တို့ကျောင်း (RIT)

Ma MaMarch 2, 20122min16412

ဝမ်းသာစရာ သတင်းကြားရတော့ ရွာထဲက တစ်ကျောင်းတည်း ဆင်းခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမများနဲ့
ဆိုင်ရာဆိုင်ရာ ကျောင်းတွေကိုလည်း ကိုယ်တွေလိုပဲ ပြန်လည်အသက်ဝင်လာစေချင်ကြမယ့် သူတွေကို မျှဝေချင်ပါတယ်
ဒီကနေ့ RIT 1987-1991 ခုနှစ် အင်ဂျင်နီယာဘွဲ့ရ ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူဟောင်းတွေရဲ့ ဆရာကန်တော့ပွဲနဲ့ မိတ်ဆုံစားပွဲကို အင်းယားလိပ်ဟော်တယ်မှာ ကျင်းပပါတယ်။
အခုပွဲမှာ ကာတွန်းဘောက်စ်ကို ကာတွန်းတွေ လေးဖက်လေးမျက်နှာအပြည့်နဲ့ ယူလာပြီး ပြသထားတာကတော့ ထူးထူးခြားခြား ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပါပဲ။
နှစ်စဉ်မေဒေးနေ့မှာ အင်းယားလိပ်ဟော်တယ်မှာ စက်မှုအင်ဂျင်နီယာဘွဲ့ရတွေချည်းပဲ ကျင်းပခဲ့တာ ၄-၅နှစ်လောက် ရှိခဲ့ပါပြီ။
နောက်ပိုင်းမှာ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် ကျောင်းသား/ကျောင်းသူဟောင်းတွေပါ အတူပူးပေါင်းကျင်းပခဲ့ပြီး
အခုလို ဘာသာရပ်ပေါင်းစုံ ကျင်းပတာကတော့ ၂နှစ်ပဲ ရှိပါသေးတယ်။
အခုကျင်းပတဲ့ ဆရာကန်တော့ပွဲမှာ အလှူခံရရှိတဲ့ငွေထဲကမှ
အချို့ကို ဆရာတွေကို ကန်တော့ရာမှာအသုံးပြုမှာဖြစ်ပြီး
ကျန်ငွေအချို့အဝက်ကိုတော့ ကြို့ကုန်းက စက်မှုတက္ကသိုလ် မူလကျောင်းတော်ကြီးကို
ပြန်လည်ပြုပြင်ရေးအတွက်လည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။
ကြို့ကုန်း စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး ပြန်လည်အသက်ဝင်မယ်ဆိုတာ ကြားနေရလို့ ဝမ်းသာနေခဲ့ရပေမယ့် ခုလို ပြန်လည်ပြင်ဆင်နေပြီဆိုတာကို သိရတော့မှ သေချာပြီဆိုပြီး ပိုလို့တောင် ဝမ်းသာကျေနပ်သွားရပါတယ်။
ဒါ့အပြင် စင်္ကာပူနိုင်ငံမှာ ကျင်းပနေကျဖြစ်တဲ့ စက်မှုတက္ကသိုလ် ခုနှစ်ပေါင်းစုံ ဘာသာရပ်ပေါင်းစုံ ကျောင်းသား ကျောာင်းသူဟောင်းများ၏ ဆရာကန်တော့ပွဲနဲ့ မိတ်ဆုံစားပွဲကို ယခုနှစ်မှာ မြန်မာနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ရဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပရန် စီစဉ်နေကြပါတယ်။
ဆရာပူဇော်ပွဲအခမ်းအနား နံနက်ပိုင်း အစီအစဉ်ကို ရန်ကုန်စက်မှုတက္ကသိုယ် ဩဘာလမ်းမှာ ကျင်းပမယ်လို့ ကြားသိရပါတယ်။
ဩဘာလမ်းကို ပုဏ္ဏရိတ်ပန်းပင်တန်းတွေကိုပါ ရှင်းလင်းပြီး ကွင်းပြင်ကျယ်အဖြစ် ဖန်တီးထားမှာ ဖြစ်ပါတယ်။
ပူဇော်ပွဲပြီးတဲ့ နောက်ပို်းမှ အပင်တွေကို ပြန်လည်စိုက်ပျိုးမယ်လို့ ပြောပါတယ်။
ညနေပိုင်း မိတ်ဆုံစားပွဲအစီအစဉ် ကျင်းပမယ့်နေရာကိုတော့ မသတ်မှတ်ရသေးပါဘူး။
ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် လုပ်ငန်းအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပါတယ်။
Major Sponsor များကို အောက်ပါအတိုင်းသတ်မှတ်ပြီး မတည်လှူဒါန်းသူများအား ဖိတ်ခေါ်လျှက်ရှိပါတယ်။
* ကျပ် ၁၅ သိန်းနှင့် အထက် = ( Diamond Sponsor)
* ကျပ် ၁ဝ သိန်း မှ ၁၅ သိန်း အထိ = ( Emerald Sponsor)
* ကျပ် ၅ သိန်း မှ ၁ဝ သိန်း အထိ = ( Gold Sponsor)
* ကျပ် ၄ သိန်း မှ ၅ သိန်း အထိ = ( Ruby Sponsor)
* ကျပ် ၃ သိန်း မှ ၄ သိန်း အထိ = ( Sapphire Sponsor)
* ကျပ် ၂ သိန်း မှ ၃ သိန်း အထိ = ( Jade Sponsor)
* ကျပ် ၁ သိန်း မှ ၂ သိန်း အထိ = ( Pearl Sponsor)
များအဖြစ် သတ်မှတ်ထားပါတယ်။

ပူဇော်ပွဲတွင် ငွေကြေးထည့်ဝင်လှူဒါန်းခြင်းအပြင် ဆရာတစ်ဦးချင်းအလိုက်သော်လည်းကောင်း၊
အစုအလိုက်သော်လည်းကောင်း ခရီးစရိတ်ကျခံခြင်း၊ တည်းခိုစရိတ်ကျခံခြင်း၊ စားစရိတ်ကျခံခြင်း စသည်ဖြင့် မိမိဆန္ဒရှိသလိုအစီအစဉ်ကို ပါဝင်ကူညီနိုင်ပါတယ်။
အထိမ်းအမှတ်ပစ္စည်းများ ပြုလုပ်ရောင်းချရန်လည်း စီစဉ်လျက် ရှိပါတယ်။
သို့ပါ၍ ကြုံတောင့်ကြုံခဲ ဤပူဇော်ပွဲကြီး ဖြစ်မြောက်ရေးအတွက် ပံ့ပိုး၊ ကူညီ၊ ပါဝင်၊ ဆင်နွှဲကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဌာနဆိုင်ရာများ၊ လုပ်ငန်းအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့နှင့် သင့်လျှော်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်၍ အကူအညီပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။
ဆက်သွယ်ရန်-
၁။ ဦးစောလင်း (Civil 71) 09-5011240 uslktn@gmail.com
၂။ ဒေါ်လှသီ (Textile 72) 01-526017,538238 dawhlathi@gmail.com
၃။ ဦးအောင်မျိုးခင်(Mech 71)+ ဒေါ်ပြုံးပြုံးဦး(Civil 79) 09-73018811 alvert.aungmyokhin@gmail.com
၄။ ဦးမျိုးမြင့် (Mech 72) 09-5049104
၅။ ဦးမြင့်စိုး (Petrol 72) 09-5141322, 01-519673-6 Ext-209 mysoe.be.72@gmail.com
၆။ ဦးကိုကိုကြီး (Civil 73) 09-5010386 kokogyi.kokogyi@gmail.com
ရ။ ဦးအောင်မောင်း (Mech 73) 09-5126276 mr.aungmaung@gmail.com
၈။ ဦးညွန့်ဌေး (Mech 73) 09-73157657 nyunthtay@gmail.com
၉။ ဦးတိုးမောင် (Civil 74)+ ဒေါ်စန်းစန်း (Civil 79) 01-642626
၁၀။ ဦးဝင်းခိုင် (Mech 75) 01-579038 mdoffice@united-engineering.net
၁၁။ ဦးသန်းဝင်း (Petrol 75) 09-5009254, 01-660466 u.than.win@total.com
၁၂။ ဦးဌေးမောင် (Mech 75) 09-73053353 printing@myanmartimes.com
၁၃။ ဦးတင်ထွန်းအောင် ( Mech 75) 09-5023309 thingazar@gmail.com
၁၄။ ဦးသန်းပို (Mech 75)+ ဒေါ်ခင်စောမူ (E.P 74) 09-49228921 thanpo@gmail.com
၁၅။ ဦးဇော်မင်း (Mech 75) 09-5022349 zaw.min.u@gmail.com
၁၆။ ဦးလှဝင်း (Mech 75) 09-5197621 uhlawin23@gmail.com
၁၇။ ဦးမြင့်အောင် (Mech 78) 09-5196744 myintaungmrv4@gmail.com
၁၈။ ဦးဝင်းငွေ (Mech 78) 09-8030326,01-524385 oceanwin@myanmar.com.mm
၁၉။ ဦးမြင့်ဝေ (Arch 79)+ ဒေါ်လှဌေးအောင် (Arch 79) 09-5125211,01-681939
၂၀။ ဦးစိုးမြင့် (Min 83) 09-8615532 soemyint26@gmail.com
၂၁။ ဦးအောင်ဝင်း (Civil 84) 09-5506503 yno2009@gmail.com
၂၂။ ဦးသီဟလတ် (Textile 84) 09-5004117 myanmarthit09@gmail.com
၂၃။ ဦးဝင်းခိုင်မိုး (Electronic 84) 09-5005941 winkmoe@gmail.com
၂၄။ ဦးအောင်ကြည်စိုး (Mech 85) 09-2003572 agkyisoe@gmail.com
၂၅။ ဦးနွဲ့ဝင်း (Mech 85) 09-5010397 new-win@dhl.com
၂၆။ ဦးတင်လတ် (Mech 85) 09-2044382 tinlatt85@gmail.com
၂၇။ ဒေါ်ကြည်ကြည်ပြုံး (Mech 86) 09-49318039 kkp.mech@gmail.com
၂၈။ ဦးကျော်လှိုင် (Mech 86) 09-5065543 myancoffee@gmail.com
၂၉။ ဦးတင်မောင်နိုင် (Mech 87) 09-5125376 tmn2007@gmail.com
၃၀။ ဦးတင်ဦး (Mech 87) 09-5008923 richardtinoo@gmail.com
၃၁။ ဦးမြင့်နိုင် (Petrol 87) 09-5049104,650977 u.myint.naing@gmail.com
၃၂။ ဒေါ်ခင်စန္ဒာထွန်း (Electronics 91) 09-5000735 ksandart@myanmar.com.mm
၃၃။ ဦးဇော်နိုင် (Electronics 96) 09-5010037 zawnaing72@gmai.com

ကျောင်းကြီးကို အစစအရာရာ ပြန်လည်ပြင်ဆင်နေတယ်လို့ ကြားသိရပြီး
ဒီနှစ် ဆရာကန်တော့ပွဲကို ကျောင်းမှာ လုပ်မယ်လို့ သိရတော့ သွားကြည့်ချင်စိတ်တွေ တဖွားဖွား ပေါ်နေပါတယ်။
သွားကြည့်ဖြစ်ရင်တော့ ရွာထဲမှာ ဓာတ်ပုံလေးတွေ မြင်ကြရဦးမှာပေ့ါ။
လိုက်ကြဦးမလား ရွာထဲက တစ်ကျောင်းတည်းဆင်း ညီအစ်ကိုမောင်နှများတို့ရေ ……….

12 comments

  • unclegyi1974

    March 2, 2012 at 10:26 pm

    အရှေ့တောင်အာရှရဲ့အကောင်းဆုံးအင်ဂျင်နီယာကျောင်းကြီး
    ပြန်ဖြစ်နိုင်ပါ့မလားဗျာ

  • Swal Taw Ywet

    March 2, 2012 at 11:05 pm

    Why Not?
    It can be again the best in S E Asia.
    But…. Most of the teaching Aids were lost already.
    Most of the best teachers were retired.
    The way is not smooth.
    Let’s try our best for our mother land.
    One of my teacher’s teachers ( Daw Khin Tint- B.E (EP), M Phil: TU Mandalay ) told,
    the UP or Down of a country is in the hands of Engineers.

    With respect,
    Swal Taw Ywet.

  • pooch

    March 2, 2012 at 11:11 pm

    မမရေ မျှော်နေပါ့မယ် သတင်းကောင်းလေးကို ။ ကျောင်းတော်ကြီး ပြန်လည်အသက်ဝင်လာပါစေလို့ လည်း ဆုတောင်း ပါတယ် ။ ( ဒီဆုတောင်း သူကြီး မမြင်စေရ) 😀

  • ဦးဦးပါလေရာ

    March 3, 2012 at 12:03 am

    ကိုယ်တက်ခဲ့တဲ့ကျောင်းမဟုတ်ပေမယ့်
    ဖတ်ရတာ ဝမ်းသာအားရဖြစ်ပြီး မုဒိတာပွားလိုက်ပါတယ် မမ ရေ….။

    ဆရာကန်တော့ပွဲဆိုတာ ကျောင်းသူကျောင်းသားတွေချင်းရော
    ဆရာဆရာမတွေနဲ့ပါ တစုတည်းပြန်ဆုံရတဲ့ပွဲမို့
    သိပ်ပျော်စရာကောင်းတာနော…။

  • kai

    March 3, 2012 at 1:15 am

    ယူအက်စ်က.. ကိုယ်စားလှယ်တွေဘယ်သူလည်း သိချင်ပါတယ်..။
    ဆရာဒေါက်တာခရစ်တိုဖာလီးတို့.. ဒေါက်တာတင်ဝင်းတို့ပဲလား..။

    ဒါကို.. အခုထွက်မယ့်.. သတင်းစာထဲထည့်ပေးပါမယ်နော..။

  • Khin Latt

    March 3, 2012 at 3:19 am

    အကယ်၍များ
    အမှတ်မှီ လိုက်လို့ တက်ခွင့် ရခဲ့ရင် “တို့ကျောင်း” ပေါ့။
    အခုတော့ “အိမ်မက်ကျောင်း” ဘဲ ဖြစ်ခဲ့ရတယ်။
    လွမ်းလိုက်တာ။
    ဘာဘဲဖြစ်ဖြစ် ဒီလို ပြန်လည် ဆန်းသစ် ခွင့်ရလိုက်တာကဘဲ မဆိုးဘူး ထင်ရဲ့။
    ရောင်ခြည်လေး ပျိုးလာပါပြီ။
    အားလုံး အသင့်ဖြစ်နေဖို့တော့ လိုမယ်။
    ဒီခေတ်မှာ စပွန်စာ ဆိုတဲ့အသံ ကြားရတာတော့ တညိုးဘဲ။ jk 😉

  • MaMa

    March 3, 2012 at 7:23 am

    အန်ကယ်ကြီးရေ-
    အရှေ့တောင်အာရှရဲ့အကောင်းဆုံးအင်ဂျင်နီယာကျောင်းကြီး
    ပြန်ဖြစ်နိုင်ပါ့မလားဗျာ ဆိုတာကိုတော့ မမျှော်မှန်းနိုင်ပေမယ့်
    အရှေ့တောင်အာရှရဲ့အကောင်းဆုံးအင်ဂျင်နီယာတွေကို မွေးထုတ်နိုင်ဖို့တော့ မျှော်လင့်နိုင်မယ် ထင်ပါတယ်။
    မောင်သန်းထွဋ်ဦးရေ-
    ကျေးဇူးတင်ပါတယ်။
    အရှေ့တောင်အာရှရဲ့ အကောင်းဆုံး အင်ဂျင်နီယာကျောင်းကြီး အဖြစ်ပြန်မြင်တွေ့ချင်မိပါသေးတယ်။
    စွယ်တော်ရွက်ရေ-
    နိုင်င်ငံတကာမှာ ရောက်ရှိအောင်မြင်နေတဲ့ မြန်မာအင်ဂျင်နီယာများရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးရှိတာက တတပ်တအားပါပဲ။
    ပုချ်ရေ-
    ဝိုင်းပြီး ဝမ်းသာပေးလို့ အားတက်သွားတယ်။
    ကျောင်းကြီးတစ်ခု တည်ဆောက်ထားပြီး အသုံးမဝင်သလို ဖြစ်နေတာကို စိတ်မကောင်းတာ။
    အလားတူ မိန်းနဲ့ အီကို ကျောင်းကြီးတွေလည်း ပြန်လည်အသက်ဝင်လာပါစေလို့ ဆုတောင်းမိပါတယ်။
    ဦးပါလေရာရေ-
    ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းက ထင်တယ် အဲဒီလို ဘာသာရပ်ပေါင်းစုံ ဆရာကန်တော့ပွဲ လုပ်ဖြစ်သေးတယ်။
    အဲဒီတုန်းက MCC ခန်းမမှာလုပ်တာ။ အခုက ကျောင်းဝင်းထဲမှာ လုပ်မှာဆိုတော့ ဖီလင်ချင်းက မတူဘူးလေ။
    အဲဒီတုန်းက မောင်စိန်ဝင်း (ပုတီးကုန်း) က ကဗျာတစ်ပုဒ်အမှတ်တရ ရေးပြီး ဖတ်ပြတဲ့အထဲမှာ တပည့်တွေလည်း ဆံပင်ဖြူ၊ ဆရာတွေလည်း ဆံပင်ဖြူ ဆိုပဲ။
    ဆရာတစ်ယောက်ကလည်း ပြောသေးတယ်။
    ဆရာတစ်ယောက်လုပ်ရတဲ့ ပီတိပါပဲတဲ့။ 🙂
    သဂျီးရေ-
    ယူအက်စ က ကိုယ်စားလှယ်တော့ ကျမလည်း မသိဘူး။
    မေးပေးရမလား။
    ခုတောင် စင်္ကာပူက အလှူငွေတွေ ဝင်နေပြီလို့ သိရပါတယ်။
    မလတ်ရေ-
    ကျမအတွက် အီကို ကလည်း အိမ်မက်ကျောင်းပါပဲ။
    ကျမတို့တုန်းက ဒေသကောလိပ်တက်ရတော့ သချင်္ာတွဲကို ယူတယ်။ အီကို တက်မယ်ပေ့ါ။
    နောက်တော့လည်း မြန်မာပြည်ထုံးစံအတိုင်း ကိုယ့်အမှတ်နဲ့ ဘယ်လိုင်းမှီမလဲ ရွေးဖြစ်သွားရာကနေ အင်ဂျင်နီယာ ဖြစ်သွားတယ် ဆိုပါတော့။
    စပွန်ဆာ ဆိုတာကတော့ များများစားစား လှူတဲ့ အလှူ့ရှင်တွေကို ဂုဏ်ပြုပြီး အမည်တပ်ပေးတဲ့ သဘောပဲလို့ ထင်ပါတယ်။

  • snow white

    March 3, 2012 at 10:58 am

    ကိုယ်တိုင်မတက်ရပေမယ်အာစရိယပူဇော်ပွဲ နဲ့အတူကျောင်း သား/ယူပြန်လည် ဆုံဆည်းတဲ့ပွဲလေး လည်းဖြစ်တဲ့အတွက်ဖတ်မိသူတွေစိတ်ပျော်ရွှင်ကြည်နူးရပါတယ်အလှူဒါနပါပါတော့ ပိုလိုတောင်ပျော်ရွှင်ကြည်နူးမိပါတယ်သတင်းပေးတဲ့မမကိုလည်းကျေးဇူးတင်ပါတယ် မမကအဲဒိကျောင်းထွက်ပေါ့နော်

  • Patriot

    March 3, 2012 at 4:18 pm

    Thanks a lot for your information. I’ll disseminate it to all of my friends.

  • blackchaw

    March 3, 2012 at 5:55 pm

    မမရေ။
    စက်မှုတက္ကသို်လ် ကျောင်းကြီးက တို့ကျောင်းလို့
    ဂုဏ်ယူဝံ့ကြွားစွာပြောသွားတာကို
    အားကျမိပါတယ်။
    လေးလေးစားစား ဖတ်ပြီး မုဒိတာလည်းပွားသွားပါတယ်ဗျာ။
    😀

Leave a Reply