အလင်းဆက် ချစ်သော ပုံကလေးများ..၊ အပိုင်း ( ၂ )

alinsettMarch 2, 20123min1308

ကျွန်တော်ချစ်သော..ပုံကလေးများ….

________________________________

________________________________

__________________________________


___________________________________

___________________________________


____________________________________


____________________________________

______________________________________


______________________________________


_____________________________________


______________________________________


_______________________________________

______________________________________________

______________________________________________

အလင်းဆက် တစ်ယောက်..လိုင်းပြောင်းသွားပြီလို ့ ထင်ကုန်ကြမှာ စိုး လို ့..ပြောရပါဦးမယ် ။

ကျွန်တော် …လိုင်းမပြောင်းသေးပါဘူးနော် ။

ကျွန်တော်က မော်ဒန်ကဗျာ ၊ ဝတ္ထုတို နဲ ့…စာပေ ဝေဖန်ရေး ဆောင်းပါးတွေ.. ၊ အတွေး ခံစားမှု ဆောင်းပါး နဲ ့.။

ထူးခြားသော အယူအဆ တင်ပြမှု များကို ပြန်လည် တင်ပြ ခြင်း များ…လုပ် နေချင်တဲ ့ စာရူးပေရူးလေးပါ။

အခု… ပုံတွေ..ပဲ..တင်ပြ ဖြစ်နေတာကတော့..

ကျွန်တော် ဒီရက်ပိုင်းမှာ…ဘာစာ မှ ရေးလို ့မရလို ့ပါ ။

ကျွန်တော် ့ဘဝ မှာ အခက်အခဲ.တွေ နဲ ့အကြုံ..ရဆုံး အချိန်.လို ့တောင် ပြောရမလို ဖြစ်နေပါတယ် ။

စာတွေ..ရေးလို ့မရလောက်အောင် …စိတ်တွေ..လေးလံ..နေရပါတယ် ။ ဒါကြောင့် စာတွေ ပဲ..ဖိ..ဖတ်နေမိတာပါ ။
________________________________________

ကျွန်တော်..ချစ်တဲ ့ စာဖတ်သူတွေနဲ ့ ရွာသူ ရွာသားတွေ..ကို သတိရတဲ ့အနေနဲ ့…ထူးခြားမယ် ထင်တဲ ့ပုံလေးတွေ.တော့

တင်ပြ ပေးနေပါတယ်နော် ။

ဒီပုံလေးတွေကို FORWARD MAIL.. ထဲ က ရ ထားတာပါ ။

ပုံလေးတွေက တစ်ခုခုကို ပြောပြနေပါတယ် ။ ရင်ထဲ.ကို တစ်ခုခု…ပို ့ပေး နေသလို..ခံစားရတာကြောင့်..

အားလုံးကို..ဝေမျှ တင်ပြ ပေးလိုက်ပါတယ် ။

_______________________________

တကယ်လို ့….တွေ ့ဖူး..မြင်ဖူး ပြိးသား.( ရွာထဲက တစ်ယောက်ယောက် ) တင်ပြပြီးသားဖြစ်နေရင်တော့..ကျွန်တော့်

တိုင်ဆိုင်မှု ကို နားလည် ခွင့်လွတ်ပေးကြပါ.လို ့..။

_______________________________

ဓါတ်ပုံတွေနဲ ့ ပက်သက်ပြီး…ကျွန်တော်..ခံစားရတာတွေ အများကြီး ရှိခဲ ့ပါတယ် ။

ဓါတ်ပုံ ဆိုတာ ..သတင်း တစ်ခုခု ပေးပို ့တာ.. ။

သမိုင်းအတွက် အထောက် အထား..အဖြစ် ရပ်တည် ပေးတာ.. ။

တစ်ခုခု ရှိခဲ ့တယ်ဆိုတဲ ့ ဖြစ်တည်မှု အတွက် သက်သေ..ခံ..ပေးတာ ။

တစ်စုံ တစ်ခု ှဆီကို ဦးတည်…သွားလာဖို ့..နှိုးဆော်တာ…

စသည်ဖြင့် အများကြိးရှိပါတယ် ။

ဒါပေမယ့် မသမာသူတစ်ချို ့ရဲ ့ လက်ထဲမှာတော့ ဓါတ်ပုံဆိုတာ……

အရှိတရားကို..ဖျက်ဆီးပစ်ဖို ့….မမှန်ကန်ခြင်းကို… ဖုံးကွယ်ဖို ့…..

(လှလှပပ..ကျကျနန..ကိုင်တွယ် အသုံးပြု.ရာ ) လက်နက်တစ်ခု လို ဖြစ်နေပါသေးတယ် ။

__________________________________________

ဓါတ်ပုံတွေ..ကို ကျွန်တော် ချစ်ပါတယ် ။

တရားသော… ၊ မျှတ မှု ရှိသော.. ၊ အကြောင်းအကျိုး ခိုင်လုံသော…ဓါတ်ပုံများကို …

ချစ်တာပါ ။

________________________________

လေးစားစွာ…

အလင်းဆက်

2 . 3 . 2012

alinsett.art@gmail.com

8 comments

  • ကိုအလင်းဆက် ရေ …
    အကိုရဲ့ ပုံလေးတွေကို “သနားစဖွယ် ဘဝရဲ့ အခိုက်အတန့်ငယ်များ” လို့ ပြောပါရစေနော် ..

    သဂျီးက မြန်မာ နှစ်သစ်မှာ ဖုန်း ပေးမယ်ဆိုထားတော့ အကယ်၍များ ကျနော်သာ ရခဲ့သည်ရှိသော် …
    ကျနော်ကလည်း အားကျမခံ ဒီပုံလေးတွေထဲက ဖိနပ် အသစ်စက်စက်လေး တစ်ရံ လက်ဆောင်ပြန်ပေးဦးမှပဲ … လို့ စဉ်းစားထားတယ်ဗျာ …
    အာဟိ … 😀

    စိန်ပေါက်၊ ဗြဲသီး၊ ကြီးမိုက် တို့ရေ … နာလည်း နင်တို့ကို ဟိုကုလားလေး စီးထားတဲ့ ဖိနပ်လေးတွေ လက်ဆောင်ပေးမယ် .. ယူကြမလား … လို့ … 😀

  • MaMa

    March 2, 2012 at 10:25 pm

    ဒီတခါတော့ အလင်းဆက်ချစ်သော ပုံလေးများကို မချစ်နိုင်တော့ဘူး။
    စိတ်ညပ်သွားပြီ။ 🙁

  • windtalker

    March 3, 2012 at 8:57 am

    အလင်းဆက် ရဲ့ ပုံ တွေ မြင်ရမှ ပေါက်ဖေါ် ပျောက်နေတာ သိတော့တယ် ။ တစ်ကယ်ပါ ။

  • အမေရိကန်ငတုံး

    March 3, 2012 at 5:24 pm

    အိုက်ပုံတွေကဟိုတစ်လောကအင်တာနက်တွေထဲမှာတော်တော်ပြန်.
    လိုက်သေးတယ်။ဒါပေသိဘယ်တော့ကြည့်ကြည့်မရိုးနိုင်တဲ့ပကတိ
    အဖြစ်အပျက်ပုံလေးတွေပါ။စတွေ.တုန်းကအဲဒီပုံတွေကြည့်ပီးစိတ်
    ထဲတစ်မျိုးတစ်မြည်ခံစားလိုက်ရဒယ်။ဘယ်လိုကြီးမှန်းမသိဝူး

  • alinsett

    March 3, 2012 at 5:57 pm

    အမေရိကန် ..။ ကိုပေ..နဲ ့မမ..၊ မဟာ ရာဇာ…တို ့ကို ကျေးဇူးတင်ပါတယ် ။
    စာဖတ်သူများ အားလုံးကိုလည်း..ကျေးဇူးတင် ခင်မင် လေးစား လျက်ပါ ။

    ပုံကလေးတွေ.ကို ..ကျွန်တော်ချစ်သော..ပုံများ.ဆိုပြီး..အပိုင်း ( ၂ ) အဖြစ်..ခေါင်းစဉ်တပ်လိုက်ရပါတယ် ။
    အမှန်တော့..ကျွန်တော့်ရင်ကို..ထိခိုက်စွာ..ခံစားရစေသော..ပုံကလေးများပါ ။

    ပုံကလေးတွေ ပဲ.မို ့ ခေါင်းစဥ ်နောက်တစ်မျိုးမပေးတော့ပဲ.. အပိုင်း ( ၂ ) အဖြစ် တင်ပြ လိုူက်ပါတယ် နော် ။

    အားလုံးကို ခင်မင်လေးစားလျက်..
    alinsett.art@gmail.com

  • ကိုအလင်းစက်ရေ……
    တကယ်ပါဗျာ ငတ်မွတ်ဆခါင်းပါးနေတဲ့ ကလေးငယ်တွေကိုတွေ ့ရရင်
    ဖော်မပြနိုင်လောက်အောင်ဝမ်းနည်းမိတယ်ဗျာ။အငတ်ဘေးနဲ ့ရင်ဆိုင်
    နေရတဲ့သူ တို ့ဘဝတွေအတွက်ဗျာ………….;(

  • a me

    March 4, 2012 at 5:00 pm

    သနားဖို့ကောင်းတယ်လို့မပြောရက်ပါဘူး သူတို့ရဲ့မာန ကို မစော်ကားချင်လို့ပါ.သူတို့တွေက ဘယ်လိုပဲ
    နေရနေရ ပြုံးပျော်နေပေမယ့်.ကိုယ်သာ ဒီနေရာမှာ ဆိုရင်ရော

  • အလင်းဆက်

    June 4, 2012 at 7:34 pm

    ဓါတ်ပုံတွေနဲ ့ ပက်သက်ပြီး…ကျွန်တော်..ခံစားရတာတွေ အများကြီး ရှိခဲ ့ပါတယ် ။

    ဓါတ်ပုံ ဆိုတာ ..သတင်း တစ်ခုခု ပေးပို ့တာ.. ။

    သမိုင်းအတွက် အထောက် အထား..အဖြစ် ရပ်တည် ပေးတာ.. ။

    တစ်ခုခု ရှိခဲ ့တယ်ဆိုတဲ ့ ဖြစ်တည်မှု အတွက် သက်သေ..ခံ..ပေးတာ ။

    တစ်စုံ တစ်ခု ှဆီကို ဦးတည်…သွားလာဖို ့..နှိုးဆော်တာ…

    စသည်ဖြင့် အများကြိးရှိပါတယ် ။

    ဒါပေမယ့် မသမာသူတစ်ချို ့ရဲ ့ လက်ထဲမှာတော့ ဓါတ်ပုံဆိုတာ……

    အရှိတရားကို..ဖျက်ဆီးပစ်ဖို ့….မမှန်ကန်ခြင်းကို… ဖုံးကွယ်ဖို ့…..

    (လှလှပပ..ကျကျနန..ကိုင်တွယ် အသုံးပြု.ရာ ) လက်နက်တစ်ခု လို ဖြစ်နေပါသေးတယ် ။

Leave a Reply