လိပ်လူသားလေးကျောအရေခွံ့ခွဲစိတ်ပြီးစီး

naykhanaingJune 6, 20101min782

လိပ်လူသား လို့ခေါ်တဲ့ ကောင်လေးကတော့ ၂ နာရီကြာ သူရဲ့ ကျောပြင်က အရေခွံ အမာကို ခွဲစိတ်ကုသခဲ့ပြီးမှာတော့ အရင်ကနဲ့ မတူတော့တဲ့ ဘဝသစ်တခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Maimaiti Hali ကတော့ တရုတ်နိုင်ငံ တရုတ်နိုင်ငံ မြောက်ပိုင်း ဟီပင်း ကဖြစ်ပါတယ်။ သူ့ဟာ မွေးကတည်းက အသားမာ ကြီးဟာ သူ့ကျောပြင်မှာ ပါရှိခဲ့ပါတယ်။ Maimaiti Musai ဖခင်ဖြစ်သူကတော့ ကျွန်တော့်သားကို ငယ်ငယ်ကတည်းက ခွဲစိတ်ကုသဖို့ ပြောခဲ့ဖူးပါတယ်။ သို့သော်လဲ အသက်ငယ်သေးတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုထိစောင့်ခဲ့ရပါတယ်။ သူအသက် ကြီးလာတာနဲ့ မျှ ကျောပြင်က အသားမာ ဟာ ပိုပြီးမာလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူကျောပြင်က အသားမာဟာ လိပ်ခွံ ကဲ့သို့ မာကျော လာခဲ့ပါတယ်လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။ လူများက သူ့ကို အနိုင်ကျင့်တဲ့အတွက် ကျွန်တာ်တို့ အနေနဲ့ ဒီရောဂါကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Maimaiti Hali ဟာ လိမ္မာပြီး ရဲရင်တဲ့ ခလေးတစ်ယောက်ဖြစ်ပါတယ်။ ထိုကိစ္စနှင့်ပါတ်သက်ပြီးတော့လည်း ဘာကိုမှ စောဒက မတက်ခဲ့ပါဘူး။
အခုတော့ ဒီပြသနာကြီးကို ကျွန်တော်တို့အဆုံးသတ်နိုင်ခဲ့တဲ့အတွက် အလွန်ကို ဝမ်းသာပါတယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။ Urumqi Military ကတော့ ကျွန်တော် တို့ ဒီအရေခွံမာကို ခွဲထုတ်ပြီး Maimaiti Hali ရဲ့ ခြေထောက်နဲ့ ဦးခေါင်းက အရေခွံကို မျိုးပွာပြီး ခွဲထုတ်လိုက်တဲ့ နေရာမှာ ပြန်ပြီးတော့ အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး Ye Xiangpo ကတော့ သူ့ကျောပြင်က အရေခွံဟာ နွား တစ်ကောင်ရဲ့ အရေခွံကဲ့သို့ မာကျောနေတာတွေ့ရပါတယ်။ အခု ကျွန်တော်တို့ ခေါင်းက အရေခွံကို မျိုးပွားပြီး ခွဲထုတ်တဲ့နေရာမှာပြန်လည်ပြီး အစားထိုးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ ခေါင်းက အရေခွံက အသားတက်တာအလွန်မြန်ဆန် တဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ Maimaiti Musai ကတော့ ထိုခွဲစိတ်မှု့နဲ့ ပါတ်သက်ပြီးတော့ အနည်းငယ် နာကျင်သာမှု ရှိတယ်လို့ ဆိုပါတယ်။

source:myanmarreader

ခွဲစိတ်ပီးနောက်တွေ့ရပုံ

2 comments

  • ဆူး

    June 23, 2011 at 5:32 pm

    မခွဲ စိတ်ခင်က ပုံ အနေအထားလေး ပါရင် ပိုကောင်းမယ်။

  • etone

    June 24, 2011 at 2:29 am

    မဆူးပြောသလိုပဲ … လိတ်ခွံလေးနဲ့ ပုံကြည့်ချင်တာ ။

Leave a Reply