နေလို လလို

နွေဦးMarch 3, 20121min16013
ဝင်လုဆဲဆဲ နေမင်းကြီး
ဝင်လုဆဲဆဲ နေမင်းကြီး

စာတပုဒ်ကို ဖတ်မိပါတယ်
The sun gives us light
But the moon provides inspires.
If you look at the sun
without shielding your eyes
you’ll go blind.
If you look at the moon
without covering your eyes
you’ll become a poet.

နေက အလင်းရောင် ကို တို့ ခံစားရတယ်
လရဲ့ အလင်းရောင်ကတော့ တို့ကို ကြည်နူးစေတယ်။
နေကို အကာကွယ် မပါဘဲ မင်းကြည့်မယ်ဆိုရင်
မင်းရဲ့ မျက်လုံးတွေ ပျက်စီးသွားမယ် ။
လရောင်ကိုတော့ အကာကွယ်မပါဘဲ
မင်းခံစားကြည့် မယ်ဆို
ကဗျာဆရာတယောက် ဖြစ်လာမှာပါ..။

(ဘယ်သူရေးတဲ့စာလဲတော့ မမှတ်မိတော့ပါ..
ကျွန်တော် ရေးတာ မဟုတ်ကြောင်း ဝန်ခံပါသည်။)
(ဘာသာ ပြန်တာတော့ ကျွန်တော့် အာဘော်ပါ)

(ဓါတ်ပုံက မော်လမြိုင် တွင် ကိုယ်တိုင် ရိုက်ခဲ့သော ပုံဖြစ်ကြောင်း)

13 comments

    • နွေဦး

      March 3, 2012 at 6:01 pm

      ကျေးဇူးပါ
      အားပေးတယ်ဆိုရင်
      နောင်လဲ ကြိုးစားပါ့မယ်

  • MaMa

    March 3, 2012 at 5:32 pm

    ကဗျာဆရာရဲ့ ရှင်းတမ်းလို့တောင် နာမည်ပေးချင်မိတယ်။ 🙂

    • နွေဦး

      March 3, 2012 at 5:59 pm

      ရှင်းတမ်း..ဆို
      ကျွန်တော်က အမြဲတမ်း
      မရှင်းမရှင်းသမားကိုး…

      • windtalker

        March 3, 2012 at 6:42 pm

        မရှင်းမရှင်း ဖြစ်နေရင်တော့
        ဓါတ်ပုံကဗျာ ကိုနွေဦး ကို မစ်စ်အုပေါင် နဲ ့ပေးတွေ ့ပေးရမှာဘဲ ။
        သူ က သိပ်ပွင့်လင်းတာ ကလား ။

        • နွေဦး

          March 3, 2012 at 6:57 pm

          သူက အပေါင်ခံပေမဲ့
          ရှိတာလေးတော့ မပေါင်ရဲသေးပါဘူး။ း)

  • aye.kk

    March 3, 2012 at 5:34 pm

    နေလိုလလို..
    ဆိုတဲ့ခံစား..
    နှလုံးသားမှာ..
    တွေးများနုသစ်..
    အချစ်ကဗျာ..
    လှပစွာနဲ ့..
    ရင်မှာဖြစ်ထွန်းပေါ်ပေါက်တယ်။

  • စောဝေတင့် (ပုဂံ)

    March 3, 2012 at 5:41 pm

    နေက အလင်းရောင် ကို တို့ ခံစားရတယ်
    လရဲ့ အလင်းရောင်ကတော့ တို့ကို ကြည်နူးစေတယ်။
    လရောင်ကိုတော့ အကာကွယ်မပါဘဲ
    မင်းခံစားကြည့် မယ်ဆို………..
    အမြဲတစေ မဟုတ်ပေမယ့်
    ရင်ထဲမှာ ဟာနေတဲ့အချိန်တွေရယ်
    စိတ်ညစ်နေတဲ့အချိန်တွေရယ်နှင့်
    လသာချိန် တိုက်ဆိုင်လျှင်
    ကိုစိုင်းထီးဆိုင် ရဲ့
    ရန်ကုန် မှာ သာတဲ့လ ဆိုတဲ့သီချင်းလေးကို အမြဲတမ်း သီဆိုမိတာအမှန်ပဲ
    ကျွန်တော် ရင်ထဲရှိတာဟြေပြတာနော်
    စောဝေတင့်(ပုဂံ)

    • နွေဦး

      March 3, 2012 at 6:05 pm

      လှလှ ပပ ကြီး
      မျှဝေခံစားပေးလို့
      အထူးကျေးဇူးတင်ပါတယ်။

  • nagar lay

    March 3, 2012 at 7:30 pm

    နေက အလင်းရောင် ကို တို့ ခံစားရတယ်
    လရဲ့ အလင်းရောင်ကတော့ တို့ကို ကြည်နူးစေတယ်။
    နေကို အကာကွယ် မပါဘဲ မင်းကြည့်မယ်ဆိုရင်
    မင်းရဲ့ မျက်လုံးတွေ ပျက်စီးသွားမယ် ။
    လရောင်ကိုတော့ အကာကွယ်မပါဘဲ
    မင်းခံစားကြည့် မယ်ဆို
    ကဗျာဆရာတယောက် ဖြစ်လာမှာပါ..။
    “ရှင်းတမ်းကတော့ကောင်းပါတယ်။ ဒါပေမယ့် ပုုံနဲ့စာကနဲနဲ လွဲနေတယ်
    နေဝင်ချိန် မဟုတ်ဘဲ နေတက်ချိန် ဆိုရင် ပိုကောင်းမယ်ထင်တယ်”

    • နွေဦး

      March 3, 2012 at 8:54 pm

      စိတ်မရှိပါနဲ့ဗျာ
      ရှိတဲ့ပုံလေး (ကိ်ုယ်တိုင်ရိုက်တဲ့ဟာ)မို့လို့
      နေဝင်နေထွက် မရွေးနိုင်ပါ…။

  • လရဲ့ မျက်နှာမှာ
    ချစ်ဦးသူရဲ့ ဖဝါးရာ
    ထင်ဟပ်နေရော့သလား ….
    (ဒါက … လသာသာ ညအခါ ခဏတာ ခံစားကြည့်မိတာလေးပါ …)
    look ကို ခံစားသည် လို့ သုံးနှုန်းသွားတာလေးကို ကျနော်ဖြင့် အတော် သဘောကျမိသဗျ …

Leave a Reply