အရင်ဆုံးမဟုတ်တဲ့ချစ်ရသူ

lulinmgMarch 5, 20121min1086

သံယောဇဉ်ကိုခုတုံးလုပ်ပြီ

ချစ်တယ်လို့

ငါပြောမထွက်ခဲ့ဘူး…

ရင်ထဲကမြတ်နိုးမှု့တွေနဲ့

ငါနေ့စဉ်နဲ့အမျှ

မင်းအနားမှာ

တိတ်တခိုးလေး

ငိုရှိုက်မိခဲ့ရတဲ့ရက်လေးတွေ…

ဖွင့်ပြောဖို့မရဲခဲ့တဲ့

ငါ့နှုတ်ခမ်းတွေ…

သူငယ်ချင်းမလေးရယ်

ငါသိပ်ချစ်ပါတယ်…

ဒီနေ့ဒီအချိန်ထိ

င့ါအလွမ်းတွေကိုသိမ်းထားခဲ့ရတယ်

မင်းမသိနိုင်အောင်ပေါ့…

နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းလေးရယ်

ထွေးခဲ့ဖူးတဲ့လက်လေးရယ်

အရာအားလုံး

ငါ့အိမ်မက်တွေပါပဲကွာ…

6 comments

  • lulinmg

    March 5, 2012 at 12:08 pm

    အားလုံးပဲကောင်းကောင်းမကောင်းကောင်း
    ရက်ရက်စက်စက်ဝေဖန်နိုင်ပါတယ်

  • င့ါအလွမ်းတွေကိုသိမ်းထားခဲ့ရတယ်
    မင်းမသိနိုင်အောင်ပေါ့…
    နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းလေးရယ်
    ထွေးခဲ့ဖူးတဲ့လက်လေးရယ်
    အရာအားလုံး
    ငါ့အိမ်မက်တွေပါပဲကွာ…
    _______________ ကိုလုလင်မောင်က မှတော်ပါသေးတယ်ဗျာ။ကျနော့်မှာဆို
    လွမ်းစရာအတွက် ဘာတစ်ခုမှ ပိုင်သေးဘူး။

  • bluerose

    March 5, 2012 at 1:25 pm

    အရမ်းးးးးကောင်းပါတယ်
    ဟတ်ထိတယ်ဟတ်ထိတယ်ဆိုတာ
    ဒါမျိုးပေါ့………………..
    သူငယ်ချင်းမလေးကိုပေးဖတ်လိုက်
    ကြွေကျသွားမယ်သိလား
    😳

  • windtalker

    March 5, 2012 at 8:08 pm

    ကဗျာအရ
    ကိုလုလင်မောင် သည်ကား ခေသူမဟုတ် ။
    သူ၏ သူငယ်ချင်းမလေး ကို နမ်းခဲ့ဖူး၏ ။ လက်ကိုလည်း ကိုင်ခဲ့ဖူးချေသည် ။
    ဂေါ်မစွံ ရွာသားများ အတွက် နည်းပေးလမ်းပြ သရုပ်ပြဆရာ အလုပ်ကို ခန် ့ထားအပ်ပေသည် ။

  • kaung kg16

    March 6, 2012 at 11:37 am

    ကဗျာလေးတွေ ရေးပြီးရင်တင်ပေးပါအုံးမျှဝေ ပေးချင်လို့ပါ…..သူ့ကိုယ်လည်းသိစေချင်လို့ပါ…..

Leave a Reply