မြန်မာ့ပညာရေးဘာလို့ အောက်တန်းကျနေတာလဲ(နောက်ဆက်တွဲ)

DaveJanuary 18, 20101min1996

မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး တော်တော်များများရေးဖြစ်ခဲ့ပါတယ်။ဒီနောက်ဆက်တွဲ ထဲမှာတော့ အခြေခံပညာနဲ့ပတ်သက်တဲ့အချက်အလက်တချို့နဲ့ နောက်တစ်ဆင့် တက်လှမ်း လာတဲ့ အဆင့်မြင့်ပညာနဲ့ ပတ်သက်တဲ့ စာရင်းဇယားတချို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

ရန်ကုန်၊မန ္တလေး၊မေမြို့တို့မှ လက်ရှိနာမည်ရ ကျူရှင်နှင့်ဘော်ဒါဆောင်ကြီးများ

အမေ့အိမ် ရန်ကုန်
Masters ရန်ကုန်
စွယ်တော် ရန်ကုန်
ဖြိုးမာန် ရန်ကုန်
KMC မန ္တလေး
VEC မန ္တလေး
CAE မန ္တလေး
ဦးဟန်မြင့်မောင် မန ္တလေး
စိုးစံ မေမြို့
စာပန်းအိမ် မေမြို့

မြန်မာတစ်နိုင်ငံလုံး ပညာဆိတ်သုဉ်းခဲ့သော ကာလများ

၁၉၁၄မှ ၁၉၁၈ ပထမကမ ္ဘာစစ် ၄နှစ်
၁၉၃၉မှ ၁၉၄၂ ဒုတိယကမ ္ဘာစစ် ၃နှစ်
၁၉၄၅ ဂျပန်တော်လှန်ရေး ၁နှစ်
၁၉၈၈မှ၁၉၉၀ ၈လေးလုံးအရေး ၂နှစ်

မှတ်ချက်
ဦးသန့်အရေးအခင်း၊မှိုင်းရာပြည့် စသော ကျောင်းသားအုံကြွမှုအရေး အခင်းများတွင်လည်း ကျောင်းသားများ အလွယ်တကူပြန်လည်မစုစည်းနိုင်စေရန်အတွက် ကျောင်းများ၊တက္ကသိုလ် ကောလိပ်များ ပိတ်ပစ်ခြင်းခံခဲ့ရသည်။

အဆင့်မြင့်ပညာရေး သင်ကြားမှုကြားခံဘာသာစကားအပြောင်းအလဲများ

တက္ကသိုလ် ခုနှစ် အသုံးပြုသောဘာသာစကား
ရန်ကုန်တက္ကသိုလ် ၁၉၂၀ မြန်မာစာမှအပ အားလုံးအင်္ဂလိပ်လို
ရန်ကုန်တက္ကသိုလ်နှင့် မန ္တလေးတက္ကသိုလ် ၁၉၅ဝလွန် အင်္ဂလိပ်၊မြန်မာ စိတ်ကြိုက်ရွေးခွင့်ရ
တက္ကသိုလ်၊ကောလိပ်အားလုံး ၁၉၇ဝလွန် အင်္ဂလိပ်စာမှအပအားလုံးမြန်မာလို
တက္ကသိုလ်၊ကောလိပ်အားလုံး ၁၉၈ဝလွန် အင်္ဂလိပ်၊မြန်မာ ရောထွေး

၁၉၆ဝလွန်မှ၁၉၈ဝလွန် အဓိကမြန်မာတက္ကသိုလ်များ

ရန်ကုန်ဝိဇ္ဖာ၊သိပ္ပံတက္ကသိုလ်
မန ္တလေးဝိဇ္ဖာ၊သိပ္ပံတက္ကသိုလ်
ရန်ကုန်ဆေးတက္ကသိုလ်(၁)
ရန်ကုန်ဆေးတက္ကသိုလ်(၂)
ရန်ကုန်စက်မှုတက္ကသိုလ်
ရန်ကုန်စီးပွားရေးတက္ကသိုလ်
ရန်ကုန်ပညာရေးတက္ကသိုလ်
ရန်ကုန်သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်
မန ္တလေးဆေးတက္ကသိုလ်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
မေမြို့ စစ်တက္ကသိုလ်

6 comments

  • u Kaung

    January 18, 2010 at 8:40 pm

    လက်ရျှိကျာင်းစာရင်းနဲ့ကျောင်းသားအရေအတွက်ဖေါ်ပြရင်ကောင်းမယ်။

  • sonnykwynn

    January 20, 2010 at 6:41 pm

    နိုင်ငံတကာမှာပညာရေးအဆင့်အတန်းတွေအပြိုင်အဆိုင်တိုးတက်ထွန်းကားနေချိန်မှာ မြန်မာ့ပညာရေးဘာ့ကြောင့်အဆင့်အတန်းနိမ့်ကျနေရတာလဲ။ တကယ်တော့နိမ့်ကျတာမဟုတ်ဘဲ နှိမ်ချခံနေရတာပါ။ အခုအသက်(၇၀)ကျော်ဝန်းကျင်တက္ကသိုလ်ဘွဲ့ရ (မြန်မာတက္ကသိုလ်များမှ) တွေကိုကြည့်ရင်အဖြေပေါ်ပါတယ်။ အဲ့ဒီအချိန်က အိုင်အေတန်းနဲ့ထွက်ရသူတွေတောင်အင်္ဂံလိပ်လိုကောင်းကောင်ပြောနိုင်ပါတယ်။ ရင်ဘောင်တန်းပြောနိုင်တာကိုဆိုလိုတာပါ။ ဘိလပ်ပြန်ဆိုတဲ့ခေတ်ရှိခဲ့ဘူးပါတယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့ရပြီးငွေကြေးတတ်နိုင်ရင်သော်၎င်း၊ပါလီမန်ခေတ်ကအစိုးရကလွှတ်ရင်သော်၎င်း လန်ဒန်ကဘွဲ့ရကြသူတွေ မြို့ပိုင်၊နယ်ပိုင်၊အရေးပိုင်၊ခရိုင်ဝန်ကနေ တိုင်းမင်းကြီးဘဝတွေအထိတက်လှမ်းခဲ့ကြပြီး၊ အင်္ဂံလိပ်အစိုးရအရာရှိကြီးတွေနဲ့ရင်ဘောင်တန်းပြီးပြောနိုင်တဲ့ခေတ်ကရာစုတဝက်ကျော်ကျန်ခဲ့ပါပြီ။ တကယ်ဖြစ်ခဲ့တဲ့ကိုယ်တွေ့ကိစ္စတခုပါ – မြန်မာ့နိုင်ငံခြားစီးပွားရေးရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌဖြစ်ခဲ့သူ ‘နဝတ’စစ်အစိုးရဗိုလ်ချုပ်ကြီးတစ်ဦး(အင်္ဂံလိပ်စကားရေလည်စွာအပြောနိုင်ဆုံးဟုလည်းသတ်မှတ်ခြင်းခံရသူ) ကို မလေးရှာနိုင်ငံကရင်းနှီးမြှုပ်နှံလိုသူတဦးက business transaction ကိုဘယ်လိုသတ်မှတ်ငွေချေမလဲဆိုတဲ့ကိစ္စမေးတော့ ဗိုလ်ချုပ်ကြီးပြောလိုက်ပုံက – “ဘဲစားဘဲချေလုပ်မယ်လို့ပြောလိုက်ကွာ” ဆိုပြီးအစည်းအဝေးကိုဖြတ်လုက်တယ်။ အဲ့ဒီစီးပွားရေးလုပ်ငန်းရှင် မြန်မာပြည်ကပြန်သွားတဲ့အထိ သူ့အတွက်အဖြေရမသွားရှာပါ။ ဘေးကဘာသာပြန်သူမြန်မာအရာရှိလည်းပြီးစလွယ်လုံးချလိုက်တယ်လို့သိလိုက်ရပါတယ်။
    မြန်မာစာသည်တို့စာဆိုတဲ့ လွတ်လပ်ရေးကြိုးပမ်းကြစဉ်က ကြွေးကြော်ကြတာတွေအသက်ပြန်သွင်းတဲ့စစ်အစိုးရကြောင့်၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြောနိုင်ဆိုနိုင်ဆွေးနွေးနိုင်ကြတာလဲမရှိတော့ပါဘူး။ နိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်ပြီး isolate လုပ်မှအာဏာသက်ရှည်မှာမဟုတ်လား။ ရှိသ မျှမြန်မာမှုပြုလိုက်ကြတာ တိုင်းပြည်ချွတ်ခြုံကျတာပဲအဖတ်တင်ပါတယ်။ ultra-national ဝါဒလွန်ကဲ ကြသူတွေသတိပြုမိကြဘို့တပ်လှန့်လိုက်ပါတယ်။

  • timothy

    April 25, 2010 at 4:46 pm

    It is obvious for Burma to get the ultra low standard in economy, education, social-culture and it is sadly dribbling down the road to ruin. The ruling Junta got no interest in Burma and its citizen; only working for survival of their families and cronies. They had opened bank accounts in South East Asian Countries, bought mansions and shops in the varieties of democracy countries worldwide, sent children to top universities in the West. I had seen Burmese individuals suddenly got extra-wealth without reasonable resources, bought mansions in the West. They got dubious stories of illegal relations and benefit from the military fascism of Burma. If you happened to land up in Bangkok or Singapore, I request you not to buy anything from the beautiful Burmese shops which are overseas business of Fascist regime. Cronies are happy to support the fascism as it gives them unfair benefit they would never be dream in their life time.
    The top brain of Burma drains to the West for past 50 years and still producing the best talented individuals for the West.
    It is tragic for defenceless oppressed of Burmese and ethnic brothers. I watched a documentary about BBC reporter secret crossing into Chin state via India. How can the fascist regime treat the Chin in border regions with contempt and impunity? The villagers told the reporter that they had never seen health care workers sent up to their place in past 10 years. The Free Burma Rangers are there to give essential medical care in the mountains and jungles. If the patrolling military fascist caught the Ranger, what would happen? The soldiers would torture and kill the ranger. How cruel the fascist are. It is tragic for people. The regime is incredibly inhumane and murderous in any measures we could name.

    • Shwemannmay

      May 12, 2010 at 8:02 am

      It is obvious our country is now in lower standard in economy, educaiton especially. Actually the education system needs to be upgraded since in the 90’s. Now the government has made some changes in its educational laws, providing chances for boarding schools and tuitions. But actually its core syllabus that prescribed for government schools should be changed. Current system does not support for critical thinking. Students are pressured to learn by heart most of the lessons. Teachers are not teaching well in schools , instead they give tuitions after school. Students have to attend their tuition and they have to give presents to their respective class teachers. If not teacher will not give him/her a chance to practice for tutorials. Students are not in the habit of using library. even the university students, they never use library for referencing. 🙁

  • Mg Soe Ko Ko

    May 12, 2010 at 7:22 am

    စင်ကာပူ အစိုးရ ထိပ် ပိုင်းအရာရှိတွေ ဆိုရင် ကမာ္ဘ့ ထိပ်တန်းတက္ကသိုလ် တွေ က ဘွဲ့ ရ များ များသည် ဟု ကြားဖူးနားဝ ရှိပါသည်။ ကျွန်တော် တို့ နိုင်ငံ က အရာရှိများကတော့ ဘောင်းဘီ ချွတ်များသည် ဟု ကြားမိပါသည်။

  • မန်း ရိပ်

    August 16, 2010 at 9:35 am

    အောက်တန်းကျတာတော့ပြောမနေနဲ့ Hons: ဘွဲ့ရတာတောင်လက်တွေမလုပ်ရဘူးတဲ့ သူငယ်ချင်းကပြောတယ်

Leave a Reply