ဆေးလိပ်ဖြတ်မယ်…

uncle kyawMarch 4, 20121min29121

သူများတွေက သူတို့သိတာတွေရေး…ကိုယ်က ဘာမှမသိတော့ ကိုယ်သိတာ ကိုယ်ရေးမှာပေါ့…ရွာထဲ ရေးချင်လို့ ဖတ်ချင်လို့ မန့်ချင်လို့ ဝင်လာတာ..အညံ့တော့ မခံနိုင်ပေါင်…တစ်ချိုု့ ဆေးလိပ်ဖြတ်ချင်တဲ့ ရွာသားတွေများရှိရင်လည်း နည်းပေးလမ်းပြလေး ဖြစ်နိုင်တယ်လို့ယူဆတာလေးလည်း ပါတာပေါ့..

ဆေးလိပ်စသောက်တော့ အသက် ၁၆ နှစ်ကျော်ကျော်…ဘူး ထ တတ်ခါစ အရွယ်..ဆေးလိပ်လက်ကြား ညှပ်  အဟုတ်ကြီးမှတ်..မီးခိုးလေးမှုတ်ထုတ် အတော်ဟုတ် ခဲ့တယ်လို့ ထင်ခဲ့တာလေ…၃လိပ်ကို တစ်ကျပ် နဲ့ ခေါင်းမူးသွားပြီ ဒူးယားသည်ရေ …ဆိုတဲ့ခောတ် မမှီလိုက်ပေမဲ့ ရွှေဒူးယားတစ်ဗူး ၁၅ ကျပ်လောက် က ဖြစ်မယ်…မိဘ က မုန့်ဖိုးပေး ..ဆေးလိပ်လေး ဝယ်ခဲ..တယ်ဟုတ်တဲ့ငါ ပါလားပေါ့..မှန်ရှေ့ရပ်ပြီးတောင် စတိုင် လုပ်ကြည့်ခဲ့သေး ..ရွှေဒူးယားလေး ခဲလိုက် မုန့်ဖိုး နည်းရင် အဲဒီခောတ်က လူငယ်တွေ အကြိုက်များတဲ့ နေခြည်ဆေးပေါ့လိပ်လေး ကျောင်းလွယ်အိတ်ထဲ ဆောင်ထားလိုက် …ခါးလည်းခါး နံလည်းနံ ကြိတ်မှိတ်သောက်..ဖွာ..ကဲ ..၂ လလောက်လဲ ရောက်ရော..ခါးတဲ့အရသာလေး ကြိုက် ..မီးခိုးနံ့လေးကမွှေးလာတော့တာပါပဲ…ဒီလိုနဲ့  ဆေးလိပ်စွဲရောဆိုပါတော့..ဆေးလိပ်လေး ဖွာလိုက်…ကျောင်းစာ မလုပ်ပဲ ဘူး ထ လိုက်..ကျလိုက်တဲ့ ၁ဝ တန်း တစ်ဖုန်းဖုန်း…အဲဒီခောတ်က အေ ဘီတွေ ခွဲထားသေးတယ်..ဘီနဲ့ ၂ ခါ ပါလာတော့ ပျင်းသွားပြီ။။ဒီနေ့ထိ ကို ပြန်မဖြေတော့ဘူး ..မှတ်ကရော…ဒါနဲ့ပဲ အပြင်မှာအလုပ်ကလေး စပြီး လုပ်ခဲ့ရာက ဝင်ငွေလေးနဲ့ ဖြစ်လာတော့ ချ တော့တာပေါ့..lucky strike, benson, xinxing, marlboro, denhill, ဈေးကွက်ထဲရှိသမျှ လာထား 555, montary , ဆေးပေါ့လိပ်ဆိုလည်း..နေခြည်၊ ငွေနဂါး ၊ ငွေတောင် ၊ စုံအောင်ချတော့တာပဲ…ဆေးလိပ်သမား စကားပုံတွေတောင်ရှိသေး..နေခြည်ဆေးလိပ် ၊ဖင် က ပိတ် ၊ မောလို့နားနေ မီးက သေ ၊ ကြာကြာဆက်သောက် အသက်ပျောက် ..တဲ့ ..နောက် ထိပ်ဖျားကနေ တံဆိပ်နားအထိ အရသာရှိတာ ဘာညာ ဘာညာ ပေါ့ အစုံပါပဲ။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိဘူး ဝင်ငွေလေးက ဖြောင့်နေတော့ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူး ကိုမရှိဘူး..သောက်ခါစ တစ်ရက် နှစ်လိပ်လောက် ဝါရင့်လာတော့ ၅လိပ် နောက် ၁ဝ လိပ် နောက် တစ်ဗူး (၂၀)လိပ် ဘောင်းဘီအိပ်ကပ်ထဲ london ဗူးလေးထည့် zippo မီးခြစ်လေး  ထောင် ကနဲနေ အောင်ခြစ် ..တွေ့တဲ့သူငယ်ချင်း ထုတ် တိုက် ..မိုက် သလားတော့မမေးနဲ့..ဒီလိုနဲ့ သောက် လိုက်ဖွာလိုက် ..တစ်ရက်မှာတော့ အဖေ က ငါ့သား မင်းဆေးလိပ်တွေ သောက်တာ လွန်နေပြီ လျှော့ပါဦးတဲ့…ဒါနဲ့ ဟုတ်ကဲ့အဖေ အဖေ အရင် လျှော့ပြီးမှ သားကို ပြောပါလို့ ဆိုတော့ အဲဒီတုန်းက သတိမထားလိုက်မိတဲ့ အဖေ့ရင်ထဲ ကို ခု မှ လှမ်းမြင်မိတယ်…အဖေ ဘာမှ မပြောပဲ လှည့်ထွက်သွားလိုက်တယ်..ဒီလိုနဲ့ ခပ်မိုက်မိုက် ဆက်သောက်နေခဲ့တော့တာပေါ့…မကောင်းဘူး…မသောက်သင့်ဘူးဆိုတာတော့ တွေးစ ပြုလာပြီ ဆေးလိပ် ဆိုးကျိုးတွေကို နားနဲ့ တော်တော်များများ ကြားလာရပြီ …ငါ တော့ ဘာမှ မဖြစ်ပါဘူးပေါ့ ..သောက်မှာပဲပေါ့..ဒီထဲမှာ စကားလဲ မများတတ်ကြပါ ဆေးလိပ်လေးတွေ ကျွန်တော့် အဖော်ပဲ ဆိုပြီး ရင်ဂို ကလည်း မြှောက်ပေးခဲ့သေးသဗျ…ဒီလိုနဲ့ ဆေးလိပ်သောက်တဲ့သက်တမ်း ၈ နှစ်ကျော်လာခဲ့ရော..ဆေးလိပ်ဖွာ ရင်း ဆေးလိပ်ဆိုးကျိုး စာ တွေလည်းရှာ ဖတ် နေပြီပေါ့…ဓါတ်ပုံ တွေ စာတွေ ဝေဝေ ဆာဆာနဲ့ရေးထားလိုက်တာ ပြောထားလိုက်တာ ကြောက်စိတ် ခပ်ပါးပါးတော့ဝင်လာပြီ၊ ဖြတ်သင့်ပြီ လို့လည်း တွေးပြီ ဒါပေမဲ ့ ကြာပြီလေ ၉ နှစ်နားနီးနေတဲ့ ဆေးလိပ်သောက် သက်တမ်းကို ဘယ်လိုုဖြတ်နိုင်တော့မလဲ…ရ အောင်တော့ ဖြတ်ပစ်ခဲ့ပါတယ်..နောက်တစ်ခေါက် လာဖတ်ပေးပါဦး …ညဉ့်နက်လာတော့ အိပ်ချင်လာပြီ…အရင် က ဆိုရင်တော့ ဆေးလိပ်လေး ဖွာ လိုက် ရေးလိုက် နဲ့ တော်တော်ဇိမ် ကျမှာပဲ…ခုတော့ ခဏ နားလိုက်ပါဦးမယ်..(အဟီး connection မရတော့တာနဲ့ word file နဲ့ ကော်ပီပြန်ကူးပြီးမှ ပြန်တင်ရတယ်ဗျာ)

 

21 comments

  • “”ဆေးလိပ်သမား စကားပုံတွေတောင်ရှိသေး..နေခြည်ဆေးလိပ် ၊ဖင် က ပိတ် ၊ မောလို့နားနေ မီးက သေ ၊
    ကြာကြာဆက်သောက် အသက်ပျောက် ..တဲ့ ..နောက် ထိပ်ဖျားကနေ တံဆိပ်နားအထိ အရသာရှိတာ
    ဘာညာ ဘာညာ ပေါ့ အစုံပါပဲ။ “”
    ကျနော်က ဆေးလိပ်ကို စသောက်တော့ ၂၀၀၃ ခုနှစ် တက္ကသိုလ် တတိယနှစ်မှာပါ။၂၀၁ဝ တုန်းက သုံးလ
    လောက်ဖြတ်လိုက်ပြီးမှ ပြန်သောက်ဖြစ်နေတာကနေ၊၂၀၁၁ ဂျူလိုင်မှာအပြီးအပိုင်ဖြတ်လိုက်တာ။ခုဆို (၈)
    လကျော်လာပီပေါ့။

  • Swal Taw Ywet

    March 4, 2012 at 11:40 pm

    Bravo Uncle Kyaw and မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ.
    Please share your experiences of difficulties on the way of ” NO to smoke “.
    I think it is burning the money in your lungs.
    We are waiting for your posts.

    With respect,
    Swal Taw Ywet.

  • Khin Latt

    March 5, 2012 at 4:47 am

    စကားအတင်းစပ် အန်ကယ်ကျော် – ကွန်ပျူတာ ပြသနာ ရှင်းပြီးသွားပြီလား။
    အန်ကယ်ကျော်ရော၊ မောင်နာဂရော ဒီလိုမျိုး စိတ်ကို ထိန်းနိုင်ပြီး ဆေးလိပ်ဖြတ်တာ နဲတဲ့ willpower မဟုတ်ဘူးရှင့်။
    ဂုဏ်ယူပါတယ်။ ဆက်လက် ပြီး အဲဒီ willpower စွမ်း နေပါစေ ဆုတောင်းပါတယ်။ 🙂

    • မမခင်လတ်ရေ ကျေးဇူးပါဗျ။
      မနှစ်က ဖြတ်လိုက်ပြီးမှ ပြန်သောက်ဖြစ်ပါသေးတယ်။ခုတော့
      မသောက်ဖြစ်တာကြာလာတော့ လူရော၊စိတ်ပါ ပေါ့ပါးတယ်။
      ဒါပေမယ့်ဗျာ လဘ္ကရည်ဆိုင်တွေမှာ သွားထိုင်ရင်ကိုယ်က မ
      သောက်ပေမယ့် ဘေးကလူတွေက အငွေ ့တထောင်းထောင်း
      ရယ်လေ။passive smoker ပေါ့။
      ဆေးရွက်ကြီး ဥပဒေကလဲ စာရွက်ထဲဘဲကောင်းတယ်ဗျာ။လက်
      တွေ ့မှာ မစွမ်းပါဘူး။

    • uncle kyaw

      March 5, 2012 at 9:33 pm

      စကား အတင်းစပ်ရင်တော့ ပြောပြပါ့မယ် ဘာဖြစ်လဲသိဘူး ကောင်းနေပြန်ပြီဗျ…ဟို ပို့စ် ကွန်ပြူတာ အထီးလား အမလား ဆိုတာလေ ခုတော့သိပြီ ကွန်ပြူတာက အိမ်က မိန်းမ လိုပဲ ..အလကားနေရင်း စိတ် ထ ကောက်ရင် ကောက်တတ်တာ..မချော့ပဲ ပစ်ထားလိုက်တော့ ကောင်းသွားပြန်ရော…ဝင်မန့်ပေးတဲ့ Instruction တွေ အတိုင်းစမ်းကြည့်သေးတယ် ..တစ်ချို့ခေါင်းစဉ်တွေ Reg: ထဲမတွေ့ဘူး…Registry Booster တစ်ခု ဒေါင်းပြီး စမ်းလိုက်တော့ အိုကေ သွားတယ် ဒါပေမဲ့utmc ဆိုတဲ့ folder တစ်ခု Desk top ပေါ် လာပေါ်နေတယ် ဖျက်လဲ ခဏပဲ Reboot လုပ်တိုင်း ပြန်တက်နေတယ်ဗျ…တခြား ဘာပြသနာမှ မပေးတော့ ပစ်ထားလိုက်တယ်.Willpower တော့ ထိန်းမှာပါဗျာ..

  • kai

    March 5, 2012 at 5:09 am

    ဆေးလိပ်ခုံတွေနဲ့..ဆေးလိပ်ထုတ်တဲ့သူတွေ.. ချမ်းသာတာမှအရမ်းပဲ..
    တကယ်က.. ကျွဲနွားသတ္တဝါမွေး.. တံငါသည်.. စတဲ့အလုပ်တွေထက်..(ဘာသာရေးဖက်ကကြည့်ဦး) အများကြီး.. လူတွေကိုဒုက္ခပေးနေတာ..
    အဲ.. အကုသိုလ်အလုပ်တွေပေါ့…
    ဒါကို.. ဘာသာရေးကလည်း.. ထိထိရောက်ရောက်မဖွင့်ပြဘူး..

    ဆိုတော့…
    ယူအက်စ်အပါအဝင်..ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက.. ဆေးလိပ်..စီးကရက်ထုတ်သူတွေကို.. အများးးးးကြီး.. အခွန်ကောက်တယ်..
    မြန်မာပြည်လည်း.. ဆေးလိပ်ခုံတွေကို.. ရဲတွေနဲ့.. ဝင်စီးပြီး.. စူပါတက်စ်ကောက်သင့်တယ်..။

    ရတဲ့ဘဏ္ဍာငွေကို.. လူထုကျမ်းမာရေးဘက်ဂျက်ထဲ..ထည့်သင့်တယ်..။

    လွှတ်တော်အမတ်များသိစေသတည်း…
    http://www.taxfoundation.org/news/show/245.html
    http://www.usatoday.com/money/perfi/taxes/2009-03-31-cigarettetax_N.htm

    • KoNyeinChan

      March 5, 2012 at 12:09 pm

      ဪ….. သူကြီးရယ် ဒီလိုမျိုးအခွန်တိုးကောက်လိုက်လို ့ လွယ်လွယ်နဲ ့ဆေးလိပ်ဖြတ်ကြရောလား?????
      အစိုးရက အခွန်တိုးကောက်လေ ထုတ်လုပ်သူတွေက ဈေးနှုန်းတက်လိုက်လေ.. ပြည်သူတွေ(ဆေးလိပ်သောက်သူတွေ) ဈေးကြီးပေးဝယ်ယူရလေဘဲပေါ့… ဒီလိုဖြစ်စဉ်မျိုး ဆေးလိပ်တစ်မျိုးတည်းတင် မဟုတ်ဘူး ဘယ်ကုန်စည်မှာမဆို ဆိုလိုတာပါ… ဆေးလိပ်သောက်သူတွေအနေနဲ ့လည်း ဆေးလိပ်ဟာ သူတို ့အတွက် နေ ့စဉ်သုံး မရှိမဖြစ် မသုံးမဖြစ်အရာလေ… တခြားနည်းနဲ ့စဉ်းစားပါဦး.. ဒီအတိုင်းနဲ ့တော့
      လွယ်မယ်ထင်လို ့လား(သီချင်းစာသားလေးပါ) 🙂 🙂 🙂

      • kai

        March 5, 2012 at 2:42 pm

        ကမ္ဘာကတော့.. အဲလိုမြင်တယ်..
        ဆေးလိပ်အခွန်တိုးကောက်ရင်.. ဆေးလိပ်သောက်သူလျှော့လာတယ်တဲ့..။

        Smoking declines as taxes increase
        By Dennis Cauchon, USA TODAY
        As Congress weighs the biggest federal cigarette tax hike in history, a USA TODAY analysis finds that higher state taxes on smokers have produced sharp declines in consumption.

        The amount of decline in smoking is directly tied to the size of the tax increase, the analysis shows.

        Cigarette sales fell 18% in North Carolina last year after the tax was raised in two steps to 35 cents from a nickel. The tobacco-growing state resisted higher cigarette taxes until 2005. Elsewhere:

        •Connecticut has increased its tax to $1.51 from 50 cents per pack in 2002. Since then, per capita consumption of cigarettes has fallen 37%.

        •New Jersey raised its tax to $2.40 from 80 cents in 2002. Smoking has dropped 35%.

        •California raised its cigarette tax to 87 cents per pack in 1999 but hasn’t changed it since. Smoking is down 18% since the tax increase.

        By comparison, South Carolina has kept its lowest-in-the-nation cigarette tax at 7 cents since 1977. Cigarette consumption there has fallen 5% since 2000.

        http://www.usatoday.com/news/health/2007-08-09-1Alede_N.htm

        • inz@ghi

          March 5, 2012 at 2:48 pm

          ဒီမှာ တစ်ဗူး ၄၄ဝ ဖြစ်နေလို့
          ရန်ကုန်က မှာသောက်နေရတဲ့အထဲ …
          သဂျီး တို့ကတော့ … ဟုတ်နေပါဘီ
          သူမသောက်တိုင်း…
          😀

          ကိုဘေးနွား စားသောက်ခွန် တက်ပါစေတော် ….
          😀

  • inz@ghi

    March 5, 2012 at 6:50 am

    အလဲ့ ….
    ရင်ဂို ကမြှောက်ပေးတယ်ဆိုပဲ…

    ဆက်သောက် …ဆက်သောက် …
    စီးကရက် တလိပ်လောက်. ….
    စကားလည်းမများတတ်ကြပါ …
    ဆေးလိပ်လေးများ ကျနော့် အဖော်ပဲ…

    ဆိုတဲ့သီချင်းမှတ်ရဲ့ ……

    ကိုရင်ဂို ထိပ်ဆုံးထွက်တဲ့အခွေထဲက ..ဆက်သောက်
    ဆိုတဲ့ သီချင်းတိုင်တယ်လ်နဲ့ရယ်လေ…

    အဲ့သီချင်းက ..ကိုညီထွဋ် ကင်ဆာ
    ဆိုတဲ့နာမည်နဲ့ အရင်ဆိုခဲ့တာဗျာ …..
    😀

    ………. အဆုတ်ကင်ဆာ ဖြစ်နိုင်တယ် ဆိုကြတဲ့
    ဆေးလိပ်များထက်…အချစ်ကင်ဆာဖြစ်မယ့် …မိန်းကလေး…
    ပိုပြီးကြောက်လို့…………ဆက်သောက် ..ဆက်သောက်……

    ဒက်ဂလောက်…ဒက်ဂလောက်…ဒက်ဂလောက်…

    😛

  • aye.kk

    March 5, 2012 at 8:17 am

    ဆေးလိပ်ညိုတစ်တိုလောက်..
    ရော့သောက်ဖို ့ပေး..
    မယူလိုက်ကမိုက်လို့ထင်..
    ယူလိုက်ကကြိုက်လို့ထင်..
    မသောက်တာကတော့အကောင်းဆုံးပါဘဲရှင်..။

  • mg mg

    March 5, 2012 at 9:16 am

    အမလေးလေး–ဆေးလိပ်ဖြတ်တာများ အလွယ်လေး၊
    တို့များ ခဏခဏဖြတ်နေတာ။

  • လင်းဝေ

    March 5, 2012 at 10:31 am

    ိမာ့ခ်တွိန်းရဲ့ ဟာသ ကလည်း အဲသလိုပါပဲ။
    It is easy to quit smoking, because I quit it hundred times.
    လို့ဆိုပါတယ်။ ခဏ ခဏ ဖြတ်နေရမှတော့ မပြတ်လို့ပေါ့နော။
    ပြတ်နိုင်တာတော့ကောင်းတာပေါ့။ တစ်လောက ရှောသွားတဲ့ နေဝင်းမောင်လည်း နှလုံးမကောင်းမှန်းသိသိနဲ့ ဆေးလိပ်မဖြတ်နိုင်ရှာလို့ ဒီလိုဖြစ်ပုံရတယ်။

  • snow white

    March 5, 2012 at 11:38 am

    အစထဲကမသောက်တာကောင်းပါတယ်မသောက်ရင်တော့အကောင်းဆုံးပေါ့လေ ဆေးသောက်လို့ကောင်းကျိုးပေးတာမှမရှိတာကို သိသိကြီးနဲ့ဆက်မသောက်တာ ကောင်းဆုံးပါဘဲ

  • Shwe Tike Soe

    March 5, 2012 at 2:09 pm

    အမလေး ဒါများလွယ်လွယ်လေး ဆေးလိပ်ဖြတ်ချင်တာများ… ကိုယ်ထက်ကြီးတဲ့သူကို ချစ်သူ လုပ်လိုက်.. ဒါဆို ပြတ်ကရော..
    ဆေးလိပ်မပြတ်ရင် နားရွက်ပြတ်မယ်လေ……….. 🙁 ဟိဟိ 😀

  • kyeemite

    March 5, 2012 at 3:54 pm

    ကျွန်ုပ်လူမိုက်ကြီးလည်းဆေးလိပ်ဖြတ်ဘူးပါ၏..ဆေးလိပ်ကိုကွမ်းနဲ့ဖြတ်လိုက်တာ..
    ဘာပြောကောင်းမလဲ..နောက်ဆုံးတော့ နှစ်မျိုးလုံးစွဲသွားရော..
    ကြီးမိုက်ပါဆိုဗျာ..

    • ကြီးမိုက် အဖြစ်က ..
      နာ့အဖြစ်နဲ့ တူတူပဲဟ …
      ကွမ်းစား ဆေးသောက် နှစ်မှုရောက် … ဖြစ်သွားဒါပေါ့ …

  • နွေဦး

    March 5, 2012 at 5:15 pm

    ကြုံတုန်လေး…
    ကျွန်တော်၏ ကိုယ်တွေ့ ဆေးလိပ်ဖြတ်နည်း
    ဆေးလိပ်ဖြတ်တဲ့ အခါမှာ အမြဲ ခံစားရာက ခံတွင်းချဉ် တာပါ။
    ဒါကို မကျော်ဖြတ်နိုင်မခြင်း ဆေးလိပ် ဘယ်တော့မှမပြတ်ပါဘူး။
    (ဒါက ဆေးလိပ် ဖြတ်ခြင်း၏ ဒဿန )
    ကွမ်းစားပြီး ဆေးလိပ်သောက်ချင်တဲ့စိတ် ခံတွင်းချဉ် တာကို ဖြေဖျောက်
    တဲ့အခါ ကွမ်းရဲ့ ဒုက္ခက ပိုလာမယ်။အလွယ်ရတဲ့ ကွမ်းစွဲ သွားတာ အများကြီး
    တွေဖူးတယ်။တချို့ဆို ဖွတ်မရ ဒါးမ ဆုံးဆိုသလို ဆေးလိပ်လဲမပြတ် ကွမ်းလဲစွဲ
    ဖြစ်နေတာတွေ့ရတယ်။
    ဆေးလိပ် ဖြတ်ချင်ရင် နဲနဲတော့ ဒုက္ခခံရမယ်။ကျွန်တော့နည်းက
    ရေသောက်ရမှာဆိုတော့ ရေသောက်ချင်းရဲ့နောက်ဆက်တွဲ
    ရှူ ရှူ ပေါက်တာလေးတော့ ဒုက္ခ ရှိပါ့မယ်။
    ဖြတ်ပီဆို ရေပုလင်းလေး တလုံးတော့ဆောင်ပါ။
    ဆေးလိပ်သောက်ချင်လာတဲ့ အခါ ခံတွင်းချဉ်လာတဲ့အခါ
    ရေပုလင်းထဲကရေကို တငုံ ငုံ ထားပါ။
    မြို မချပါနှင့် ပါးစပ်ထဲ အာခေါင်ညောင်းလာတဲ့အထိပေါ့။
    ဒါကို ဂရုတစိုက်တော့ လုပ်ရမှာ။အာခေါင်ညောင်းလာတဲ့အခါ
    ခံတွင်းချဉ်တာ ပျောက်ပါလိမ့်မယ်။ ခဏတော့ ဆေးလိပ်သောက်ချင်စိတ်
    ပျောက်သွားမယ်။ဒါပေမဲ့ ဆေးလိပ်သောက်ချင်စိတ်က ခဏနဲ့ ပြန်ပေါ်မှာပါ။
    ခဏခဏ ဆေးလိပ်သောက်ချင်..ခဏခဏ ရေငုံ
    ဒီလိုနဲ့ ခံတွင်းချဉ်တာတဖြည်းဖြည်းနဲ့ အချိန်ခြားသွားမယ်။
    ရေငုံရတဲ့ အကြိမ်လဲ နည်းသွားတယ်။
    နောက်ဆုံး ဆေးလိပ် ပြတ်သွားမှာပါ။
    ကျွန်တော့်ကိုယ်တွေ့ ပါ ။ကျွန်တော် Change Smoker ဘဝကနေ
    လွတ်မြောက်ခဲ့တဲ့ နည်းပါ။
    တကယ်လုပ်ရင် လွယ်လွယ်လေးပါ။
    ကြိုးစားကြည့်ပေါ့။

  • kai

    March 6, 2012 at 12:49 am

    အဲဒီအောက်က e-cigarette နဲ့ဖြတ်တာ.. လူတွေတော်တော်အိုကေတယ်ပြောကြတယ်..။
    တလောကတင်.. မဂ္ဂဇင်းတခုမှာ ဖတ်လိုက်ရသေးတယ်..။

    ဆေးလိပ်သမားတွေ.. စမ်းကြည့်ဖို့ကောင်းတယ်..
    မြန်မာပြည်ထဲ.. ရှိနေသုံးနေကြသလားသိချင်သား.. ဖြတ်မဲ့သူရှိရင်.. လက်ဆောင်တောင်ဝယ်ပို့လိုက်ချင်သေး..

    http://en.wikipedia.org/wiki/Electronic_cigarette
    An electronic cigarette, or e-cigarette, is an electrical device that simulates the act of tobacco smoking by producing an inhaled mist bearing the physical sensation, appearance, and often the flavor and nicotine content of inhaled tobacco smoke; though without its odor, and intended to omit its health risks. The device uses heat (or in some cases, ultrasonics) to vaporize a propylene glycol- or glycerin-based liquid solution into an aerosol mist, similar to the way a nebulizer or humidifier vaporizes solutions for inhalation.

    Most electronic cigarettes are portable, self-contained cylindrical devices in varying sizes, and many are designed to outwardly resemble traditional cigarettes. Most are also reusable, with replaceable and refillable parts, though some models are disposable.

    The primary stated use of the electronic cigarette is an alternative to tobacco smoking, or a smoking cessation device: It endeavors to deliver the experience of smoking without the adverse health effects usually associated with tobacco smoke, or to at least greatly reduce those risks.

    The possible benefits or adverse effects of electronic cigarette use are a subject of disagreement among different health organizations and researchers. Controlled studies of electronic cigarettes are scarce due to their relatively recent invention and subsequent rapid growth in popularity. Laws governing the use and sale of electronic cigarettes, as well as the accompanying liquid solutions, currently vary widely, with pending legislation and ongoing debate in many regions. Concerns have been raised that use of the device still might carry health risks, and that it could appeal to non-smokers, especially children, due to its novelty, flavorings, and possibly overstated claims of safety.[1]

    The modern electronic cigarette’s design was devised by Chinese pharmacist Hon Lik in 2003, though the earliest known description of its concept was authored by Herbert A. Gilbert in 1963.

    • ဦးဦးပါလေရာ

      March 7, 2012 at 3:00 pm

      မြန်မာပြည်မှာ တမျိုးတော့ ရောက်နေပါပြီ
      ဘယ့်နှယ်လုပ် ဆေးလိပ်နဲ့တူရမှာတုန်း
      ဆေးလိပ်မှမဟုတ်တာကို..

      (ဘိုမရုပ် လိုပေါ့) 😀

  • pu ma

    March 7, 2012 at 3:29 pm

    ပုမတို့အဖေဆိုဆေးလိပ်သောက်လွန်းလို့လက်ညှိုးနဲ့လက်ခလယ်ကြားဆေးလိပ်ဂျိုးတက်
    နေအောင်သောက်ခဲ့တာ၊နောက်တော့သမီးတွေကြောင့်ဆေးလိပ်ဖြတ်ခဲ့တာ
    နောက်အကိုကြီးဆိုသောက်တာဆေးလိပ်မျိုးစုံသောက်တာ၊ဘယ်တော့မှလဲလူမဝဘူး၊
    နောက်ပိုင်းအဖေဆေးလိပ်မသောက်တော့အကိုထက်တောင်ရုပ်ရည်ကနုပျိုတာ၊
    အခုအကိုကြီးလဲအဖေမရှိတော့နောက်ပိုင်းဆေးလိပ်ပြတ်ခဲ့ပါပြီ၊
    ဆေးလိပ်ဖြတ်လိုက်တော့ထမင်းလဲတအားစား၊လူလဲဝလာပြီးရုပ်ရည်နုပျိုလာတာအမှန်ပဲ၊
    ပုမတို့မောင်နှမတွေကဆေးလိပ်နဲ့လုံးဝမခံနိုင်ဘူး၊အနံ့ရတာနဲ့မူးနောက်လာတာ၊
    အိမ်မှာဧည့်သည်လာရင်အားလုံးသီးခံနိုင်ပေမဲ့ဆေးလိပ်မသောက်ရရေးကိုထားတာ၊
    အကိုမောင်ဝမ်းကွဲတွေအိမ်လာရင်မသောက်ရလို့မြန်မြန်ပြန်လစ်ကုန်ရော
    ကိုင်း….မကောင်းဘူးလားဧည့်နှင်နည်းတခုပဲလေ

Leave a Reply