နောက်ကွယ်ကအလွမ်း

lulinmgMarch 2, 20121min849

ခွဲခွာရမယ်ဆိုတော့ငိုချင်မိ

လွမ်းမိတာကအခါခါ

ညီမလေးရယ်

တစ်ခါလောက်ပြုံးပြနိုင်မလား…?

အနီးဆုံးကငေးမောခဲ့ပြီး

ခုတော့

အဝေးဆုံးမှာရင်ကွဲနာကျခဲ့ရပြီ…

မနက်ဖန်ဆိုတာရှိခဲ့ရင်

ပျော်ရွှင်စွာလျှောက်လှမ်းဖို့

ဘဝနဲ့လောင်းကြေးထပ်

အသက်မပါပဲနဲ့တော့

ပြုံးမပြပါနဲ့လား

ညီမလေးရယ်…

 

9 comments

  • htet way

    March 2, 2012 at 8:32 pm

    ကဗျာကောင်းပါတယ်
    ဒီလိုပဲ ပေါ့ စုတုပြု နောက်တော့ လည်း ကောင်းသွားတာပဲ
    အသက်မပါပဲနဲ့တော့

    ပြုံးမပြပါနဲ့လား

    ညီမလေးရယ်…

  • windtalker

    March 2, 2012 at 9:09 pm

    ချစ်တတ်တဲ့ နှလုံးသား ကို တန်ဖိုးကြီးကြီးနဲ ့စပေါ်တင်
    အဖော်လိုနေတဲ့ သံသရာ လမ်းခရီးအတွက် ညီမလေး ကူညီပေးပါ ။

  • မောင် ကနေ မှောင် …
    မှောင် ကနေ ညီမလေး …
    ငါလည်း ကဗျာလေးတွေ ရေးချင်လာပြီ ..
    တားရတော့ဘူး ..
    လုလင်မောင် ရေ … ရေးလိုက်ပီနော် …

    ညီမလေး
    ငါ့နံဘေး
    အလှသွေးကြွယ်ခဲ့ ….
    အော် … အခုတော့လည်း ….
    ညီမလေးရယ် …
    အလှသွေး ကြွယ်နေပါစေလို့ပဲ
    ဆုတောင်းပေးလိုက်တယ် ………………။

    ခင်တဲ့ … အံစာတုံး

  • aye.kk

    March 2, 2012 at 11:54 pm

    လက်ခံတဲ့ပြုံး..
    ချစ်ထုံးမေတ္တာ..
    အမှန်ကိုသာ..
    မျှော်ခါလင့်ရင်းလွမ်းမိသည်။

  • manawphyulay

    March 3, 2012 at 4:19 pm

    ပြုံးပြဆိုလို့လည်း ပြုံးပြရသေးတယ်
    ဟွန်း ခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်နဲ့ ဒါပဲ

  • a me

    March 4, 2012 at 4:46 pm

    အေမီ က အဲ့ဒီ ကဗျာတွေ စာတွေ လုံးဝ မကြိုက်ဘူး ဒါပေမယ့် ဒီကဗျာလေး ကတော့ အေမီ့ ရဲ့တစ်ယောက်သောသူအတွက်တော့ အသုံးဝင်မှာပါ အေမီ လည်ကြိုက်တယ်

  • lulinmg

    March 5, 2012 at 11:39 am

    အားလုံးပဲခုလိုအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

Leave a Reply