blog ကနေဘယ်လို ပိုက်ဆံ ရှာမလဲ?

wailynnooJune 6, 20101min1324

1.Google Adsense
ဒီအစီအစဉ်ကတော့ google ကနေကိုယ့် site မှာ ကြော်ငြာလာထည့်တာပါ။ သူက ကိုယ့် site မှာရှိနေတဲ့အကြောင်းအရာနဲ့ပတ်သတ်တဲ့ site link တွေကိုလာထည့်တာပါ။ အဲဒီ site link တွေကို user တွေက click နှိပ်ခဲ့ရင် ကိုယ့် account ထဲကိုယ် site ပေါ်မူတည်ပြီး 3$ ကနေ 5$ စသည်ဖြင့်ရနိုင်ပါတယ်။ ဒီ link  https://www.google.com/adsense/ မှာ register လုပ်ပြီး adsense code ကိုတောင်းယူနိုင်ပါတယ်။ မြန်မာနိုင်ငံက ဆိုရင်တော့မရပါဘူး။ စီးပွားရေးပိတ်ဆို့ မှုကြောင့်ပါ။ မြန်မာလိုသီးသန့် siet ဆိုရင်လည်းမရပါဘူး language support မလုပ်ပါဘူး။
plentyoffish.com က တစ်လကို $300,000 ရပါတယ်။
digg.com ကတော့ $250,000 ရပါတယ်။

2.Amazon’s affiliate program
ဒီအစီအစဉ်ကတော့ အမေဇုန်ကနေ ပစ္စည်းလာကြော်ငြာပါလိမ့်မယ်။ ကိုယ်ဆိုဒ်ကတဆင့် ပစ္စည်းတစ်ခုရောင်းရရင်ကိုယ်က ကော်မရှင်ရမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဒီ link https://affiliate-program.amazon.com/ မှာ ကြည့်နိုင်ပါတယ်။

4 comments

  • intro

    June 7, 2010 at 12:32 pm

    အရမ်းစိတ် ဝင်စားတယ်… ဒါပေမယ့် ဒီကဆို ဘာဆိုဘာမှ လုပ်လို့မရဘူး… ခက်တယ်ဗျာ…

  • lyanmoeaung

    August 4, 2010 at 4:25 pm

    ခက်တာက ကိုယ်ပိုင် အင်တာနက် မရှိတာပဲ

  • မန်း ရိပ်

    August 13, 2010 at 9:49 am

    ခက်တာက မြန်မာပြည်မှာ ရှိနေတာပဲ ဟင်း………….

  • kai

    August 13, 2010 at 10:13 am

    plentyoffish.com က တစ်လကို $300,000 ရပါတယ်။..ဆိုထားတာမို ့…ဖတ်သူတွေ သွားရည်ယိုစရာပေါ့။
    ပြောရရင်တော့…. ဂျိမ်းကင်မရွန်း Avatar ရုပ်ရှင်ရိုက်တာ…အမြတ်ဒေါ်လာ သန်း၂၀၀ဝ ကျော်နေပြီ…ဆိုပြီးပြောတာမျိုးပါ။
    ဒါက တကမ္ဘာလုံးမှာ…တယောက်လေ…။ ရုပ်ရှင်ရာဇဝင်တခုလုံးမှာ တယောက်လေ..။ တကားလေ..။

    မန္တလေးဂေဇက်မှာလည်း ကြော်ငြာတွေတွေ့မှာမို ့..တော်တော်ရနေပြီထင်ကြမှာပါပဲ..။
    တော်တော်ရပါတယ်…။ တရက် ၁ ဒေါ်လာလောက်ပေါ့။ (Website Daily Income: $2 USD) သူတို့တွေတွက်ပြထားတာကြည့်ချင်ရင်
    http://www.sitereport.org/p/myanmargazette.net
    မှာသွားကြည့်ကြပေါ့။ သိပ်တော့လည်း မမှန်ပါဘူး။ သိချင်တဲ့ဝက်ဆိုက်တွေလည်း နာမည်ရိုက်ရှာလို့ရပါတယ်။ တဝက်လောက်ပဲမှန်တာပါ။

    ဗဟုသုတပေါ့နော….။

Leave a Reply