ကျေးတမာနဲ ့ပေဖူးလွှာအစီအစဉ်သို ့ (BBC)

phone_kyawMarch 5, 20121min572

လက်ရှိအစိုးရပြောတဲ့အပြောင်းအလဲဆိုတဲ့စကားလုံးကို ကျနော်ခဏခဏ စဉ်းစားနေမိပါတယ်။ ကျနော်က ဩစတျေးလျနိုင်ငံမှာ နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ဩစတျေးလျနိုင်ငံသားအဖြစ် လွန်ခဲ့တဲ့ ၇-နှစ်က ခံယူထားတဲ့သူ။ လက်တလော ကျနော့်ဘဝကို ရှင်သန်ဖြတ်သန်းရမဲ့နေရာက လက်တွေ ့ကျကျပြောရရင် ဩစီမှာဖြစ်တယ်။ ကိုယ်က မြန်မာ့အရေးကို အရမ်းစိတ်ဝင်စားတဲ့သူဆိုတော့ အစဉ်တစိုက် ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လေ့လာမိတယ်။ အခုတော့ ကိုယ်မြင်တဲ့အရာကို အနည်းအကျင်းလောက်ပြောချင်ပါတယ်။

ပြည်ပမှာနေတဲ့ မြန်မာတိုင်း အလုပ်လုပ်ပါတယ်။ ရတဲ့ငွေကို ပြည်တွင်းက မိသားစုတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းတွေကိုလည်း ပြန်ပေးရပါတယ်။ ကံကောင်းတာက ကျနော်ဆိုရင် ဩစတျေးလျက မြန်မာသံရုံးကို အခွန်ဆောင်စရာမလိုပါဘူး။ ကိုယ်က နယ်စပ်ကနေ ဒုက္ခသည်အဖြစ်နဲ ့လာတာဆိုတော့ မြန်မာပတ်စ်ပို ့ မရှိဘူး။ တခြားသူတွေတော့ဆောင်ရမယ်ထင်တယ်။ တိုင်းပြည်ထဲကို ငွေလွှဲရတဲ့ ကိစ္စကိုလည်း အပြောင်းအလဲလုပ်ပေးပါအုံး။ ဟွန်ဒီနဲ ့မလွှဲချင်တော့လို ့ပါ။ တိုင်းပြည်အတွက်လည်းအခွန်မရတဲ့အပြင် လူဆိုးတွေကို ကူညီပေးနေသလို ခံစားရလို ့ပါ။

နောက်တစ်ခုက တယ်လီဖုန်းဆက်ရတဲ့ ဒုက္ခဖြစ်ပါတယ်။ မြန်မာပြည်ကို ဖုန်းခေါ်ခက ကမ႓ာပေါ်မှာဈေးအကြီးဆုံးလို ဖြစ်နေပါတယ်။ သုံးမိနစ်ကို တစ်ဒေါ်လာကုန်ပါတယ်။ တခြားနိုင်ငံကို ဆက်ရင်အလကားတောင်ဆက်လို ့ရပါတယ်။ အခုဟာက ကျနော်တို ့ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် အင်မတန်ကို အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ငွေလွှဲတာကို လွယ်လွယ်ကူကူဖြစ်ဖို ့နဲ ့တယ်လီဖုန်းဈေးကိုလည်း လျှော့ပေးစေချင်ပါတယ်။

နော်က်တစ်ခုက အခု သမ္မတကြီးပြောတဲ့ အပြောင်းအလဲက ကျနော်တို ့ပြည်ပက မြန်မာတွေနဲ ့ကော သက်ဆိုင်ရဲ  ့လားလို ့ ကျနော်တွေးနေမိတယ်။ ကျနော်တို ့ဘဝကို အပြောင်းအလဲ လုံးဝမဖြစ်သေးပါဘူး။ ကျနော်လိုချင်တဲ့အပြောင်းအလဲကို ကျနော့်ဘဝနဲ ့ယှဉ်ပြီး ရိုးရိုးလေးပဲ လိုချင်ပါတယ်။ သူများတွေကတော့ ဝေဖန်ရင်ဝေဖန်လိမ့်မယ်။ ဒင်းရဲ  ့ရည်ရွယ်ချက်နဲ ့ခံယူချက်က အတော်လေးကို အောက်တန်းကျပါလားလို ့။ ပြောချင်တာပြောပါစေ။ ကျနော်နားထောင်ဖို ့အသင့်ပါ။

ကျနော်ဩတျေးလျနိုင်ငံက ထုတ်ပေးတဲ့ ပတ်စ်ပို ့နဲ ့ ထိုင်းနိုင်ငံကို ခရီးသွားပါတယ်။ မတွေ ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို သတိရလို ့ပါ။ ဩစတျေးလျနိုင်ငံသားတစ်ယောက်အနေနဲ ့ ထိုင်းနိုင်ငံကို သွားလည်ရင် ဗီဇာလျှောက်စရာမလိုပါဘူး။ တခါတည်း ပတ်စ်ပို ့ကို ကိုင်ပြီး တန်းဝင်သွားယုံပါပဲ။ လေဆိပ်မှာ တစ်လနေထိုင်ခွင့်တုံးကို ထုပေးပါတယ်။ ထိုင်းနိုင်ငံလိုပဲ မလေးရှားကို သွားလည်လည်း ဗီဇာလျှောက်စရာမလိုပါဘူး။ သုံးလနေခွင့်ရှိပါတယ်။ မလေးရှားနဲ ့စနစ်ချင်းတူတဲ့ နိုင်ငံကတော့ စင်္ကာပူပဲဖြစ်ပါတယ်။ သူလည်း ဩစတျေးလျနိုင်ငံသားတွေကို သုံးလ နေထိုင်ခွင့် ပေးပါတယ်။ သံရုံးမှာ ဗီဇာလျှောက်စရာမလိုပါဘူး။ ဒီသုံးနိုင်ငံကို သွားလည်တုန်းက ကျနော့်ခေါင်းထဲမှာ အတွေးတစ်ခုရပါတယ်။

ဒါကတော့ …ငါ့တို ့နိုင်ငံကွာ…လုပ်လိုက်ရင်တလွဲချည်းပဲ။ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီးပျင်းလာတဲ့ ဩစတျေးလျက မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံပြန်လာတာကိုမျိုး ဗီဇာလျှောက်ရတာနဲ ့ဘာနဲ ့။ ပြီးရင် နိုင်ငံရေးနဲ ့မပက်သတ်ရဘူးဆိုပြီး ခံဝန်ကတိလည်းထိုးရသေးတယ်။ ဒါ့အပြင် ပိုက်ဆံလည်းကုန်သေးတယ်။ ဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံကို ပြန်တာ ဘာများ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေမှာလဲ။ ဝင်ငွေတောင် ပိုရအုံးမယ်။ ကိုယ့်လူမျိူးအချင်းချင်း လှူတန်း ပေးကမ်းတာလည်း ရှိအုံးမယ်။ နိုင်ငံခြားက ပါလာတဲ့ဒေါ်လာတွေကို သုံးတော့ တိုင်းပြည်အတွက် ဝင်ငွေတိုးမယ်။ ဩစတျေးလျကနေ ပြန်လာပြီး ဘယ်သူမှ ခါးမှာ ဗုံး ပတ်ပြီး အသေခံပြီး ဗုံးတော့မခွဲကြပါဘူး။

ထိုင်းနိုင်ငံသား၊ မလေးရှားနိုင်ငံသား၊ စင်္ကာပူ နိုင်ငံသားတွေ ဩစတျေးလျကနေ ပြန်သွားရင် သူ ့နိုင်ငံသားဖြစ်တဲ့အတွက် တံခါးမရှိ၊ ဓားမရှိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ပဲ။ ဒါ့အပြင် ချမ်းသာတဲ့နိုင်ငံတွေကလာရင်လည်း ဗီဇာလျှောက်စရာမလိုဘူး။ တခါတည်းသာ တန်းဝင်လို ့ရတယ်။ သူတို ့ရဲ  ့စဉ်းစားပုံက ကျနော်တို ့တိုင်းပြည်က ခေါင်းဆောင်တွေနဲ ့ယှဉ်ရင် အတော်လေးကို ကွာခြားနေတယ်။ ကျနော်တို ့လူကြီးတွေက ဘာကိုများတွေးပြီးကြောက်နေလဲမသိဘူး။ တိုင်းပြည်ဝင်ငွေရမှာကို မလိုလားသလိုပဲ။

လက်ရှိနိုင်ငံတော်အစိုးရအနေနဲ ့ ဒီကိစ္စကို လေးလေးနက်နက်စဉ်းစားပြီး မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်စေချင်ပါတယ်။ ဒါမှ ပြည်ပက မြန်မာတွေအတွက် အပြောင်းအလဲတစ်ခုကို ဖန်တီးပေးတယ်လို ့ခေါ်ပါတယ်။

2 comments

  • memeseku

    March 5, 2012 at 11:06 am

    ကပုန်းကျော်… ပိုစ့်လေးတွေပိုကောင်းလာတယ်… ဝမ်းသာပါတယ်…
    🙂 🙂 anyway .. ပိုပြီးအကျိုးရှိမဲ.ပိုစ်.လေးတွေလို့မြင်ပါတယ်..

  • MTY

    March 5, 2012 at 4:00 pm

    ဟုတ်ပါ့ဗျာလို့ဘဲပြောပါရစေ။

Leave a Reply