မန္တလေးမြို့ လည်ခေါင်အချို့ လမ်းမကြီးများပေါ်မှာ သွားလာနေကြတဲ့ မိဘ ပြည်သူများ အနေနဲ့ ကန့် သတ်နယ်မြေအတွင်းမှာ ကား။ ဆိုင်ကယ် ယာဉ်ရပ်နား မယ်ဆိုရင်ရပ်နားခ ပေးဆောင်ကြရပါတယ်။ ယခုလက်ရှိ တရားဝင်သတ်မှတ်ထားတဲ့နှုန်းများ ကလည်း အောက်ပါအတိုင်း သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ပေးဆောင်ရသူ အနေနဲ့ သင့်တင့်မျှတ တဲ့နှုန်းထားများ လို့ ဆိုနိုင် ပါတယ်။
(၁) ဆိုင်ကယ်တစ်စီးတစ်နာရီထိရပ်နားခ    ( ၅၀ ကျပ်နှုန်း) တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ (၁၀၀ ကျပ် နှုန်း )
(၂) ကားတစ်စီး တစ်နာရီထိရပ်နားခ     ( ၁၀၀ ကျပ်နျုန်း)  တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ ( ၂၀၀ ကျပ်နှုန်း )
ပြည်သူတွေပေးဆောင်နေတဲ့ အခွန်အခ၇ှိမှလည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို ပြုလုပ်နိုင်မှာဖြစ်တဲ့ အတွက် ဒါကိုလည်းပြည်သူတွေဖက်က သဘောပေါက်နားလည်ထားဖို့  လိုပါတယ်။
ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြရရင် ယခုတင်ပြနေတဲ့ မန်းစည်ပင်ရဲ့ ကန့် သတ်နယ်မြေ ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းဆိုတာ ရန်ကုန်မြို့ တော်စည်ပင်ရဲ့ စနစ်တစ်ခု ကို ပုံတူကူးချပြီးကောက်ခံနေတဲ့ စနစ်ပါ။ ရန်ကုန်မှာနှစ် အတန်ကြာ ကျင့်သုံးပြီးကာမှ မန္တလေးကို ဒီစနစ်ရောက်လာတာဖြစ်ပါတယ်။
ဒါပေသိ ဒီစနစ်ကြောင့် မန္တလေးမြို့ နေပြည်သူတွေအနေနဲ့ စိတ်ကသိကအောက် ဖြစ်စရာတွေအမျိုးမျိုးကြုံတွေ့ နေရပေမယ့်
ယနေ့ စည်ပင်လူကြီးတွေကဘဲ အခြေအနေမှန်ကို မသိတာလား??? သိလျှက်နဲ့ ကြိုးနီစနစ် ရှင်သန် တည်မြဲစေရေး အတွက် မသိချင်ဟန် ဆောင်ပေးနေတာလား ??? ဆိုတာကတော့ မန္တလေးမြို့ နေ လူထုအတွက် အတွေးပွားစရာပါ။ ဒီကြားထဲမှာကောက်ခံရမယ့် နှုန်းထားသိချင်လို့  ယာဉ်ပိုင်ရှင်က မေးတဲ့အခါ အခန့် မသင့်ရင် ယာဉ်ရပ်နားခကောက်ခံတဲ့ ကောင်တွေရဲ့ မိုက်ရိုင်းရင့်သီးတဲ့ အပြောအဆိုတွေကိုလဲကြုံ တွေ့ ရပါသေးတယ်။ တစ်လောဆီတုန်းက မန်းစည်ပင်အကြောင်း ခရေစေ့တွင်းကျသိတဲ့ မိတ်ဆွေတစ်ယောက်ကတော့ အခုလိုအားပေးရှာပါတယ်။
“ သူငယ်ချင်းရေ   မင်းတိုင်လဲ အပိုဘဲတဲ့  ဒီလုပ်ငန်းတွေကိုလေလံချထားပေးကတည်းက ပတ်သက်ရာပတ်သက်ကြောင်း စည်ပင်ကကော်မတီဝင်တို့ ။ ဋ္ဌာနမှူးတို့ ။ ဋ္ဌာနစုမှူးတို့  ဆိုတဲ့လူတွေကတိုက်ရိုက်မဟုတ်ရင်တောင်သွယ်ဝိုက်တဲ့နည်းနဲ့  လုပ်ပိုင်ခွင့်ဝေစုရပြီး လေလံလုပ်ငန်းရှင်တွေကို ရောင်းစားထားကြတာတဲ့လေ  ”
မန္တလေးရဲ့ အထင်ကရ လမ်းမကြီးတစ်ခုအပေါ်က မန်းစည်ပင်ရဲ့ ဆောင်ပုဒ်ကတော့ နေစဉ်မြင်နေရတဲ့ မိဘပြည်သူအတွက် အတော်လေးအားရစရာကောင်းပါတယ်။
“ မန္တလေးမြို့ တော် သန့် ရှင်းသာယာလှပရမည်။ မြို့နေလူထုစိတ်ချမ်းသာစေရမည် ” လို့ ဆိုထားပါတယ်။
ယခုကိစ္စမှာ သတ်မှတ်နှုန်းထားများထက်ပိုမိုကောက်ခံခြင်းရှိပါက ပြည်သူလူထုအနေနဲ့  မန်းစည်ပင်အခွန်ဋ္ဌာန
ဖုန်း ၀၂-၃၆၁၆၇ (သို့ မဟုတ်) ၀၂-၃၆၁၇၁ ။ လိုင်းခွဲ ၁၅၁ သို့ ဖုန်းဖြင့် တိုင်ကြားနိုင်ပါကြောင်း မန်စည်ပင်အခွန်ဋ္ဌာနမှူးက သတင်းစာထဲမှာထုတ်ပြန်ကြေညာထားလို့ ကျွန်တော် ကိုယ်တိုင်  အကြိမ်ကြိမ် ဖုန်းဆက်တိုင်ကြား ခဲ့ ဖူးပေမယ့်။
သတ်မှတ်နှုန်းထားများထက် ပိုကောက်နေတာကတော့ လေလံဆွဲလုပ်ကိုင်နေတဲ့ နေရာအားလုံးနီးပါးမှာဖြစ်နေတာ ယနေ့ အထိပါဘဲ။
အခုဆိုရင် “ ဆိုင်ကယ်ရပ်နားခကျပ် ၅၀ နှုန်းနဲ့ ပေးရင် ကောက်တဲ့ကောင်တွေက ပြေစာမပေးပါဘူး။ ပြေစာလိုချင်တော့ ၁၀၀ ကျပ်နှုန်းပေးမှပြေစာရမယ်တဲ့လေ ”
တစ်လောဆီက သတင်းတစ်ပုဒ်မှာတော့ ဖတ်လိုက်ရပါတယ် ၂၆ လမ်း ၈၀ x ၈၄ ကြားအတွင်းမှာလေလံဆွဲလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်အနေနဲ့ သတ်မှတ်လေလံစည်းကမ်းအား အကြိမ်ကြိမ်ချိုးဖောက်ကြောင်းစစ်ဆေးတွေ့ ရှိရပါသဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်မန်း စည်ပင်မှပြန်လည်ရုပ်သိမ်းကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။
ပထမဦးဆုံး အရပ်သားကတက်လာတဲ့ မြို့ တော်ဝန်ဆိုတော့  ယူနီဖောင်းချွတ်တွေ ကြီးစိုးချယ်လှယ်နေတဲ့ မြို့ တော်စည်ပင်မှာ ပြည်သူတွေရဲ့  လိုအပ်ချက်နဲ့  ဆန္ဒကိုပိုပြီးနားလည်ဖြည့်ဆည်းပေးနိုင်မလား??? လုပ်စားမှာလား??? ဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစား ပါလို့ ဘဲအသိပေးချင်ပါတယ်………………….။
About YE YINT THU
YE YINT THU has written 14 post in this Website..