ဒီနေ့က အမေစု မန္တလေးရောက်နေပြီး နောက်တစ်နေ့ စစ်ကိုင်းမြို့ဆီ ခရီးဆက်မယ့်နေ့ပါ။ သတင်းနဲ့ မှတ်တမ်းရိုက်ကြမယ့် ကျွန်တော်တို့တွေက အမေစုနဲ့ တစ်ခါတည်း လိုက်ကြမယ့်သူတွေပါကြသလို စစ်ကိုင်းတံတားထိပ်ကနေ ကြိုစောင့်ကြမယ့် သူတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်မို့ မနက် ၆ နာ၇ီကတည်းက စစ်ကိုင်းတံတားထိပ်ဆီ ထွက်လာခဲ့ပါတယ်။
ကျွန်တော်တို့တွေ တံတားထိပ်ရောက်တော့စောနေသေးတာနဲ့ စစ်ကိုင်းမြို့ထဲဝင်ပြီး မနက်စာ စားလိုက်ကြသေးတယ်။ စစ်ကိုင်းမြို့ကတော့ မနက်ကတည်းကနေ တစ်မြို့လုံး အမေစု ကြိုဖို့ လှုတ်ရှားနေကြပါပြီ။ နေရာတိုင်းမှာ ခွတ်ဒေါင်းနဲ့ ကြယ်ဖြူ အလံ၊ တံဆိပ်၊ အကျီဝတ်ထားတဲ့ မြို့သူမြို့သားတွေ၊ ကားတွေ နဲ့ လှုတ်လှုတ်ရှားရှားပါ။ ဒီမိုကရေစီ သီချင်းသံတွေလည်း သောသောညံ နေပါတယ်။ ကျွန်တော်တို့ မြို့ထဲဝင် အလာမှာ အဝေးကနေ အလံတစ်လူလူ လွှင့်လာတဲ့ ဆိုင်ကယ်တွေကို  တွေ့ရလို့ ဓါတ်ပုံရိုက်လိုက်ပါသေးတယ်။

အလံတစ်လူလူ လွှင့်လာတဲ့ ဆိုင်ကယ်တေ

စစ်ကိုင်းတံတားထိပ်ကို ပြန်ရောက်ချိန်မှာတော့ တံတားထိပ်မှာ တော်တော်ကို စည်ကားနေပါပြီ။ အမေစုကို ကြိုဖို့လာစောင့်နေကြ သူတွေက များမှများပါ။

တံတားထိပ်က လာကြိုနေကြတဲ့ စစ်ကိုင်းသားတွေ

မိသားစုလိုက် အမေစုကို ကြိုကြတယ်

အမေစု မန္တလေးကနေ စောစောထွက်လာပေမယ့် ပြည်သူချစ်တဲ့ အမေစု ခရီးတွေရဲ့ ထုံးစံအတိုင်း နူတ်ဆက်ကြသူတွေ များမှများရယ်၊ လက်လေးဆွဲ နှတ်ဆက်ချင်လို့ လက်ကလေးလှမ်းပေးရင် ပြန်နှတ်ဆက်လိုက်ရမှ ကြေနပ်တတ်တဲ့ အမေစုရယ်နဲ့ ကားတွေကတော့ အရွှေ့ရွှေ့၊ စစ်ကိုင်းတံတားထိပ်ရောက်တော့ ၁၀ နာရီတောင် ခွဲနေပြီ။

စစ်ကိုင်းတံတားနဲ့ အောင်နိုင်ရေးကား

 

ရှေ့ပြေးဆိုင်ကယ်တွေကလည်း များမှများ

အမေစုကတော့ သူကိုကြိုနေသူတွေကို လက်မညောင်းစတမ်း နှတ်ဆက်နေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း “အမေစု ကျန်းမာပါစေ” ကနေ “ ပြည်တော်ပြန် မယ်ထွေး နန်းတက်မှ အေး” ဆိုတာအဆုံး အသံတွေနဲ့ သောသောညံနေပါတော့တယ်။


အမေစုရဲ့ စစ်ကိုင်းက ပြည်သူတွေနဲ့ တွေ့မယ့်ပွဲကို မြန်မာအသဲနှလုံး ဧရာဝတီရဲ့ သောင်ပြင်ကျယ်ကြီးပေါ်မှာ စီစဉ်ထားပါတယ်။ သောင်ပြင်ကျယ်ကြီး မို့လည်း အဆင်ပြေတာပါ။ ဘောလုံးကွင်းလို ကွင်းငယ်လေးတွေနဲ့ဆို အမေစု အသံနားထောင်ချင်သူတွေ အတွက် အခက်တွေ့စေမှာပါ။ ဟောပြောမဲ့စင်မြင့်ရှေ့က သောင်ပြင်ကြီးပေါ်မှာတော့ အမေစုကို ကြိုနေသူတွေက လူပင်လယ်ကြီး တမျှ စောင့်နေကြလေရဲ့လေ။

အမေကတော့ ခရီးရောက်မဆိုက် စင်ပေါ်တန်းးတက်ကာ သူ့ကိုသိပ်ချစ်တဲ့ ပြည်သူတွေကို နှတ်ဆက်ကာ စကားစပြော နေပါတယ်။


အမေပြောတာကို လာနားထောင်ကြသူတွေ ကတော့ မျက်စေ့တစ်ဆုံးပါပဲ။ အမေပြောတာကို သဘောကျ နေကြတယ်၊ ဖြစ်စေချင်ကြတယ်၊ ယုံကြတယ်လေ။ သာသနာထွန်းကာတဲ့မြေ ဆိုတော့ သီလရှင်တွေ၊ ရဟန်းတော်တွေ ကိုလည်း အများအပြား တွေ့နေရပါတယ်။ သူတို့ ရင်ထဲက လေးစားရတဲ့ ဗိုလ်ချုပ်ရဲ့သမီး၊ သူတို့ချစ်တဲ့ သူမို့လည်း ရောက်လာသူတွေ များလှပါတယ်။

အမေက ပြောလိုက်ဟောလိုက်၊ အောက်က ပျှော်ရွှင်စွာ အားပေးလိုက်နဲ့ မြင်နေရတဲ့ မြင်ကွင်းက ရင်ကိုခိုက်စေပါတယ်။
သြော် …… ဒီမိုကရေစီ လို့ အများတောင့်တနေတဲ့ စနစ်ကြီး ခုမှ စခါစအခြေအနေသာ ရှိနေသေးပေမယ့် ပြည်သူတွေမှာတော့ အကြောက်တရားတွေနဲ့ နေခဲ့ကြရတာက လွတ်ခါစ ဆိုတော့လည်း အခုလို ပျော်စရာ ဘဝအခြေအနေကတော့ ဘာနဲ့မှ မလှဲနိုင်ပါပေပေါ့။

ဘုန်းဘုန်းတွေလည်း ထောက်ခံတယ်



နိုင်ငံခြားသားတွေတောင် သူတို့သိတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ကို တွေ့ရဖို့အရေး တကူးတကနဲ့ ပွဲကွင်းဆီ အရောက်လာကြတယ်။ သမိုင်းဝင်မဲ့ အမှတ်တရပုံတွေ မှတ်တမ်းတင် ရိုက်နေကြတယ်လေ။

Can I take a photo?

I also want to see Daw Aung San Su Kyi.

သြော် ……………. ဒီပုံလေးတွေက မြန်မာပြည်ကြီးမှာ ဒီမိုကရေစီ စနစ်ကြီး ခိုင်ခိုင်မာမာနဲ့ ရှင်သန်ထွန်းကာနေတဲ့ ခေတ်ကြီးဆီရောက်ရင်တော့ နောင်လာနောက်သားများအတွက် သမိုင်းဝင်မဲ့ ပုံတွေပေါ့လေ။
မမောတန်း ဟောပြောနေတဲ့ အမေစုရဲ့ နှတ်ဆက်စကားနဲ့ ပရိတ်သတ်လူထုကြီးရဲ့ တစ်ခဲနက် မိုးလုံးဟီးတဲ့ လက်ခုပ်သံကြီး ကြားလိုက်မှပဲ ကျွန်တော်လည်း မှတ်တမ်းရိုက်နေတာလေး လက်စသတ်လိုက်ရပါတယ်။
ရိုက်ထားတဲ့ ပုံတွေက များနေလို့ အဆင်ပြေမယ့် ပုံတွေလောက်ပဲ ဖေါ်ပြထားတာပါ။ ဆက်လက် အားပေးလိုတယ် ဆိုရင်တော့ http://www.facebook.com/#!/media/set/?set=a.156294597824878.32492.100003330175655&type=1  မှာ ဆက်အားပေး နိုင်ပါတယ်။
စိန်သော့

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။