တောင်သူလယ်သမားနေ့ပိတ်ရက်မှာ ဇွတ်ရော အတင်းရော လိုက်ခဲ့ဖို့ အခေါ်ခံရလို့ သွားဖြစ်ခဲ့တဲ့နေရာလေးပါ။ အစက အဲဒီနေရာကို သွားဖို့ အစီအစဉ် ထဲမှာ မပါဘူး။ တယောက်က အကြံပြုလိုက်တာနဲ့ ရောက်ဖြစ်သွားတာ။ နေရာကတော့ စိမ်းလဲ့တင် ဟိုတယ်ရီဆော့ပါ။ ရန်ကုန် မော်လမြိုင် လမ်းမပေါ်  ရန်ကုန်ကသွားရင်ကျိုက်ထိုမရောက်ခင် လမ်းမကြီးရဲ့ ဘယ်ဘက်ဘေးမှာပါ။ ကားနားရင်း ထမင်းစားလို့ရတယ်။ ရေကူးလို့ရတယ်။ တိရိစ္ဆာန်ရုံငယ်လေး ရှိတယ်။ ပျိုးပင်တွေရောင်းတယ်။ လူတိုင်းဝင်ကြည့်လို့ ရတဲ့နေရာလေးပါ။ အပေါ့အပါးသွားချင်ရင်လဲ သန့်ရှင်းတဲ့ အိမ်သာရှိပါတယ်။ တခေါက်တော့ ရောက်ဖူးပေမယ့် ခုလိုကြာကြာမနေခဲ့ဘူး။ ဒီတခါတော့ သုံးနာရီလောက်ကြာအောင်နေခဲ့တာဆိုတော့ လှည်ပတ်ကြည့်ရင်း ဓာတ်ပုံရိုက်ခဲ့တယ်ဆိုပါတော့

(မနေ့ညနေကထမတခါတင်တာ၊ ကွန်နက်ရှင်မကောင်းတော့၊ အားလုံးလုပ်ပြီးသား၊ အကုန်ပျက်သွားတယ်၊ ၄-နာရီလောက်အချိန်ပေးလိုက်ရတယ်၊ ဒီမနက်အစအဆုံးပြန်ရေး/ပြန်တင်ရတယ်၊ ကော်နက်ရှင်က မနက်ပိုင်းဆို သိပ်မဆိုးလို့တော်သေးတယ်၊ ဒါတောင် ၁-နာရီလောက်တော့ကြာတာဘဲ)

(၁) အဖီးတစ်ရာ ငှက်ပျောပင်

(၂) အနီးကပ်မြင်ကွင်း

(၃) အနီးနားကပ်ကြည့်ရအောင်

(၄) စိုက်ချင်သူများ အပင်ပေါက်ဝယ်လို့ရတယ်

(၅) ဒါက ဘဲမလွတ်တဲ့ အုန်းပင်လေး (ဘဲလေးနဲ့နှိုင်းယှဉ်ကြည့်လို့ရအောင်)။ ဘဲလေးတွေလဲ အုန်းပင်လေးနားမှာ အစာစားနေတာဆိုတော့ ဘဲမလွတ်လို့ ခေါင်းစဉ်တင်လိုက်တာ။

(၆) အုန်းပင်လေး တပင်လုံးမြင်ရအောင်

( ၇) ဒါကတော့ အုန်းလေးရဲ့နာမည်နဲ့ ဒေတာတွေ

( ၈) ပျိုးပင်လည်းရောင်းပါတယ်။

(၉) နာနတ်ပင်လေးပါ အသီးလေးတွေသီးနေတယ်

(၁၀) သီတာခုနစ်တန်လို့ရေးထားတာဘဲ

(၁၁) ကြက်သွန်ပန်းလို့ပြောတာဘဲ

(၁၂) တိရစ္ဆာန်ရုံလေးထဲက သမင်လေး

(၁၃) ရေကူးကန်

(၁၄) ရေကူးကန်ဘေးက မီးအိမ်လေး

( ၁၅) ဒါကတော့ အုန်းပင်/ငှက်ပျောပင်လေးများရှိတဲ့နေရာ ၊ ရန်ကုန်ကသွားရင် ၃ နာရီ ခွဲလောက်တော့ မောင်းရတယ်။

 

ခရီးသွားဖြစ်တော့လည်း ထူးဆန်းတာ၊ နှစ်သက်စရာလေးတွေတွေ့ရင် ရွာသူားတွေကိုတော့ သတိရသား။ ဒါကြောင့် ဓာတ်ပုံလေးတွေ တမင်တကာ ရိုက်ဖြစ်တာ၊ နေရာလေးကမဆိုးပါဘူး၊ အိမ်သာလည်းသန့်ပါတယ်။ အိမ်သာပုံတောင် ရိုက်လာသေးတယ်၊ မတင်တော့ပါဘူး။ အားလုံးပျော်ရွှင်ပါစေ။

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.