နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သို ့ “ လက်ပ်တော့ ကိုင်ချင်တယ်”

the bestMarch 4, 20121min17121

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ရက်နေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်းမှာ

“ ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိတဲ့ လက် နက်ကိုင်တိုင်းရင်းသားလူငယ်တွေ ကပြောကြတယ်။ ကျွန်တော်တို့လည်း လက်ပ်တော့ တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော်တကယ့်ကို ပဲစိတ်မကောင်းဖြစ်ရပါတယ်။”ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

“အခြေခံပညာစာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေရှိရမှာဖြစ်သလို ကောလိပ်၊ တက္ကသိုလ်တွေ အားလုံးမှာလည်း သမားရိုးကျစာကြည့်တိုက်တွေသာမက နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ အွန်လို်င်းစာကြည့်တိုက်တွေရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

 

ကျွန်တော့် အနေနဲ့  တင်ပြ ချင်တာ က“ ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသားလူငယ်တွေတင်မက

လက်နက် မကိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ …ကျောင်းသား လူငယ်တွေ …လည်းပဲ

လက်ပ်တော့ တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်ပါတယ်။

အွန်လို်င်းစာကြည့်တိုက်တွေ သုံးနိုင်အောင် ကောလိပ်ကျောင်းသားများ ၊

တက္ကသိုလ်ကျောင်းသားများ အားလုံး လက်ပ်တော့ တွေ၊ ကွန်ပျူတာတွေ ကိုင်ရပါမယ်။

“အရည်အသွေး ကောင်း တန်ဖိုး နည်း လက်ပ်တော့ များ တင်သွင်း ရောင်းချ ပေး နိုင်ရေး

စီမံကိန်းတစ်ခု ဖြစ်လာနိုင်အောင် နိုင်ငံတော်မှ ဦးဆောင်တာဝန်ယူ ပြင်ဆင်ဆောင်ရွက် သင့်ပါကြောင်း”

အဆိုပြု တင်ပြ ချင်ပါတယ်။

21 comments

  • pazflor

    March 4, 2012 at 2:15 am

    အင်တာနက် connection တွေဘဲ ပုံမှန်သုံးလို ့ရနိုင်အောင်နဲ ့ ဖုန်းလေးတွေ ဈေးသက်သက်သာသာနဲ ့ရအောင်ဘဲ စောင့်ကြည်ပါဦးဗျာ။

  • kai

    March 4, 2012 at 3:54 am

    မှန်ပါတယ်..
    လက်ပ်တော့နဲ့စာရင်.. တက်ဘလက်လိုမျိုးကို… ကလေးတန်းတွေသုံးနိုင်အောင် စီမံကိန်းချလုပ်သင့်တယ်..။
    အိနိ္ဒယလို တိုင်းပြည်ကို.. အကူအညီတောင်းပြီး.. တက်ဘလက်ထုတ်တဲ့.. နည်းပညာနဲ့..စက်ရုံကို ဈေးသက်သာစွာနဲ့.. ရအောင်တောင်းသင့်တယ်..။
    ငါးမပေးပဲ.. ငါးဖမ်းနည်းပေးအောင် လုပ်ရမှာ…။
    India launches “world’s cheapest” tablet computer
    By Frank Jack Daniel

    NEW DELHI | Wed Oct 5, 2011 9:40am EDT

    (Reuters) – India launched what it dubbed the world’s cheapest tablet computer Wednesday, to be sold to students at the subsidized price of $35 and later in shops for about $60.

    Most of India’s 1.2 billion people are poor and products such as Apple Inc’s iPad are beyond the reach even of many in the fast-growing middle class.
    ကျုပ်နားလည်သလောက်..
    အင်တာနက်နဲ့.. တန်ဖိုးနည်းဆဲလ်ဖုံးက.. အင်ဖရာစရပ်ချာမရှိသေးတာမို့.. လုပ်ရင်..ငွေကြေးကုန်ကျမှုပိုများပါတယ်..။
    ရှိတဲ့..ဘက်ဂျက်ကို.. ဒါထက်အရေးကြီးတဲ့.. စီမံကိန်းတွေတွေမှာ သုံးဖို့.. သင့်တယ်..။

    • inz@ghi

      March 4, 2012 at 12:53 pm

      သဂျီး …၁၀ဝတန် တန်ဘလက် အန်းဒွိုက် ၄.ဝ ရောင်းဖို့ရှိတယ်…
      ၁လုံးမှ ၁၀ဝ
      ဝယ်မား ဟင်င်င်င်င်င်

      😛

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 4, 2012 at 7:42 am

    လက်တော့ပ်ကိုင်နိုင်ဖို့ထက် ကျောင်းတွေကကွန်ပျူတာတွေကိုတောင် ဖုန်တက်တဲ့ဘဝကလွတ်မြောက်နိုင်
    ဖို့ခဲယဉ်းနေတာဗျာ လက်နက်ကိုင်တိုင်းရင်းသားလူငယ်စစ်သည်တွေ လက်တော့ပ်ကိုင်နိုင်ဖို့ကနဲနဲအလှမ်း
    ဝေးသေးတယ်လို့တော့ထင်တာပါပဲ။ ကျောင်းများက Learning Center ၊Computer Training Center တွေ
    ကောင်းကောင်းအသုံးဝင်လာမယ့်တစ်နေ့၊ ကျောင်းသားများကိုယ်တိုင်ကိုယ်ကျအသုံးပြုခွင့်ရမယ့်တစ်နေ့၊
    ဆရာ၊ဆရာမများကိုယ်တိုင်ကျွမ်းကျင်စွာအသုံးပြုနိုင်မယ့်တစ်နေ့ သမ္မတကြီးပြောတဲ့စကားရပ်အကောင်အ
    ထည်ပေါ်တဲ့နေ့ပဲလို့ယုံကြည်သွားပါမည်ဆိုသည့်အကြောင်း Post Author – The Best ရဲ့Postလေးမှ
    တစ်ဆင့် ပြည်သူတစ်ဦးအနေဖြင့်ဆန္ဒထုတ်ဖော်ပြောကြားလိုက်ရပါကြောင်း။
    with respect-
    ရှမ်းပြည်သား(တောင်ပိုင်း)
    (မှတ်ချက်-နှစ်လွှာပေါင်းတစ်ရွက် ကိုစွယ်တော်လေသံဖြင့်)

  • MTY

    March 4, 2012 at 9:38 am

    ွှTable Computer စီမံကိန်းကိုပိုမိုအားပေးပါကြောင်း။

  • the best

    March 4, 2012 at 10:19 am

    Comment တွေ အတွက် ကျေးဇူးတင် ပါတယ်ခင်ဗျာ။

    ဘယ်လိုဖြစ်ဖြစ် လက်နက်ကိုင်တိုင်းရင်းသားလူငယ်တွေတင်မက
    လက်နက် မကိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ …ကျောင်းသား လူငယ်တွေ အားလုံး
    အင်တာနက်ကိုယ်တိုင်ကိုယ်ကျအသုံးပြုခွင့်ရမယ့် နေ့
    ဆရာ၊ဆရာမများကိုယ်တိုင်ကျွမ်းကျင်စွာအသုံးပြုနိုင်မယ့်နေ့
    ရောက်ကိုရောက်လာအောင် ဖေါ်ထုတ်ပေးဖို့ MG Member အနေဖြင့်
    ဝိုင်းပြီးတော့ ဆန္ဒထုတ်ဖော်ပြောကြား ပါလို့ဘဲ တောင်းဆိုပါတယ်ခင်ဗျာ။

    ကျောင်းများက Learning Center ၊Computer Training Centerတွေ…
    ဆရာ၊ဆရာမများ… ကျောင်းသားများ….ကိုယ်တိုင်ကျွမ်းကျင်စွာအသုံးပြုနိုင်မယ့်တစ်နေ့
    ဝေးသေးတယ်ဆိုတာ တကယ်တော့ သမ္မတကြီး မသိတာမဟုတ်ဘူး။

    ကိုယ့်နိုင်ငံဂုဏ်၊ ကိုယ့်နိုင်ငံသိက္ခာ နှင့် အညီ ဆောင်ရွက်ရင်တော ့
    ဆရာ၊ဆရာမများ… ကျောင်းသားများအကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် ဖြစ်ပါတယ်။

    ဘယ်လို ပီပြင်အောင်လုပ် ပေး မလဲဆိုတာ အော်တာအော် နေတာ မသိဘူးဗျာ။

  • ဟုတ်ပ ဟုတ်ပ ဗျာ
    ကျောင်းနေအရွယ် ကလေးသူငယ်တွေမှာ
    လဲ သင်ကြားရေးမှာဒုက္ခတွေ တပုံတပင်ပါနဲ ့။
    ခက်တယ်ဗျာ။အပြောကတော့မိုက်သဟ။
    သမ္မတဂျီး…..ကတော်…ကတော်….

  • ခပ် KING ကင်း

    March 4, 2012 at 10:46 am

    ဒုတ် … ဒုတ် ….

    ဘာတွေလုပ်နေကြတာလဲဗျ

    လူကြီးလာမယ်ဆိုလို့ မီဒီယာခန်းကိုဖွင့်နေကြတာ

    ဘယ်လိုဖွင့်နေကြလို့ ဒီလောက်တောင် အသံမြည်နေရတာလဲ

    သော့ခလောက်သံချေးတက်နေလို့ ရိုက်ဖွင့်နေတာဗျ

    😆

  • Mလုလင်

    March 4, 2012 at 10:58 am

    ကျောင်းတွေမှာ Computer Basic Course ထည့်သင်ဖို့ ဆွေးနွေးနေပြီ ကြားတာပဲ။ ဒါပေမယ့် .. အချိန်တန် လို့ လပတ် တို့ အစမ်းစာမေးပွဲ တို့ အတန်းတင် တို့မှာ အမှတ်ကောင်း ဖို့ ပဲ လိုချင်တဲ့ မိဘ များနဲ့ … တနည်း … Computer သင်ပေးမယ် .. ဘယ်လောက် ပေး ဆိုတာကို မတတ်နိုင်တဲ့ မိဘ များနဲ့ ………. လုပ် လိုက်တဲ့ လုပ်ပုံလုပ်နည်း တစ်ခု လုပ် တိုင်း အဲလို မတူညီတဲ့ အခြေခံ လေးတွေ ကြောင့် .. အခြေံခံ ကျောင်းတိုင်း မှာ Compute သင်ပေးဖို့ ဆိုတာက .. ထင်သလောက် လွယ်တဲ့ ကေ့စ် တစ်ခု မဟုတ်ပါကြောင်း … 2014 အမှီ တော့ အဲလိုဖြစ်လာမယ် လို့ ထင်ပါကြောင်း … တစ်ကျောင်းကသင် … တစ်ကျောင်းကမသင် … သင်ပါသော်လည်း မတတ် … တတ်ပါသော်လည်း … သုံးနေမကျ ပြန်မေ့ … ပိုက်ဆံ ယူလို့ ဟိုကတိုင် ဒီကတိုင် … ကျောင်းသားတိုင်း မသင် ပေးနိုင်လို့ A ခန်းက လူတွေချည်း သင်ပေးပြန်တော့လဲ …. လူရွေးတဲ့ နေရာမှာ မသမာ ဆိုပြီး ဟိုကတိုင် ..ဒီကတိုင် … နောက်ဆုံးတော့ .. အဝဲယားနပ်စ် ဘက်ပြန်လည် သွားမှာမို့ …… အခြေခံ ဆောက်အအုံ လိုတယ် ဆို ပိုက်ဆံ ချေးပြီးထဆောက် ၅ နှစ် ၁ဝ နှစ်ပေါ့ … အဲ့ အဝဲယားနပ်စ် က ဘယ်လောက်ကြာမယ် မှန်းလဲမသိ ….. စိတ်ကူးယဉ် ဆန် နေသလို ကိုဖြစ်နေတော့တာ ကိုး ..
    ရင်လေးတဲ့
    Mလုလင်

  • chityimhtoo

    March 4, 2012 at 11:33 am

    ကောင်းတယ်ဗျ ခင်ဗျားပြောတဲ့ အကြံ အရင် တုန်းက Tablet ကို India မှာတန်ဖိုးနည်း လုပ်တုန်းက မြန်မာနိုင်ငံမှာလည်း တန်ဖိုးနည်း Tablet လုပ်ဘို့ဆိုပြီး ပရောဂျက်တင်မယ်ဆိုပြီး
    မလုပ်ဖြစ်ခဲ့တာတွေရှိတယ်။တစ်ကယ်သာ မြန်မာငွေ တစ်သိန်းအောက် ၆သောင်း ရသောင်းနဲ့
    Tablet ဆိုရင် လူတန်းစားအားလုံးကျောင်းသားတွေ သာမာန်လူတန်းစားတွေ ကိုင်နိုင်ပြီ။

  • maungmoenyo

    March 4, 2012 at 12:24 pm

    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်(၁၀)ကြာမှ လွတ်လပ်ရေးရတဲ့ စင်္ကံာပူဟာ အခု အာရှရဲ့ ကျားဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ့ဒီခေတ် ကတိုးတက်ထွန်းကားမှုတွေက အချိန်ယူရသလို နှေးကွေးပါတယ်။ ခုအခါမှာ ကမ္ဘာတဝှမ်းဖြစ်ပေါ်တိုးတက်မှုတွေက အရမ်းမြန်ပါတယ်။ မြန်မာနိုင်ငံဟာ ရေမြေသဘာဝနဲ့ ယဉ်ကျေးမှုစီးကြောင်းထဲအလိုက်သင့်ဝင်ရောက်သွားဘို့ အခြေခံအလွန်ကောင်းသလို ဒီလိုတိုးတက်မှုရေစီးကြောင်းထဲဝင်နိုင်လောက်တဲ့ အခွင့်အခါတွေ အလွန်ပွင့်လန်းနေချိန်ဖြစ်ပါတယ်။ ဆိုရရင် – အခြားနိုင်ငံတွေရဲ့ ထွန်းကားမှုနှုန်းထက်ပိုပြီးမြန်ဆန်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတဲ့ မဟာအခွင့်ထူးကြီးဟာ တိုင်းရင်းသားလူနည်းစုခေါင်းဆောင်များ က ဗဟိုးအစိုးရနဲ့ ဘယ်အတိုင်းအတာအထိ ဆက်ဆံနိုင်မလဲ အခြေအနေမှန်ကိုဘယ်လောက်နားလည်သလဲဆိုတဲ့အပေါ်မှာ များစွာတည်နေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်နယ်နဲ့ဗဟိုအစိုးရ လက်တွဲနိုင်လေ၊ အဲ့ဒီအိပ်မက်တွေ ပုံပေါ်လာနိုင်လေဆိုတာ နားလည်ကြဘို့ (ကောင်းကောင်းကြီးနားလည်ကြဘို့) လိုပါတယ်။

  • inz@ghi

    March 4, 2012 at 1:27 pm

    ဂိုးလ်ဒင်း ထွိုင်အန်ဂယ်လ် အရ
    ဘော၃လုံး ရှိသဗျ …(ဟို စတိဂျော့ဘုစု ဂျီး လုပ်စားသွားတဲ့ဟာဒွေ)

    အတွင်းဆုံးမှာဝှိုင်း တဲ့ …
    အလယ်မှာ ဟောင်း တဲ့….
    အပြင်ဆုံးမှာ ..ဝှက်ထ် တဲ့…

    အပြောကောင်းတဲ့ ဘဘ ပြောင်ရေ ….
    ဝှက်ထ် ဆိုတဲ့ …လက်ပကျွတ် ကတော့ ဟုတ်ပါဘီ …
    အနှီ လက်ပကျွတ်ကို .. ဟောင်း …- ဘယ်လို ဘယ်နည်း အသုံးချမည်နည်း..
    ထိုသို့ ဟောင်း ရန်မှာ ဘာကြောင့် ဘယ်လို အသုံးချမည်နည်း ……ဆိုတာလေးပါ…
    ဟဲဟဲ ..အတွင်းဆုံးကနေ နောက်တခါပြန်ပြောမယ်နော…

    ဘာကြောင့် …ဘယ်လို ဘာကို အသုံးချမည်နည်း ….
    ဘဘပြောင်က လက်ပကျွတ် ဆိုလို့ပါ….

    ခင်တဲ့
    ဂီ

  • ဟုတ်ပဗျာ ကိုဂီပြောလိုက်မှ……………..
    ကိုပြောင်ပြောတဲ့ လက်ပကျွတ်က ကလေးတွေကို
    စာသင်ဖို ့အတွက်မရည်ရွယ်ဘဲ။အပြာကားတွေ၊
    ညစ်ညမ်းစာတွေ ဖတ်ဖို ့များရည်ရွယ်လေသလားလို ့……..!!!

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 4, 2012 at 4:05 pm

    ဘယ်ကလာဗျာ ကိုနာဂရဲ့။
    တူနယ်တန်းက ကရေးရေးတွေက ဂိမ်းဆော့ဖို့လက်ပကျွတ်လိုတာ။
    အလယ်တန်းက ကျောင်းသားများကျတော့ ကောင်မလေးတွေ၊ကောင်လေးတွေ ဂျီတော့ထိုင်ပြီးတော်ကီပွားဖို့။
    အထက်တန်းကျောင်းသားတွေက ညစ်ညမ်းဝဘ်ဆိုဒ်တွေကြည့်ကြဦးမှာ အဲဒါကြောင့်ကျွန်တော်အပေါ်မှာပြော
    ခဲ့တာ။
    ဘယ်လိုသုံးသင့်တယ် ဆိုတာကိုကျောင်းသားများအတွက် ဆရာဆရာမများကသင်ကြားလမ်းညွှန်ပေးဖို့
    လိုနေပါတယ်ဆို။

    • ကိုတောင်ကြီး ရေ …
      အခုခေတ် ကလေးတွေ အင်တာနက် သုံးတတ်ကြပေမယ့်လည်း ကိုတောင်ကြီး ပြောသလိုပဲ ကလေးလေးတွေက ဂိမ်းဆော့ဖို့၊ အလတ်စားတွေက ချက်ဖို့၊ နည်းနည်းကြီးလာတဲ့ ကောင်တွေက ဟိုဝက်ဘ်ဆိုက်တွေ ကြည့်ဖို့လောက်ပဲ သုံးတတ်ကြတာပါ …
      တကယ်တော့ ဒါတွေက အပျင်းပြေလောက်ပဲ ကောင်းတာပါ …
      သို့ကြောင့် အင်တာနက် တစ်ခွင်မှာ ကိုယ့်အတွက် အကျိုးရှိအောင် ဘာတွေ လုပ်လို့ရတယ်ဆိုတာ ဆရာ ဆရာမ တွေက သင်ကြားလမ်းညွှန်ပေးဖို့ အမှန်တကယ် လိုအပ်တယ် ဆိုတာကို ထောက်ခံကြောင်းရယ်ပါ …

      ခင်တဲ့ .. အံစာတုံး

  • chityimhtoo

    March 4, 2012 at 6:05 pm

    ဇတ်လမ်းကအဲ့ဒီ့ကစတာဗျ….အင်တာနက်ကိုကလေးတွေကိုတကူးတကသင်ပေးစရာမလိုဘူး ချက်တင်
    ဝင်ရင်းနဲ့ တက်ကျတယ်။မြန်မာစာလက်ကွက်ကိုလည်းသူတို့ဖါသာသူတို့ ရအောင် ရိုက်တတ်အောင်သင်ကျတယ်။ porn site တွေကို လိုက်ရှာရင်းနဲ့ ဘဲ Google search engine ကိုကောင်း
    ကောင်းသုံးတတ်လာကျတယ်။ဒီလိုဘဲ ဂိမ်းဆော့တတ်တဲ့ကလေးက ဂိမ်းမဆော့တတ်တဲ့ကလေးထက်ပိုပြီး
    ဖျတ်ထိုးဉာဏ်ကောင်းတယ်။g talk , Facebook , game ဆော့တာတွေကိုတော့ အပြစ်ရယ်လို့ပြောလို့
    မရဘူး။ကျွန်တော်တို့လည်းတစ်ကယ့်တစ်ကယ် ဒါတွေဘဲအသုံးပြုကျရတာ။ကျွန်တော်တို့ဆီမှာအိုင်တီ
    သမားဆိုတာလိုင်းကြောင်တာများတယ်။ programmer လည်းမဖြစ် graphic designer လည်းမဖြစ်။
    အိနိ္ဒယတို့လို ငယ်ငယ်ထဲက programming တစ်လိုင်းသီးသန့် သင်ပေးနိုင်ရင်တော့ နိုင်ငံမှာတစ်ကယ်အသုံးချလို့ရတဲ့ ပရိုဂရမ်သမား
    တွေပေါက်ပေါက်မြောက်မြောက်ဖြစ်လာမှာဘဲ။

    • ခပ် KING ကင်း

      March 4, 2012 at 8:58 pm

      အာဟိ တိုက်ရိုက်ထိတယ်
      ပရိုဂမ်သိလား
      ဟုတ်ကဲ့ သိပါတယ်
      ဘယ်လိုလုပ်သလဲ
      အဲဒါကလေ ………….
      ဂရပ်ဖစ်ဆွဲတတ်လား
      ဟုတ်
      ကျွမ်းကျင်တယ်ပေါ့
      ဒါကတော့ …. ဟီးးး
      ကဲ .. နက်ဝပ်ကို ဘယ်လိုသဘောရလဲ
      ချိတ်ဆက်လို့ရတဲ့အတွက် သဘောကျတယ်
      လုပ်တတ်လား
      စမ်းကြည့်ရင်တော့ ရမလားမသိ ……
      ကဲကွာ ဒါဆိုုရင် စာစီစာရိုက်လုပ်ပေးစမ်းကွာ
      ဟုတ် .. ဒါတော့ ရတယ်ဗျ အလွယ်လေး …
      ဒီဖောင့်တစ်ခုတည်းရှိတာလား
      ဟီးးး ဒါက ချက်တင်သုံးဖို့ နောက်ပြီး ဟိုဟာတွေနဲ့လည်း မရိုက်တတ်ဘူးလေ .. အဲဒါ အဲဒါ … 😆

  • Lwin Aung

    March 4, 2012 at 10:05 pm

    Tablet computer is the first step for my country.

  • နေဝန်းနီ

    March 4, 2012 at 10:24 pm

    အမယ်ငီး ပြောရရင် ငနေလွန်ရာကျတော့မယ်…။ ရှေ့တန်းသွားတဲ့ရဲဘော်တွေပဲ ဂစ်စမီးခြစ် ကိုယ်စီပါပါစေဦး…။ 2000ပြည့်နှစ်လောက်ကကြားလိုက်မိတာကတော့ ရှေ့တန်းလာတဲ့ရဲဘော်တွေ မီးခြစ်ကိုယ်စီပါရင် ကရင်က အလင်းဝင်မယ်ဆိုလားပဲ..။ ဘော်ဘော်လေးတွေ နောက်ပြောပြောနေတာကြားဖူးတယ်..။

  • zay

    March 5, 2012 at 8:02 am

    ပါးစပ်ထဲရှိရာရှောက်ပြောနေတာ လပ်တော့ကိုင်ရဘို့ဝေး ကွန်နက်ရှင်ဘဲကောင်းအောင်းလုပ်ပါအုံး ဦးပြောင်သိန်းစိန်ရယ်

  • Saw Kayinlay

    March 5, 2012 at 9:14 pm

    လက်နက်နဲ့ Laptop လဲမယ်…လက်နက် မရှိတဲ့သူတွေ အသာနေ..
    Laptop ရှိပြီးသားသူတွေလည်း အသာနေကြ….လို့ဆိုလေသလား
    သမ္မတကြီးရယ်

Leave a Reply