ရောက်တတ်ရာရာဆေးအကြောင်း

htet wayMarch 4, 20121min1457

အရိုးကျီးပေါင်းရောဂါ ဖြစ်နေတယ်ဆိုလို့ ကုချင်တယ်ဆိုပြီး ဆရာပင့်တာနဲ့ လိုက်ခဲ့မိတယ်။ ရောဂါဖြစ်တဲ့ သူက ဦးတင်မြင့်တဲ့ ။လာခေါ်တာကတော့ ဦးတင်မြင့်ရဲ့ ဆရာလည်းဖြစ်မိတ်ဆွေလည်းဖြစ်တဲ့
ကျွန်တော်နဲ့လည်းရင်းနှီးတဲ့ သူတစ်ဦးပါ။ လူနာအိမ်ရောက်တော့ `ဆရာဇက်က တအားလေးနေတယ် စာကြည့်လို့ မရဘူး ဇက်ကြောတွေလည်းတက်တယ်။နောက်ကျောထိုးတယ် နွနက်ဘက်ဆိုရင် ဇက်တောင့်နေတယ်
လို့ လူနာကပြောပါတယ်။
နောက်တစ်ခုက ကျွန်တော်က ပါရဂူနဲ့ ပြနေတာပါ သွေးအရမ်းတိုးနေတယ် သွေးပေါင်က ၁၆ဝနဲက မကျဘူး ကျွန်တော်မှာဆီးချိုသွေးချိုရှိတယ် နှလုံးရောဂါရှိတယ်။အသည်း အဆီဖုန်းတယ်…စုံနေတာပဲဆရာရေ့
ဒါနဲ့ ကျွန်တော်ရောဂါ က တိုင်းရင်းဆေးနဲ့ ကုဖူးတယ် ကျီးပေါင်းကမလျှော့ပါဘူး။ ဆရာလည်းစမ်းကြည့်ပေါ့…တဲ့။ အင်းကျွန်တော်သွေးတိုးတာနေ့တိုင်းဆေးခန်းပြေးနေရတော့ ကျီးပေါင်းကုလို့ ဖြစ်ပါ့မလားလို့ တွေးမိ
တယ်လို့ ဦးတင်မြင့်ကပြောပါတယ်။
သူ့စကားကြားတော့ ကျွန်တော်ပြုံးမိပါတယ်။သူက ဘာပြုံးတာလဲတဲ့။အော်လွယ်လွယ်လေးနဲ့ ခက်နေတာကိုပြုံးတာပါလို့ ပြောတော့ ဒါဆို သွေးပေါင်မတက်အောင်ဆရာတတ်နိုင်လား ဒီမှာဆေးတွေ ဈေးကြီးသလားတော့ မမေးနဲ့ ဆိုပြီး သူဆေးတွေကို ထုတ်ပြပါတယ်။ဒီလူကြီးကြည့်ရတာ တိုင်းရင်းဆေးကို လုံးဝ အထင်မရှိတဲ့ မထူးမခြားနားပတ်ပျိုးဆိုနေပြီ။
ကဲ ကျွန်တော်ပြောတာလုပ်ကြည့် သံပုရာသီးကို တစ်လုံးပြုတ်မနက်ပြုတ်ပြီး ညနေမှသောက် ၊ ညအိပ်ရာဝင်ရင် ဒီဆေး၅ပြားသောက် စက္ခုပါလလို့ခေါ်တယ်။တစ်စုံတစ်ရာ ဘေးထွက်ဆိုးကျိုးမရှိဘူး ။
ကျွန်တော်ပြောတာ လူကြီး နည်းနည်းတွန့်သွားတယ်။ သူပုံစံက မယုံ တစ်ဝက်ယုံတစ်ဝက်ပါ။ကျွန်တော်နဲ့ဆေးစည်းတယ်။နောက်တေ့ကျတော့ ကျွန်တော်ကိုဖုန်းဆက်ပါတယ် ဒီနေ့တော့ သွေးပေါင်က ၁၄ဝပဲတဲ့
နောက်နေ့ညနေမှာဖုန်းဆက်တော့ ကျွန်တော်ဝမ်းသွားတယ် သွေးပေါင်လည်းကျတယ် ကျေးဇူးတင်လိုက်တာတဲ့ ဗျား။
ကျွန်တော်ပေးလိုက်တဲ့ သဘောက ကလေးတွေးလေးပါ ဝမ်းချုပ်တယ်ဆိုတာသိလို့ ဝမ်းပျော့ပျော့ သွားတဲ့ ဆေးပေးတယ် သံပုရာသီးက သွေးပေါင်ကျတယ်။ဝမ်းလည်းသွား( တစ်ကြိမ်ပါပဲ) ဒါဆို အဆင်ပြေတာပေါ့ဗျာ။
အခုပြောချင်တာက သံပုရာသီးအကြောင်းလေးပါ။

သံပုရာသီး အသုံးဝင်ပုံ
ဆရာထက်

သံပုရာသီးဟာ ဈေးအပေါဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ခန္တာကိုယ် ရှိ ကိုယ်လက်စရောတွေကို လျှော့ချပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။သွေးတိုးရောဂါရှိသူတွေအတွက် သံပုရာသီးကို
ပြုတ်ပြီးသောက်နိုင်ပါတယ်။နံနက်မှာ သံပုရာသီးကို မပြတ်အောင်ခွဲပြီး ခွက်ထဲထည့်လို့ နူးအိအောင်ပြုတ်ပြီး ညနေမှာသောက်ပေးရင် သိသိသာသာသွေးတိုးကျစေပါတယ်။
အဆီကျစေချင်သူတွေအတွက်လည်း သင့်တော်ရုံသောက်ပေးခြင်းဖြင့် အဆီကျစေပါတယ် ။ပိန်သူများနဲ့ သွေး အားနည်းသူတွေအတွက်ကတော့ သွေးပေါင်ကျစေတဲ့ အတွက်
ချင့်ချိန်သောက်စေလိုပါတယ်။ သံပုရာရည်ကို အဆစ် အဆက်လေးတွေ ရောင်ရမ်းသူတွေအတွက် လိမ်းဆေး အဖြစ်သုံးနိုင်ပါတယ်။ သံပုရာမြစ်ကို သံပုရာရည်နဲ့ သွေး၍လိမ်းခြင်း အားဖြင့် အရိုးဆစ်ရောင်သောဝေဒနာသက်သာစေပါတယ်။
သံပုရာသီးကို စိပ်လို့ ဆားနဲ့သင့်တော်ရုံရော စပ်ပြီးးတိုက်ခြင်းဖြင့် သွားများဖြူဖွေးစေနိုင်ပါတယ်။ သွားကိုက်နေရင်လည်း သံပုရာနဲ့ ဆားရောစပ်လို့ ငုံပေးခြင်းဖြင့်
သက်သာစေနိုင်ပါတယ်။ ခံတွင်းနံ့ကိုလည်းကောင်းစေပါတယ်။
သွးာနဲ့ ပတ်သက်လို့ နာကျင်တာရှိရင် လည်း မြန်မာရိုးရာ မျက်နှာသစ်နည်းလေးကို တင်ပြလိုပါတယ် ။နံနက်စောစော မျက်နှာ သစ်စဉ် ဦးစွာ သွားမတိုက်ပါနဲ့ ။ မျက်နှာ အရင်သစ်ပါ။
ခဏကြာမှ ပါးစပ်ကိုဖွင့်ပါ ပြီးမှ သွားတိုက်ပါ။ ခန္တာကိုယ်ထဲက အပူ အခိုးအပုတ်တွေဟာ အပေါ်ကိုလျှံတက်လာတတ်ပါတယ် ဒါကြောင့်မျက်နှာကိုရေအေးနဲ့ဆေးတာပါ။အာခံတွင်းထဲက အခိုးတွေ
အပြင်ကိုထွက်စေလို့ သွားနာတာကို သက်သာစေပါတယ်။လည်ချောင်းနာတာလည်းသက်သာပါတယ်။
နောက်တစ်ခုက သုံရာရည်နဲ့ ဗိုက်ချပ်ရာမှာလည်း သုံးနိုင်ပါတယ်။ အပူလိမ်းဆေးတစ်မျိုးကို သံပုရာရည်နဲ့ ရောစပ်ပြီး ညစဉ် ကျောနဲ့ ဝမ်းဗိုက်ကို အသားထဲစိမ့်ဝင်အောင် လိမ်းပြီး ဗိုက်စည်းခြင်းဖြင့်လည်း
ဗိုက်သားမှ အဆီကျလို့ ဗိုက်ချပ်စေပါတယ်
သံပုရာသီးကို ခွဲစိပ်ပြီး ခေါင်းလျှော်ရာမှာလည်း သုံးနိုင်ပါတယ်။ဘောက်ထူတဲ့ သူတွေအတွက် ခေါင်းလျှော်ရာမှာပွတ်ပေးခြင်းဖြင့် ဘောက်ကို ပါးလျှားသက်သာစေပါတယ် မကြာခဏသုံးပေးရင်
ဘောက်ပျောက်စေပါတယ်။
နားပြည်ယိုတာ၊ နားကိုက်တာကို သံပုရာရည်ကို မီးနဲ့ နွေးနွေးလေးအပူပေးပြီး နားထဲထည့်လို့ ခံနိုင်ရုံ စမ်းသပ်ပြီး ထည့်ကာ ကြပ်ပေးခြင်းဖြင့် နားလေးခြင်း ၊နားထိုင်ခြင်း၊နားကိုက်ခြင်းကိုပါ
သက်သာစေပါတယ်။။ဒါကတော့ သံပုရာသီးရဲ့ အသုံးဝင်ပုံလေးပဲဖြစ်ပါတယ်ခင်ဗျား။

7 comments

  • surmi

    March 5, 2012 at 12:43 am

    ဆရာထက်ရေ
    ကျွန်တော်.ညာဘက်လက်ကျင်နေတာ နှစ်လလောက်ရှိပြီ။
    ကျီးပေါင်းလို.ထင်တာဘဲ လုပ်ပါဦးဆရာရေ…..
    သွေးတိုးမရှိဘူး ၊သွေးချိုက ဘော်ဒါလိုင်း၊ ဇက်ကြောအလွန်တက်တတ်တယ် ၊
    ငယ်စဉ်ကထဲက ဇက်ချိုး တဲ. အကျင်.ဆိုးရှိတယ်။ညာလက် ကညောင်းတတ်တယ် ။
    ညွှန်ကြားပါဦးဆရာရေ ……။

  • Khin Latt

    March 5, 2012 at 4:30 am

    ဆရာထက်ရေ
    သံပုရာတစ်လုံး အသုံးချနည်းလေးကို မှတ်သားသွားပါတယ်။
    မျက်နှာသစ်နည်း ကလဲ – သွားကို အရင်တိုက်ပြီး ရေတန်းချိုးလေ့ရှိတာမို့ မျက်နှာကို နောက်မှ သစ်လေ့ရှိတာ။ အဲဒါကိုလဲ မှတ်သားသွားပါတယ်။
    ဒီလို ဆေးနည်း တွေကို မေတ္တာနဲ့ ဝေမျှ နေလို့ လေးလဲလေးစား ကျေးဇူးလဲ တင်ပါတယ်ရှင်။

  • htet way

    March 5, 2012 at 7:39 am

    ဆရာ ဆာမိခင်ဗျား
    လက်ကျဉ်တာကို ကျီးပေါင်းလို့ ပြောလို့ မရသေးပါဘူး။လက်မောင်းသွေးအိမ်ကြောကအကြောတွေပိတ်ဆို့ရင်လည်းကျဉ်တတ်ပါတယ်။
    များသောအားဖြင့် တော့ ဇက်ရိုးကျီးပေါင်းရောဂါသည်တွေဟာ လက်မောင်းတစ်လျှောက်ထုံကျင်ကိုက်ခဲတတ်ပါတယ်။
    လက်သီးဆုပ်အားမကောင်းတာဖြစ်တတ်ပါတယ်။အဓိက ကတော့ ဇက်ကြောတက်
    တာပါပဲ၊ ပခုံးသားတွေမာနေတတ်ပါတယ်။
    ဆရာလက်ကျဉ်တာကိုတော့ ဆေးကြပ်ထုပ်ထိုးပေးခြင်းနဲ့ အကြောလိမ်းဆေးလိမ်းရင်
    သက်သာနိုင်ပါကြောင်း ပြန်ကြားလိုက်ပါတယ်။

  • htet way

    March 5, 2012 at 7:41 am

    ဆရာမခင်လတ်ခင်ဗျား
    အခုလို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    မျက်နှာသစ်နည်းကတော့ လက်တွေ့ကျင့်သုံးနေပါတယ်
    တကယ်လည်းကောင်းပါတယ်

  • ဦးဦးပါလေရာ

    March 5, 2012 at 9:16 am

    ကျုပ်ကတော့ သလိပ်ကပ်ရင် လျှက်ဆားတမျိုးမျိုးကို သံပုရာရည်နဲ့စပ်ပြီး ဇွန်းလေးနဲ့ နဲနဲစီစားတယ်။
    ကျုပ်ရဲ့ တသက်တာအတွေ့အကြုံအရ သလိပ်ကပ်တဲ့ကိစ္စမှာ သုံးဘူးသမျှ အနောက်တိုင်းဆေးအားလုံးထက် သံပုရာသီး+လျှက်ဆားက ပိုထိရောက်တယ်..။

  • htet way

    March 5, 2012 at 6:02 pm

    ဦးဦးပါလေရာ က သတိပေးလိုက်တာပါ
    တကယ်တော့ သလိပ်ပျော် အသံကောင်းချင်ရင်တော့ တိုင်းရင်းဆေး အမှတ်၁
    မက်လင်ချင်လျှက်ဆား+သံပုရာသီး။ အမှတ်၂ လေမျိုး၈၀+ သံပုရာရည်
    သောက်ခြင်းဖြင့် ကောင်းမါန်ပါတယ် လေကြေပြီး ဝမ်းကိုလည်း ကောင်းစေပါတယ်။
    သတိပေးတဲ့ ဆရာဦးဦးကို ကျေးဇူးတင်ပါတယ်။

  • blackchaw

    March 7, 2012 at 2:25 pm

    ဆရာထက်ရေ
    အားပေးဖတ်ရှုသွားပါတယ်ခင်ဗျာ။
    😀

Leave a Reply