ငွေတောင်ကမ်းခြေအလှ

weiweiMarch 4, 20124min21322
မော်တင်စွန်းမှ ငွေတောင်သို့အသွားလမ်းတစ်နေရာမှာ ..
ကားတစ်စီး သဲနစ်နေတယ် ....
ငွေတောင်ကမ်းခြေ
လှိုင်းလေးတွေ ဖွေးကာဖွေးကာ ...
ဈေးဆိုင်တဲလေးတွေ
ဆိုင်တန်းလေးတွေ အများကြီးပဲ ... ရေချိုးလို့လဲရတယ် ..
ရှုခင်းလှလှလေး တစ်ခု
မိသားစုလိုက် ရေကစားနေကြပုံ ...
ရေက ကြည်လွန်းလို့ သဲပွင့်လေးတွေတောင် မြင်ရတယ်
ကမ်းစပ်ရောက်လာတဲ့ လှိုင်းလေးတွေ
မျက်စိအေးတဲ့မြင်ကွင်း
ရေမှော်လေးတစ်ပင် ...
လှတယ်မဟုတ်လား ...
သဲသောင်ပြင်အလှ ...
တံငါလှေလေးများ
နွားလှည်းကလေးကလဲ သဘာဝကျကျ ..

ငွေတောင်ကမ်းခြေပုံတွေ တင်ခဲ့ပြီးပေမယ့် ထပ်တင်ချင်သေးလို့ ကျွန်မညီမ လက်ရာလေးတွေကိုပါ တင်ပေးလိုက်ပါတယ်။ ကျွန်မလက်နဲ့ရိုက်ထားတဲ့ပုံတွေမဟုတ်ပါဘူး …..

22 comments

  • MaMa

    March 4, 2012 at 9:18 pm

    ကမ်းစပ်ရောက်လာတဲ့ လှိုင်းလေးတွေ ကြည့်ရတာ မြွေရေခွံ အကွက်လေးတွေလိုပဲ လှတယ်နော်။
    ဝေဝေ့ ညီမလေး ရိုက်ထားတာလည်း အမလက်ရာအတိုင်းပဲ။
    အနုပညာမျက်စိရှိတယ်လို့ ပြောရမယ် ရိုက်ချက်လေးတွေ လန်းတယ်။

  • Sonny

    March 4, 2012 at 10:16 pm

    မမရေ
    “ငွေတောင်” ကမ်းခြေကဘယ်နားမှာလည်း ဘယ်လိုသွားရလည်း..ဖွံဖြိုးတဲ့ဒေသလား
    ဟိုတယ်တွေရော ကောင်းပါသလား…လမ်းပန်းဆက်သွယ်ရေးရော
    ..မော်တင်စွန်းနဲ့ နီးတယ်ထင်တယ်..ဖြေပေးပါအုံး
    ငဆန်နီ ကမ်းခြေတော်တော်များများရောက်ဖူးတယ်..ဒါတော့မသိဘူး.
    ဓါတ်ပုံတွေ က လက်ရာကောင်းကောင်းမကောင်း ကောင်း သတင်းတစ်ခုခုအမြဲပါပါတယ်။
    ဓါတ်ပုံဆိုတာမျက်မြင်သက်သေတစ်ခုပဲလေ..
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • Sonny

    March 4, 2012 at 10:19 pm

    မမရေ လို့မှားခေါ်မိပါတယ် ဝေဝေရေဖြစ်ရမှာပါ…….
    “ငွေတောင်” ကမ်းခြေကဘယ်နားမှာလည်း ဘယ်လိုသွားရလည်း..ဖွံဖြိုးတဲ့ဒေသလား
    ဟိုတယ်တွေရော ကောင်းပါသလား…လမ်းပန်းဆက်သွယ်ရေးရော
    ..မော်တင်စွန်းနဲ့ နီးတယ်ထင်တယ်..ဖြေပေးပါအုံး
    ငဆန်နီ ကမ်းခြေတော်တော်များများရောက်ဖူးတယ်..ဒါတော့မသိဘူး.
    ဓါတ်ပုံတွေ က လက်ရာကောင်းကောင်းမကောင်း ကောင်း သတင်းတစ်ခုခုအမြဲပါပါတယ်။
    ဓါတ်ပုံဆိုတာမျက်မြင်သက်သေတစ်ခုပဲလေ..
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

    • weiwei

      March 5, 2012 at 10:04 am

      ငွေတောင်ကမ်းခြေဆိုတာ မော်တင်စွန်းကနေ ရ မိုင်ခရီး ကမ်းစပ်အတိုင်းသွားရပါတယ် … တစ်နှစ်မှာ ၁၅ ရက်ပဲ သွားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် ….

  • မမဝေဝေရေ……
    မော်တင်စွန်းကနေ ငွေတောင်ကမ်းခြေသွားတာမှာ ဆိုင်ကယ်တစ်စီးက
    ရေထဲကနေ ဘယ်ကိုကးးနေတာလဲဟင်။ကားကရော သဲထဲနစ်နေတယ်
    ဆိုတော့ ဘယ်သူမှမကူကြဘူးလားဗျာ။သဘာဝကျကျနဲ ့ပုံလေးတွေ လှပါ
    တယ် မမဝေဝေ။

    • weiwei

      March 5, 2012 at 8:15 am

      ကမ်းစပ်တစ်လျှောက် ကားစီးသွားရင်း လမ်းမှာ ချောင်းသေးသေးလေးတွေကို ဖြတ်သွားရတယ် … ဒီအတိုင်းပဲ ရေထဲဖြတ်မောင်းရလို့ ရေကျချိန်တစ်ချိန်တည်းသာ သွားလို့ရပါတယ် … တချို့ကားတွေက ကမ်းစပ်ကနေ ခပ်ခွာခွာမောင်းတော့ သဲနွံထဲကို နစ်သွားလေ့ရှိတယ် … ဝိုင်းကူကြပေမယ့် လူအားနဲ့မနိုင်ဘူး … ကားတစ်စီးနဲ့ ရှေ့ကနေဆွဲပေးမှ ရပါတယ် …

      • မမဝေဝေ တင်ထားတဲ့ပုံလေးထဲမှာ ရေမှော်ပင်လေးကို ကျနော်တို ့ဆီမှာ
        ကျောက်ကျောလို ့ခေါ်တယ်လေ။သူ ့ကိုရေအောက်မှာငုပ်ပြီးလဲ ယူနိုင်သလို၊
        ပင်လယ်ထဲမျောနေတုန်းလဲ လိုက်ဆယ်ကြတယ်လေ။
        သုပ်စားလို ့ကောင်းတယ်။ရေကို စင်နေအောင်ဆေးမှ ရေငန်စင်သွားမယ်။ပြီးမှရေစိမ်
        ထားပြီးရင် ဟင်းလက်စုံသုပ်သလို သုပ်စားလို ့ရပါတယ်။

  • Khin Latt

    March 5, 2012 at 3:32 am

    လှလိုက်တာ ဝေဝေ ရယ် လို့ ပြောရင်း စိတ်ကူး နဲ့ ရောက်ခဲ့လိုက်ပါတယ်။
    ကျေးဇူးပါ ဝေဝေရေ။ 🙂

  • zay

    March 5, 2012 at 7:56 am

    ကျေးဇူးပါဘဲ သူငယ်ချင်းရယ် ဌာနေကိုပြန်မရောက်တာဆယ်နှစ်ကျော်ခဲ့ပြီ အလွမ်းပြေရပါတယ်

  • weiwei

    March 5, 2012 at 8:17 am

    ဒီတစ်ခါပုံလေးတွေကို ဆရာကိုစိန်သော့ အကြံပေးတဲ့နည်းအတိုင်း composition ချိန်ပြီးမှ တင်လိုက်တာမို့ ပိုပြီးအသက်ဝင်သွားပါတယ် …
    ကျေးဇူးတင်ပါတယ် ကိုစိန်သော့ရေ …

  • aye.kk

    March 5, 2012 at 8:24 am

    ဝေဝေရိုက်ချက်..
    လက်ရာများက..
    လွန်စွာလှ…
    ရှုခင်းများက..
    အေးမြမြ..
    ငွေတောင်အလှ..
    ှစာချယ်သ..
    မြင်သူတကာငေးမောရ..။

  • htet way

    March 5, 2012 at 8:24 am

    လှိုင်းလေးတွေ တက်လာတယ် ငါတို့ တွေ့ဆုံခြင်းပေါ်မှာ
    ဩဘာပေးကြတယ်။
    လှိုင်းကလေးတွေ ပြန်ဆင်းသွားကြတယ်
    ငါတို့ ဝေးကွာခြင်း အတွက် ငိုသံလေးနဲ့
    ဘာရယ်မဟုတ်ဘူး ဓါတ်ပုံကြည့်ပြီးခေတ္တရူးသွပ်သွားတာ

  • aye.kk

    March 5, 2012 at 8:29 am

    ဝေဝေရေ..
    ကျေးဇူးပါ..
    လှလွန်းလို့..ကူးယူသွားပါတယ်။

  • ဆူး

    March 5, 2012 at 9:48 am

    လှိုင်းလေးတွေက အသက်ဝင်လိုက်တာနော်..
    ပုံတွေနဲ့တင် တော်တော် ဆွဲဆောင်မှုရှိနေပြီ… သွားလည်ချင်လိုက်တာ..
    အခန့်မသင့်လို့ သဲထဲနစ်ရင်တော့ မလွယ်ဘူးနော်.. ဈေးဆိုင်တွေက ဘာတွေ အဓိက ရောင်းလဲ.. ရေထွက်ကုန် ငါးခြောက်တွေ ရောင်းတာလား။

    • weiwei

      March 5, 2012 at 10:03 am

      ငါးခြောက်အဓိကရောင်းတယ် … စားစရာကတော့ ရခိုင်မုန့်တီနဲ့ အသုတ်စုံ၊ အုန်းစိမ်းရေနဲ့ ဖရဲသီး … ဘာမှမဝယ်ဖြစ်ခဲ့ဘူး .. အုန်းစိမ်ရေသောက်ခဲ့တယ် .. တစ်လုံး ၅၀ဝ ပေးရတယ် …

  • Ma Ei

    March 5, 2012 at 12:17 pm

    ညီမလေးလက်ရာကလဲ လှလိုက်တာ…
    ရှခင်းလှလှလေးတစ်ခုက မော်ဒယ် ကလေးမလေးပါလို့ ပိုအသက်ဝင်သွားတယ်…
    ကူးထားမယ်နော်..

  • ကြောင်ကြီး

    March 5, 2012 at 12:32 pm

    အန်တီဝေ ငွေဆောင်ကမ်းခြေမှာ ဘီကီနီနဲ့ ရိုက်ထားတဲ့ပုံ ကျနော်ရထားတယ်… အန်တီဆူးပေးဒါ…။

    • တညင်သား

      March 7, 2012 at 8:31 pm

      ဦးကြောင် အဲဒီပုံက တစ်နှစ်သမီးတုံးက ရိုက်ထားတာ…………:P

  • phone_kyaw

    March 5, 2012 at 2:10 pm

    ငွေတောင်က ဘယ်နေရာမှာလဲဗျ။ အတော်လှတာပဲ။ လိပ်စာလေး သိ ချင်လို ့။

  • blackchaw

    March 7, 2012 at 2:23 pm

    တံငါလှေလေးများပုံလေး အကြိုက်တွေ့မိပါတယ်။
    😀

  • pooch

    March 7, 2012 at 8:43 pm

    လှလိုက်တာ တခါမှ မရောက်ဖူးဘူး။ စိတ်အေးလက်အေး နဲ့ နားအေး ပါးအေး နေလို့ရမဲ့နေရာလေး။
    ရောက်ဖူးချင်လိုက်တာ။

Leave a Reply