သံယောဇဉ်ကိုခုတုံးလုပ်ပြီ

ချစ်တယ်လို့

ငါပြောမထွက်ခဲ့ဘူး…

ရင်ထဲကမြတ်နိုးမှု့တွေနဲ့

ငါနေ့စဉ်နဲ့အမျှ

မင်းအနားမှာ

တိတ်တခိုးလေး

ငိုရှိုက်မိခဲ့ရတဲ့ရက်လေးတွေ…

ဖွင့်ပြောဖို့မရဲခဲ့တဲ့

ငါ့နှုတ်ခမ်းတွေ…

သူငယ်ချင်းမလေးရယ်

ငါသိပ်ချစ်ပါတယ်…

ဒီနေ့ဒီအချိန်ထိ

င့ါအလွမ်းတွေကိုသိမ်းထားခဲ့ရတယ်

မင်းမသိနိုင်အောင်ပေါ့…

နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းလေးရယ်

ထွေးခဲ့ဖူးတဲ့လက်လေးရယ်

အရာအားလုံး

ငါ့အိမ်မက်တွေပါပဲကွာ…

About lulinmg

has written 31 post in this Website..