ယဉ်ကျေးမှု နှင့် အနာဂတ်မျိုးဆက်….

alinsettMarch 4, 20121min39614

( ၁ )

လူမျိုးတစ်မျိုး၏ အမူ အကျင့်နှင့်..ယဉ်ကျေးမှုသည်…ခေတ်ကို လိုက်၍ ပြောင်းလဲ.သွားသင့်ပါသလား…??

ပြောင်းလဲ.သင့်သည်..ဟု..ထင်မြင်လျှင်…ဘယ်လိုပြောင်းလဲသင့်သလဲ….ဟု ထပ်မေးစရာ ရှိပါသည် ။

အတိတ်ဆီမှ အမူအကျင့် ၊ ဓလေ့ စရိုက် များ သည်…မမှန်ကန်ဘူး…၊ မသင့်တော်ဘူး..ဆိုလျှင်

ပိုကောင်းသော..၊ ပို၍ ခေတ်နှင့်လျော်ညီသော…အမူအကျင့် ဓလေ ့စရိုက်များဖြင့်..အစားထိုးပြောင်းလဲ..မည်ပေါ့လေ…။

အကယ်၍……….အတိတ်ဆီမှ အမူအကျင့်ဟောင်း..၊ဓလေုစရိုက်နှင့် ယဉ်ကျေးမှု အဟောင်းများသည်…

သဘာဝကျကျ ဖြစ်နေလျှင်..၊ သင့်လျော် မှန်ကန်နေလျှင်..၊ အမှား တစ်စုံတစ်ရာ မရှိလျှင်..တော့……

ခေတ်သစ်..၊ ခေတ်ပေါ်..အမူအကျင့် ၊ ဓလေ့စရိုက်များဖြင့်…အစားမထိုးသင့်..ဟု..ကျွန်တော် ခံစားမိပါသည် ။

ယဉ်ကျေးမှု အစဉ်အလာ ကြီးမား ခမ်းနာ ခဲ ့သော …မြန်မာ များအနေဖြင့် စဉ်းစား တွေးတော့ စရာမျာ..ရှိလာပါပြီ။

ကျွန်တော်တို ့နိုင်ငံသည်…သဘာဝတရားက ချစ်မြန်နိုးသော …( သို ့မဟုတ်..သဘာဝ တရားကိုချစမြတ်နို်းသော…နိုင်ငံ )

ဖြစ်ပါသည် ။

စီးပွါးရေး ၊ နိုင်ငံရေး…ပြိးတော့….ပညာရေး….စသော အရေးကိစ္စများတွင် အခြားနိုင်ငံများထက် …

နိမ့်ကျသည်ပဲ..ထားပါဦး ..။

ယဉ်ကျေးမှု..နှင့် ဓလေ့စရိုက်များ..ကတော့….ဘယ်လိုမှ မနိမ့်ကျနိုင်ပါ ။

ကျွန်တော်တို ့ဆီမှာ…နန်မြို ့ရိုး..ရှိသည် ။

သနပ်ခါး ရနံ ့ ရှိသည် ။

မုတ်သုန်ရာသီ.. နှင့် သဘာဝတော..များ..ရှိသည် ။

ဘုရားစေတီ..နှင့် လှူတန်းပေးကမ်းမှုများ..ရှိသည် ။

ထို ့အပြင်…….

အရှက်တရား ကြီးမား၍ သိမ်မွေ ့စွာ…ရိုးသား ဖြူစင်သော..

မြန်မာ အမျိုးသားကလေးများ….. ၊ မြန်မာ အမျိုးသမီးကလေးများ………..ရှိခဲ့ပါသည် ။

အကျင့်သီလ မြင့်မြတ်သော…၊ ကိုယ်ကျင် ့တရား စင်ကြယ်သော…မြန်မာ အမျိုးသမီးကလေးများ ၊

မြန်မာ အမျိုးသားကလေးများ….ရှိခဲံ့ပါသည် ။

( ယဉ်ကျေး သိမ်မွေ ့စွာ ဝတ်စား ဆင်ယင်တတ်သော ၊ သနပ်ခါး ပါးကွက်ကြားကလေးဖြင့်..

တင့်တယ် လှပ..သော အမျိုးသမီးကလေးများ……အသေအချာ ရှိခဲ့ဖူးပါသည်။

ထို ့အတူ…… တိုက်ပုံ အကျီင်္ င်္ ၊ ပုဆိုး များ ဝတ်ကာ…၊ ကတ္တီပါ..ဖိနပ်ကိုစီး၍ီ

က္ဏန္ဒြေ တည်ကြည်စွာ..ခံ့ညားသော…အမျိုးသားကလေးများလည်း..အသေအချာ ရှိခဲ့ဖူးပါသည် ။

________________________________________

( ၂ )

တစ်နိုင်ငံနှင့် တစ်နိုင်ငံ…ယဉ်ကျေးမှုများ ကူးလူး.ဆက်ဆံရာတွင်…..

ကောင်းမွန်သော…အစဉ်အလာများကိုသာ လက်ဆင့်ကမ်းနိုင်ဖို ့…လိုပါသည် ။

ပေးသူ…ကတော.့…….( သူတို ့ ကျင့်သုံးခဲ့သော ဓလေ့စရိုက် ၊ အမူအကျင့်များကိူ )

အကောင်းဆုံး…ဟုယုံကြည်ကာ… ပေးကမ်းလိမ့်မည် ။

ယူသူသည်..( သို ့မဟုတ်…အတုယူသူသည်…..) ယူတတ်ဖို ့/ အတုယူတတ်ဖို ့လိုပါသည် ။

ကိုယ့်လူမျိုး.၊ ကိုယ့်နိုင်ငံ ယဉ်ကျေးမှု နှင့် ဆန် ့ကျင်သော.၊

အမှန်တရား.၊ ကိုယ်ကျင့်တရား..၊ သိက္ခာ တို ့ဖြင့် မနီးစပ်သော….

အရာများကို မယူမိဖို ့…လိုပါသည် ။

ယခုတော့ဖြင့်…………………………………….

____________________________

( ၃ )

ရင် ဖုံး အကျီ င်္၊ ချိတ်ထမီ..ဖြင့် …. ယဉ်ကျေး သိမ်မွေ ့လှသော….

မြန်မာ အမျိုးသမီးများမှ ( အတိတ် မျိုးဆက်များမှ )

ဆင်းသက်လာသော….

ဂျင်းဘောင်းဘီ တိုတိုကပ်ကပ်၊ လည်ဟိုက် ၊ရင် ပေါ်…. ၊ ခါး ပေါ်သော..ကိုယ်ကျပ်အကျီ င်္

ဆံ ပင် နီကြောင်ကြောင်.များဖြင့်…ဝိုင်.သောက်တတ်သော..အမျိုးသမီးတချို ့

ရှိနေပြီ….။

_____________________________
( ၄ )

ပုဆိုး တိုက်ပုံ ၊ ကတ္တီပါ…ဖိနပ်စီးကာ…က္ဏန္ဒြေ တည်ကြည်သော..

အကျင့်သီလ….ကောင်းမွန်သော…မြန်မာ အမျိုးသားများမှ..

(အတိတ်မျိုးဆက် ဆီမှ ) ဆင်းသက်လာသော…

ဘောင်းဘီ ကျပ်ကျပ် ၊ ဆံပင်ရှည်.ရောင်စုံများ..ပွ.လို ့ ၊

ထောင်လို ့….။ တစ်ချို ့ဆိုလျှင်….ဘောင်းဘီကို တင်ပါး တစ် ဝက်လောက်ထိ

လျှော.ချပြိး…. ၊

အတွင်းခံ ဘောင်းဘီကို… တစ် ဝက်လောက် ဖော် ်

ဝတ်တတ်သော.. ယောကျာ်း ကလေးများ…ရှိနေပြီ ။

___________________________

( ၅ )

အတိတ်ဆီမှ…..ယဉ်ကျေးမှုသည်..မှန်သလား. .. မှားခဲ့သလား..။

မှားခဲ့လို ့ ယခုလို ပုံစံများဖြင့် အစားထိုး ပြောင်းလဲ ပစ်လိုက်တာလား .။

ကျွန်တော် သေချာ မဝေခွဲတတ်ပါ ။

သို ့သော်…ကျွန်တော် သေချာ သိထားသည့်..ယုံကြည်ချက်တစ်ခုကတော့…..

အတိတ်ဆီမှ….ယဉ်ကျေးမှု.၊ ဓလေ့စရိုက် ၊ ဟန်ပန်များသည်….အလွန်ပင်… အမြင် အေးချမ်းခဲ့ပါသည် ။

တင့်တယ်..ခဲ့ပါသည် ။

ရ ိုးသား ဖြူစင်..၊ ကြည်လင် သန် ့ရှင်း ခဲ့ပါသည် ။

ကျွန်တော်တို ့ ချစ်သော…ဘိုးဘေးများ…၏ ဓလေ့ စရိုက်များ..နှင့် အမူအကျင့် များကို ..

ကျွန်တော်….ချစ်ပါသည် ။
____________________________
( 6 )

အတိတ်ဆီမှ…ယဉ်ကျေးမှုကို..ပြန်လည် တမ်းတ မိသောအခါ…

အနာဂတ် မှာ လာမည် ့………..ယဉ်ကျေးမှု..အတွက်…

ကျွန်တော် ဆုံး ဖြတ်ချက် တစ်ခု….ချ မိပါတော့သည် .။

အနာဂတ်မျိုးဆက်သစ်ဆီကို….မှန်ကန်သော ၊ ကောင်းမွန် မြင့်မြတ်သော……ယဉ်ကျေးမှု ၊ ဓလေ့စရိုက်များကိုသာ..

လက်ဆင့်ကမ်း ပေးခဲ့ပါမည် ။
__________________________
* စကားစဉ်ကို ပြန်ချုပ်ပါမည် ။ *

၁ ။ ။ အတိတ်မျိုးဆက် ဆီမှ….

လက်ဆင့်ကမ်းပေးထားခဲ့သော… ယဉ်ကျေးမှု .၊ ဓလေ ့စရိုက်များသည်…

အလွန် ချစ်စရာကောင်းပါသည် ။

၂ ။ ။ ပစ္စုပ္ပန် မျိုးဆက် လက်ထက်တွင်..

.ဖြူစင်ခဲ့သော.၊ ကြည်လင် ရှင်းသန် ့ခဲ့သော..

ယဉ်ကျေးမှု အစဉ်အလာသည်……အရောင်များ.စွန်းထင်းပေကျံ လုလု

ဖြစ်နေချေ..ပြီ ။ ( ကျွန်တော် ့ အမြင်သာ ဖြစ်ပါသည် ။)

၃ ။ ။ အနာဂတ် ၏ မြန်မာ့ ယဉ်ကျေးမှု ၊ ဓလေ့စရိုက်များကိူ..

မတော်တရော်….ယဉ်ကျေးမှု…အဖြစ်..မကူးပြောင်းသွားဖို ့..

ပို၍ မြင့်မြတ်သော..၊ ပို၍ သန် ့ရှင်း သော… ယဉ်ကျေးမှုများကိုသာ…

အနာဂတ်..ထံ…လက်ဆင့်ကမ်း..ပေးခဲ့ဖို ့….

ကျွန်တော်တို ့..( ပစ္စုပ္ပ န် မျိုးဆက် .)တွင်…

တာဝန် ရှိနေသည်…ဟု…..

( ကျွန်တော်) ခံစားရပါသည် ။

_________________________

မတော်တရော်..ဝတ်စားဆင်ယင်တတ်သော..လူငယ်ကလေး တစ်ချို ့ကို မြင်တွေ ့ပြီး..

မနေနိုင်တော့၍ ..ရေးမိသော …ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည် ။

မည်သူ ့ကိုမျှ…….ကဲ ့ရဲ ့ပြစ်တင်လိုခြင်းမရှိပါကြောင်း….လေးစားစွာ..အသိပေးခဲ့ပါသည် ။

__________________

လေးစားစွာဖြင့် ..

အလင်းဆက်

14 comments

  • unclegyi1974

    March 4, 2012 at 9:42 pm

    မောင်လင်းရေ
    ယဉ်ကျေးမှုနှိုင်းယှဉ်ရေးသွားသလို
    ဒါပုံတွေလည်းနှိုင်းယှဉ်ပြသွားရင်ပိုကောင်းမလားလို့
    အခုေတော့ခေတ်ရဲ့ပုံရိပ်တွေချည်းပြသွားလို့
    အားနာနာနဲ့ကြည့်သွားပါကြောင်း

  • windtalker

    March 4, 2012 at 9:58 pm

    ပုံလေးတွေ ကို ကြည့်ရတာ သိပ်အားမရဘူး ဖြစ်နေတယ် ။ နောက်တစ်ခါကြရင် ပိုပွင့်လင်းပါနော ။ ဟီဟိ

  • အတိတ်ဆီမှ…..ယဉ်ကျေးမှုသည်..မှန်သလား. .. မှားခဲ့သလား..။
    မှားခဲ့လို ့ ယခုလို ပုံစံများဖြင့် အစားထိုး ပြောင်းလဲ ပစ်လိုက်တာလား .။
    ကျွန်တော် သေချာ မဝေခွဲတတ်ပါ ။
    သို ့သော်…ကျွန်တော် သေချာ သိထားသည့်..ယုံကြည်ချက်တစ်ခုကတော့…..
    အတိတ်ဆီမှ….ယဉ်ကျေးမှု.၊ ဓလေ့စရိုက် ၊ ဟန်ပန်များသည်….အလွန်ပင်… အမြင် အေးချမ်းခဲ့ပါသည် ။
    တင့်တယ်..ခဲ့ပါသည် ။
    ရ ိုးသား ဖြူစင်..၊ ကြည်လင် သန် ့ရှင်း ခဲ့ပါသည် ။
    ကျွန်တော်တို ့ ချစ်သော…ဘိုးဘေးများ…၏ ဓလေ့ စရိုက်များ..နှင့် အမူအကျင့် များကို ..
    ကျွန်တော်….ချစ်ပါသည် ။
    ________________________
    ကိုအလင်းစက် ချစ်သလိုကျနော်လဲ တန်ဖိုးထားမြတ်နိုးပါတယ်ဗျာ။ကျနော်တို ့က
    ဘဲခေတ်နောက်ကျလေသလား။လိုက်မမှီလေသလားဗျာ။တခါတလေတွေးမိတာ
    ပြောတာပါ။မျက်စိထဲမှာ ကန် ့လန် ့ကြီးဗျာ ခေတ်ကိုက……ဟူးးးး

  • surmi

    March 5, 2012 at 1:04 am

    တိုတိုဘဲပြောတော.မယ် ….အားလုံးသဘောတူတယ် ။
    ရှည်ရှည်ပြောရင် အဘိုးကြီးမို. လေးများတယ်ထင်လိမ်.မယ်…….
    ဘာဘဲဖြစ်ဖြစ် သဂျီးကတော. သိပ်သဘောတူမှာမဟုတ်ဘူး …..။

  • Khin Latt

    March 5, 2012 at 4:40 am

    အလင်းဆက်ရေ
    အရီးလဲ ဘယ်နေရာရောက်ရောက် ကိုယ့်ယဉ်ကျေးမှု ကို ဘဲ မြတ်နိုးပါတယ်။
    လူပုံပေါ်မှာ တင့်တယ် တဲ့၊ ဂုဏ်ယူလို့ရတဲ့၊ အများလေးစားတဲ့ မြန်မာ့ယဉ်ကျေးမှု ကို ကမ္ဘာက သိလာနိုင်ဖို့ အမြဲစိတ်ဆန္ဒရှိပါတယ်။
    လူအများ ညီနိုင်ရင်တော့ တို့တွေ ရဲ့ ယဉ်ကျေးတဲ့ စရိုက် လေးတွေ ပြန်ပြီး အသက်ဝင်လာကောင်းပါရဲ့။
    ထိုင်မသိမ်း နဲ့ တောင်ရှည် ဝတ်ရမည်ဟု မဆိုကြောင်းကိုတော့ အများ သိစေအပ်ပါသည်။ 🙂

  • kai

    March 5, 2012 at 5:51 am

    ယဉ်ကျေးမှုက.. မြစ်ရေလိုပဲ..
    စီးဆင်းနေ(ရ)တာ…။

    ပြောရရင်.. လူ့သားယဉ်ကျေးမှုသမိုင်းပြန်ကြည့်သင့်တာပေါ့..
    မြန်မာတွေဘာဝတ်ခဲ့သလည်း..
    ပြဒါးလင်းဂူကပုံရိပ်တွေသွားကြည့်ပေါ့…

    ဆိုတော့…
    အဲဒါပါပဲ.. 😀

    စကားမစပ်..
    တက်တူးက.. မြန်မာ့ယဉ်ကျေးမှုထဲ..အနောက်နိုင်ငံတွေထက်အစောထဲက ပါနေတာ..
    ယဉ်ကျေးမှု..ကူးစက်ယှက်နွယ်တာပြောကြေးဆို.. မြန်မာ့ဆီကသူတို့ယူပြီး.. မော်ဒီဖိုင်းလုပ်ထားကြတာပါ…
    ဒန်တန်တန်…
    =
    ကဲ..
    ကောင်းကောင်းလေးပြောကြည့်မယ်..။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့.. အရှိန်အဝါနဲ့.. တကမ္ဘာလုံးက အမျိုးသမီးတွေ.. မြန်မာ့အကျီ င်္ဝတ်စုံစိတ်ဝင်စားလာကြတယ်..။

    မြန်မာ့ ယဉ်ကျေးမှုကို.. အနောက်နိုင်ငံတွေ သတိထားမိလာကြတယ်..။

    မြန်မာတွေ.. မြန်မာ့ချိပ်..ပိုး.. ဆေးရေးထမိန်..စတာတွေ..နိုင်ငံတကာတင်ပို့ဖို့ပြင်ဆင်သင့်လှတယ်..။
    ဖက်ရှင်ရှိုးတွေကို..အနောက်နိုင်ငံသူ..ပြင်သစ်သူ.. ဘိုမ.. ဘလူးဘလောင့်စ်တွေနဲ့.. လုပ်သင့်တာပေ့ါ..
    ရန်ကုန်တင်မက.. ဘန်ကောက်.. စင်္ကာပူ..တိုကျို.. မိလာနို..နယူယောက်ဖွင့်သင့်..လုပ်သင့်တာပေါ့…

    မဟုတ်ဖူးလား… 😆

    ယဉ်ကျေးမှု.. အဝတ်အစား..ကမ္ဘာတန်းခြေဆန့်တော့ ဘာဖြစ်မယ်ထင်သလည်း..။
    အဲဒီ အဝတ်ဖက်ရှင်တခုထဲကတင်.. မြန်မာတမျိုးသားလုံး ဂျီဒီပီဝင်ငွေလောက် အသာလေးရသွားနိုင်တယ်..။

    ဝင်ငွေ..အလုပ်အကိုင်အသစ်ဖန်တီးမှု.. ဒါတွေကိုကြည့်သင့်လှတယ်..။

  • etone

    March 5, 2012 at 11:18 am

    လူမျိုးတစ်မျိုး၏ အမူ အကျင့်နှင့်..ယဉ်ကျေးမှုသည်…ခေတ်ကို လိုက်၍ ပြောင်းလဲ.သွားသင့်ပါသလား…?? လို့မေးထားပြီး … ဖက်ရှင်ရေစီးကြောင်းဘက်ကိုသာ … အလေးပေးပြောသွားတဲ့ အလင်းဆက်ရဲ့ ပို့စ်ကို နှစ်သက်ပါတယ် ။

    အမူအကျင့်နဲ့ .. ယဉ်ကျေးမှုကို ပြောင်းလဲသင့်သလားဆိုလျှင်ဖြင့် … ပြောင်းလဲသင့်တယ်လို့ ဖြေမိမှာပါပဲ … ။ သို့သော် …အမြဲတစေ ပြောင်းလဲနေတာမျိုးမဟုတ်ပဲ …သူ့နေရာနဲ့သူ ချင့်ချိန်တွက်စလို့ ပြောင်းလဲမှုမျိုးကို ဆိုလိုပါတယ် ။ ခေတ်မှီတာနဲ့ …. ခေတ်ဆန်တာ မတူဘူးဆိုတာလေး .. အတုယူလွယ်နေတဲ့ လူငယ်တွေကြား ကွက်ကွက်ကွင်းကွင်း သိစေချင်ပါတယ် … ။

    မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းစို့ဟေ့လို့ …. ဒီဇိုင်နာများ ၊ စလက်ဗရက်တီများ တဖွဖွအော်ပေမယ့် … တကယ်တမ်း ထီထွင်လာတဲ့ ဖက်ရှင်ထဲ … မြန်မာဝတ်စုံပါလို့ နာမည်တပ်ပြီး .. ဘုန်းကြီးကျောင်းမဝတ်သင့်တဲ့ …. ရိုးရိုးလေးနဲ့ ရိုင်းနေတဲ့ ဝတ်စုံများစွာပါဝင်ပါတယ် … ။ အင်တာဗျူးတွေမှာ သိပ်ကြိုက်လှပါတယ်လို့ပြော ၊ အမြတ်တနိုးဝတ်ဆင်ပါတယ်လို့ပြောတဲ့ မင်းသမီးလေးတွေ … တစ်လနေလို့ … မြန်မာဝတ်စုံ တစ်ရက်ဝတ်ဖြစ်သလား … သိချင်မိပါရဲ့ …. ။
    ကူးစက်လွယ် .. ပျံ့ နှံ ့လွယ်တဲ့ .. ဖက်ရှင်ရေစီးကြောင်းထဲ …. မြန်မာ့ ဖက်ရှင် ကမ္ဘာမှာ.. ဘာကြောင့် တစ်ခေတ်မဆန်း ၊ နေရာမယူနိုင်သလဲဆိုလျှင် …. . ပြည်တွင်းဖြစ်ပိတ်စသားတွေကို .. အနောက်တိုင်းပုံစံမျိုးတွေနဲ့ … ရောယှက် အလှဆင် ချုပ်လုပ်လို့ … ကိုယ်ပိုင်သွင်ပြင် ပျောက်သွားရတယ်လို့ ထင်ပါတယ် … ။

    ယဉ်ကျေးမှု ထိန်းဖို့ … အမူကျင့်ကောင်းဖို့ ဆိုတာကတော့ …. သူများဝေဖန်တိုက်တွန်းမှုထက် ..ကိုယ်တိုင်ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ် … ။ ယဉ်ကျေးမှု ထိန်းဖို့ဆိုပြီး … ထိုင်မသိမ်းနဲ့ …ဘီးဆံပတ်ခေတ်ပြန်သွားရမယ် မဆိုလိုပါဘူး … သူ့နေရာနဲ့သူပါ … အလိုက်ထိုက် သင့်လျှော်ပါတယ် … ကိုယ့်ကိုယ် သူတပါး အထင်သေးလောက်အောင် … ကိုယ့်ပစ္စည်းနဲ့ကိုယ် လူမုန်းခံရလောက်အောင် .. အမြင်မဆိုးဘူးဆိုလျှင်ပဲ … တော်သေးတယ်မှတ်တယ် … ။ လူဆိုတာမျိုးကလည်း ခက်သားလားနော် …. ကိုယ့်ဖက်ရှင် သူများ အားကျဖို့ထက် …သူများဖက်ရှင် အတုခိုးဖို့ပဲ … ဝါသနာထုံနေကြတာဆိုတော့လည်း …… ……… နားလည်ရတော့ … ခက်နေပြန်ပြီ 🙄

  • ကြောင်ကြီး

    March 5, 2012 at 12:16 pm

    ကားမော်ဒယ်ဆိုတာ ကော့ကန်ကားပြ၊ စက်ဆီကျပြရလို့ အခြားတော့ မပြောချင်ဘူး.. သို့ပေသိ မော်ဒယ်လ်၊ သရုပ်ဆောင်များ လုပ်မယ်ဆို စနစ်တကျ လေ့ကျင်ခန်းလုပ်ပြီး နိုင်ငံတကာအဆင့် အချိုးအစားမှီ ကိုယ်ကာယအလှနဲ့ ပရော်ဖက်ရှင်နယ် အမူအယာ လုပ်ပြဂျပါလို့…. အခုဟာက ပုရိသအချင်းချင်း လက်တို့မျှချင်တောင် နိုင်ငံခြားသားအသိဆို ပြရဲဘူး…။

    • TTNU

      March 5, 2012 at 2:26 pm

      ဟုတ်တယ် ကိုကြီးကြောင်ပြောတာ တီချာထောက်ခံတယ်။
      မနေ့ညက နေကောင်းပြီ တီဗီကြည်မည် ဆိုပြီး လေ့လာလိုက်တာ
      Miss Tourism ရွေးပွဲနဲ့ တိုးပါတယ်။ လှကြပါတယ်။ဒါပေမဲ့….
      Exposure မများသင့်တဲ့နေရာတွေမှာ မျာနေတာကြည့်ပြီး စိတ်တိုမိတယ်။
      ဥပမာ ကချင်တိုင်းရင်းသူ ဝတ်စုံလို့ ပြောပြီး ငွေမောင်းတွေသာ
      ကြိမ်ကွင်းတွေသာ ဆင်မြန်းထားတယ် မဖော်ပြစေချင်တဲ့နေရာတွေကို
      သိပ်ဖော်ပြနေတာလေ။
      (ပရော်ဖက်ရှင်နယ် အမူအယာ လုပ်ပြဂျပါလို့)…. ကိုကြီးကြောင်ပြောတဲ့
      အတိုင်း ပြောချင်တယ်။

  • ခပ် KING ကင်း

    March 5, 2012 at 4:44 pm

    ကမ္ဘာကြီးမှာ ရာသီဥတုတွေဖောက်ပြန်နေတယ်
    ရေခဲတွေ အရည်ပျော်နေပြီ
    ပူးပြင်းတဲ့ရာသီဥတုကို နားလည်လွယ်အောင်လို့
    အတိုအဖော်တွေ ဝတ်ပြနေတယ်လို့ပဲ အကောင်းဘက်ကတွေးယူကြည့်လိုက်ပါတယ်
    ……………
    သို့ဖြစ်ပါ၍
    အကောင်းမြင်ကြည့်သော လူများအတွက်
    သီးသန့် ပြကြပါလို့
    နောက်တီးနောက်တက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ် … 😆

  • alinsett

    March 5, 2012 at 6:14 pm

    ကိုပေ..ရေ.. ပုံတွေက…လွယ်လင့်တကူ ရှာလို ့ရထဲ ့…အင်တာနက်က ပုံတွေပါ ။ ကျွန်တော်..က ယောကျာ်း
    လေးတွေ ရဲ ့ပုံတွေ တင်ချင်တယ် ။ ဒါပေမယ့် ရှာလို ့ မရဘူး။
    ပြိးတော့ ကျွန်တော် တင်ချင်တာက…..သရုပ်ဆောင် မော်ဒယ် တွေ..ရဲ ့ ပုံ မဟုတ်ပါဘူး။
    တကယ့် လက်တွေ ့အပြင်က…လူငယ်တွေ.ရဲ ့ပုံ့တွေ တင်ချင်တာ။ ကိုယ် တိုင်ကလည်း…လိုက်မရိုက်ရဲ…
    ရိုက်ပြီူးသား အဆင်သင့်ကလည်း ..ရှာမရ..ဆိုတော့…လွယ်တဲ ့ပုံ့တွေပဲ..တင်ဖြစ်လိုက်တာပါ ။
    နောက်တစ်ခါ………………………………………..
    ____________________

    ခပ်ကင်းကင်းရဲ ့ အကောင်းမြင် အတွေးလေး ကလည်း…အတော်တော့ စိတ် ဖြေသာ.ရာ ရပါတယ် နော် ။
    _____________________တီတီနု ရေ…အမြင်ချင်းတုူပါတယ် ။
    မမအိတုန်..ရေ.. အကျယ်တဝင် ့…ပြောဆို..သွားတာ သိပ်ကျေးဇူးတင်ပါတယ် ။
    ကျွန်တော် ့ ပိုစ့်လေး..ကို ပိုပြည့်စုံသွားစေလို ့…တကယ်..ကျေးဇူးတင်ပါတယ် နော် ။
    မမတုန်ရဲ့ အယူအဆ ကိုလည်း..ကျွန်တော်.သဘောတူပါတယ် ။ တစ်သဘောထဲပါနော် ။
    _____________________________
    သူကြီး.ပြောသလိုပါပဲ.။ အခုတလောတော့..ဒေါ်စု ဝတ်ပြနေတဲ ့ မြန်မာ ဝတ်စုံတွေက တကယ် စိတ်ဝင်စားစရာ.ဖြစ်နေပါပြီ။ ဒေါ်စုကို ကျေးဇူး အရမ်းတင်တာပါပဲ။
    ရွှေတိဂုံ ဘုရား ပွဲတော်..ရောက်တဲ ့ည ကတောင်…အမေစု ချိတ်…ဆိုပြိး..ပြောရောင်းနေတဲ့ ့အထည်ဆိုင်တွေ တွေ ့ခဲ ့သေးတယ် ။
    __________________________
    အရီးလတ်ရေ…..ကျေးဇူးပါပဲ.နော် ။
    ______________________
    နာဂရ ချစ်သူ..၊ ကိုပေ.နဲ ့…အန်ကယ်ဂျီး တို ့ကိုလည်း ကျေးဇူးတင်ပါတယ် ဗျ ။
    စာဖတ်သူ အားလုံးကို ခင်မင် လေးစားလျက်………………….
    alinsett.art@gmail.com

  • kaung kg16

    March 6, 2012 at 11:54 am

    ယဉ်ကျေးမှု ကတော့ တဖြေးဖြေး ဆုတ်ယုတ်လာတယ်နော်…..အတုမယူသင့်တာကိုလျှောက်ယူနေကျတာကိုး …အင်းပေါ့လေအဝတ်အစားတွေကလည်းအဆန်းတွေပေါ်လာတာဆိုတော့…..

  • moe minthar

    March 9, 2012 at 6:30 pm

    အလင်းဆက်ရေ……..ပုံတွေတင်ပြထားလို ့ကျေးဇူးနော်……
    (အဲလေ….မဟုတ်ပါဘူး)…..။
    ယဉ်ကျေးမှု ့ကိုရေးပြပေးတဲ ့အတွက်……..ကျေးကျေးနော်။
    ချစ်ခြင်းမေတ္တာဖြင် ့

Leave a Reply