ဖြစ်ရပ်မှန်(၃)

ComputerMarch 4, 20121min1004

ကျွန်တော့်မှာသားတစ်ယောက်၊သမီးတစ်ယောက်ရှိတယ်။သမီးကသူငယ်တန်းကနေ၉တန်းအထိနယ်ကမူလတန်းကျောင်းနဲ့အထက်တန်းကျောင်းမှပညာသင်ကြားခဲ့တယ်။၉တန်းအောင်တော့ကလေးတွေရှေ့ပညာရေးမြင့်
မားဖို့ရည်ရွယ်ချက်နဲ့မြို့ကိုပြောင်းလာခဲ့တယ်။မဟာရန်ကုန်မြို့ကြီးရဲ့တာမွေမြို့နယ်အ.ထ.ကတစ်ခုမှာ
ပေါ့။
မြို့ကျောင်းဆိုတော့ပညာကိုအလေးထားသင်ပေးနိုင်တယ်ဆိုတဲ့ယူဆချက်၊သမီးရဲ့ကြိုးစားမှုကိုယုံကြည
်ချက်
်တွေနဲ့ပေါ့။တစ်လ၊နှစ်လကြာတော့ကျောင်းတက်နေတဲ့သမီးမျက်နှာမကောင်းတာကိုတွေ့လာရတယ်။သမီးစာမလိုက်နိုင်လို့ထင်ပါရဲ့။သမီးမသိတဲ့စာတွေကိုရှင်းပြပေးရင်းနဲ့သီတင်းကျွတ်ကျောင်းပိတ်ရက်ကိုရောက
်ခဲ့ပါတယ်။ကျောင်းပြန်ဖွင့်လို့သမီးကျောင်းပြန်တက်ပါပြီ။တစ်ပါတ်ခန့်ကြာတဲ့အခါသမီးစာသိပ်မကျက်တာ
တွေ့လို့မေးကြည်တဲ့အခါ သမီးကျူရှင်တက်ပါရစေဖေဖေတဲ့။သမီးကျောင်းကဆရာ၊ဆရာမတွေသင်တာနားမလည်ဘူးလား။
နားမလည်ရင်ဘာသာရပ်ဆိုင်ရာဆရာမကိုမေးလေလို့ပြောလိုက်တယ်။အဲဒီတော့မှသမီးကဆရာမတွေ
ွသင်တာကိုနားမလည်တာမဟုတ်ဘူးဖေဖေ။သင်ကိုမသင်တာ။နှစ်စတုန်းကလည်းနည်းနည်းပဲသင်တယ်။အခုကျောင်းပြန်ဖွင့်တော့လုံးဝမသင်တော့ဘူးတဲ့။သင်ရိုးကုန်သွားလို့လားဆိုတော့တစ်ဝက်တောင်မရောက် သေးဘူးတဲ့။
အဲဒီတော့မှကျွန်တော်လည်းသမီးကနေတစ်ဆင့်သူ့သူငယ်ချင်းတွေတက်တဲ့ကျူရှင်ကိုစုံစမ်းပြီးတက်ခိုင်း
လိုက်ရပါတယ်။ဒါပေမယ့်ရန်ကုန်ုမြို့ရဲ့ပညာရေးစနစ်ကိုမသိနားမလည်ခဲ့တဲ့ကျွန်တော့်အပြစ်ကြောင့်
သမီးဟာ(၁၀)တန်းစာမေးပွဲကိုနောက်တစ်နှစ်ထပ်ဖြေပြီးမှအောင်မြင်ခဲ့ရပါတယ်။
(ဖြစ်ရပ်မှန်ဟုတ်ကြောင်းမယုံကြည်မှာစိုးလို့ကျောင်းအမည်ကိုတိတိကျကျဖေါ်ပြပေးလိုက်ပါတယ်။
အ.ထ.က(၂)တာမွေ ဖြစ်ပါတယ်။)

4 comments

  • Computer

    March 4, 2012 at 4:23 pm

    ဖြစ်ရပ်မှန်(၃)ကိုနှစ်ခါပြန်တင်မိတဲ့အတွက်ခွင့်လွှတ်စေချင်ပါတယ်။ပထမအကြိမ်ဖြစ်ရပ်မှန်(၃)Post ကိုရေးတင်ပြီး Publish လုပ်တဲ့အချိန်မှာInternet Line Outသွားတော့Postမရေက်ဘူးထင်လို့ပြန်တင်လိုက်တာပါ။

  • ကိုရင်မောင်

    March 4, 2012 at 9:10 pm

    ကောင်းတယ်
    ကျောင်းအမည်ပါထည့်လိုက်တော့
    အားလုံးသိရတာပေါ့….

  • TTNU

    March 5, 2012 at 1:32 pm

    Computer ရေ…
    တာမွေ(၂) မြို ့နယ်ပညာရေးမှူးဆီကိုတိုက်ရိုက်စာရေးတင်လိုက်ပါလား။
    မိတ္တူ ကို တိုင်းပညာရေးမှူး၊ ညွှန်ချုပ်၊ ပညာရေးဝန်ကြီး တန်းစီတင်ပြထားလိုက်ရင်
    ဒီကျောင်းအုပ် လှုပ်ရှားသွားမှာပါ။

  • ahnyartamar

    March 5, 2012 at 2:58 pm

    This is not true story, there was long time practice in Myanmar Education.
    If we are stay in Myanmar, we have to follow Myanmar education style. can’t change immediately because parents, students & teachers are treat as daily route.
    All my children are finish their education in yearly as computer said, because we have no choice, if we (parents) refuse it, our children are can’t pass in each standard. Whether you like it or not you have to accept it with very hardly.
    Now, new government will change slowly for our education system.

Leave a Reply