ကိုယ့် အတွေးနဲ့ကိုယ်ပေါ့နော် (ကိုကျော်ဇင်ဝင်း)

ကထူးဆန္းMarch 5, 20121min18510

ကိုသန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ နဲ့ ချစ်ရင်ထူးရဲ့ “ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရပါတယ်တဲ့” နဲ့ post ဖတ်ပြီးချိန်မှာ ကျွန်တော် တွေးမိတွေးရာတွေး တာလေးတွေပါ .
ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် ..

(၁) ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရ။

ဒီလို ထိုးကြီတ် ခံရတယ် ဆိုတဲ့ သတင်း မှန်ကန်ခဲ့ ရင် ကျွန်တော် ပြင်းထန်စွာ ရှုတ်ချပါတယ် ။ စစ်တပ်မို့လို့ ကိုယ့် လက်အောက်ငယ်သား အပြစ်ကျူးလွန်တာကို ထိုးကြီတ်တယ် ဆိုတာ မဖြစ်သင့်ပါဘူး ။ အခု လို ကိစ္စမျိုး ဆိုရင် ထိုးကြီတ် သူများအနေနဲ့ ပိုလို သတိထားရမဲ့ ကိစ္စဖြစ်တဲ့ အတွက် ထိုးကြိတ်မှု့ ထိုးကြိတ်သူများ ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။

(၂) တပ်ချုပ် ချထားခံရခြင်း ။

စစ်တပ်က အမိန့် ထုတ်ထားရဲ့ နဲ့ အမိန့် ချိုးဖောက်မှု့ အတွက် တပ်ချုပ်ချထားခံရခြင်းကို ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။

(၃)NLD ပါတီထုတ်စာစောင်ဖြစ်သည့် ဒီလှိုင်းဂျာနယ် (ယခုအပတ်ထုတ်) ဓါတ်ပုံ

ဒီပုံမျိုးကို မတင်သင့် ဘူးလို့ထင်ပါသည် ။ NLD အတွက်ဂုဏ်ယူစရာ ဖြစ်ပေမဲ့ ကိုကျော်ဇင်ဝင်း အတွက် ပို ဆိုးစရာ ဖြစ်နိုင်လို့ပါ ။
စစ်တပ်ထဲမှာ အနည်းစုက လွဲရင် တပ်အရာရှိကြီးများအပါအဝင် အများစုက ဒေါ်အောင်ဆန်းစုကြည် ကို လိုလားကြိုဆိုကြတယ် ဆိုတာ တတိုင်းပြည်လုံးအသိပါ ။ အမိန့် အာဏာကြောင့်သာလျှင် လွတ်လပ်စွာ ထုတ်ဖော် မပြနိုင်ကြတာ လူတိုင်းအသိပါ။

(၄)စစ်တပ်မှ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် တပ်မတော်သားများ ကြိုဆိုမှု့ မပြုရ ဟုတားမြစ်ထားမှု့နှင့် တံခါးများသော့ခတ်ထားမှု့

ကိုယ့်အတွေးနဲ့ ကိုယ်၊ ကျွန်တော့် အတွက်တော့ လုပ်သင့်တဲ့ အရာ ထုတ်သင့် တဲ့ အမိန့် လို့ဘဲ မြင်ပါတယ် ။ အခုအချိန် ဟာ နည်းနည်းမှ အမှားမခံတဲ့ အချိန်ဖြစ်ပါတယ် ။ လူတွေ ကလည်း စစ်တပ် ဘာလုပ်မလဲ ဆိုတာကို သံသယနဲ့ စောင့်ကြည့် နေကြတာပါ ။ ဒီလို အမိန့်ထုတ်မထားလို့ စစ်သားများက သွားကြီုဆိုပြီဆိုကြပါစို့။ အကြောင်းတစ်စုံတစ်ရာကြောင့် ပြဿနာတစ်ခု တက်တာနဲ့ စစ်တပ် တမင်ဖန်တီးတယ် ဆိုတာ ဖြစ်တော့မှာပါ ။ ဒါဖြစ်ရင် ယူနီဖောင်း မဝတ်ဘဲနဲ့ ကြိုနိုင်ပါတယ် လို့ အတွန့်တက်နိုင်ပါတယ် ။ နယ်တွေမှာ ဘယ်သူက စစ်တပ်က ဘယ်သူ ကဘယ်က ဆိုတာ အားလုံးသိကြပါတယ် ။ ပြဿနာ တစ်ခု ဖြစ်လာတာနဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာ ပြောင်းပြန် ပြန်ဖြစ်သွားနိုင်ပါတယ် ။ ဒါကြောင့် ဒီလိုအဖြစ်မျိုး မဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သော စစ်သားများက အထူးသတိထား ရှောင်ရှားရမှာပါ ။

စစ်တပ်ကလည်း ဒီလို ပြဿနာ အဖြစ်မခံချင်သလို NLD နဲ့ ပြည်သူလူထုကလည်း ဒီလိုပြဿနာ အဖြစ်မခံချင်မှာ အသေအခြာပါဘဲ။

ဒါကြောင့်မို့လို အခုလို စစ်တပ်က စစ်သားများ မကြိုရ ။ တပ်ပြင် မထွက်ရဆိုတာ ဟာ လုပ်သင့်လုပ်ထိုက် ထုတ်သင့် ထုတ်ထိုက်တဲ့ အမိန့် လုပ်ရပ်လို့ ရိုးရိုးသားသားတွေးမြင်ပါတယ်။

အခြားလက်နိုင်ကိုင် တပ်ဖွဲ့များမဟုတ်တဲ့ အရပ်သား အစိုးရဝန်ထမ်းတွေကို မကြိုရ အမိန့်ထုတ်တာကတော့ သဘောထားသေးသီမ်တဲ့ အထက်လူကြီးများက လုပ်တယ်လို့ ရှုမြင်ပါသည်။

အထက်မှာ ပြောခဲ့ သလိုဘဲ စစ်တပ်မှာ အနည်းစုကလွဲလို့ အရာရှိကြီးများ အပါအဝင် အများစုက ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညို အားပေးကြတယ် ဆိုတာ ပြောစရာ မလိုသော မဏ္ဏဋ်တက်ပြ စရာ မလိုတဲ့ ကိစ္စပါ။

အဆုံးသတ်ရရင်တော့ ဘဖော ရဲ့ စဉ်းစားကြစေလိုပါတယ် နှင့် အဆဲခံချင်လို့ကိုရေးတယ် ဆိုတာ ငှါးသုံးရင်း အဆုံးသတ်ပါရစေ။ သို့သော် သူကြီးက မဆဲရ သတ်မှတ်ထားတဲ့ အတွက် ကျွန်တော့်ကို ဆဲချင်ရင် PM မှ တစ်ဆင့် ဆဲနိုင်ပါတယ် ။ ကိုယ့်အတွေး နဲ့ ကိုယ်ကတော့ လွတ်လပ်စွာ ဖော်ပြနိုင်ပါသည်။
ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်။

10 comments

  • windtalker

    March 5, 2012 at 11:32 am

    ဆဲစရာမရှိပါဘူး ခင်ဗျာ ။ ဘိုထူး ရဲ ့အတွေးများကို ဖတ်ရင်း ၊ အခုအချိန်ဟာ အစစအရာရာ သတိထားနေတဲ့ အချိန်ဆိုတာ သဘောပေါက်သွားရပါတယ် ခင်ဗျ ။

  • htoosan

    March 5, 2012 at 11:49 am

    ကိုပေ ရေ ကိုပေ့သူငယ်ချင်း စိန်ပေါက်ပေါက် ဘယ်ရောက်နေလဲဗျ ။ သူ့လှုပ်စိ လှုပ်စိ မတွေ့ရတာ လွမ်းမိတယ်ဗျ။

  • ကြောင်ကြီး

    March 5, 2012 at 11:55 am

    နံပါတ်သုံး အချက်ကို ပြောချင်တယ်။ အဲဒီစစ်သားလေးက လူကြားထဲ ပေါ်တင်လာတွေ့လို့ အန်အယ်လ်ဒီစာစောင်ထဲ ထည့်ဖော်ပြတာ မှားယွင်းမှုလို့ မပြောနိုင်ပါ။ ဝေဖန်တာကတော့ ထည့်လည်းမလွတ် မထည့်လည်း မလွတ်ဘူး။ မထည့်ပြန်တော့ ဟိုက အဆုံးစွန်တွက်ပြီးတောင် လာအားပေးရတာ အန်အယ်လ်ဒီက အသိအမှတ်တောင် မပြုပေးဘူး အဆဲခံထိအုံးမယ်…။ ဘာနဲ့ဥပမာပေးချင်လဲဆိုတော့ အတိုက်ခံတဦး အဖမ်းခံရမယ် သိလျက်နဲ့ လှုပ်ရှားမှု တခုလုပ်တယ်၊ မလုပ်ခင် မှာသွားတယ်၊ ဘာအတွက်ဆိုတာ အပြင်ကိုပြောပေးပါလို့။ မီဒီယာက အော်ပေးတယ်၊ အဲဒေါ့ အထဲမှာ အငြိုးနဲ့အဆော်ခံရတယ်။ ထောင်ထဲမှာ အစာအငတ်ခံ ဆန္ဒပြသူများလည်း ဒီအတိုင်းပဲ၊ အနာခံလုပ်တယ်… အပြင်ကသိမှ အလဟသမဖြစ်ဘူး။ သတင်းပြန့်သွားလို့ ပိုလည်းအဆော်ခံရတယ်။ သို့ပေမယ့် လုပ်ပေးသူက လုပ်ရကျိုးနပ်အောင်တော့ အပြင်ဖက်ကလူများ စီမံပေးရမှာပေါ့…။ မတော်တဆ သွားရင်းလာရင်း ကြုံကြိုက်လို့ ဖြစ်သွားတာကို အခွင့်ကောင်းယူ ဖော်ပြလို့ တဖက်သား နစ်နာတယ်ဆိုရင်တော့ တမျိုးပေါ့လေ….။ အခု ကိစ္စသည် စစ်တပ်ရဲ့ သဘောထားကို အမြင်သာဆုံးဖြစ်အောင် အညတရသူရဲကောင်းတဦးရဲ့ ကိုယ်ကျိုးစွန့် အနစ်အနာခံမှုလို့ မြင်ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ သူလွတ်မြောက်ဖို့ ဝိုင်းဝန်းဖိအားပေး ရမယ်လို့ပြောချင်တယ်…။

  • kyeemite

    March 5, 2012 at 2:45 pm

    ကိုထူးစံဒီလိုလေးတွေမိတာသဘောကျတယ်ဗျာ…စဉ်းစားစရာပါ..
    အင်မတန်စဉ်းစားသင့်တယ်လို့မြင်ပါတယ်..

  • kai

    March 5, 2012 at 3:02 pm

    ယူအက်စ်မှာဆိုလည်း.. အဲဒီလိုဖြစ်မှာပဲလို့ထင်တယ်..။
    တကယ်တော့… ဝန်ထမ်းတွေ..ဆိုင်ရာယူနီဖောင်းတွေနဲ့ဆိုရင်… .. ပါတီနဲ့ကင်းကင်းနေတာ ကောင်းပါတယ်..

    အလုပ်ထိခိုက်တာအမှန်ပါ..။
    .. နောင်ရေး..ရာထူးတက်ရေး.. နေရာရွှေ့ရေးတွေအကုန်လုံးရိုက်ခတ်တာပါပဲ..။

    ဆိုတော့…
    စစ်ဝတ်စုံနဲ့ဆိုတော့.. သူရှိရာဌာန ကိုယ်စားပြုသလိုဖြစ်တာမို့.. ကျန်သူများအပေါ်လည်း. Fair. မဖြစ်ဖူးပေါ့..
    ဝန်ထမ်းလည်းဒီအတိုင်းပါပဲ..။
    ဝန်ထမ်းဝတ်စုံနဲ့ထွက်တော့.. ကိုယ်နဲ့ဌာနတူ.. လက်အောက်/အပေါ်ကသူ… ကြိုက်မှန်းမသိ..မကြီုက်မှန်းမသိ… ကျန်သူများအပေါ်… Fair မဖြစ်ပါ…။

  • MTY

    March 5, 2012 at 3:50 pm

    ကျွန်တော်ပြန်ရှာကြည့်တယ်၊Times,Newsweekစတဲ့
    magazineတွကဓါတ်ပုံတွေပါ။သူတို့နိုင်ငံရဲ့မဲဆွယ်ပွဲတွေ
    မှာစစ်သားတွေမတွေ့ဘူးဗျ။သမ္မတကစစ်စခန်းတွေသွားတာဘဲ
    တွေ့မိတယ်။မဲပေးတာကလွဲလို့လုံခြုံရေးတာဝန်ယူထားသူတွေမို့
    မည်သည့်ပါတီ၏အစည်းအဝေး၊မဲဆွယ်ပွဲများမတက်သင့်ပါ။
    ပြသနာတစ်စုံတစ်ခုဖြစ်ပါကအားလုံးအတွက်မကောင်းပါ။

  • bluerose

    March 5, 2012 at 4:11 pm

    စစ်တပ်နဲ့မီးသွားမထိလေနဲ့
    မီးကိုထိရင်ပူမယ်
    စစ်တပ်ကိုထိရင်တော့….
    ပြောတော့ဘူးနော်
    မီးမီးလည်းကြောက်ကြောက်

    • windtalker

      March 5, 2012 at 8:21 pm

      မီးလေး ဘာမှ မကြောက်ပါနဲ ့
      ကိုပေ တစ်ယောက်လုံး ရှိတယ်
      သိလား….

  • စစ်တပ်ကလည်း ဒီလို ပြဿနာ အဖြစ်မခံချင်သလို NLD နဲ့ ပြည်သူလူထုကလည်း ဒီလိုပြဿနာ အဖြစ်မခံချင်မှာ အသေအခြာပါဘဲ။
    ဒါကြောင့်မို့လို အခုလို စစ်တပ်က စစ်သားများ မကြိုရ ။ တပ်ပြင် မထွက်ရဆိုတာ ဟာ
    လုပ်သင့်လုပ်ထိုက် ထုတ်သင့် ထုတ်ထိုက်တဲ့ အမိန့် လုပ်ရပ်လို့ ရိုးရိုးသားသားတွေးမြင်ပါတယ်။
    အခြားလက်နိုင်ကိုင် တပ်ဖွဲ့များမဟုတ်တဲ့ အရပ်သား အစိုးရဝန်ထမ်းတွေကို မကြိုရ အမိန့်ထုတ်တာကတော့
    သဘောထားသေးသိမ်တဲ့ အထက်လူကြီးများက လုပ်တယ်လို့ ရှုမြင်ပါသည်။
    __________________
    ကိုထူးဆန်းရဲ ့အတွေးလေးကို ထောက်ခံသွားပါတယ်။ကျနော်လဲခုလိုဘဲမြင်ပါတယ်။အထက်က လက်တဆုပ်စာ
    လူတွေအတွက်နဲ ့အောက်ခြေက ငယ်သားတွေဘဝနစ်မွန်းနေရပီ။တကယ်တော့ ကျနော်လဲစစ်တပ်အပေါ်
    အကောင်းမြင်ပေးချင်ပါတယ်။ကျွန်တော် ဆွေမျိုးသားချင်း၊ညီအကို ဝမ်းကွဲတွေ တပ်ထဲမှာရှိကြပေမယ့် သူတို ့
    နဲ ့စကားပြောရင်လဲ အမြဲနှိမ်ပြီးပြောလေ့ရှိတာ ကျနော့်အကျင့်ပါဗျာ။
    ကိုထူးဆန်းရေ……ကိုစိန်ပေါက်ပေါက်တစ်ယောက် ဝမ်းသွားတာများပြီး ဆေးရုံတင်ထားရပီလား။

  • padonmar

    March 6, 2012 at 12:37 am

    ကိုထူးဆန်းရေ
    ထောက်ခံပါတယ်၊
    ဒီလှိုင်းမှာပါတဲ့ ကိစ္စကတော့ ဦးကြောင်မန့်တဲ့အတိုင်းမြင်ပါတယ်။
    ထူးခြားတဲ့ ကြိုဆိုမှုတိုင်းရဲ့ (နိုင်ငံခြားသား၊ဆရာဝန်အုပ်စု၊မြန်မာမွတ်ဆလင်များ)ပုံတွေဟာ အစစ်အမှန်ထောက်ခံချက်တွေပါဆိုတာ သက်သေပြသလိုဖြစ်လို့ ပါတီမဲဆွယ်တဲ့နေရာမှာ အင်မတန်လှတဲ့ အကွက်လေးတွေပါ။

Leave a Reply