ဖြစ်ရပ်မှန်(၃)

ComputerMarch 3, 20121min814

ကျွန်တော်အစိုးရဝန်ထမ်းဘဝ-နယ်က အ.ထ.ကကျောင်းတစ်ခုမှာပေါ့၊
၉တန်းကျောင်းသူဖြစ်တဲ့သမီးကိုကျူရှင်မထားပဲ၊ကျောင်းကသင်တဲ့စာကိုသာလေ့ကျင့်ခန်းမှန်မှန်လုပ်၊မှန်မှန်ကြိုးစားခိုင်းပေမယ့် လပါတ်စာမေးပွဲပြီးတိုင်း၊အင်္ဂလိပ်စာအမှတ်အမြဲနည်းနေတာတွေ့ရတယ်။ဒါနဲ့သမီးကိုမေးကြည့်
မိတယ်။သမီးစာမလိုက်နိုင်ဘူးလားပေါ့။ဒါပေမယ့်သမီးကအတန်းထဲမှာစာစစ်တိုင်းသူများနည်းတူဖြေနိုင်ပြီး၊
စာမေးပွဲမှာလည်းဖြေနိုင်ကြောင်းပြောပါတယ်။ဒါပေမယ့်သူ့သူငယ်ချင်းတွေကတော့ကျူရှင်တက်ကြောင်း၊
အတန်းပိုင်ဆရာမကအင်္ဂလိပ်စာသင်တာဖြစ်ပြီးကျူရှင်လည်းပြကြောင်းပေါ့။အဲဒါနဲ့သမီးတက်ချင်ရင်တက်
ဆိုုပြီးသူ့အတန်းပိုင်ဆရာမဆီကျူရှင်တက်ခိုင်းလိုက်ပါတယ်။ကျူရှင်လခက၁၅၀၀ဝိ၊တစ်ပါတ်မှာစနေ
တစ်ရက်ပဲတက်ရတယ်။အဲဒီတစ်ရက်တောင်တစ်ခါတစ်လေဆရာမ မအားလို့ဆိုပြီးမတက်ရတဲ့
ရက်တွေကရှိသေး။
ဒါပေမယ့်သိသာစွာပဲ သမီးရဲ့အင်္ဂလိပ်စာအမှတ်ဟာတော်တော်တက်လာပါတယ်။ငါ့သမီးဘယ်လိုကြိုးစား
လိုက်ပါလိမ့်။(သေချာတာကတော့ဆရာမတွေအနေနဲ့မိမိကျူရှင်တက်တဲ့သူတစ်မျိုး၊မတက်တဲ့သူကိုတစ်မျိုး
အမှတ်ပေးစနစ်ခွဲခြားထားခြင်းပါပဲ။)

သမီး၉တန်းစာမေးပွဲအောင်တော့ ပညာရေးအဆင့်မြင့်မြင့်သင်ယူနိုင်ဖို့ ရန်ကုန်မြို့ကိုမိသားစုပြောင်းလာခဲ့
ပါတယ်။တာမွေအ.ထ.ကတစ်ခုမှာ(၁၀)တန်းတက်ခိုင်းခဲ့တယ်။ကျွန်တော့်ထုံးစံအတိုင်းကျူရှင်မယူနဲ့ပေါ့။
ဒါပေမယ့်သီတင်းကျွတ်ကျောင်း(၁၀)ရက်ပိတ်ပြီး ကျောင်းပြန်တက်တော့သမီးကပြောတယ်။
သမီးစာမလိုက်နိုင်ဘူးတဲ့။ကျောင်းကစာသင်ပေးတာနားမလည်လို့လားမေးတော့ သီးတင်းမကျွတ်ခင် ်ကလည်းနည်းနည်းပဲသင်တာ။အခုပြန်တက်တော့ကျောင်းမှာစာလုံးဝမသင်တော့ကြောင်းပြောတယ်။သင်ရိုးကုန်သွားပြီလားဆိုတော့စာကတစ်ဝက်တောင်မပြီးသေးဘူးတဲ့။အဲဒါနဲ့အပြင်ကျူရှင်
တစ်ခုမှာသမီးကိုတက်ခိုင်းလိုက်ရပါတယ်။(ဘယ်လိုပညာရေးစနစ်ပါလိမ့်။ကျူရှင်ပြလို့မရမှန်းသိတဲ့အတန်း
ကျတော့စေတနာပါပါစာတောင်မသင်တော့တဲ့ဆရာ၊ဆရာမတွေဟာဘယ်လိုစိတ်ထားတွေပါလိမ့်)

4 comments

  • nagar lay

    March 3, 2012 at 10:59 pm

    ဆရာသမာတိုင်းကို မဆိုလိုချင်ပေမယ့်
    အခုခေတ်မှာက နာသုံးနာ ဆရာ ဆိုတာကရှားသွား ြ့ပီလေဗျာ။
    ကျောင်းသားတွေဘက်ကတော့ နာသုံးနာ အပြည့်ပါပဲ။
    အချိန် နစ်နာမှု၊ငွေကြေး နစ်နာမှု၊ အသိဉာဏ်ပညာ နစ်နာမှုတွေပါပဲ။
    စစ်မှန်တဲ့ ဆရာတွေကို တော့ မရည်ရွယ်ပါဘူး။

  • mg mg

    March 4, 2012 at 2:41 pm

    ကလေးတို့ရေ–ဟိုးရှေးရှေးတုန်းကပေါ့ကွယ်၊ ကဗျာလေးတစ်ပုဒ်ရှိတယ်တဲ့
    “တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏”တဲ့၊ ပုံပြင်လေးကတော့ ဒါပါပဲကွယ်

  • htet way

    March 5, 2012 at 7:48 am

    ကလေးတို့ရေ–ဟိုးရှေးရှေးတုန်းကပေါ့ကွယ်၊ ကဗျာလေးတစ်ပုဒ်ရှိတယ်တဲ့
    “တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏”တဲ့၊ ပုံပြင်လေးကတော့ ဒါပါပဲကွယ်
    ကလေးတို့ရေ
    တပြားမရှိတော့ တပည့်ရှားသွားပြန်ရော ဒါကြောင့်
    ပီတိဖြစ်ဖို့ အားရှိဖို့ လိုပြန်တယ်တဲ့ ကွယ် ဒါကြောင့် …
    ငါကျူရှင်မတက်ရင် ငါ့တပည့်မဟုတ်။

Leave a Reply