အရေးတော်အတွက ်ပေးဖတ်ကြပါ

ခင်ဗျား ထပါ

ခင်ဗျား ထပါ

အောက်တန်းကျတဲ့ အချို့သတင်းသံ

လုပ်ကြံသတင်း အဖျင်းအညာ သတင်းစာတွေနဲ့

ဘာဖြစ်လို့ရန်ဖြစ်နေမှာလဲ

တရားတာ မတရားတာ စကားအရာနဲ့

အလကားဝါးနေမဲ့ အစား

ခင်ဗျားပါဘို့မလိုဘူးလား။

စာရွတ်တွေဖတ် ကျေနပ်နေမဲ့အစား

ခင်ဗျားပါဘို့ မလိုဘူးလား။

ဘီဘီစီ၊ ဗွီအိုအေ ရေဒီယိုကက်စက်

ထွက်သမျှခွေ နားထောင်ကျေနပ်

ယပ်ခပ်နေမဲ့အစား (လက်ခုပ်တီး၊အံကျိတ်နေမယ့်အစား)

ခင်ဗျားပါဘို့ မကောင်းဘူးလား။

ထင်ရှားနေလျှက် ခင်ဗျားနေရက်သလား။

ခင်ဗျားအသိ၊ ခင်ဗျားအဘိဓမ္မာဟာ

လက်တွေ့မွေးဖွားမလာရင် ဘာလုပ်မလဲ။

အမြုံဘဲပေါ့။

တော်တော့။

ဝေဖန်မနေနဲ့၊ လေကန်မနေနဲ့

ငြီးငြူမနေနဲ့၊ ဂျီးထူမနေနဲ့

တက်ခေါက်နေတာလဲ လက်မြှောက်နေတာပဲ

ဆင်ခြေ၊မြင်းခြေ အသချေင်္ကို

လေတိုက်ပွဲမှာ ထားခဲ့ပါတော့

ဈေးဆိုင်ကနားကြောင့် ဘေးထိုင်နားနေသလား။

လစာတိုးတဲ့လာဘ်ကြောင့် ဘဝပါထိုးအပ်လိုက်သလား။

တရားရေးပျောက်ပြီး စပါးဈေးနောက်

တကောက်ကောက် လိုက်နေသလား

ထမင်းတစ်နပ်၊ ဟင်းတစ်ဖတ်ကြောင့် တင်းကြပ်နေသလား

အလကားလူတိုင်းလဲ အလားတူ

ခင်ဗျားလို အပူနဲ့ချည်းမှတ်ပါ။

ဒါပေမဲ့ ခင်ဗျားစဉ်းစားကြည့်ပါ။

သွားလေသူတွေ သွားနေကြတယ်

ဝင်လေသူတွေ ဝင်နေကြတယ်

လုပ်သူတွေ လုပ်နေကြတယ်

ခင်ဗျားက သီးခြားအခွင့်ထူးခံလား

အသနားခံလား၊ အကယ်ဆယ်ခံလား

ခင်ဗျားဘဝအရေး ခင်ဗျားမှအပ

ဘယ်သူက ကယ်တင်နိုင်မှာလဲ

မျိုးဆက်တစ်ခုလုံးအရေး ခင်ဗျားအပါသေးသမျှ

ဝေးနေအုံးမှာပဲ။

တစ်ရစ်ပြီးတစ်ရစ် နစ်ပြီးရင်းနစ်နေကြတဲ့

ဒီခေတ်စနစ်ရဲ့ အောက်မှာ

နောက်ထပ်ဆုံးရှုံးစရာ ဘာကျန်သေးလို့လဲ

သံနှောင်ကြိုးဘဲ မဟုတ်လား

ဘာလဲ လက်ရှိနဲ့ လက်မဲ့ဆိုတဲ့စကားကို

ခင်ဗျားပြောအုံးမလို့လား

ဒီမယ်ခင်ဗျားပါရင် တအား

ကျုပ်ပါရင် တအား

သူပါရင် တအား

အားလုံးအားလုံးပါဝင်ပြီး

အင်အားတွေစုစည်း၊ ကြီးသထက်ကြီးလာရင်

မြင်ပင်တွေနဲ့ ကျစ်ယူတဲ့လွန်ဟာ

ခွန်အားဘုရင် ဆင်ကိုတောင်

ဆွဲပြီး လှဲပြစ်နိုင်တယ်မဟုတ်လား

ရေမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့လှိုင်းဟာ

ကျောက်ဆောင်တံတိုင်းကိုတောင်မှ

ဖြိုချပြစ်နိုင်တယ်မဟုတ်လား

ခင်ဗျားထပါ၊ ထစမ်းပါ။

 

အရေးတော်အတွက် ပေးဖတ်ကြပါ

ကူးယူဆင့်ပွားပါ.လက်ဆင့်ကမ်းကြပါ

မြန်မာပြည်သား

2 comments

  • ဘီဘီစီ၊ ဗွီအိုအေ ရေဒီယိုကက်စက်
    ထွက်သမျှခွေ နားထောင်ကျေနပ်
    ယပ်ခပ်နေမဲ့အစား (လက်ခုပ်တီး၊အံကျိတ်နေမယ့်အစား)
    ခင်ဗျားပါဘို့ မကောင်းဘူးလား။
    ______________________
    အမလေးတော်ပါသေးတယ် နတ်ဆိုးလေးရေ။အရင်တုန်းကလို
    ပြည်တွင်းသတင်းစာတွေမှာပါသလို ပြန်ရေးနေတာလားလို ့။ဟုတ်၏။
    ဖတ်သွားပါတယ်ဗျာ။

Leave a Reply