ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရပါတယ်တဲ့။

chityimhtooMarch 4, 20121min17015

ဒေါ်အောင်ဆန်းစုကြည်၏ကလောမြို့နယ်ခရီးစဉ်တွင်တပ်မတော်သားတစ်ဦးမှ ကြိုဆိုနှုတ်ဆက်ပုံကို NLD ပါတီထုတ်စာစောင်ဖြစ်သည့် ဒီလှိုင်းဂျာနယ် (ယခုအပတ်ထုတ်) တွင် ဖော်ပြထားသည်။ ယင်းတပ်မတော်သားမှာ ကလောမြို့ တပ်မ (၅၅) မှ တပ်သားကျော်ဇင်ဝင်းဆိုသူဖြစ်ကြောင်း ကလောမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရပါတယ်တဲ့။ ဒီတပ်မတော်သားလေးနာမည်..တပ်သားကျော်ဇင်ဝင်းလို ့ခေါ်ပါတယ်.. အောင်ပန်းGE…တပ်မှဖြစ်ပါတယ်..သူအခုအထိုးအကျိတ်ခံရပီးလူရုပ်မပေါ်တော ့ပါဘူး…. ကွာတား(တပ်အချုပ်ချခံထားရတယ်) ဒီသတင်းလေးကိုshareပေးကြပါ.. တိတိကျကျသိလိုပါကဖုန်း0949353386.ကိုဖိုးချိုထံမေးနိင်ပါတယ်။

http://www.thithtoolwin.com/2012/03/blog-post_8661.html
facebook စာမျက်နှာများပေါ်မှာလည်းတွေ့ရပါတယ်

15 comments

  • ကိုရင်မောင်

    March 4, 2012 at 4:48 pm

    ဒီသတင်းကိုသိနေပေမဲ့ဓါတ်ပုံကြည့်ချင်နေတာ
    ဒီမှာကမြန်မာနိုင်ငံနဲ့တောင်ဆိုးတဲ့အင်တာနက်လိုင်းဘမ်းထားလို့
    ကျေးဇူးဘဲ chityimhtoo ရေ
    တို့နိုင်ငံမှာပြုပြင်ပေးရမယ်သူတွေစစ်တပ်ထဲမှာရှိနေသေးတယ်ဆိုတာ
    ဒီလုပ်ရပ်ကသာဓကဘဲမဟုတ်လား
    လေးစားပါတယ်ရဲဘော်လေးရေ…..
    အပြစ်ပေးတဲ့သူတွေကိုအရေးယူဘို့သင့်ပါတယ်……

  • ဒီဓါတ်ပုံက ကိုကျော်ဇင်ဝင်းသေချာတယ်ဆိုရင် အမေစုလဲသိနေရင် စိတ်မကောင်းဖြစ်တော့မှာ။
    သူလဲ သူ ့ခံစားချက်နဲ ့သွားရောက်တွေ ့ဆုံတာဘဲဗျာ။ဒီအာဏာရူးစစ်ခွေးကြီးတွေကြောင့် စိတ်
    ပိန်တယ်ဗျာ။ကျေးဇူးပါ ကိုချစ်ရင်ထူးရေ။

  • ငပွကြီး

    March 4, 2012 at 6:10 pm

    စစ်သားတစ်ယောက်က အမေစုကို နူတ်ဆက်တာ အဲဒီလောက်ထိအပြစ်ကြီးသလား
    တပ်မတော်ကတာဝန်ရှိသူတွေကရော တော်တော်ကြောက်နေကြတယ်ထင်တယ်…
    ဘာပဲဖြစ်ဖြစ် မြန်မာနှိင်ငံမှာ ဒါ ပထမဆုံး မြင်ကွင်းလို့ထင်တယ်..
    ကိုကျော်ဇင်ဝင်းရေ မင်းကိုယ်စားဂုဏ်ယူတယ်..
    ကိုယ့်ရဲ့ ယုံကြည်ချက် ခံစားချက်ကို ရဲဝင့်စွာဖေါ်ပြရဲတဲ့ မင်းလိုသတ္တိမျိုး စိတ်ဓါတ်မျိုး သာ တပ်မတော်ထဲမှာ လေးပုံ တစ်ပုံလောက်ပဲ ရှိပါစေ ဒီနေ့တို့တိုင်းပြည် ဒီလိုတောင် မဖြစ်ဘူး..
    ကျော်ဇင်ဝင်း အဆင်ပြေပါစေ…ဆုတောင်းပေးပါတယ်..

  • inz@ghi

    March 5, 2012 at 7:55 am

    သို့
    ကိုကျော်ဇင်ဝင်း
    ခင်ဗျား သတ္တိကို လေးစားတယ်ဗျာ …ခင်ဗျားဘာကြုံမယ်ဆိုတာ သိထားလျက်နဲ့
    ဒီလိုဆောင်ရွက်နိုင်တာ …နောက်ပြီး …ခင်ဗျားနောင်တ မရဘူးဆိုတာ …ယုံကြည်ရဲ့ …..

    သို့
    မီဒီယာ
    အဲ့သည့်လူ ကို ဗျူးမယ်ဆိုပြီး ခေါ်ထုတ်ခိုင်းဗျာ ….
    သူဘယ်သူ ဘယ်ဝါ ယခု ဘယ်လိုဖြစ်နေ တယ်ဆိုတာ အားလုံးသိရအောင်…

    သို့
    ဖေ့စဘုတ်
    ဖွကြပါဗျို့ ….

    သို့
    ဘဂျီးစိန်
    ဒီသဒင်းနဲ့ ခညား မိန့်ခွန်း …
    တွဲမစားသင့်တဲ့ စာရင်းထဲ ထည့်လိုက်ရမား ..ဘဂျီး…..

    သို့
    သည်လေဒီ
    မီဒီယာ ကားဗားရေ့ချ် ဖြစ်အောင် လုပ်ပါဦးဗျို့ ….

    သို့
    တာဝန်ရှိသူအပေါင်း
    ချဉ်ပါတယ်အေ ….

    ခင်တဲ့
    ဂီ

  • ကြောင်ကြီး

    March 5, 2012 at 10:05 am

    ဒီသတင်းကို မျက်ခြေမပြတ်ကြပါနဲ့ဗျို့… ရသလောက် စုံစမ်းပြီး ပုံမှန်တင်ပေးဂျပါ။ စစ်သားလေးအတွက် သူ့ခြေဖျားလောက်မှ သတ္တိမရှိတဲ့ ကျုပ်တို့တတွေ ဒီလောက်တောက် အားစိုက်ပေးသင့်တယ်.။။ သဂျီးရေ သဂျီးရဲ့ ပြောင်းနေဘီဆိုဗျ….။ 😥

  • လင်းဝေ

    March 5, 2012 at 10:05 am

    အပြစ်ပေးအရေးယူရခြင်းအကြောင်း ရှင်းလင်းစွာသိချင်ပါသည်။
    အပေါ်က ကိုရင်ဂီ ပြောတဲ့အချက်များ အားလုံး လျောက်ပတ်ပါသည်။

  • ကိုချစ်ရင်ထူးရေ ကျနော်လဲဒီ ရွာထဲမှာတင်ထားသေးတယ်။အဲဒီသူပေးတဲ့ ဖုန်းကိုခေါ်
    ကြည့်တာ ခေါ်လို ့မရဘူးနော်။မဟုတ်ဘူးလို ့လဲသတင်းပြန်ထွက်နေတယ်။ရန်တိုက်
    ဆွပေးခြင်းဖြစ်တယ်လို ့ပြန်ပြောတယ်ဗျ။

  • etone

    March 5, 2012 at 1:30 pm

    ဖေ့စ်ဘွခ်တွေထဲ .. မေးလ်ဂရုတွေထဲ …ပလူပျံနေတဲ့ … ဒီသတင်းနဲ့ .. ဒီပုံလေးမြင်မိပြီး .. စာနာစိတ်ဖြစ်မိတယ် … ။ လူသား တစ်ယောက် … ကိုယ်ပိုင် စိတ်ခံစားချက်အရ … ကိုယ်ပိုင်အတွေးခေါ် ဆုံးဖြတ်ချက်နဲ့ .. ကြိုဆို နှုတ်ဆက်တာ .. အဲ့ဒီလောက် အပြစ်ကြီးဖြစ်သွားရောတဲ့လား … ။ ယူနီဖောင်းဝတ်ထားလို့ … တာဝန်ချိန်မှာ ဝတ္တရား လစ်ဟင်းမှုနဲ့ … အရေးယူမယ်လို့ ထင်ပါတယ် …. ။ 🙁

  • TITAN

    March 5, 2012 at 1:56 pm

    ဗိုလ်ချုပ်အောင်ဆန်း ကတပ်မတော်ရဲ့ ဖခင် ဒီတော့
    အမေစုက တပ်မတော်နဲ့ မောင်နှမ တော်မှာပေါ့နော်
    ကိုယ့်ရဲ့ နှမသားချင်းတစ်ယောက် ကိုကြိုဆိုတာ အပြစ်လားဗျာ ❓

  • Shwe Tike Soe

    March 5, 2012 at 3:06 pm

    ကြည့်လို.အရမ်းကောင်းတဲ့ ဓာတ်ပုံလေးပါဗျာ.. တကယ်လဲ ကြည်နူးဖို.ကောင်းပါတယ်…
    ကျန်တဲ့စစ်သားတွေရော ကိုကျော်ဇင်ဝင်း လို နှုတ်ဆက်ချင်ကြမှာပါပဲ.. ဒါပေမယ့် သူလို သတိ္တ မရှိကြတော့လဲ ငြိမ်နေရမှာပေါ့…
    ဘာမှ မသိတဲ့အတွက် ဘာမှပြောစရာမရှိပေမယ့်………..
    အဲလို ကိုကျော်ဇင်ဝင်း လို နှုတ်ဆက်တဲ့သူ တွေ အများကြီးရှိလာရင် ကောင်းမှာပဲဗျာ……… နော်

  • yuiio

    March 5, 2012 at 6:41 pm

    စစ်သားတွေထဲမှာ အမေစုကို နှုတ်ဆက်ချင်သူတွေက အများကြီးဗျ။ အဲ့ဒီနေ့က အမေစုသွားတဲ့ လမ်းတစ်လျှောက်နဲ့ မြို့တွေမှာ ရှိတဲ့စစ်တပ်တွေကို အပြင်ထွက်ခွင့်မပေးတာက ကလောကလူတွေ အားလုံး အသိပါ။ ကလောမှာ မြင်နေကျ စစ်ယူနီဖောင်းနဲ့သူတွေ အဲ့ဒီနေ့က လုံးဝကိုမတွေ့ရဘူး။ အမေစုမလာခင်တစ်ရက်က ကျွန်တော်တို့ ဖိတ်စာတွေ အလံတွေ ဝေတယ်။ ကျွန်တော်က သတ်သတ်မဲ့ကို ဈေးလာဝယ်တဲ့ စစ်သားတွေကို လိုက်ဝေတယ်။ သူတို့အားလုံးက ပြန်ပြောတယ်…. ညီလေးတဲ့ အကိုတို့ယူသွားရင် ဒုက္ခရောက်သွားလိမ့်မယ်တဲ့။ ဒါက တရားသော ယှဉ်ပြိုင်ခြင်းမဟုတ်ပါဘူး။
    စစ်သားလေး အမေစုကို လာနှုတ်ဆက်တော့ အဲ့ဒီရှေ့နားမှာ ကျွန်တော်ရှိတယ်။ သူပြောသွားတာက အမေတဲ့ ကျွန်တော်တို့ ဧရာဝတီဖက်ကို ပြောင်းရတော့မှာ ……. ကျွန်တော်တို့ကိုလည်း ပစ်မထားပါနဲ့တဲ့ ။ အခုကျတော့ အဲ့ဒီစစ်သားကပဲ အတုလိုလို တစ်ကယ်ပဲမရှိသလိုလို ပြောနေကြတယ်။ တပ်မကြီးတစ်ခုကနေ စစ်သားလေးတစ်ယောက်ကို ဖြောက်ပစ်ရတာ လွယ်ကူမယ်ဆိုတာ အားလုံးသိပါတယ်။

  • yuiio

    March 5, 2012 at 7:34 pm

    Kyaw Swar Myint Freedom News Group(Burma)
    ခင်ဗျားတို ့ သိတာ တစ်ယောက် ထဲ တစ်ကယ် ကြို တာ ကျွန်တော် သိသလောက် ၈ဝ ကျော်လောက်ရှိပါတယ် တဲ့ ။ ကျွန်တော့် မိန်းမ နဲ ့ သမီး
    တောင်ပါ ပါတယ် တဲ့ ။………………………….

    ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆို သည့် ရှမ်းပြည် ခရီးစဉ် တွင် စစ်ယူနီ
    ဖောင်း ဝတ်ဆင် ထားသည့် တပ်မတော် သား များ နှင့် လက်ရှိ တာဝန်ထမ်း ဆောင် ဆဲ ယူနီဖောင်း ဝတ်မထားသည့် စစ်မှုထမ်း ၈၀ဝကျော် ကြို ဆို ခဲ့ ကြ ပါတယ်။

    ဓာတ်ပုံ ထဲ မှာ တွေ ့တဲ့ တစ်ယောက် ကအဲဒီ ၈ဝ ကျော်ထဲ က တစ်ယောက်ဖြစ်ပါတယ်။
    အများ စု က တပ်မ ၅၅ နဲ ့အင်း ပြင် ဘက်က တပ် တွေ က ပါ။ မည်သည့်
    တပ် မတော် သား ကို မှဒေါ်အောင်ဆန်းစုကြည် ကို သွားကြိူ မှုန ဲ ့ အရေးယူ ထား တာ
    မရှိ ပါဘူး။

    တပ်မ ၅၅ တပ်ရင်းမှုး ကိုယ်စား တပ်ရေး ဗိုလ်ကြီး မှ FNG နှင့် တယ်လီဖုန်းဆက် သွယ် ပြောကြား ချက် —————– (တပ်က ပြန်ဖြေတဲ့သတင်းပါ )

  • Davit

    March 6, 2012 at 9:41 am

    ဟား…..ဟား…..ဟား…..ဟား…..ဟား……….မုဆိုးမတစ်ယောက်ရဲ့ ထမိန်ခတ်သံကို ဒီလောက်တောင်ကြောက်နေကြရင်လည်း ဝင်ပြီးမပြိုင်ကြနဲ့လေ…………..( ဒင်းတို့ကိုပြောချင်လို့ …… ကန်တော့ပါအမေစု )

  • we R one

    March 14, 2012 at 4:18 pm

    ဒီပုံလေး ကို မြင်တော့ စိတ်ထဲ တမျိုးကြီးပဲ တစ်ခုခု ကိုခံစားရသလို နင့်ခနဲ နဲ…။ သူ့ အတွက် အဆင်ပြေဖို့ ဆုတောင်းပါတယ်..။
    ကျွန်မ သိတဲ့ စစ်သား တချို့ပေါ့ (အရာရှိတွေ) ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို စလိုက်တယ်ဆိုရင် ပဲ တချိုဆိုရင် သိသိသာသာ ကြီးကို စကားလမ်ကြောင်းလွဲ ပြီး အပြောမခံဘူး.. တချိုဆို့ .. ရန်တောင်တွေ့တယ်.. တချို့ဆို လုံးဝ ကို စကားပြန်မပြောဘူ…။ အဲလို မျိုးကို ကြုံဖူးတာ..။ သူတို့ စစ်တက္ကသိုလ်တွေ မှာ ဘယ်လောက်တောင် များ ဒေါ်အောင်ဆန်းစုကြည် ကို မုန်းတီးရေး စိတ်ဓါတ်တွေ ရိုက်သွင်းခံထားရလဲတော့ မပြောတတ်ဘူး..။

  • ရွှေဘိုသား

    March 14, 2012 at 6:57 pm

    ဒီပုံလေးကိုမြင်ရတော့ တပ်သားလေးကို လေးစားမိတယ် သူ့ထက်ရာထူးကြီး အသက်ကြီးပြီး အချိန်မစီးတဲ့သူတွေ လူကြီးတွေ သံဝေဂရသင့်နေပြီ
    လေးစားပါတယ်ဗျာ ကိုကျော်ဇင်ဝင်း

    စကားမစပ် ဒီသတင်းကိုဘာ့ကြောင်း ခြေမနေနိုင်လက်မနေနိုင်လိုက် နီ ပေးနေသလဲဆိုတာလည်း မေးချင်ပါတယ် အပြင်ထွက်ပြီး ပေါ်တင်ပြောပါ လက်ယားနေရင်တော့ xxxxxxx ပဲဗျာ

Leave a Reply