သူများတွေက သူတို့သိတာတွေရေး…ကိုယ်က ဘာမှမသိတော့ ကိုယ်သိတာ ကိုယ်ရေးမှာပေါ့…ရွာထဲ ရေးချင်လို့ ဖတ်ချင်လို့ မန့်ချင်လို့ ဝင်လာတာ..အညံ့တော့ မခံနိုင်ပေါင်…တစ်ချို့ ဆေးလိပ်ဖြတ်ချင်တဲ့ ရွာသားတွေများရှိရင်လည်း နည်းပေးလမ်းပြလေး ဖြစ်နိုင်တယ်လို့ယူဆတာလေးလည်း ပါတာပေါ့..

ဆေးလိပ်စသောက်တော့ အသက် ၁၆ နှစ်ကျော်ကျော်…ဘူး ထ တတ်ခါစ အရွယ်..ဆေးလိပ်လက်ကြား ညှပ်  အဟုတ်ကြီးမှတ်..မီးခိုးလေးမှုတ်ထုတ် အတော်ဟုတ် ခဲ့တယ်လို့ ထင်ခဲ့တာလေ…၃လိပ်ကို တစ်ကျပ် နဲ့ ခေါင်းမူးသွားပြီ ဒူးယားသည်ရေ …ဆိုတဲ့ခောတ် မမှီလိုက်ပေမဲ့ ရွှေဒူးယားတစ်ဗူး ၁၅ ကျပ်လောက် က ဖြစ်မယ်…မိဘ က မုန့်ဖိုးပေး ..ဆေးလိပ်လေး ဝယ်ခဲ..တယ်ဟုတ်တဲ့ငါ ပါလားပေါ့..မှန်ရှေ့ရပ်ပြီးတောင် စတိုင် လုပ်ကြည့်ခဲ့သေး ..ရွှေဒူးယားလေး ခဲလိုက် မုန့်ဖိုး နည်းရင် အဲဒီခောတ်က လူငယ်တွေ အကြိုက်များတဲ့ နေခြည်ဆေးပေါ့လိပ်လေး ကျောင်းလွယ်အိတ်ထဲ ဆောင်ထားလိုက် …ခါးလည်းခါး နံလည်းနံ ကြိတ်မှိတ်သောက်..ဖွာ..ကဲ ..၂ လလောက်လဲ ရောက်ရော..ခါးတဲ့အရသာလေး ကြိုက် ..မီးခိုးနံ့လေးကမွှေးလာတော့တာပါပဲ…ဒီလိုနဲ့  ဆေးလိပ်စွဲရောဆိုပါတော့..ဆေးလိပ်လေး ဖွာလိုက်…ကျောင်းစာ မလုပ်ပဲ ဘူး ထ လိုက်..ကျလိုက်တဲ့ ၁၀ တန်း တစ်ဖုန်းဖုန်း…အဲဒီခောတ်က အေ ဘီတွေ ခွဲထားသေးတယ်..ဘီနဲ့ ၂ ခါ ပါလာတော့ ပျင်းသွားပြီ။။ဒီနေ့ထိ ကို ပြန်မဖြေတော့ဘူး ..မှတ်ကရော…ဒါနဲ့ပဲ အပြင်မှာအလုပ်ကလေး စပြီး လုပ်ခဲ့ရာက ဝင်ငွေလေးနဲ့ ဖြစ်လာတော့ ချ တော့တာပေါ့..lucky strike, benson, xinxing, marlboro, denhill, ဈေးကွက်ထဲရှိသမျှ လာထား 555, montary , ဆေးပေါ့လိပ်ဆိုလည်း..နေခြည်၊ ငွေနဂါး ၊ ငွေတောင် ၊ စုံအောင်ချတော့တာပဲ…ဆေးလိပ်သမား စကားပုံတွေတောင်ရှိသေး..နေခြည်ဆေးလိပ် ၊ဖင် က ပိတ် ၊ မောလို့နားနေ မီးက သေ ၊ ကြာကြာဆက်သောက် အသက်ပျောက် ..တဲ့ ..နောက် ထိပ်ဖျားကနေ တံဆိပ်နားအထိ အရသာရှိတာ ဘာညာ ဘာညာ ပေါ့ အစုံပါပဲ။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိဘူး ဝင်ငွေလေးက ဖြောင့်နေတော့ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူး ကိုမရှိဘူး..သောက်ခါစ တစ်ရက် နှစ်လိပ်လောက် ဝါရင့်လာတော့ ၅လိပ် နောက် ၁၀ လိပ် နောက် တစ်ဗူး (၂၀)လိပ် ဘောင်းဘီအိပ်ကပ်ထဲ london ဗူးလေးထည့် zippo မီးခြစ်လေး  ထောင် ကနဲနေ အောင်ခြစ် ..တွေ့တဲ့သူငယ်ချင်း ထုတ် တိုက် ..မိုက် သလားတော့မမေးနဲ့..ဒီလိုနဲ့ သောက် လိုက်ဖွာလိုက် ..တစ်ရက်မှာတော့ အဖေ က ငါ့သား မင်းဆေးလိပ်တွေ သောက်တာ လွန်နေပြီ လျှော့ပါဦးတဲ့…ဒါနဲ့ ဟုတ်ကဲ့အဖေ အဖေ အရင် လျှော့ပြီးမှ သားကို ပြောပါလို့ ဆိုတော့ အဲဒီတုန်းက သတိမထားလိုက်မိတဲ့ အဖေ့ရင်ထဲ ကို ခု မှ လှမ်းမြင်မိတယ်…အဖေ ဘာမှ မပြောပဲ လှည့်ထွက်သွားလိုက်တယ်..ဒီလိုနဲ့ ခပ်မိုက်မိုက် ဆက်သောက်နေခဲ့တော့တာပေါ့…မကောင်းဘူး…မသောက်သင့်ဘူးဆိုတာတော့ တွေးစ ပြုလာပြီ ဆေးလိပ် ဆိုးကျိုးတွေကို နားနဲ့ တော်တော်များများ ကြားလာရပြီ …ငါ တော့ ဘာမှ မဖြစ်ပါဘူးပေါ့ ..သောက်မှာပဲပေါ့..ဒီထဲမှာ စကားလဲ မများတတ်ကြပါ ဆေးလိပ်လေးတွေ ကျွန်တော့် အဖော်ပဲ ဆိုပြီး ရင်ဂို ကလည်း မြှောက်ပေးခဲ့သေးသဗျ…ဒီလိုနဲ့ ဆေးလိပ်သောက်တဲ့သက်တမ်း ၈ နှစ်ကျော်လာခဲ့ရော..ဆေးလိပ်ဖွာ ရင်း ဆေးလိပ်ဆိုးကျိုး စာ တွေလည်းရှာ ဖတ် နေပြီပေါ့…ဓါတ်ပုံ တွေ စာတွေ ဝေဝေ ဆာဆာနဲ့ရေးထားလိုက်တာ ပြောထားလိုက်တာ ကြောက်စိတ် ခပ်ပါးပါးတော့ဝင်လာပြီ၊ ဖြတ်သင့်ပြီ လို့လည်း တွေးပြီ ဒါပေမဲ့  ကြာပြီလေ ၉ နှစ်နားနီးနေတဲ့ ဆေးလိပ်သောက် သက်တမ်းကို ဘယ်လိုဖြတ်နိုင်တော့မလဲ…ရ အောင်တော့ ဖြတ်ပစ်ခဲ့ပါတယ်..နောက်တစ်ခေါက် လာဖတ်ပေးပါဦး …ညဥ့်နက်လာတော့ အိပ်ချင်လာပြီ…အရင် က ဆိုရင်တော့ ဆေးလိပ်လေး ဖွာ လိုက် ရေးလိုက် နဲ့ တော်တော်ဇိမ် ကျမှာပဲ…ခုတော့ ခဏ နားလိုက်ပါဦးမယ်..(အဟီး connection မရတော့တာနဲ့ word file နဲ့ ကော်ပီပြန်ကူးပြီးမှ ပြန်တင်ရတယ်ဗျာ)

 

About uncle kyaw

Aung Oo has written 6 post in this Website..

Hospitality staff