ပါဠိစာ လွယ်ကူစွာဖတ်နည်း

mg mgMarch 3, 20121min1576

ကျနော်တို့ဟာ ဘာသာရေးနဲ့နီးပေမယ့် ပါဠိစာနဲ့တော့ ဝေးကြပါတယ်၊ အတွေ့များ အသုံးများတဲ့ မင်္ဂလသုတ်-မေတ္တသုတ်လောက်ပဲ ကောင်းကောင်းရွတ်ဖတ်နိုင်ကြပါတယ်။ တစ်ခြားပါဠိစာများတွေ့လျင် အများအားဖြင့်မဖတ်တတ်ကြလို့(အသံထွက်မမှန်တာကိုဆိုလိုပါသည်) ဘုန်းဘုန်းတို့ကိုမေးပြီး မိမိသိချင်တဲ့ပါဠိစာလေးကိုပဲ ဆူလွယ်နပ်လွယ် အသံထွက်ကိုနောက်ကလိုက်ဆိုမှတ်လိုက်ပြီး ကျက်လိုက်ကြတာများပါတယ်။

တကယ်တော့ ပါဠိစာဖတ်တာ နည်းလမ်းလေးသိထားမယ်ဆိုလျင် သိပ်မခက်လှပါဘူး၊ ကျနော်လေ့လာမေးမြန်းထားတဲ့ ပါဠိစာဖတ်နည်းလေးကိုပြောကြရအောင်လားဗျာ။ တကယ်တော့ ကျနော်တို့တွေ့နေရတဲ့ ပါဠိစာဆိုတာမြန်မာအက္ခရာတွေနဲ့ရေးထားတာပါ၊ တကယ့်ပါဠိစာကတော့ ဘယ်လိုလဲကျနော်မသိပါဘူး၊ ပြောချင်တာက ပါဠိစာဟာ ကျနော်တို့သိတဲ့မြန်မာအက္ခရာတွေနဲ့ရေးထားတဲ့အတွက် အထွေအထူးထပ်ပြီးကျက်မှတ်စရာသိပ်မရှိလှပါဘူး၊ ကဲ စလိုက်ကြရအောင်လား—

ပထမဆုံးအနေနဲ့ မြန်မာဗျည်း-၃၂-လုံးကို(“အ“ အက္ခရာကိုတော့ သရဖြစ်တဲ့အတွက်ချန်ထားပါတယ်) အုပ်စုနှစ်စုခွဲပြီးမှတ်ထားရမှာ၊ ဒါကလည်းလွယ်ပါတယ် ကကြီးကနေ မ-ထိအောင်-၂၅-လုံးကို အစဉ်အတိုင်းရေးပြီး အုပ်စုတစ်ခုဖွဲ့၊ နောက် ကျန်နေတဲ့ ယ-ကနေ ဠ-ထိအောင် -၇-လုံးကိုအုပ်စုတစ်ခုဖွဲ့ပြီး နှစ်စုခွဲမှတ်လိုက်ပါ။ (အမှန်တော့ ပါဠိစာပေမှာအဲသလိုမခွဲပါဘူး၊ ပါဠိစာအလွယ်ဖတ်နိုင်ဖို့အတွက်သာ ခွဲတာပါ) အလွယ်မှတ်ချင်လျင်တော့ အုပ်စု(အေ) နဲ့ အုပ်စု(ဘီ)ေပါ့၊ ပြီးလျင် သူတို့ရဲ့လုပ်ငန်း တာဝန်လေးတွေကိုမှတ်လိုက်ကြရအောင်၊ အဲဒါမမှတ်ခင် အရေးတကြီးပြောချင်တာက “ယ” နဲ့ “ရ” အသံထွက်ကိစ္စနဲ့ ရေးပုံရေးနည်းလေးပါ၊ “ယ”ကို Ya လို့ပဲအသံထွက်ရပါတယ်“Ra”လို့လုံးဝ အသံမထွက်ရပါ ၊ ထို့အတူ “ရ”ကိုလည်း “Ra” လို့ပဲ လျှာလိပ်သံနဲ့ထွက်ရပါတယ်၊ “Ya”လို့ လုံးဝအသံမထွက်ရပါ။ ရေးထုံးပုံစံ ကတော့ ပုံမှန်အတိုင်း ယ+ရ လို့သုံးသလို၊ နောက်တစ်ခါ ယ-ကို ယပင့်အဖြစ်သုံးနိုင်ပြီး၊ ရ-ကို ရရစ်အဖြစ်သုံးပါတယ်(ဆိုလိုတာကတော့ “ယပင့် နဲ့ ရရစ်တွေ့လျင် ယ-နဲ့ ရ-လို့မှတ်ရမယ်ဆိုတာပါ)

ကဲဆက်ပြီး အုပ်စုနှစ်ခုရဲ့လုပ်ငန်းတာဝန်လေးတွေအကြောင်းပြောကြရအောင်၊ အဲဒီလုပ်ငန်းတာဝန်တွေက ပါဠိအလုံးဆင့်(ပါဌ်ဆင့်) တဲ့အပေါ်မှာမူတည်ပြီး ကွဲပြားပါတယ်။  ပါဠိအလုံးဆင့်(ပါဌ်ဆင့်)တွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာ

(၁)အုပ်စု(အေ)ရှိ အက္ခရာအချင်းချင်းဆင့်တဲ့ ပါဌ်ဆင့်၊’ (၂)အုပ်စု(ဘီ)ရှိ အက္ခရာအချင်းချင်းဆင့်တဲ့ ပါဌ်ဆင့်၊’ (၃)အုပ်စု(အေ)အက္ခရာ နဲ့ အုပ်စု(ဘီ)အက္ခရာ ရောပြီးဆင့် တဲ့ပါဌ်ဆင့်ဆိုပြီးတွေ့ရပါတယ်၊ အဲဒီလိုရှိတဲ့အထဲက

အမှတ်စဉ်(၁+၂)အရ အုပ်စုတူအချင်းချင်း(အေ+အေချင်း၊ ဘီ+ဘီချင်း)ဆင့်တဲ့အခါမျိုးမှာ ဆင့်ထားတဲ့အက္ခရာနှစ်လုံးရယ် သူ့ရှေ့မှာတဲ့အက္ခရာရယ် ပေါင်းအက္ခရာအားဖြင့် သုံးလုံးရှိပြီး အသံထွက်ကိုမှတ်တဲ့အခါမှာတော့ အသံကနှစ်သံပဲထွက်ပါတယ်။ ဥပမာ=“ကိစ္စ” အဲဒီမှာအက္ခရာကို ရေတွက်ကြည့်လျင်  ကကြီးရယ် စလုံးနှစ်လုံးရယ်(ကိ+စ+စ)ဆိုပြီး သုံးလုံးတွေ့ရမှာပါ၊ အက္ခရာအနေနဲ့သုံးလုံးရှိပေမယ့် အသံထွက်တဲ့အခါမှာတော့ ကိတ်စ(ကိတ်+စ)ဆိုပြီး နှစ်သံပဲထွက်ပါတယ်။

ဥပမာများ= စက္ကဝါဠေသု(စက္က)+ ဒုက္ခ+သဂ္ဂမောက္ခဒံ(ဂ္ဂ+က္ခ)။ ဒါကတော့အမှတ်စဉ်(၁)အရအုပ်စုအေအချင်းချင်းဆင့်တာဖြစ်ပါတယ်။

အမှတ်စဉ်(၂)အရ ဥပမာများ=ဗောဓိပလ္လင်္ကေ(ပလ္လ=ပန်လင်ကေ)၊  ယဿာနုဘာဝတော(ယဿာ=ယတ်သာ-သနှစ်လုံးဆင့်သည်)

အဲဒီတော့အမှတ်စဉ်(၁+၂)အရကြည့်လျင် အလုံးဆင့်ရာအပေါ်အက္ခရာမှာ လုပ်ငန်းတာဝန်တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ မိမိရှေ့မှာရှိတဲ့အက္ခရာရဲ့ အသတ်အဖြစ် (ကသတ်+စသတ်+ဂသတ်-စသည်)တာဝန်ယူရခြင်း အလုပ်တစ်ခုပဲဖြစ်ပါတယ်။

အမှတ်စဉ်(၃)အရ အုပ်စု(အေ နဲ့ ဘီ)ရောဆင့်တဲ့အခါမျိုးမှာတော့ အက္ခရာအနေနဲ့သုံးလုံးရှိသလို အသံထွက်အနေနဲ့လည်း သုံးသံထွက်ရမှာဖြစ်ပါတယ်။ တာဝန်အနေနဲ့ပြောမယ်ဆိုလျင်တော့ အလုံးဆင့်ရာအပေါ်အက္ခရာမှာ မိမိရှေ့မှာရှိတဲ့အက္ခရာရဲ့ အသတ်အဖြစ်တာဝန်ယူပေးရသလို၊ မိမိကိုယ်ပိုင်အက္ခရာရဲ့အသံကို လည်း ထည့်ပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်။

ဥပမာများ=အတြာဂစ္ဆန္တု(အသံထွက်=အတ်တရာ) ၊ ယံ အမှေဟိ(အသံထွက်=အန်မှေ)၊ ဗြဟ္မမေတံ(အသံထွက်=ဗြန်မှ)၊ ဝါကျ(အသံထွက်=ဝက်ကျ)၊ ဩဘာသေတွာ(အသံထွက်=ဩဘာသစ်တဝါ)

ရှင်းလင်းချက်//အတြာ-မှာ အ+တ+ရ-လို့ အက္ခရာအားဖြင့် သုံးလုံးရှိပါတယ်(ရရစ်သည် ရ-၏ကိုယ်စားလှယ်)။ အဲဒီသုံးလုံးမှာ ပါဌ်ဆင့်အက္ခရာဖြစ်တဲ့ တြ (တ နှင့် ရ-ကို ဆင့်ထားသည်)ကိုကြည့်တဲ့အခါမှာ တ-အက္ခရာက အုပ်စု(အေ)ထဲကဖြစ်ပြီး ရ-အက္ခရာကတော့ အုပ်စု(ဘီ)ကဖြစ်ပါတယ်။ ဆိုတော့ အမှတ်စဉ်(၃)အရ အုပ်စု(အေ) နဲ့ အုပ်စု(ဘီ)ရောဆင့်တဲ့ ပါဌ်ဆင့်ဖြစ်တဲ့ အတွက် အပေါ်အက္ခရာဖြစ်တဲ့“တ”ဟာ မိမိရဲ့ရှေ့မှာရှိတဲ့“အ”အက္ခရာရဲ့ အသတ်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်သလို၊ ပင်ကိုယ်မိမိရဲ့“တ”ဆိုတဲ့တာဝန်ကိုထမ်းဆောင်ရမှာဖြစ်လို့ တာဝန်နှစ်ရပ် ရှိလာတဲ့အတွက်ကြောင့် အသံထွက်တဲ့အခါမှာ“အတ်+တ+ရာ”ဆိုပြီး အသံသုံးသံထွက်ရမှာဖြစ်ပါတယ်။ အဲဒီတော့ အက္ခရာလည်းသုံးလုံး၊ အသံလည်းသုံးသံပေါ့၊ ထို့အတူ=ယံ အမှေဟိ-ရှိ အမှေ=အ+မ+ဟေ-အက္ခရာအားဖြင့်သုံးလုံး(မ နှင့် ဟ-ဆင့်ထားသည်)၊ ဟ-ထိုးသည် ဟ-၏ကိုယ်စားလှယ်) အသံထွက် အမ်+မ+ဟေ(မြန်မာ့လျှာဖြင့် မှေ-ဟုထွက်)သုံးသံဖြစ်ပါတယ်။
ဗြဟ္မမေတံ=ရှိ ဗြဟ္မ= ဗြ+မ+ဟ(သဒ္ဒါနည်းအရ မ-နှင့်-ဟ ပြောင်းပြန်လုပ်ထားသည်ဟုပြောပါသည်)အက္ခရာသုံးလုံး(မ-နှင်ဟ-ဆင့်ထားသည်) အသံကလည်း ဗြန်+မ+ဟ(မြန်မာ့လျှာဖြင့် မှ-ဟုထွက်)ဟုသုံးသံထွက်ပါသည်။
ဝါကျ=အက္ခရာအနေအားဖြင့် ဝါ+က+ယ-ဟုသုံးလုံးရှိသလို(က-နှင့်ယ-ကိုဆင့်ထားသည်)၊ အသံအနေအားဖြင့်လည်း ဝါက်+က+ယ(မြန်မာ့လျှာဖြင့်-ကျ-ဟုထွက်)ဟုသုံးသံထွက်ပါသည်။ (ဒီနေရာမှာ အများအားဖြင့် ဝါ-ကျ (war+kya)ဟု အထွက်များကြပါသည်၊ အမှန်အားဖြင့် မထွက်ရဟု ဆရာတော်များမိန့်ပါသည်)
ဩဘာသေတွာ=ရှိ သေတွာ= အက္ခရာအားဖြင့် သေ+တ+ဝါ ဟုသုံးလုံးရှိသလို(တ-နှင့် ဝ-ကို ဆင့်ထားသည်) အသံထွက်တဲ့အခါမှာလည်း သစ်+တ+ဝါ လို့ သုံးသံထွက်ရမှာဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုလျင်တော့ သဘောပေါက်လောက်မှာပါ။ အဲဒီတော့ အကျဉ်းချုပ်မှတ်ကြည့်ရအောင်
အုပ်စုအေ အက္ခရာများ=က-ခ-ဂ-ဃ-င၊ စ-ဆ-ဇ-ဈ-ည၊ ဋ-ဌ-ဍ-ဒရေမှုတ်-ဏ၊ တ-ထ-ဒ-ဓ-န၊ ပ-ဖ-ဗ-ဘ-မ၊ အားဖြင့်(၂၅)လုံး။ အုပ်စုဘီ အက္ခရာများ=ယ-ရ-လ-၀-သ-ဟ-ဠ၊ အားဖြင့် (၇)လုံး ။ (အ-ကိုသရဖြစ်လို့ချန်ထားသည်)
အမှတ်စဉ်(၁) အုပ်စုအေ အချင်းချင်းစာလုံးဆင့်(ပါဌ်ဆင့်)ဆင့်တဲ့အခါ=အက္ခရာသုံးလုံး+အသံနှစ်သံ။
အမှတ်စဉ်(၂) အုပ်စုဘီ အချင်းချင်းစာလုံးဆင့်(ပါဌ်ဆင့်)ဆင့်တဲ့အခါ=အက္ခရာသုံးလုံး+အသံနှစ်သံ။
အမှတ်စဉ်(၃) အုပ်စုအေ နှင့် အုပ်စုဘီ ရောပြီးဆင့်(ပါဌ်ဆင့်)ဆင့်တဲ့အခါမှာ=အက္ခရာလည်းသုံးလုံး+ အသံလည်းသုံးသံ။
သီးခြားမှတ်ရန်=ည-ကိုတွေ့လျင် ညလေး(နောက်ကအကောက်မပါ)နှစ်လုံးဆင့်ထားသည်ဟုမှတ်ပါ။ ညလေးသည် င-သတ်နှင့်တူပါသည်(အညမည=အင်ညမင်ည)။
ဿ-ကိုတွေ့လျင် သ-နှစ်လုံးဆင့်ထားသည်ဟုမှတ်ပါ၊(ဓမ္မဿဝန-ဓမ်မပ်သဝန)။
အက္ခရာမှာ ဟ-ထိုးပါလျင် ထိုဟထိုးကို ဟ-အက္ခရာဟုမှတ်ပါ။ ယံ အမှေဟိ=ယံ အမ်မှေဟိ။
ဌ-ဝမ်းဘဲတွင် အကောက်နှစ်ဆင့်ပါလျင်(ဋ္ဌ) ဋ-သံလျဉ်းချိတ်နှင့် ဌ-ဝမ်းဘဲဆင့်ထားသည်(ဋ-အပေါ် ဌ-အောက်)ဟုမှတ်ပါ။ အဋ္ဌမတန်း=အတ်+ဌ+မတန်း။
ပါဌ်ဆင့်ရှေ့ရှိအက္ခရာတွင် သဝေထိုးပါလျင် စ-သတ်သံထွက်ပါ။ခေတ္တ=ခစ်တ၊ မေတ္တ-မစ်တ။
၎င်းတွင် ရေးချပါ ပါလျင်=မြန်မာသတ်ပုံမရှိရာတွင် ဝဆွဲသံထွက်ပါ။မောက္ခ=မောက်(မြန်မာသတ်ပုံရှိ) သောတ္ထာနံ=သောတ်(မြန်မာသတ်ပုံမရှိ)သွတ်+ထာ+နံ ဒါတွေကတော့ ကျနော်လေ့လာမိ မေးမြန်းထားမိသလောက်ဖြစ်ပါတယ်။ မပြည့်စုံနိုင်ပါ။ နောက်ပြီး အများအားဖြင့်သာဖြစ်ပြီး နေရာတိုင်းကိန်းသေမုချ မမှတ်ယူသင့်ပါ။ အမှားပါလျင် မပြည့်စုံလျင် ဝိုင်းဝန်းပြင်ဆင်ပေးကြပါကုန်။ အားလုံးကိုကျေးဇူးပါ။

6 comments

  • kai

    March 3, 2012 at 12:45 pm

    ကော်မန့်မှာ ကျန်တာဆက်တင်ပါနော..
    ပြန်ပေါင်းပေးပါ့မယ်..။

  • Burmese or Chinese

    March 3, 2012 at 12:52 pm

    ကျန်တာဆက်တင်နော်…..နော်…..

  • windtalker

    March 3, 2012 at 1:01 pm

    အမြန်ဆုံး ရေးတင်ပေးပါခင်ဗျာ ။ ပါဋ္ဌိ လို ဘာမှ ကို မသိလို ့၊ လေ့လာချင်လို ့ပါ ခင်ဗျ

  • marblecommet

    March 3, 2012 at 2:47 pm

    ပြည့်ြ့ပည့်စုံစုံလေး ဖတ်ချင်ပါတယ်ဗျို့
    စောင့်နေပါတယ်
    သူကြီးပေါင်းပေးပါနော့…

  • mg mg

    March 3, 2012 at 3:26 pm

    ရှင်းလင်းချက်//အတြာ-မှာ အ+တ+ရ-လို့ အက္ခရာအားဖြင့် သုံးလုံးရှိပါတယ်(ရရစ်သည် ရ-၏ကိုယ်စားလှယ်)။ အဲဒီသုံးလုံးမှာ ပါဌ်ဆင့်အက္ခရာဖြစ်တဲ့ တြ (တ နှင့် ရ-ကို ဆင့်ထားသည်)ကိုကြည့်တဲ့အခါမှာ တ-အက္ခရာက အုပ်စု(အေ)ထဲကဖြစ်ပြီး ရ-အက္ခရာကတော့ အုပ်စု(ဘီ)ကဖြစ်ပါတယ်။ ဆိုတော့ အမှတ်စဉ်(၃)အရ အုပ်စု(အေ) နဲ့ အုပ်စု(ဘီ)ရောဆင့်တဲ့ ပါဌ်ဆင့်ဖြစ်တဲ့ အတွက် အပေါ်အက္ခရာဖြစ်တဲ့“တ”ဟာ မိမိရဲ့ရှေ့မှာရှိတဲ့“အ”အက္ခရာရဲ့ အသတ်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်သလို၊ ပင်ကိုယ်မိမိရဲ့“တ”ဆိုတဲ့တာဝန်ကိုထမ်းဆောင်ရမှာဖြစ်လို့ တာဝန်နှစ်ရပ် ရှိလာတဲ့အတွက်ကြောင့် အသံထွက်တဲ့အခါမှာ“အတ်+တ+ရာ”ဆိုပြီး အသံသုံးသံထွက်ရမှာဖြစ်ပါတယ်။ အဲဒီတော့ အက္ခရာလည်းသုံးလုံး၊ အသံလည်းသုံးသံပေါ့၊ ထို့အတူ=ယံ အမှေဟိ-ရှိ အမှေ=အ+မ+ဟေ-အက္ခရာအားဖြင့်သုံးလုံး(မ နှင့် ဟ-ဆင့်ထားသည်)၊ ဟ-ထိုးသည် ဟ-၏ကိုယ်စားလှယ်) အသံထွက် အမ်+မ+ဟေ(မြန်မာ့လျှာဖြင့် မှေ-ဟုထွက်)သုံးသံဖြစ်ပါတယ်။
    ဗြဟ္မမေတံ=ရှိ ဗြဟ္မ= ဗြ+မ+ဟ(သဒ္ဒါနည်းအရ မ-နှင့်-ဟ ပြောင်းပြန်လုပ်ထားသည်ဟုပြောပါသည်)အက္ခရာသုံးလုံး(မ-နှင်ဟ-ဆင့်ထားသည်) အသံကလည်း ဗြန်+မ+ဟ(မြန်မာ့လျှာဖြင့် မှ-ဟုထွက်)ဟုသုံးသံထွက်ပါသည်။
    ဝါကျ=အက္ခရာအနေအားဖြင့် ဝါ+က+ယ-ဟုသုံးလုံးရှိသလို(က-နှင့်ယ-ကိုဆင့်ထားသည်)၊ အသံအနေအားဖြင့်လည်း ဝါက်+က+ယ(မြန်မာ့လျှာဖြင့်-ကျ-ဟုထွက်)ဟုသုံးသံထွက်ပါသည်။ (ဒီနေရာမှာ အများအားဖြင့် ဝါ-ကျ (war+kya)ဟု အထွက်များကြပါသည်၊ အမှန်အားဖြင့် မထွက်ရဟု ဆရာတော်များမိန့်ပါသည်)
    ဩဘာသေတွာ=ရှိ သေတွာ= အက္ခရာအားဖြင့် သေ+တ+ဝါ ဟုသုံးလုံးရှိသလို(တ-နှင့် ဝ-ကို ဆင့်ထားသည်) အသံထွက်တဲ့အခါမှာလည်း သစ်+တ+ဝါ လို့ သုံးသံထွက်ရမှာဖြစ်ပါတယ်။
    ကဲ ဒီလောက်ဆိုလျင်တော့ သဘောပေါက်လောက်မှာပါ။ အဲဒီတော့ အကျဉ်းချုပ်မှတ်ကြည့်ရအောင်
    အုပ်စုအေ အက္ခရာများ=က-ခ-ဂ-ဃ-င၊ စ-ဆ-ဇ-ဈ-ည၊ ဋ-ဌ-ဍ-ဒရေမှုတ်-ဏ၊ တ-ထ-ဒ-ဓ-န၊ ပ-ဖ-ဗ-ဘ-မ၊ အားဖြင့်(၂၅)လုံး။ အုပ်စုဘီ အက္ခရာများ=ယ-ရ-လ-၀-သ-ဟ-ဠ၊ အားဖြင့် (၇)လုံး ။ (အ-ကိုသရဖြစ်လို့ချန်ထားသည်)
    အမှတ်စဉ်(၁) အုပ်စုအေ အချင်းချင်းစာလုံးဆင့်(ပါဌ်ဆင့်)ဆင့်တဲ့အခါ=အက္ခရာသုံးလုံး+အသံနှစ်သံ။
    အမှတ်စဉ်(၂) အုပ်စုဘီ အချင်းချင်းစာလုံးဆင့်(ပါဌ်ဆင့်)ဆင့်တဲ့အခါ=အက္ခရာသုံးလုံး+အသံနှစ်သံ။
    အမှတ်စဉ်(၃) အုပ်စုအေ နှင့် အုပ်စုဘီ ရောပြီးဆင့်(ပါဌ်ဆင့်)ဆင့်တဲ့အခါမှာ=အက္ခရာလည်းသုံးလုံး+ အသံလည်းသုံးသံ။
    သီးခြားမှတ်ရန်=ည-ကိုတွေ့လျင် ညလေး(နောက်ကအကောက်မပါ)နှစ်လုံးဆင့်ထားသည်ဟုမှတ်ပါ။ ညလေးသည် င-သတ်နှင့်တူပါသည်(အညမည=အင်ညမင်ည)။
    ဿ-ကိုတွေ့လျင် သ-နှစ်လုံးဆင့်ထားသည်ဟုမှတ်ပါ၊(ဓမ္မဿဝန-ဓမ်မပ်သဝန)။
    အက္ခရာမှာ ဟ-ထိုးပါလျင် ထိုဟထိုးကို ဟ-အက္ခရာဟုမှတ်ပါ။ ယံ အမှေဟိ=ယံ အမ်မှေဟိ။
    ဌ-ဝမ်းဘဲတွင် အကောက်နှစ်ဆင့်ပါလျင်(ဋ္ဌ) ဋ-သံလျဉ်းချိတ်နှင့် ဌ-ဝမ်းဘဲဆင့်ထားသည်(ဋ-အပေါ် ဌ-အောက်)ဟုမှတ်ပါ။ အဋ္ဌမတန်း=အတ်+ဌ+မတန်း။
    ပါဌ်ဆင့်ရှေ့ရှိအက္ခရာတွင် သဝေထိုးပါလျင် စ-သတ်သံထွက်ပါ။ခေတ္တ=ခစ်တ၊ မေတ္တ-မစ်တ။
    ၎င်းတွင် ရေးချပါ ပါလျင်=မြန်မာသတ်ပုံမရှိရာတွင် ဝဆွဲသံထွက်ပါ။မောက္ခ=မောက်(မြန်မာသတ်ပုံရှိ) သောတ္ထာနံ=သောတ်(မြန်မာသတ်ပုံမရှိ)သွတ်+ထာ+နံ ဒါတွေကတော့ ကျနော်လေ့လာမိ မေးမြန်းထားမိသလောက်ဖြစ်ပါတယ်။ မပြည့်စုံနိုင်ပါ။ နောက်ပြီး အများအားဖြင့်သာဖြစ်ပြီး နေရာတိုင်းကိန်းသေမုချ မမှတ်ယူသင့်ပါ။ အမှားပါလျင် မပြည့်စုံလျင် ဝိုင်းဝန်းပြင်ဆင်ပေးကြပါကုန်။ အားလုံးကိုကျေးဇူးပါ။
    တင်တုန်းကတော့ အစအဆုံးရေးပြီးတင်လိုက်တာပါဘဲ၊ တင်နေရင်းနဲ့ ကျနော်ကလဲသေချာမလုပ်တတ် လိုင်းကလည်းမကောင်းဆိုတော့ ဘာတွေဖြစ်မှန်းကိုမသိတော့ပါ။ သူကြီးနှင့်တကွအားလုံးကိုတောင်းပန်ပါတယ်။ လွန်တာရှိရင် ဝန္ဒာမိပါဗျာ။ ကော်မန့်မှာဆက်တင်ပါပြောလို့ ကျေးဇူးတင်စွာနဲ့ဘဲ ဆက်ရေးလိုက်ပါပြီ။(သူကြီးတမင်များ ဒုက္ခပေးသလားလို့)

  • maungmoenyo

    March 4, 2012 at 12:28 pm

    ကျေးဇူးကြီးလှပါပေတဲ့။ ရေးတော့အမှန်ဖတ်တော့အသံဆိုတဲ့ ဌာန်းကရိုင်းလေး…သွားသတိရမိပါရဲ့။

Leave a Reply