Taw Ywet.

  • kyeemite

    March 5, 2012 at 3:37 pm

    ကိုပေါက်ခင်ဗျာ…ကိုပေါက်တင်ပေးနေတဲ့ပုံတွေကိုအမြဲအားပေးနေသူတစ်ဦးပါ..
    တိုက်တိုက်ဆိုင်ဆိုင်ဗျာ…စကားတွေပြောကြရင်းနဲ့ စွယ်တော်ရွက်ဆိုတဲ့ ရွာသား
    ဟာ ကျွန်တော်ငယ်ဘဝကနေခဲ့ဘူးတဲ့ “တူးဆန်တာ” လို့ခေါ်တဲ့ တောင်သမန်
    အင်းဇောင်းကတပ်ထဲနေလာခဲ့တဲ့ တစ်ရပ်ထည်းသားတွေမှန်းသိခဲ့ရပါတယ်.
    အဲဒီတပ်ထဲမှာကျောင်းနေရင်းကြီးပြင်း
    ခဲ့တာပါ..ညနေကျောင်းဆင်းပြီးအိမ်ပြန်ရောက်ပီဆိုတာနဲ့ လွယ်အိပ်လွှတ်ပစ်ပီး
    ငါးမျှားတန်ကောက် တောင်သမန်အင်းထဲပြေးတော့တာဘဲဗျို့…
    မိုးတွင်းဘက်ဆို ခါးလယ်လောက်ထိ ရေ ထဲဆင်းပြီးငါးမျှားရတာ..များေသော
    အားဖြင့်တော့ ကတ်သဘိုးဆိုတဲ့ ငါးဘဲရတာပါ..ဒါပေမဲ့အဲဒီငါးကလည်း
    အိမ်အတွက်တော့ တစ်နပ်စာဟင်းဖြစ်ခဲ့ပါတယ်..
    ပြောရအုံးမယ်ကိုပေါက်ရေ…ကျွန်တော်တို့တပ်ကနေရန်ကုန် လမ်းမဘက်ထွက်ရင်
    တမာတန်းကိုဖြတ်ရတယ်ဗျ..တကယ့်ကိုနေပျောက်မထိုးဘူးဗျာ..ခုများတော့
    ရှိသေးလားမရှိသေးလား မသိတော့ပါဘူး..ကိုပေါက်ဖြစ်နိုင်ရင်ဓါတ်ပုံရိုက်
    တင်ပေးပါအုံး…သင့်ခရုပါ..

    • Swal Taw Ywet

      March 6, 2012 at 12:25 am

      Amazing!!!!, Ko Kyee Mite,
      Now we are relatives.( We stayed at Line no- 50 .)
      By the way, I already prepared to reply your comments as a post.
      Please wait for a few days.OK?

      Dear Ko Pauk,
      Thanks for your help for us to remember our childhood.
      I have to be proud of my birth place ( Amarapura Royal Palace ).
      It is at the center of the No 2 CWS compound ( Now there is a S.H.S there. ).
      With respect,
      Swal Taw Ywet.

  • ရှိတယ်ဗျ။
    နွေခါဆိုရင်စိမ်းနေတာ။
    3-3-12 နေ့ကတောင်ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေရိုက်ပြီးတော့အဲ့ဒီလမ်းက ပြန်ခဲ့သေးတယ်။
    အဲဒီနားကချောင်းရော ရိုက်ပေးမယ် အခုရက်က သစ်ရွက်ထွက်စဆိုတော့ မလှသေးဘူး။
    ကိုပေါက်အပေါ်ရစရာ တစ်ခုရှိတယ်လို့ မှတ်ထားလိုက်ပါ။
    ကြိက်မီးရေ……………………………

  • လေးပေါက်ရေ …
    စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေ မြင်ရတော့
    ရင်ထဲကို အေးသွားတာပဲဗျာ …
    လွမ်းစရာ ညောင်ပင်အိုအိုကြီးကို မြင်ရတော့ ရွာက မန်ကျည်းပင်ကြီး ကိုတောင် ပြေးမြင်မိလိုက်သေးတယ်ဗျာ …

    ပုံတွေအတွက် လောက်လောက်ပေး ကို ကျေးကျေးပါလို့ …………………..

  • လေးပေါက်ရေ ..
    ကွန်မန့်တွေကို ဘယ်သူ လက်ကမြင်းသွားလည်း သိဘူး ..
    နီရဲနေလို့ ကျနော် အနီကတ်တွေ ဖျောက်ပေးခဲ့တယ်ဗျို့ ………

  • kyeemite

    March 5, 2012 at 7:52 pm

    အဲနားကချောင်းဆိုတာဘာလဲဗျ…ကျွန်တော်တို့တပ်ထိပ်အထွက်က..တမာတန်းအစ
    ကရေရှိတဲ့ ချောင်းလိုလိုဟာဆိုရင်တော့..အဲဒါကျုံးဟောင်းဗျ…အမရပူရနန်းတော်ဟောင်း
    ဟာကျွန်တော်တို့တပ်တည်နေရာ ကွက်တိဘဲ..ပါတ်လည်မှာကျုံးရှိတယ်..မြို့ဒေါင့်စေတီလေးဆူ
    ရှိတယ်…အခုတော့အကန့်တွေကန့်ပီးငါးကန်တွေလုပ်ထားတာ…တပ်သက်သာချောင်ချိရေးအတွက်ပေါ့
    ချောင်းဆိုလို့ အဲဒီပါတ်ဝန်ကျင်မှာ ကြည်ကုန်းချောင်းဘဲရှိတယ်…အဲဒီချောင်းက
    တမာတန်းထိပ်ကထွက်တာနဲ ကားလမ်းကူးပီး အရှေ့ဘက်တဲ့တဲ့ ဆက်သွားမှတွေ့မှာ ကိုပေါက်ရ..
    ကျွန်တော့ တော်ကင်တွေနဲ့ စိတ်မနောက်သွားနဲ့နော်..ကိုပေါက်အခုလမ်းသလားနေတာ
    တကဲ့ မန်းလေးနန်းတော်ကြီးမဖြစ်ခင်က ယာယီနန်းစိုက်ခဲ့တဲ့ ရှေးဟောင်းနေရာအစစ်
    ဆိုတာလေး အသိပေးတာပါဗျာ..

  • pooch

    March 5, 2012 at 10:23 pm

    လေးပေါက် နံပါတ် ၂ ပုံ အကြိုက်ဆုံးပဲ ။ ကင်မရာကတော့ ဘယ်လိုနည်းနဲ့ ပဲ ဖြစ်ဖြစ်ဝယ်ကိုဝယ်သင့်နေပြီနော်။ ဝယ်ဖြစ်အောင်ကို ဝယ်လိုက်ပါလေးပေါက်။

  • ဟုတ်တယ် ကို ကြိုက်မီးရဲ့ အလွယ်ပြောလိုက်တာ အဲဒါကျုံးဟောင်း.
    မြောက်ကျုံးလို့ပြောတယ်။
    ခင်ဗျားလာရင် အမရပူရမြို့ဟောင်းကိုပြန်ဖော်ရအောင်ဗျှာ။
    မကောင်းဘူးလား။

  • ဖရဲမရေ ဖရဲမ
    ပေါက်ကျော်မပျောက်နေပါတယ်။
    ငါပို့စ်တွေဝင်မမန်းတော့ ငါ့စီးပွားရေးထိခိုက်ပါတယ်။
    ပေါက်ကျော်မ ရောက်ရာအရပ်က အကြောင်းပြန်ပါ။
    ယောကျာ်းခိုးသွားတယ်ဆိုရင်လဲ မိသားဖသား ပီပီပြန်အပ်ပါ။
    မင်းတို့ ချစ်ခြင်းကို မခွဲပါဘူး တကယ်ပေးစားမှာပါ
    အားလုံးကို ခွေးလွှတ်ပါတယ်။
    တွီ တွီ တွီ အော် …………..ဆူးပေးတဲ့ဝီစီကိုယောင်ပြီး မူတ်မိပြန်ပြီ။

Leave a Reply